< ဧ​ဖက် 3 >

1 ထို အကြောင်းကြောင့် ငါ ပေါလု သည် ယေရှု ခရစ် နှင့် စပ်ဆိုင်သောအားဖြင့် အကျဉ်း ခံရ၏။
Na konei taku, ta Paora, he herehere nei ahau na Karaiti Ihu, hei mahi ki a koutou ki nga Tauiwi;
2 သင် တို့အကျိုးကို ထောက် ၍ ငါ့ အားအပ်ပေး တော်မူသောဘုရားသခင် ၏ကျေးဇူး တော်သာသနာ ကို သင်တို့ကြားသိ ရသည်နှင့်အညီ၊ တစ်ပါး အမျိုးသားဖြစ်သော သင် တို့အတွက် ကြောင့် ငါခံရ၏။
Kua rongo pea koutou ki te mahi tuari i te aroha noa o te Atua kua homai nei ki ahau, hei mea ki a koutou:
3 ကျေးဇူးတော်သာသနာကို အပ်ပေးသည် အကြောင်းဟူမူကား ၊ ငါသည်အထက် က အနည်းငယ် ရေးထားခဲ့သည်အတိုင်း ၊ ဘုရားသခင်သည် ဗျာဒိတ် တော်အားဖြင့် နက်နဲ သောအရာကို ငါ့ အားပြ တော်မူ၏။
Ara tana whakakitenga, tana whakaaturanga i te mea ngaro ki ahau; he pera hoki me ena kupu torutoru i tuhituhia na e ahau i mua;
4 ထိုစကား ကိုဘတ်ရွတ် လျှင် ၊ ခရစ်တော် ၏ နက်နဲ သောအရာ၌ ငါ လေ့ကျက် သည်ကို သင်တို့သည် သိ ရ ကြ မည်။
Ka oti i a koutou tena te korero, ka mohio koutou ki toku matauranga ki te mea ngaro a te Karaiti,
5 ထိုနက်နဲသောအရာကိုသန့်ရှင်း သော တမန်တော် တို့နှင့် ပရောဖက် တို့အား၊ ယခု ကာလ၌ ဝိညာဉ် တော်အားဖြင့် ဖွင့်လှစ် တော်မူသည်နည်းတူ ၊ အခြား သော ကာလတို့၌ လူမျိုး တို့အား ပြ တော်မ မူ။
Kihai nei i whakakitea i era atu whakatupuranga ki nga tama a te tangata, kihai i penei me te whakakitenga inaianei e te Wairua ki ana apotoro tapu ratou ko nga poropiti;
6 ထိုနက်နဲသောအရာဟူကား၊ တစ်ပါး အမျိုးသားတို့သည် ဧဝံဂလိ တရားအားဖြင့် ယုဒလူမျိုးတို့နှင့်အတူ အမွေခံ၍ ၊ တစ်လုံးတစ်ဝ တစ်ကိုယ်တည်းဖြစ် လျက်၊ ခရစ်တော် နှင့် ဆိုင်သောဂတိ တော်ကို ဆက်ဆံကြရသတည်း။
Ara mo nga Tauiwi kia uru tahi ki nga taonga, kia tinana kotahi, kia whiwhi ngatahi ki ana mea i whakaari i mua i roto i a te Karaiti, he meatanga na te rongopai:
7 တန်ခိုး တော်ပြုပြင် သောအားဖြင့် ငါ့ အားပေး သနားတော်မူသော ဘုရားသခင် ၏ ကျေးဇူး တော်ကို ခံရ သည်နှင့်အညီ ၊ ထိုတရားကို ဟောပြောသောဆရာ ၏ အဖြစ်သို့ ငါရောက် ရပြီ။
Mo reira ahau i meinga nei hei minita, i runga i ta te aroha noa o te Atua, i homai nei ki ahau, he mahinga na tona kaha.
8 စစ် ၍မကုန်နိုင်သော ခရစ်တော် ၏ ကြွယ်ဝ ပြည့်စုံခြင်း၏ ဧဝံဂေလိ တရားကို တစ်ပါး အမျိုးသားတို့အား ဟောပြောခြင်းငှာ၎င်း၊
I homai ki ahau, ki te mea iti iho i te iti rawa o te hunga tapu katoa, tenei aroha noa, kia kauwhautia e ahau i roto i nga Tauiwi te taonga o te Karaiti e kore nei e taea te rapu;
9 အလုံးစုံ တို့ကို ယေရှု ခရစ်အားဖြင့် ဖန်ဆင်း တော်မူသောဘုရားသခင် ၌ ရှေး ကပ်ကာလပတ်လုံးဝှက်ထား လျက်ရှိသော ထို နက်နဲ သောအရာနှင့် စပ်ဆိုင်သော သာသနာ သည် အဘယ်သို့ ဖြစ်သည်ကို လူအပေါင်း တို့အား ထင်ရှား စေခြင်းငှာ၎င်း ၊ သန့်ရှင်း သူအပေါင်း တို့တွင် အငယ်ဆုံးသော သူထက်သာ၍ငယ် သော ငါ အားထို ကျေးဇူး တော်ကို ပေး တော်မူပြီ။ (aiōn g165)
Kia whakakitea ano hoki e ahau ki nga tangata katoa te whiwhinga tahitanga ki te mea ngaro, ki te mea i huna nei inamata noa atu i roto i te Atua, nana nei i hanga nga mea katoa: (aiōn g165)
10 ၁၀ ကောင်းကင် အရပ်တို့၌ အထွဋ်အမြတ် အာဏာစက် တို့သည်၊ ဘုရားသခင် ၏ထူးဆန်း သော ပညတ် တော်ကို အသင်းတော် အားဖြင့် ယခု သိ ကြရမည် အကြောင်း တည်း။
Kia ai te hahi inaianei hei whakaatu ki nga rangatiratanga, ki nga mana i nga wahi o te rangi, i te maha o nga whakaaro nui o te Atua.
