< ဒေသနာ 9 >
1 ၁ အထက်ဆိုခဲ့ပြီးသော အမှု အရာအလုံးစုံ တို့ကို ငါ သည် စုံစမ်း ခြင်းငှါ ဆင်ခြင် ရသည်ကား၊ ဖြောင့်မတ် သောသူနှင့် ပညာရှိ သောသူတို့သည် သူ တို့ပြုသောအမှု များနှင့်တကွ ၊ ဘုရား သခင်၏ လက် တော်၌ ရှိကြ၏။ ချစ် တော်မူသောလက္ခဏာကို ထင်ရှားသမျှသောအမှု အရာအားဖြင့်အဘယ်သူ မျှမ သိနိုင်။
2 ၂ ခပ်သိမ်း သောသူတို့ သည် ခပ်သိမ်း သောအမှုအရာတို့နှင့် ဆက်ဆံ ကြ၏။ တရား သောသူနှင့် မ တရား သောသူ၊ ကောင်း သောသူနှင့် မကောင်းသောသူ၊ စင်ကြယ် သောသူနှင့် မ စင်ကြယ်သောသူ၊ ယဇ် ပူဇော်သောသူနှင့် ယဇ် မ ပူဇော်သောသူ၊ အပြစ် မရှိသောသူနှင့် အပြစ် ရှိသောသူ၊ ကျိန်ဆို သောသူနှင့် ကျိန်ဆို ခြင်းကို ကြောက် သောသူတို့သည် တခု တည်းသောအမှုနှင့် တွေ့ကြုံကြတတ် ၏။
3 ၃ နေ အောက် မှာ ပြု သမျှ သောအမှု၌ ပါသောဝမ်းနည်း စရာဟူမူကား ၊ ခပ်သိမ်း သောသူတို့သည် တခု တည်း သောအမှု နှင့် တွေ့ကြုံရကြ၏။ အကယ် စင်စစ်လူ သား တို့ ၏ စိတ် နှလုံးသည် ဒုစရိုက် သဘောနှင့်ပြည့် ၏။ အသက်ရှင် စဉ်အခါ ၊ သူ တို့သည် ရူး သောစိတ် ကို စွဲလမ်း၍ ၊ နောက် တဖန် သေ သွားတတ်ကြ၏။
4 ၄ အသက်ရှင် သော လူစုအပေါင်း နှင့် ဆိုင် သေး သောသူသည် မြော်လင့် စရာရှိ ၏။ အသက်ရှင် သောခွေး သည် သေ သောခြင်္သေ့ ထက် သာ၍ကောင်းမြတ် ၏။
5 ၅ အသက်ရှင် သောသူသည် မိမိသေ ရမည်ကို သိ ၏။ သေ သောသူမူကား၊ အဘယ် အရာကိုမျှမ သိ။ အကျိုး အပြစ်ကိုလည်း မ ခံရ။ သူ့ ကိုလည်း မေ့လျော့ တတ် ကြ၏။
6 ၆ သူ ၏ချစ် ခြင်း၊ မုန်း ခြင်း၊ ငြူစူ ခြင်းလည်း ပျောက်ပျက် ၏။ နေ အောက် မှာ ပြု သမျှ သောအမှု၌ သူတပါး နှင့် ရောနှော ၍ မ ဆိုင်ရ။
7 ၇ သွား လော့။ ဝမ်းမြောက် သောစိတ်နှင့် အစာစား လော့။ ရွှင်လန်း သောစိတ် နှင့် စပျစ်ရည် ကို သောက် လော့။ သင် ပြုသောအမှု တို့ကို ဘုရား သခင်ဝန်ခံ တော်မူ၏။
8 ၈ သင့် အဝတ် လည်း ၊ အစဉ် ဖြူစင် ပါလေစေ။ သင့် ခေါင်း သည်လည်း နံ့သာ ဆီမ ခန်း မခြောက်စေနှင့်။
9 ၉ နေ အောက် မှာ ပေး သနားတော်မူသောအနတ္တ အသက် ကာလပတ်လုံး ၊ သင်ချစ် သောမယား နှင့် ရွှင်လန်း စွာ အသက် ကာလကို လွန်စေလော့။ ဤရွေ့ကား၊ အသက်ရှင် ၍ နေ အောက် မှာကြိုးစား အားထုတ်ရာ၌ သင် ခံရသောအကျိုး ပေတည်း။
