< ဧဖက် 5 >
1 ၁ ထိုသို့ သင်တို့သည် ဘုရားသခင် ၏ ချစ် သား ဖြစ်ကြသည်နှင့်အညီ ၊ ဘုရားသခင်ကျင့်တော်မူသည် နည်းတူကျင့် ကြလော့။
Be therefore imitators of God, as beloved children.
2 ၂ ခရစ်တော် သည် ငါ တို့ကို ချစ် တော်မူသောအားဖြင့်ဘုရားသခင့် ရှေ့တော်၌ မွှေးကြိုင် သော အနံ့ ရှိစေခြင်းငှာ ၊ ကိုယ်ကိုကိုယ် ဆက်ကပ် ၍ ယဇ် ပူဇော်လျက် ၊ ငါ တို့အတွက် စွန့် တော်မူသည်နည်းတူ ၊ သင်တို့သည် မေတ္တာ တရား၌ ကျင်လည် ကြလော့။
Walk in love, even as Messiah also loved us and gave himself up for us, an offering and a sacrifice to God for a sweet-smelling fragrance.
3 ၃ မတရား သော မေထုန်၌မှီဝဲခြင်း၊ အမျိုးမျိုး သော ကိလေသာညစ်ညူး ခြင်း၊ လောဘ လွန်ကျူးခြင်းအမှုတို့ကို သန့်ရှင်း သူတို့သည် ရှောင် သင့်သည်အတိုင်း ၊ စကား ဖြင့်မျှ မ ဆက်ဆံကြနှင့်။
But sexual immorality, and all uncleanness or covetousness, let it not even be mentioned among you, as becomes holy ones;
4 ၄ မ တော် မလျော်သော ညစ်ညူး ပြက်ပြယ် ပြက်ယယ် သော စကားများကိုလည်း ပယ်၍ ကျေးဇူး တော်ချီးမွမ်းခြင်းစကားကို သုံးကြလော့။
nor filthiness, nor foolish talking, nor jesting, which are not appropriate, but rather giving of thanks.
5 ၅ မတရား သောမေထုန်၌ မှီဝဲသောသူ၊ ညစ်ညူး စွာ ပြုသောသူ၊ ရုပ်တု ကိုကိုးကွယ်သောသူဖြစ် သော လောဘ လွန်ကျူးသောသူ တစ်စုံတစ်ယောက်မျှ ခရစ်တော် နှင့် ဘုရားသခင် ၏နိုင်ငံ ၌ အမွေ မ ခံရ သည်ကို သင်တို့ သိ ကြ၏။
Know this for sure, that no sexually immoral person, nor unclean person, nor covetous man (who is an idolater), has any inheritance in the Kingdom of Messiah and God.
6 ၆ လျှပ်ပေါ် သောစကား ဖြင့် အဘယ်သူ မျှ သင် တို့ ကို မလှည့်ဖြား စေနှင့်။ ထိုအမှု ကြောင့် ဘုရားသခင် ၏ အမျက် တော်သည် ငြင်းဆန် တတ်သော သူ တို့ အပေါ်သို့ သင့်ရောက် ပေ၏။
Let no one deceive you with empty words, for because of these things the wrath of God comes on the children of disobedience.
7 ၇ ထိုကြောင့် သူ တို့နှင့်ဆက်ဆံ ၍ မ ကျင့် ကြနှင့်။
Therefore don’t be partakers with them.
8 ၈ အထက် ကာလ၌သင်တို့သည် မှောင်မိုက် အတိဖြစ် ကြ၏။ ယခု မူကား ၊ သခင် ဘုရား၌ အလင်း ဖြစ်ကြ၏။ သို့ဖြစ်၍အလင်း ၏သား ကဲ့သို့ ကျင့် နေကြလော့။
For you were once darkness, but are now light in the Lord. Walk as children of light,
9 ၉ အလင်း တော်၏ အကျိုး မူကား ၊ အလုံးစုံ သော ကောင်းမွန် ခြင်း၊ ဖြောင့်မတ် ခြင်း၊ သစ္စာစောင့် ခြင်းဖြစ် သတည်း။
for the fruit of the Spirit is in all goodness and righteousness and truth,
10 ၁၀ သခင် ဘုရားနှစ်သက် တော်မူသောအရာသည် အဘယ် အရာဖြစ် သည်ကို သင် ကြလော့။
proving what is well pleasing to the Lord.
11 ၁၁ အကျိုးမဲ့ သောမှောင်မိုက် အမှု တို့နှင့် မ ဆက်ဆံ သည်သာမက ၊ ထိုအမှုတို့၏ အပြစ်ကို ပြ ကြလော့။
Have no fellowship with the unfruitful deeds of darkness, but rather even reprove them.
