< ဒေသနာ 8 >
1 ၁ အဘယ်သူ သည် ပညာရှိ သောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲ သောအနက်ကို အဘယ်သူ နားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်း စေတတ်၏။ ထိုသူ ၏ မျက်နှာ သည် အထူးသဖြင့် ရဲရင့် သောအဆင်း ရှိတတ်၏။
၁အဘယ်သူသည် ပညာရှိသောသူကဲ့သို့ ဖြစ်သနည်း။ နက်နဲသောအနက်ကို အဘယ်သူနားလည် သနည်း။ ပညာသည် ပညာရှိသောသူ၏ မျက်နှာကို ထွန်းလင်းစေတတ်၏။ ထိုသူ၏ မျက်နှာသည် အထူး သဖြင့် ရဲရင့်သောအဆင်းရှိတတ်၏။
2 ၂ ဘုရားသခင့် ရှေ့တော်၌ ပြုသောသစ္စာကို ထောက် ၍၊ ရှင်ဘုရင် အမိန့် တော်ကို စောင့် လော့။
၂ဘုရားသခင့်ရှေ့တော်၌ ပြုသောသစ္စာကို ထောက် ၍၊ ရှင်ဘုရင်အမိန့်တော်ကို စောင့်လော့။
3 ၃ သမ္မာ သတိလစ်၍ အထံ တော်မှမ ထွက် နှင့်။ မ ကောင်းသောအမှု ကို မဆွဲမကိုင်နှင့်။ အလိုတော် ရှိသည် အတိုင်း စီရင် တော်မူမည်။
၃သမ္မာသတိလစ်၍ အထံတော်မှမထွက်နှင့်။ မကောင်းသောအမှုကို မဆွဲမကိုင်နှင့်။ အလိုတော်ရှိသည် အတိုင်း စီရင်တော်မူမည်။
4 ၄ ရှင်ဘုရင် အမိန့် တော်၌ တန်ခိုး ပါ၏။ ကိုယ်တော် သည် အဘယ်သို့ ပြု သနည်းဟု အဘယ်သူ ဆို ရာ သနည်း။
၄ရှင်ဘုရင်အမိန့်တော်၌ တန်ခိုးပါ၏။ ကိုယ် တော်သည် အဘယ်သို့ပြုသနည်းဟု အဘယ်သူဆိုရာ သနည်း။
5 ၅ အမိန့် တော်ကိုစောင့် သောသူသည် ရာဇဝတ် နှင့် လွတ် လိမ့်မည်။ ပညာရှိ သောသူ၏ စိတ်နှလုံး သည်လည်း ၊ ကာလ အချိန်ကို၎င်း၊ စီရင် ရသောအခွင့်ကို၎င်းသိမြင် တတ်၏။
၅အမိန့်တော်ကိုစောင့်သောသူသည် ရာဇဝတ်နှင့် လွတ်လိမ့်မည်။ ပညာရှိသောသူ၏ စိတ်နှလုံးသည်လည်း၊ ကာလအချိန်ကို၎င်း၊ စီရင်ရသောအခွင့်ကို၎င်း သိမြင် တတ်၏။
6 ၆ လူကြံစည် သမျှ အဘို့ ၊ ကာလ အချိန်နှင့် စီရင် ရသော အခွင့်ရှိ ၏။ သို့သော်လည်း ၊ လူ သည် အလွန် ဆင်းရဲ ခြင်းကို ခံရ၏။
၆လူကြံစည်သမျှအဘို့၊ ကာလအချိန်နှင့် စီရင်ရ သော အခွင့်ရှိ၏။ သို့သော်လည်း၊ လူသည် အလွန်ဆင်းရဲ ခြင်းကို ခံရ၏။
7 ၇ နောက်ဖြစ် လတံ့သောအရာ ကိုမ သိ။ အဘယ်သို့ ဖြစ် လတံ့သည်ကို တစုံတယောက်မျှမပြော နိုင်ရာ။
၇နောက်ဖြစ်လတံ့သောအရာကိုမသိ။ အဘယ်သို့ ဖြစ်လတံ့သည်ကို တစုံတယောက်မျှမပြောနိုင်ရာ။
8 ၈ နံဝိညာဉ် ကို အစိုးရ၍ ချုပ် ထားနိုင်သော လူ တယောက် မျှမရှိ။ သေ ချိန် ရောက်သောအခါ တန်ခိုး မ ရှိ။ ထို စစ်မှု ထဲက ထွက် စရာအခွင့်မ ရှိ။ ဒုစရိုက်ကို ပြုသော်လည်း၊ ဒုစရိုက် သည် ထိုအမှုထဲက မ ကယ် မနှုတ်နိုင်။
