< ဧ​ဖက် 2 >

1 သင်တို့သည် အထက် ကလောကီ တရားသို့လိုက်၍ အာကာသ ကောင်းကင်၏ တန်ခိုး ကို အစိုးရ သော မင်းတည်းဟူသောငြင်းဆန် သော သူတို့၌ ပြုပြင်သော ဝိညာဉ် ၏အလိုနှင့်အညီ၊ (aiōn g165)
And you were once dead in your sins and offenses,
2 ဒုစရိုက်အပြစ် တို့၌ကျင်လည်ကြ၍ ၊ ထိုဒုစရိုက် အပြစ်၌ သေ လျက်ရှိ နေသော သင် တို့ကိုပင် ဘုရားသခင်သည်အသက်ရှင်စေတော်မူပြီ။
in which you walked in times past, according to the age of this world, according to the prince of the power of this sky, the spirit who now works in the sons of distrust. (aiōn g165)
3 ထိုငြင်းဆန်သော သူတို့နှင့်တကွ၊ ငါ တို့ရှိသမျှ သည်အထက် က ကိုယ် ကာယ၏အလို သို့၎င်း ၊ စိတ် ၏ အလိုသို့၎င်း၊ လိုက် သဖြင့် ကာမဂုဏ် တို့၌ ကျင်လည် သည်ဖြစ်၍၊ ကြွင်း သောသူတို့ကဲ့သို့ ပင်ပကတိ အတိုင်း အမျက် တော်ကို ခံရသောသူဖြစ် ကြ၏။
And we too were all conversant in these things, in times past, by the desires of our flesh, acting according to the will of the flesh and according to our own thoughts. And so we were, by nature, sons of wrath, even like the others.
4 သို့သော်လည်း ကရုဏာ တော်နှင့် ကြွယ်ဝ တော်မူသော ဘုရားသခင် သည် ငါ တို့ကို ချစ် တော်မူသော မဟာ မေတ္တာ တော်အားဖြင့် ၊
Yet still, God, who is rich in mercy, for the sake of his exceedingly great charity with which he loved us,
5 ဒုစရိုက် အပြစ်၌ သေ လျက်ရှိ နေသော ငါ တို့ကို ခရစ်တော် နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူး တော်ကြောင့်သာ ကယ်တင် ခြင်းသို့ရောက် ရ၏။
even when we were dead in our sins, has enlivened us together in Christ, by whose grace you have been saved.
6 ယေရှု ခရစ် အားဖြင့် ငါတို့ကို ထမြောက် စေ၍ ကောင်းကင် အရပ်၌ နေရာ ပေးတော်မူပြီ။
And he has raised us up together, and he has caused us to sit down together in the heavens, in Christ Jesus,
7 အကြောင်းမူကား၊ ထိုသခင်အားဖြင့် ငါ တို့၌ ကျေးဇူး ပြု၍ ၊ ကျေးဇူး တော်၏အလွန် ကြွယ်ဝ ခြင်းကို နောင် ကပ် ကာလတို့၌ ထင်ရှား စေမည်အကြောင်း ဖြစ်သတည်း။ (aiōn g165)
so that he may display, in the ages soon to arrive, the abundant wealth of his grace, by his goodness toward us in Christ Jesus. (aiōn g165)
8 ယုံကြည် သောအားဖြင့် ကျေးဇူး တော်ကြောင့် ကယ်တင် ခြင်းသို့ ရောက် ရ၏။ ကိုယ်အလိုအလျောက်ရောက်သည်မ ဟုတ်။ ဘုရားသခင် သနား တော်မူရာဖြစ်သတည်း။
For by grace, you have been saved through faith. And this is not of yourselves, for it is a gift of God.
9 ကိုယ်ကုသိုလ် ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မ ဟုတ်။ သို့ဖြစ်၍ အဘယ်သူ မျှ ဝါကြွား စရာ အခွင့်မ ရှိ။
And this is not of works, so that no one may glory.
10 ၁၀ အဘယ်ကြောင့် နည်းဟူမူကား၊ ငါတို့သည် ကောင်း သောအကျင့်တို့ကို ကျင့် ရမည်အကြောင်း ၊ ယေရှု ခရစ် ၌ ပြုပြင်၍ ဖန်ဆင်း တော်မူရာဖြစ်ကြ၏။ ထိုကောင်းသော အကျင့် တို့၌ ငါတို့သည် ကျင်လည်ရမည် အကြောင်း၊ ဘုရားသခင် သည် ငါတို့ကို ပြင်ဆင် တော်မူနှင့်ပြီ။
For we are his handiwork, created in Christ Jesus for the good works which God has prepared and in which we should walk.
11 ၁၁ ထိုကြောင့် ၊ လက် ဖြင့် ကိုယ် ကာယ၌ ပြုသောဝေါဟာရ အရေဖျားလှီး ခြင်းကို ခံသောသူတို့ ခေါ်ဝေါ် သောအားဖြင့် ၊ အရေဖျားလှီး ခြင်းကို မခံသောလူ ဟူ၍ခေါ်ဝေါ် ကြသော သာသနာပ လူတို့အထဲ ၌ သင် တို့သည် အထက် က ပကတိ အတိုင်းဖြစ်ကြသည်ကို၎င်း၊
Because of this, be mindful that, in times past, you were Gentiles in the flesh, and that you were called uncircumcised by those who are called circumcised in the flesh, something done by man,
12 ၁၂ ထိုအခါ သင်တို့သည် ခရစ်တော် ကိုမ သိ၊ ဣသရေလ အပေါင်း ၌ မဝင်၊ ဂတိ တော်ပါသော ပဋိညာဉ် တရားတို့နှင့် မဆိုင်၊ မြော်လင့် ခြင်းမ ရှိ ၊ လောက ၌ ဘုရားမဲ့ နေကြသည်ကို၎င်း၊ အောက်မေ့ ကြလော့။
and that you were, in that time, without Christ, being foreign to the way of life of Israel, being visitors to the testament, having no hope of the promise, and being without God in this world.