12 ၁၂ အကြောင်းမူကား ၊ သူ တို့သည် ဆိတ်ကွယ် ရာ၌ ပြု သောအမှုအရာ တို့ကို စကားပြော ကာ မျှ၌ ညစ်ညူး ခြင်းပါ သေး၏။
For it is a shame even to speak of the things which are done by them in secret.
13 ၁၃ အပြစ်ထင်ရှား သောအရာ ရှိသမျှ တို့သည် အလင်း ဖြင့် ထင်ရှား ကြ၏။ ထင်ရှား စေတတ်သော အရာရှိသမျှ တို့သည်လည်း အလင်း ဖြစ် ၏။
But all things, when they are reproved, are revealed by the light, for everything that reveals is light.
14 ၁၄ ထိုကြောင့် အိပ်ပျော် သူ နိုး လော့။ သေ ခြင်းမှ ထမြောက် လော့။ သို့ပြုလျှင် ခရစ်တော် သည် အလင်း ကို သင့် အား ပေးတော်မူမည်ဟု ဆို သတည်း။
Therefore he says, “Awake, you who sleep, and arise from the dead, and Messiah will shine on you.”
15 ၁၅ ထိုကြောင့် ပညာ မဲ့ကဲ့သို့ မ ဟုတ်၊ ပညာရှိ ကဲ့သို့ စေ့စေ့ မြေ့မြေ့ကျင့်ဆောင် မည်အကြောင်း သတိပြု ကြလော့။
Therefore watch carefully how you walk, not as unwise, but as wise,
16 ၁၆ ယခု နေ့ရက် ကာလတို့သည် ဆိုးယုတ် သောကြောင့် ကာလ အချိန်ကို ရွေးနှုတ် ကြ လော့။
redeeming the time, because the days are evil.
17 ၁၇ ထိုကြောင့် သတိ မရှိသောသူမ ဖြစ် ၊ သခင် ဘုရား၏ အလို တော်ရှိရာကို ပိုင်းခြား၍ သိ သောသူ ဖြစ်ကြ လော့။
Therefore, don’t be foolish, but understand what the will of the Lord is.
18 ၁၈ လွန်ကျူး စေတတ်သော စပျစ်ရည် နှင့် ယစ်မူး ခြင်းကိုရှောင် ၍ ဝိညာဉ် တော်နှင့် ပြည့်စုံ လျက်ရှိကြလော့။
Don’t be drunken with wine, in which is dissipation, but be filled with the Spirit,
19 ၁၉ ဆာလံ သီချင်းမှစသော ဓမ္မ သီချင်း အမျိုးမျိုးတို့ကို အချင်းချင်း ပြောဆို ဘတ်ရွတ်၍၊ နူးညွတ်သော စိတ် နှလုံးနှင့် သခင် ဘုရားရှေ့တော်၌ ကျူးဧ ၍သီချင်း ဆို ကြလော့။
speaking to one another in psalms, hymns, and spiritual songs; singing and making melody in your heart to the Lord;
20 ၂၀ ခပ်သိမ်း သောအရာတို့၌ ကျေးဇူး တော်ကြီးလှပါ၏ဟု ငါ တို့သခင် ယေရှု ခရစ် ၏ နာမ တော်ကို ထောက်၍ ၊ ခမည်းတော် ဘုရားသခင် ရှေ့၊ ကာလအစဉ်မပြတ်ဝန်ခံကြလော့။
giving thanks always concerning all things in the name of our Lord Yeshua the Messiah to God, even the Father;
21 ၂၁ ခရစ်တော် ကို ခန့်ညား သောအားဖြင့် ၊ အချင်းချင်း တစ်ယောက်အောက်တစ်ယောက်ကိုယ်ကို နှိမ့်ချ လျက်နေကြလော့။
subjecting yourselves to one another in the fear of Messiah.
22 ၂၂ အချင်းမိန်းမ တို့၊ သခင် ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ၊ ကိုယ် ခင်ပွန်း ၏အုပ်စိုးခြင်းကို ဝန်ခံကြလော့။
Wives, be subject to your own husbands, as to the Lord.
23 ၂၃ အကြောင်းမူကား ၊ ခရစ်တော် သည် အသင်းတော် ၏ အပေါ်မှာခေါင်း ဖြစ်တော်မူသကဲ့သို့ ၊ ယောက်ျား သည် မိမိခင်ပွန်း ၏အပေါ်မှာခေါင်း ဖြစ် ၏။ ခရစ်တော်သည်လည်း မိမိ ကိုယ် ကို ကယ်တင် သောသူ ဖြစ်တော်မူ၏။
For the husband is the head of the wife, as Messiah also is the head of the assembly, being himself the savior of the body.