11 ၁၁ အဘယ်ကြောင့်နည်းဟူမူကား၊ ငါ တို့သခင် ယေရှု ခရစ် ကို အကြောင်း ပြု၍ ထာဝရ အကြံ တော် ရှိသည်နှင့်အညီ ၊ (aiōn g165)
I runga i tana i whakatakoto ai i mua noa atu, he mea mahi nana i roto i to tatou Ariki, i a Karaiti Ihu: (aiōn g165)
12 ၁၂ ထိုသခင် ကိုယုံကြည် ခြင်းအားဖြင့် ငါတို့သည် ရဲရင့် သောစိတ်နှင့် တိုးဝင် ၍ အသနားတော်ခံရသော အခွင့် ကိုရ ကြပြီ။
Kei roto nei i a ia to tatou maiatanga me to tatou whakatatanga atu i te mea e u nei te whakaaro, he meatanga na te whakapono ki a ia.
13 ၁၃ ထိုကြောင့် သင် တို့၏အသရေ ကို ပြုစု ၍ သင် တို့အတွက် ကြောင့် ငါ ခံရသော ဆင်းရဲ ခြင်းကို မြင်လျှင်၊ ရွေ့လျော့ သော စိတ်မ ရှိကြပါစေနှင့်။
Koia ahau ka mea nei kia kaua koutou e ngakaukore i oku tukinotanga mo koutou; ko to koutou kororia hoki tenei.
14 ၁၄ အထက်ဆိုခဲ့ပြီးသော အကြောင်းကြောင့်၊ ကောင်းကင် ၊ မြေကြီး ပေါ်မှာ ရှိသော တစ် အိမ်ထောင်လုံး တည်းဟူသောသားတော်အပေါင်းတို့၏ အချုပ်အခြာဖြစ်တော်မူသော၊
No konei i tuturi ai oku turi ki te Matua, o to tatou Ariki a Ihu Karaiti,
15 ၁၅ ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် ရှေ့ မှာ ငါ သည် ဒူး ထောက် ၍ ဆုတောင်းလေ့ရှိ၏။
Nona nei te ingoa e huaina ana ki nga hapu katoa i te rangi, i te whenua,
16 ၁၆ ဆုတောင်းသောအချက်ဟူမူကား၊ ဝိညာဉ် တော်အားဖြင့် သင်တို့၏အတွင်း လူ ကို ခွန်အား နှင့် မြဲမြံ ခိုင်ခံ့စေ၍၊
Kia rite ki te nui rawa o tona kororia he homaitanga mana ki a koutou, kia pakari ai a roto i a koutou i te kaha o tona Wairua:
17 ၁၇ ယုံကြည် ခြင်းအားဖြင့် ခရစ်တော် သည် သင် တို့၏ စိတ် နှလုံးအထဲ ၌ ကျိန်းဝပ် တော်မူမည်အကြောင်း၊ ဘုန်း တော်ကြွယ်ဝ ပြည်စုံခြင်းနှင့် ညီလျော်စွာ သင် တို့အား ပေး တော်မူ၍၊ မေတ္တာ ၌ စိုက်ပျိုး ခြင်း၊ တိုက်မြစ်လည်းကျတည် ခြင်းရှိသဖြင့် ၊
Kia noho ai a te Karaiti ki roto ki o koutou ngakau, he mea whakapono; a, i te mea kua whai pakiaka, me te whai turanga mo koutou i roto i te aroha,
18 ၁၈ သင် တို့သည်သန့်ရှင်း သူအပေါင်း တို့၏ နည်းတူ ၊ အနံ အလျား အနက် အမြင့် တို့ကို ပိုင်းခြား ၍ သိခြင်းငှာ ၎င်း၊
Kia kaha ai koutou me te hunga tapu katoa ki te whakaaro i te whanui, i te roa, i te hohonu, i te tiketike,
19 ၁၉ ကိုယ်ဉာဏ် နှင့် မသိနိုင်သော ခရစ်တော် ၏ မေတ္တာ တော်ကို သိ နားလည်ခြင်းငှာ၎င်း၊ သင်တို့သည် တတ်စွမ်းနိုင်သဖြင့် ဘုရားသခင် ၏ ပြည်စုံ တော်မူခြင်းရှိသမျှ နှင့်အညီပြည့်စုံ ကြပါမည်အကြောင်း ၊ ငါသည် ဆုတောင်းလေ့ရှိ၏။
A kia mohio ki te aroha o te Karaiti, e kore nei e taea te whakaaro; kia tino ki rawa ai koutou i te Atua.
20 ၂၀ ငါ တို့၌ ပြုပြင်သောတန်ခိုး တော်အတိုင်း ၊ ငါတို့တောင်းပန် ကြံစည် သမျှ ထက် အလွန် ထူးခြား စွာ ပြု ခြင်းငှာတတ်နိုင် တော်မူသော ဘုရားသခင် သည်၊
Na ki a ia, e kaha nei ki te mahi i nga mea nui whakaharahara, nui noa atu i nga mea katoa e inoi ai, e whakaaro ai tatou, he penei ano me te kaha e mahi nei i roto i a tatou,
21 ၂၁ ယေရှု ခရစ် အားဖြင့် အသင်းတော် ၌ ကမ္ဘာ အဆက်ဆက် ဘုန်းကြီး တော်မူစေသတည်း။ အာမင် ။ (aiōn g165)
Waiho atu i a ia te kororia i roto i te hahi i runga i a Karaiti Ihu, a taea noatia nga whakatupuranga katoa, ake ake. Amine. (aiōn g165)

< ဧ​ဖက် 3 >