13 ၁၃ သင်တို့သည် အထက် ကဝေး လျက်ရှိ သော်လည်း ၊ ယခု မှာ ယေရှု ခရစ် ၌ ဖြစ်၍အသွေး တော်အားဖြင့် အနီး သို့ ရောက် ကြပြီ။
But now, in Christ Jesus, you, who were in times past far away, have been brought near by the blood of Christ.
14 ၁၄ အဘယ်သို့ နည်းဟူမူကား၊ ထိုသခင် သည် ငါ တို့ ရန်ငြိမ်း ခြင်းအကြောင်း ဖြစ် တော်မူ၏။
For he is our peace. He made the two into one, by dissolving the intermediate wall of separation, of opposition, by his flesh,
15 ၁၅ ဝိနည်း အထုံးအဖွဲ့ နှင့် စပ်ဆိုင်သော ပညတ် တရားတည်းဟူသောရန်ငြိုး ဖွဲ့ခြင်း၏အကြောင်းကို ကိုယ်ခန္ဓာ တော်တွင် ပယ်ရှင်း တော်မူသဖြင့် ၊ ပိုင်းခြားလျက်ရှိသော စပ်ကြားအုတ်တန်တိုင်း နံရံ ကို ဖြိုဖျက် ၍ လူမျိုး နှစ် စုတို့ကို တစ်စုတည်းဖြစ် စေတော်မူ၏။ အကြောင်းမူကား၊ ရန်ကို ငြိမ်း စေပြီးလျှင်၊
emptying the law of commandments by decree, so that he might join these two, in himself, into one new man, making peace
16 ၁၆ ကိုယ်တော် ၌ ထိုလူ နှစ်စုတို့ကို လူ သစ် တစ်ဦးတစ်ကိုယ်တည်းဖြစ်စေခြင်းငှာ ပြင်ဆင် ၍၊ တလုံးတဝတည်း ဖြစ်ပြီးသော ထိုလူနှစ် စုတို့ကို၊ လက်ဝါးကပ်တိုင် တော်အားဖြင့် ရန် ကို သတ်ဖြတ် လျက်၊ ဘုရားသခင် နှင့် မိသ္သဟာယဖွဲ့ စေမည်အကြောင်းတည်း။
and reconciling both to God, in one body, through the cross, destroying this opposition in himself.
17 ၁၇ ထိုခရစ်တော်သည်လည်း ကြွလာ ၍၊ ဝေး လျက်ရှိသော သင် တို့အား၎င်း၊ နီး လျက်ရှိသောငါ တို့အား၎င်း၊ ရန်ငြိမ်း ခြင်းတရားတည်းဟူသောဧဝံဂေလိတရားကို ဟော တော်မူ၏။
And upon arriving, he evangelized peace to you who were far away, and peace to those who were near.
18 ၁၈ ထိုသို့ ခရစ်တော် အားဖြင့် ငါတို့နှစ် ဦးသည် စိတ် ဝိညာဉ်တလုံးတဝတည်း ဖြစ်၍၊ ခမည်းတော် ထံသို့ တိုးဝင်ရမည်အခွင့်ကို ရကြ ပြီ။
For by him, we both have access, in the one Spirit, to the Father.
19 ၁၉ ထိုကြောင့် ၊ သင်တို့သည် တ ကျွန်းတ နိုင်ငံသားမ ဟုတ်၊ ဧည့်သည်လည်းမဟုတ်၊ သန့်ရှင်း သူတို့၏ အမျိုးသား ချင်းဖြစ် ကြ၏။ ဘုရားသခင် အိမ်တော်သား လည်း ဖြစ်ကြ၏။
Now, therefore, you are no longer visitors and new arrivals. Instead, you are citizens among the saints in the household of God,
20 ၂၀ အဘယ်သို့နည်းဟူမူကား၊ တမန်တော် တို့မှစ၍ ပရောဖက် များတည်းဟူသောတိုက်မြစ် အပေါ် ၌သင်တို့သည် ထပ်ဆင့်၍ တည်ဆောက် လျက်ရှိ ကြ၏။
having been built upon the foundation of the Apostles and of the Prophets, with Jesus Christ himself as the preeminent cornerstone.
21 ၂၁ ထိုတိုက်ထောင့် အမြစ်ကျောက်ကား၊ ယေရှု ခရစ် ဖြစ်သတည်း။ ထိုကျောက် နှင့် တစ် တိုက်လုံး သည် စေ့စပ် ၍ ကြီးပွား သဖြင့်၊ သခင် ဘုရားအဘို့ အလိုငှာ သန့်ရှင်း သော ဗိမာန် တော်ဖြစ်၏။
In him, all that has been built is framed together, rising up into a holy temple in the Lord.
22 ၂၂ ထိုဗိမာန် တော်၌ လည်း ၊ ဘုရားသခင် သည် ဝိညာဉ် တော်အားဖြင့် ကျိန်းဝပ် တော်မူခြင်းအလိုငှာ ၊ သင် တို့သည် ငါတို့နှင့်အတူတည်ဆောက်လျက်ရှိကြ၏။
In him, you also have been built together into a habitation of God in the Spirit.

< ဧ​ဖက် 2 >