< ဒေသနာ 7 >
1 ၁ ကောင်း သောအသရေ သည် နံ့သာ ဆီထက် သာ၍ကောင်း ၏။ သေ ရသောနေ့ သည်လည်း ဘွားမြင် သောနေ့ ထက် သာ၍ကောင်း၏။
A good name is better than precious ointment; and the day of death than the day of one's birth.
2 ၂ မသာ အိမ် သို့ သွား ခြင်းသည်၊ ပွဲခံ ရာအိမ် သို့ သွား ခြင်းထက် သာ၍ကောင်း ၏။ အကြောင်း မူကား၊ လူ ခပ်သိမ်း တို့သည် မသာအိမ်၌ လမ်း ဆုံးရကြ၏။ အသက်ရှင် လျက်ရှိသောသူတို့လည်း၊ အသင့်နှလုံး သွင်းမိ ကြလိမ့်မည်။
It is better to go to the house of mourning, than to go to the house of feasting: for that is the end of all men; and the living will lay it to his heart.
3 ၃ ပြုံး ရယ်ခြင်းထက် ဝမ်းနည်း ခြင်းသည်သာ၍ကောင်း ၏။ အကြောင်း မူကား၊ မျက်နှာ ညှိုးငယ် သော အားဖြင့် နှလုံး သာ၍ကောင်း တတ်၏။
Sorrow is better than laughter: for by the sadness of the countenance the heart is made better.
4 ၄ ပညာရှိ သောသူတို့၏နှလုံး သည် မသာ အိမ် ၌ ရှိ၏။ မိုက် သောသူတို့၏ နှလုံး မူကား ၊ ပျော်မွေ့ ခြင်းပြုရာ အိမ် ၌ ရှိ၏။
The heart of the wise is in the house of mourning; but the heart of fools is in the house of mirth.
5 ၅ လူမိုက် သီချင်း ဆိုသောစကားကို နားထောင် သည်ထက် ၊ ပညာရှိ ဆုံးမ သောစကားကို နားထောင် သော် သာ၍ကောင်း ၏။
It is better to hear the rebuke of the wise, than for a man to hear the song of fools.
6 ၆ အကြောင်း မူကား၊ မိုက် သောသူ၏ ရယ် ခြင်း သည် အိုး အောက် ၌ ဆူး ပင်ကိုလောင်သောအသံ နှင့် တူ၏။ ထို အမှုအရာသည်လည်း အနတ္တ ဖြစ်၏။
For as the crackling of thorns under a pot, so is the laughter of the fool: this also is vanity.
7 ၇ အကယ် စင်စစ်၊ ညှဉ်းဆဲ ခြင်းသည် ပညာ ရှိ သောသူကို ရူး စေတတ်၏။ တံစိုး သည်လည်း စိတ် နှလုံးကို ယိုယွင်း စေတတ်၏။
Surely oppression maketh a wise man mad; and a gift destroyeth the heart.
8 ၈ အမှု ၏အဆုံး သည် အစ ထက် သာ၍ကောင်း ၏။ သည်းခံ တတ်သော သဘော ရှိသောသူသည် မာန ကြီး သော သူထက် သာ၍ကောင်း ၏။
Better is the end of a thing than the beginning thereof: and the patient in spirit is better than the proud in spirit.
9 ၉ အမျက် ထွက်သည်တိုင်အောင် စိတ် မ တိုနှင့်။ အမျက် သည် မိုက် သောသူ၏ စိတ်နှလုံး၌ နေရာ ကျတတ် ၏။
Be not hasty in thy spirit to be angry: for anger resteth in the bosom of fools.
10 ၁၀ ရှေး ကာလ သည် ယခုကာလထက် အဘယ် ကြောင့်သာ၍ကောင်း သနည်းဟုမ မေး နှင့်။ ထိုသို့မေး လျှင်၊ ပညာ တရားအတိုင်း မေး သည်မ ဟုတ်။
Say not thou, What is the cause that the former days were better than these? for thou dost not inquire wisely concerning this.
