< ဒေသနာ 7 >

1 ကောင်း သောအသရေ သည် နံ့သာ ဆီထက် သာ၍ကောင်း ၏။ သေ ရသောနေ့ သည်လည်း ဘွားမြင် သောနေ့ ထက် သာ၍ကောင်း၏။
Better [is] a name than good perfume, And the day of death than the day of birth.
2 မသာ အိမ် သို့ သွား ခြင်းသည်၊ ပွဲခံ ရာအိမ် သို့ သွား ခြင်းထက် သာ၍ကောင်း ၏။ အကြောင်း မူကား၊ လူ ခပ်သိမ်း တို့သည် မသာအိမ်၌ လမ်း ဆုံးရကြ၏။ အသက်ရှင် လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံး သွင်းမိ ကြလိမ့်မည်။
Better to go unto a house of mourning, Than to go unto a house of banqueting, For that is the end of all men, And the living layeth [it] unto his heart.
3 ပြုံး ရယ်ခြင်းထက် ဝမ်းနည်း ခြင်းသည်သာ၍ကောင်း ၏။ အကြောင်း မူကား၊ မျက်နှာ ညှိုးငယ် သော အားဖြင့် နှလုံး သာ၍ကောင်း တတ်၏။
Better [is] sorrow than laughter, For by the sadness of the face the heart becometh better.
4 ပညာရှိ သောသူတို့၏နှလုံး သည် မသာ အိမ် ၌ ရှိ၏။ မိုက် သောသူတို့၏ နှလုံး မူကား ၊ ပျော်မွေ့ ခြင်းပြုရာ အိမ် ၌ ရှိ၏။
The heart of the wise [is] in a house of mourning, And the heart of fools in a house of mirth.
5 လူမိုက် သီချင်း ဆိုသောစကားကို နားထောင် သည်ထက် ၊ ပညာရှိ ဆုံးမ သောစကားကို နားထောင် သော် သာ၍ကောင်း ၏။
Better to hear a rebuke of a wise man, Than [for] a man to hear a song of fools,
6 အကြောင်း မူကား၊ မိုက် သောသူ၏ ရယ် ခြင်း သည် အိုး အောက် ၌ ဆူး ပင်ကိုလောင်သောအသံ နှင့် တူ၏။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်၏။
For as the noise of thorns under the pot, So [is] the laughter of a fool, even this [is] vanity.
7 အကယ် စင်စစ်၊ ညှဉ်းဆဲ ခြင်းသည် ပညာ ရှိ သောသူကို ရူး စေတတ်၏။ တံစိုး သည်လည်း စိတ် နှလုံးကို ယိုယွင်း စေတတ်၏။
Surely oppression maketh the wise mad, And a gift destroyeth the heart.
8 အမှု ၏အဆုံး သည် အစ ထက် သာ၍ကောင်း ၏။ သည်းခံ တတ်သော သဘော ရှိသောသူသည် မာန ကြီး သော သူထက် သာ၍ကောင်း ၏။
Better [is] the latter end of a thing than its beginning, Better [is] the patient of spirit, than the haughty of spirit.
9 အမျက် ထွက်သည်တိုင်အောင် စိတ် မ တိုနှင့်။ အမျက် သည် မိုက် သောသူ၏ စိတ်နှလုံး၌ နေရာ ကျတတ် ၏။
Be not hasty in thy spirit to be angry, For anger in the bosom of fools resteth.
10 ၁၀ ရှေး ကာလ သည် ယခုကာလထက် အဘယ် ကြောင့်သာ၍ကောင်း သနည်းဟုမ မေး နှင့်။ ထိုသို့မေး လျှင်၊ ပညာ တရားအတိုင်း မေး သည်မ ဟုတ်။
Say not thou, 'What was it, That the former days were better than these?' For thou hast not asked wisely of this.