10 ၁၀ ဆောင်ရွက် စရာအမှုရှိသမျှ ကိုကြိုးစား အားထုတ် ၍ ဆောင်ရွက် လော့။ အကြောင်း မူကား၊ သင် ယခု သွား ၍ ရောက်ရလတံ့သောအရပ် တည်းဟူသော မရဏာ နိုင်ငံလုပ်ဆောင် ခြင်းမ ရှိ။ ကြံစည် ခြင်းမရှိ။ သိပ္ပံ အတတ် မရှိ။ ပညာ မရှိပါတကား။ (Sheol )
11 ၁၁ တဖန် နေ အောက် မှာရှိသော အမှုအရာတို့ကို ငါပြန် ၍ ကြည့်ရှု သောအခါ၊ လျင်မြန် သောသူသည် ပြိုင် ၍ ပြေးသော်လည်း မ နိုင်တတ်။ ခွန်အား ကြီးသောသူသည် စစ်တိုက် ၍ မ အောင်တတ်။ ပညာရှိ သောသူသည် ဝစွာ မ စား တတ်။ ဉာဏ် ကောင်းသောသူသည် စည်းစိမ် ကို မ ရတတ်။ လိမ္မာ သောသူသည် သူတပါးရှေ့၌ မျက်နှာ မ ရတတ်။ ခပ်သိမ်း သောသူ တို့၌ ကာလ အချိန်စေ့ခြင်း၊ အဆင်သင့် ခြင်းရှိသည်အတိုင်း ဖြစ် တတ်သည်ကို ငါမြင် ၏။
12 ၁၂ လူ သည် မိမိ ကာလ အချိန်ကိုမ သိ တတ်။ ဘေး ပြု ရာ ပိုက်ကွန် အုပ်မိ သော ငါး ကဲ့သို့ ၎င်း၊ ကျော့ကွင်း ၌ ကျော့မိ သော ငှက် ကဲ့သို့ ၎င်း၊ လူ သား တို့သည် ဘေး ပြုရာ ကာလ ထဲသို့ အမှတ်တမဲ့ ရောက် ၍ ကျော့မိ တတ်ကြ၏။
13 ၁၃ နေ အောက် မှာ ငါတွေ့မြင် ၍ ချီးမွမ်း ဘွယ်သော ပညာ ဟူမူကား၊
14 ၁၄ မြို့သား နည်း သောမြို့ ငယ် တမြို့ရှိ၏။ ကြီး သော ရှင် ဘုရင်တပါးသည်လာ ၍ ၊ ထိုမြို့ ပြင် မှာ ကြီးစွာ သော တပ် တို့ကို တည် ၍ ဝိုင်း ထား၏။
15 ၁၅ ထိုမြို့ ၌ နေ သောဆင်းရဲသား ပညာရှိ တယောက်သည် မိမိ ပညာ အားဖြင့် ထိုမြို့ ကို ကယ်တင် ၏။ သို့သော်လည်း ၊ ထို ဆင်းရဲသား ကို အဘယ်သူ မျှမ အောက်မေ့။
16 ၁၆ ထိုအခါ ငါဆို သည်ကား၊ ပညာ သည် ခွန်အား ထက် သာ၍ကောင်းမြတ် ၏။ သို့သော်လည်း ၊ ဆင်းရဲ သောသူ၏ ပညာ ကို မထီမဲ့မြင် ပြုတတ်ကြ၏။ သူ ၏စကား ကို နား မ ထောင်တတ်ကြ။
17 ၁၇ အုပ်စိုး သောသူသည် မိုက် သောသူတို့တွင် ကြွေးကြော် သောအသံကို နားထောင်ကြသည်ထက် ၊ ငြိမ်ဝပ် ရာ၌ ပညာရှိ ပြောသောစကား ကို သာ၍နားထောင် တတ် ကြ၏။
18 ၁၈ ပညာ သည် စစ် လက်နက် ထက် သာ၍ကောင်း မြတ် ၏။ ဒုစရိုက် ကိုပြုသောသူသည်လည်း ၊ ကောင်း သော အမှုအများ ကို ဖျက်ဆီး တတ်၏။