11 ၁၁ ပညာ သည် အမွေ ဥစ္စာကဲ့သို့ ကောင်း ၍ ၊ နေ ကို မြင် သောသူတို့ အား ကျေးဇူး ပြုတတ်၏။
Wisdom is good with an inheritance: and by it there is profit to them that see the sun.
12 ၁၂ အကြောင်း မူကား၊ ပညာ သည် ကွယ်ကာ တတ် ၏။ ငွေ သည်လည်း ကွယ်ကာ တတ်၏။ ပညာ အတတ် သည် အဘယ်သို့မြတ် သနည်းဟူမူကား၊ ပညာ အတတ်ကို ရ သောသူသည် အသက် ကိုလည်း ရတတ်၏။
For wisdom is a defence, and money is a defence: but the excellency of knowledge is, that wisdom giveth life to them that have it.
13 ၁၃ ဘုရား သခင်၏ အမှု တော်ကိုဆင်ခြင် လော့။ ကောက် စေတော်မူသောအရာ ကိုအဘယ်သို့ ဖြောင့် စေ နိုင် သနည်း။
Consider the work of Elohim: for who can make that straight, which he hath made crooked?
14 ၁၄ ကောင်းစား သည်ကာလ ၌ ဝမ်းမြောက် လော့။ ဆင်းရဲ ခံရသည်ကာလ ၌ ဆင်ခြင် လော့။ လူ သည် မိမိ နောက် မှာဖြစ်လတ္တံသော အမှုအရာကိုသိမည်အကြောင်း၊ ဘုရား သခင်သည် ကောင်းစားခြင်းနှင့် ဆင်းရဲခြင်းကိုလည်း အလှည့်လှည့်ပေးတော်မူ၏။
In the day of prosperity be joyful, but in the day of adversity consider: Elohim also hath set the one over against the other, to the end that man should find nothing after him.
15 ၁၅ ငါ သည် အချည်းနှီး နေသောကာလ ၌ ခပ်သိမ်း သောအရာတို့ကို တွေ့မြင်ပြီ။ ဖြောင့်မတ် သောသူသည်မိမိ ဖြောင့်မတ် ခြင်း၌ ဆုံးရှုံး ကြောင်းကို၎င်း ၊ အဓမ္မ လူ သည် မိမိ အဓမ္မ အမှု၌ အသက်ရှည် ကြောင်းကို၎င်းငါမြင် ၏။
All things have I seen in the days of my vanity: there is a just man that perisheth in his righteousness, and there is a wicked man that prolongeth his life in his wickedness.
16 ၁၆ လွန်ကျူး စွာ မ ဖြောင့်မတ် နှင့်။ လွန်ကျူး စွာ ပညာ မ ရှိနှင့်။ အဘယ် ကြောင့်ကိုယ်အကျိုး ကို ဖျက်ချင် သနည်း။
Be not righteous over much; neither make thyself over wise: why shouldest thou destroy thyself?
17 ၁၇ လွန်ကျူး စွာမ ဆိုးညစ် နှင့်။ မ မိုက် နှင့်။ အချိန် မ ရောက် မှီ အဘယ် ကြောင့်သေ ချင်သနည်း။
Be not over much wicked, neither be thou foolish: why shouldest thou die before thy time?
18 ၁၈ ဤ စကားကို စွဲလန်း ကောင်း ၏။ လက် မ လွှတ် နှင့်။ ဘုရား သခင်ကို ကြောက်ရွံ့ သောသူသည် ခပ်သိမ်း သော အမှု ထဲက ထွက်မြောက် လိမ့်မည်။
It is good that thou shouldest take hold of this; yea, also from this withdraw not thine hand: for he that feareth Elohim shall come forth of them all.
19 ၁၉ မြို့ ထဲ မှာနေ သောသူရဲတကျိပ် ထက် ပညာရှိ သောသူတယောက်သည် ပညာ အားဖြင့် သာ၍တန်ခိုး ကြီး၏။
Wisdom strengtheneth the wise more than ten mighty men which are in the city.
20 ၂၀ အပြစ် မ ပါဘဲ ကောင်း သောအကျင့်ကို ကျင့် သောသူ တော်ကောင်းတစုံ တယောက်မျှ မြေကြီး ပေါ် မှာ မ ရှိ။
For there is not a just man upon earth, that doeth good, and sinneth not.