၈နံဝိညာဉ်ကို အစိုးရ၍ ချုပ်ထားနိုင်သော လူတ ယောက်မျှမရှိ။ သေချိန်ရောက်သောအခါ တန်ခိုးမရှိ။ ထိုစစ်မှုထဲက ထွက်စရာအခွင့်မရှိ။ ဒုစရိုက်ကို ပြုသော် လည်း၊ ဒုစရိုက်သည် ထိုအမှုထဲက မကယ်မနှုတ်နိုင်။
9 ၉ ဤ အမှုအရာအလုံးစုံ တို့ကို ငါတွေ့မြင် ပြီ။ နေ အောက် မှာပြု လေသမျှ တို့ကို ဆင်ခြင် ပြီ။ မိမိ အကျိုးပျက် အောင် တယောက် ကို တယောက် အုပ်စိုး သောအချိန် လည်း ရှိ၏။
၉ဤအမှုအရာအလုံးစုံတို့ကို ငါတွေ့မြင်ပြီ။ နေ အောက်မှာပြုလေသမျှတို့ကို ဆင်ခြင်ပြီ။ မိမိအကျိုးပျက် အောင် တယောက်ကိုတယောက် အုပ်စိုးသောအချိန် လည်း ရှိ၏။
10 ၁၀ ထို မှတပါး၊ သန့်ရှင်း ရာအရပ် ဌာနတော်သို့ သွား လာသောအဓမ္မ လူတို့သည် သင်္ဂြိုဟ် ခြင်းခံရကြောင်းကို ၎င်း၊ အဓမ္မ ပြု ဘူးသောမြို့ ၌ သူတို့ကိုအဘယ်သူမျှ မအောက်မေ့ ကြောင်းကို ၎င်းငါမြင် ပြီ။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်၏။
၁၀ထိုမှတပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွား လာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကို ၎င်း၊ အဓမ္မပြုဘူးသောမြို့၌ သူတို့ကိုအဘယ်သူမျှ မအောက် မေ့ကြောင်းကို၎င်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
11 ၁၁ အဓမ္မ အမှု ကို အလျင်အမြန် စစ်ကြော ၍၊ ဒဏ် မ ပေးသောကြောင့် ၊ လူ သား တို့သည် အဓမ္မ အမှုကို ပြု ခြင်းငှါ ၊ ခိုင်မာ စွာ သဘော ထားကြ၏။
၁၁အဓမ္မအမှုကို အလျင်အမြန်စစ်ကြော၍၊ ဒဏ် မပေးသောကြောင့်၊ လူသားတို့သည် အဓမ္မအမှုကို ပြုခြင်း ငှါ၊ ခိုင်မာစွာ သဘောထားကြ၏။
12 ၁၂ အဓမ္မ လူသည် အကြိမ်တရာ တိုင်အောင်အဓမ္မ အမှုကိုပြု ၍ ၊ အသက် တာရှည်သော်လည်း ၊ ဘုရား သခင်ကို ကြောက်ရွံ့ သောသူတို့သည် ရှေ့ တော်၌ ကြောက်ရွံ့ သောကြောင့် ၊ ကောင်း သောအကျိုးကိုခံရ ကြမည်ဟု ငါ အမှန် သိ ၏။
၁၂အဓမ္မလူသည် အကြိမ်တရာတိုင်အောင် အဓမ္မ အမှုကိုပြု၍၊ အသက်တာရှည်သော်လည်း၊ ဘုရားသခင် ကို ကြောက်ရွံ့သောသူတို့သည် ရှေ့တော်၌ ကြောက်ရွံ့ သောကြောင့်၊ ကောင်းသောအကျိုးကို ခံရကြမည်ဟု ငါအမှန်သိ၏။
13 ၁၃ အဓမ္မ လူကား၊ ဘုရား သခင်ရှေ့ တော်၌ မ ကြောက် မရွံ့သောကြောင့် ၊ ကောင်း သောအကျိုးကို မ ခံရ။ အရိပ် နှင့် တူသော မိမိ အသက်လည်း မ ရှည် ရ။
၁၃အဓမ္မလူကား၊ ဘုရားသခင်ရှေ့တော်၌ မ ကြောက် မရွံ့သောအကြောင့်၊ ကောင်းသောအကျိုးကို မခံရ။ အရိပ်နှင့်တူသော မိမိအသက်လည်းမရှည်ရ။