11 ၁၁ ပညာ သည် အမွေ ဥစ္စာကဲ့သို့ ကောင်း ၍ ၊ နေ ကို မြင် သောသူတို့ အား ကျေးဇူး ပြုတတ်၏။
Wisdom [is] good with an inheritance, And an advantage [it is] to those beholding the sun.
12 ၁၂ အကြောင်း မူကား၊ ပညာ သည် ကွယ်ကာ တတ် ၏။ ငွေ သည်လည်း ကွယ်ကာ တတ်၏။ ပညာ အတတ် သည် အဘယ်သို့မြတ် သနည်းဟူမူကား၊ ပညာ အတတ်ကို ရ သောသူသည် အသက် ကိုလည်း ရတတ်၏။
For wisdom [is] a defense, money [is] a defence, And the advantage of the knowledge of wisdom [is], She reviveth her possessors.
13 ၁၃ ဘုရား သခင်၏ အမှု တော်ကိုဆင်ခြင် လော့။ ကောက် စေတော်မူသောအရာ ကိုအဘယ်သို့ ဖြောင့် စေ နိုင် သနည်း။
See the work of God, For who is able to make straight that which He made crooked?
14 ၁၄ ကောင်းစား သည်ကာလ ၌ ဝမ်းမြောက် လော့။ ဆင်းရဲ ခံရသည်ကာလ ၌ ဆင်ခြင် လော့။ လူ သည် မိမိ နောက် မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရား သခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကိုလည်း အလှည့်လှည့်ပေးတော်မူ၏။
In a day of prosperity be in gladness, And in a day of evil consider. Also this over-against that hath God made, To the intent that man doth not find anything after him.
15 ၁၅ ငါ သည် အချည်းနှီး နေသောကာလ ၌ ခပ်သိမ်း သောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ် သောသူသည်မိမိ ဖြောင့်မတ် ခြင်း၌ ဆုံးရှုံး ကြောင်းကို၎င်း ၊ အဓမ္မ လူ သည် မိမိ အဓမ္မ အမှု၌ အသက်ရှည် ကြောင်းကို၎င်းငါမြင် ၏။
The whole I have considered in the days of my vanity. There is a righteous one perishing in his righteousness, and there is a wrong-doer prolonging [himself] in his wrong.
16 ၁၆ လွန်ကျူး စွာ မ ဖြောင့်မတ် နှင့်။ လွန်ကျူး စွာ ပညာ မ ရှိနှင့်။ အဘယ် ကြောင့်ကိုယ်အကျိုး ကို ဖျက်ချင် သနည်း။
Be not over-righteous, nor show thyself too wise, why art thou desolate?
17 ၁၇ လွန်ကျူး စွာမ ဆိုးညစ် နှင့်။ မ မိုက် နှင့်။ အချိန် မ ရောက် မှီ အဘယ် ကြောင့်သေ ချင်သနည်း။
Do not much wrong, neither be thou a fool, why dost thou die within thy time?
18 ၁၈ ဤ စကားကို စွဲလန်း ကောင်း ၏။ လက် မ လွှတ် နှင့်။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူသည် ခပ်သိမ်း သော အမှု ထဲက ထွက်မြောက် လိမ့်မည်။
[It is] good that thou dost lay hold on this, and also, from that withdrawest not thy hand, for whoso is fearing God goeth out with them all.
19 ၁၉ မြို့ ထဲ မှာနေ သောသူရဲတကျိပ် ထက် ပညာရှိ သောသူတယောက်သည် ပညာ အားဖြင့် သာ၍တန်ခိုး ကြီး၏။
The wisdom giveth strength to a wise man, more than wealth the rulers who have been in a city.
20 ၂၀ အပြစ် မ ပါဘဲ ကောင်း သောအကျင့်ကို ကျင့် သောသူ တော်ကောင်းတစုံ တယောက်မျှ မြေကြီး ပေါ် မှာ မ ရှိ။
Because there is not a righteous man on earth that doth good and sinneth not.