21 ၂၁ သူတပါးပြောသမျှ သော စကား တို့ကို မ မှတ် နှင့်။ သို့ပြုလျှင်၊ ကိုယ် ကျွန် ကျိန်ဆဲ သောစကားကို ကြား လိမ့်မည်။
Also take no heed unto all words that are spoken; lest thou hear thy servant curse thee:
22 ၂၂ သင်သည်ကိုယ်တိုင် သူတပါး တို့ကိုအဖန်ဖန် ကျိန်ဆဲ ကြောင်း ကို၊ ကိုယ် စိတ်နှလုံး ထဲမှာသိ ၏။
For oftentimes also thine own heart knoweth that thou thyself likewise hast cursed others.
23 ၂၃ ဤ အမှုအရာအလုံးစုံ တို့ကို ငါသည်ပညာ တရား အားဖြင့် စုံစမ်း ပြီ။ ပညာ နှင့်ငါပြည့်စုံမည်ဟုဆို သော်လည်း ၊ ပညာ သည် ငါ နှင့် ဝေး ၏။
All this have I proved by wisdom: I said, I will be wise; but it was far from me.
24 ၂၄ ဝေး သောအရာ ၊ အလွန်နက်နဲ သောအရာကို အဘယ်သူ ရှာ၍ တွေ့ နိုင်သနည်း။
That which is far off, and exceeding deep, who can find it out?
25 ၂၅ ပညာ တရားနှင့် အကျိုး အကြောင်းကို ရှာဖွေ စစ်ဆေး ၍ သိ နားလည်ခြင်းငှါ ၎င်း ၊ မိုက် စွာကျင့်ခြင်း၏ အပြစ်နှင့် ရူး ခြင်း၏အပြစ်ကို သိ နားလည်ခြင်းငှါ ၎င်း၊ ငါနှင့်ငါ့ နှလုံး သည် ဝိုင်း ညီ၍ ကြိုးစားလေပြီ။
I applied mine heart to know, and to search, and to seek out wisdom, and the reason of things, and to know the wickedness of folly, even of foolishness and madness:
26 ၂၆ ကျော့ကွင်း နှင့် ပိုက်ကွန် တို့ကို ကြံစည် ပြင်ဆင်၍ ကြိုးနှင့်ချည်နှောင် တတ်သော မိန်းမ သည်၊ သေ ခြင်းထက် သာ၍ခါး သည်ကို ငါ တွေ့ ပြီ။ ဘုရား သခင်စိတ် တွေ့ တော်မူသောသူသာလျှင်၊ ထိုမိန်းမ လက် နှင့် လွတ် လိမ့်မည်။ အပြစ် ပြုတတ်သောသူကိုကား ၊ ဘမ်းမိ လိမ့်မည်။
And I find more bitter than death the woman, whose heart is snares and nets, and her hands as bands: whoso pleaseth Elohim shall escape from her; but the sinner shall be taken by her.
27 ၂၇ ဓမ္မဒေသနာဆရာ ဆို သည်ကား ၊ ငါ ရှာ ၍ မ တွေ့ သေး သောအရာ ကို တွေ့ အံ့သောငှါ၊ တခု နောက် တခု စစ်ဆေး ချင့်တွက်သောအခါ၊
Behold, this have I found, saith the preacher, counting one by one, to find out the account:
28 ၂၈ ယောက်ျား တထောင် တို့တွင် တယောက် ကို ငါတွေ့ ပြီ။ မိန်းမ တထောင်တို့တွင် တယောက်ကိုမျှ ငါမ တွေ့။
Which yet my soul seeketh, but I find not: one man among a thousand have I found; but a woman among all those have I not found.
29 ၂၉ ငါတွေ့ သောအရာ တခု တည်းဟူမူကား ၊ ဘုရား သခင် သည် လူ ကိုဖြောင့်မတ် အောင် ဖန်ဆင်း တော်မူသော်လည်း ၊ လူ တို့သည် များ ပြားသော အကြံအစည် တို့ကို ရှာဖွေ ကြံစည်ကြပြီ။
Lo, this only have I found, that Elohim hath made man upright; but they have sought out many inventions.