24 ၂၄ အသင်းတော် သည် ခရစ်တော် ၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံ သကဲ့သို့ ၊ မိန်းမ တို့လည်း ကိုယ်ခင်ပွန်း ၏ အုပ်စိုးခြင်းကို အရာရာ ၌ ဝန်ခံရကြမည်။
But as the assembly is subject to Messiah, so let the wives also be to their own husbands in everything.
25 ၂၅ အချင်းယောက်ျား တို့၊ ခရစ်တော် သည် အသင်းတော် ကို ချစ် တော်မူသကဲ့သို့ ၊ သင်တို့လည်း ကိုယ် ခင်ပွန်း ကို ချစ် ကြလော့။
Husbands, love your wives, even as Messiah also loved the assembly and gave himself up for her,
26 ၂၆ ထို အသင်းတော် သည် သန့်ရှင်း လျက် အပြစ် ကင်းလျက်ရှိ သည် ဖြစ်၍ ၊
that he might sanctify her, having cleansed her by the washing of water with the word,
27 ၂၇ အညစ်အကြေး တင် ခြင်း၊ အရေ တွန့်ခြင်းမှ စ သည်တို့နှင့် လွတ်လပ်သဖြင့်၊ အသရေ တင့်တယ်လျက် ရှိသော အသင်းတော် ကို ခရစ်တော် သည် မိမိ အားဆက်သ အံ့သောငှာ ၊ နှုတ်ကပတ် တော်ရေ ၌ ဆေးကြော ခြင်းအားဖြင့် စင်ကြယ် သန့်ရှင်း စေမည်အကြောင်း၊ ထို အသင်းတော်အဘို့ အလို့ငှာကိုယ်ကိုကိုယ် စွန့် တော်မူ၏။
that he might present the assembly to himself gloriously, not having spot or wrinkle or any such thing, but that she should be holy and without defect.
28 ၂၈ ထိုနည်းတူ ယောက်ျား တို့သည် မိမိ ကိုယ် ကို ချစ်သကဲ့သို့ မိမိ ခင်ပွန်း တို့ကိုချစ် ရကြမည်။ ခင်ပွန်း ကို ချစ် သောသူ သည် ကိုယ် ကိုချစ် သောသူဖြစ်၏။
Even so husbands also ought to love their own wives as their own bodies. He who loves his own wife loves himself.
29 ၂၉ ကိုယ် အသား ကို မုန်း သောသူတစ်ယောက် မျှမရှိ။ ခရစ်တော် သည် အသင်းတော် ကို ကျွေးမွေး ပြုစု တော်မူသကဲ့သို့ ၊ ခပ်သိမ်းသောသူတို့သည် မိမိတို့အသားကို ကျွေးမွေးပြုစုတတ်ကြ၏။
For no man ever hated his own flesh, but nourishes and cherishes it, even as the Lord also does the assembly,
30 ၃၀ အကယ်စင်စစ်ငါတို့သည် သခင် ဘုရား၏ သားတော်၊ အရိုးတော် တို့အဝင်ဖြစ်၍၊ ကိုယ်တော်မြတ်၏ အင်္ဂါ ဖြစ် ကြ၏။
because we are members of his body, of his flesh and bones.
31 ၃၁ ထို အကြောင်းကြောင့် ယောက်ျား သည် ကိုယ် မိဘ ကိုစွန့် ၍ ကိုယ် ခင်ပွန်း ၌ မှီဝဲ သဖြင့် ၊ ထိုသူနှစ် ယောက် တို့သည် တစ်သား တစ်ကိုယ်တည်း ဖြစ် ရလိမ့်မည်။
“For this cause a man will leave his father and mother and will be joined to his wife. Then the two will become one flesh.”
32 ၃၂ ဤ အရာသည် အလွန် နက်နဲ သောအရာဖြစ် ပေ၏။ ထိုသို့ ငါ ဆို သော် ၊ ခရစ်တော် နှင့် အသင်းတော် ကိုရည်မှတ် ၍ဆိုသတည်း။
This mystery is great, but I speak concerning Messiah and the assembly.
33 ၃၃ သို့ရာတွင် သင် တို့သည် အသီးသီး ကိုယ်ကိုကိုယ် ချစ်သကဲ့သို့ ကိုယ် ခင်ပွန်း ကိုချစ် ကြလော့။ မိန်းမ သည်လည်း ကိုယ် ခင်ပွန်း ကို ရိုသေ ခြင်းရှိစေလော့။
Nevertheless each of you must also love his own wife even as himself; and let the wife see that she respects her husband.