21 ၂၁ သူတပါးပြောသမျှ သော စကား တို့ကို မ မှတ် နှင့်။ သို့ပြုလျှင်၊ ကိုယ် ကျွန် ကျိန်ဆဲ သောစကားကို ကြား လိမ့်မည်။
Also to all the words that they speak give not thy heart, that thou hear not thy servant reviling thee.
22 ၂၂ သင်သည်ကိုယ်တိုင် သူတပါး တို့ကိုအဖန်ဖန် ကျိန်ဆဲ ကြောင်း ကို၊ ကိုယ် စိတ်နှလုံး ထဲမှာသိ ၏။
For many times also hath thy heart known that thou thyself also hast reviled others.
23 ၂၃ ဤ အမှုအရာအလုံးစုံ တို့ကို ငါသည်ပညာ တရား အားဖြင့် စုံစမ်း ပြီ။ ပညာ နှင့်ငါပြည့်စုံမည်ဟုဆို သော်လည်း ၊ ပညာ သည် ငါ နှင့် ဝေး ၏။
All this I have tried by wisdom; I have said, 'I am wise,' and it [is] far from me.
24 ၂၄ ဝေး သောအရာ ၊ အလွန်နက်နဲ သောအရာကို အဘယ်သူ ရှာ၍ တွေ့ နိုင်သနည်း။
Far off [is] that which hath been, and deep, deep, who doth find it?
25 ၂၅ ပညာ တရားနှင့် အကျိုး အကြောင်းကို ရှာဖွေ စစ်ဆေး ၍ သိ နားလည်ခြင်းငှါ ၎င်း ၊ မိုက် စွာကျင့်ခြင်း၏ အပြစ်နှင့် ရူး ခြင်း၏အပြစ်ကို သိ နားလည်ခြင်းငှါ ၎င်း၊ ငါနှင့်ငါ့ နှလုံး သည် ဝိုင်း ညီ၍ ကြိုးစားလေပြီ။
I have turned round, also my heart, to know and to search, and to seek out wisdom, and reason, and to know the wrong of folly, and of foolishness the madness.
26 ၂၆ ကျော့ကွင်း နှင့် ပိုက်ကွန် တို့ကို ကြံစည် ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင် တတ်သော မိန်းမ သည်၊ သေ ခြင်းထက် သာ၍ခါး သည်ကို ငါ တွေ့ ပြီ။ ဘုရား သခင်စိတ် တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမ လက် နှင့် လွတ် လိမ့်မည်။ အပြစ် ပြုတတ်သောသူကိုကား ၊ ဘမ်းမိ လိမ့်မည်။
And I am finding more bitter than death, the woman whose heart [is] nets and snares, her hands [are] bands; the good before God escapeth from her, but the sinner is captured by her.
27 ၂၇ ဓမ္မဒေသနာဆရာ ဆို သည်ကား ၊ ငါ ရှာ ၍ မ တွေ့ သေး သောအရာ ကို တွေ့ အံ့သောငှါ၊ တခု နောက် တခု စစ်ဆေး ချင့်တွက်သောအခါ၊
See, this I have found, said the Preacher, one to one, to find out the reason
28 ၂၈ ယောက်ျား တထောင် တို့တွင် တယောက် ကို ငါတွေ့ ပြီ။ မိန်းမ တထောင်တို့တွင် တယောက်ကိုမျှ ငါမ တွေ့။
(that still my soul had sought, and I had not found), One man, a teacher, I have found, and a woman among all these I have not found.
29 ၂၉ ငါတွေ့ သောအရာ တခု တည်းဟူမူကား ၊ ဘုရား သခင် သည် လူ ကိုဖြောင့်မတ် အောင် ဖန်ဆင်း တော်မူသော်လည်း ၊ လူ တို့သည် များ ပြားသော အကြံအစည် တို့ကို ရှာဖွေ ကြံစည်ကြပြီ။
See, this alone I have found, that God made man upright, and they — they have sought out many devices.

< ဒေသနာ 7 >