14 ၁၄ မြေကြီး ပေါ် မှာ ဖြစ် တတ်သော အနတ္တ အမှု တပါးဟူမူကား၊ အဓမ္မ လူပြုသောအမှု ကြောင့် ခံ ထိုက် သည်အတိုင်း ၊ ဖြောင့်မတ် သောသူအချို့တို့သည် အပြစ်ကိုခံရ ကြ၏။ ထိုနည်းတူ ၊ ဖြောင့်မတ် သောသူ ပြုသောအမှု ကြောင့် ခံ ထိုက်သည်အတိုင်း ၊ အဓမ္မ လူအချို့တို့သည် အကျိုးကိုခံရ ကြ၏။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ် သည်ဟု ငါ့သဘော ရှိ၏။
၁၄မြေကြီးပေါ်မှာ ဖြစ်တတ်သော အနတ္တအမှု တပါးဟူမူကား၊ အဓမ္မလူပြုသောအမှုကြောင့် ခံထိုက် သည်အတိုင်း၊ ဖြောင့်မတ်သောသူအချို့တို့သည် အပြစ်ကို ခံရကြ၏။ ထိုနည်းတူ၊ ဖြောင့်မတ်သောသူ ပြုသောအမှု ကြောင့် ခံထိုက်သည်အတိုင်း၊ အဓမ္မလူအချို့တို့သည် အကျိုးကိုခံရကြ၏။ ထိုအမှုရာသည်လည်း အနတ္တဖြစ် သည်ဟု ငါ့သဘောရှိ၏။
15 ၁၅ ထိုအခါ ပျော်မွေ့ ခြင်းအမှုကို ငါ ချီးမွမ်း ၏။ အကြောင်း မူကား၊ လူ သည်နေ အောက် မှာ စား သောက် ခြင်း၊ ပျော်မွေ့ ခြင်းအမှု ထက်သာ၍ ကောင်းသောအမှု မ ရှိ။ နေ အောက် မှာ ဘုရား သခင်ပေး သနားတော်မူသောအသက် ကာလ ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုး တို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။
၁၅ထိုအခါ ပျော်မွေ့ခြင်းအမှုကို ငါချီးမွမ်း၏။ အကြောင်းမူကား၊ လူသည်နေအောက်မှာ စားသောက် ခြင်း၊ ပျော်မွေ့ခြင်းအမှု ထက်သာ၍ ကောင်းသောအမှု မရှိ။ နေအောက်မှာ ဘုရားသခင် ပေးသနားတော်မူသော အသက်ကာလ၌၊ ကြိုးစားအားထုတ်၍ ရသောအကျိုး တို့တွင်၊ ထိုအကျိုးကိုသာ အမြဲခံရ၏။
16 ၁၆ လူအချို့တို့သည် တနေ့ နှင့် တညဉ့်လုံး မ အိပ် ဘဲ နေတတ်သည်ဖြစ်၍၊ ပညာ တရားကို သိ ခြင်းငှါ ၎င်း၊ မြေကြီး ပေါ်မှာပြု သောအမှု များကို ကြည့်ရှု ခြင်းငှါ ၎င်း ၊ ငါသည် ကိုယ် နှလုံး ကို နှိုးဆော် ၏။
၁၆လူအချို့တို့သည် တနေ့နှင့်တညဉ့်လုံး မအိပ်ဘဲ နေတတ်သည်ဖြစ်၍၊ ပညာတရားကို သိခြင်းငှါ၎င်း၊ မြေကြီးပေါ်မှာ ပြုသောအမှုများကို ကြည့်ရှုခြင်းငှါ၎င်း၊ ငါသည် ကိုယ်နှလုံးကို နှိုးဆော်၏။
17 ၁၇ ဘုရား သခင်ပြုတော်မူသောအမှု အလုံးစုံ တို့ကို ငါကြည့်ရှု သောအခါ ၊ နေ အောက် မှာ ပြု သောအမှု များကို လူ သည် စစ် ၍ မ ကုန်နိုင်။။ ကြိုးစား ၍ စစ် သော်လည်း ၊ အကုန်အစင်မ သိ နိုင်။။ ထိုမျှ မက၊ ပညာရှိ သောသူသည် ငါသိမည်ဟု ကြံ သော်လည်း ၊ အကြံ မ မြောက်နိုင်ရာ။
၁၇ဘုရားသခင်ပြုတော်မူသော အမှုအလုံးစုံတို့ကို ငါကြည့်ရှုသောအခါ၊ နေအောက်မှာ ပြုသောအမှုများကို လူသည် စစ်၍မကုန်နိုင်။ ကြိုးစား၍ စစ်သော်လည်း၊ အကုန်အစင်မသိနိုင်။ ထိုမျှမက၊ ပညာရှိသောသူသည် ငါသိမည်ဟု ကြံသော်လည်း၊ အကြံမမြောက်နိုင်ရာ။