< ဒေသနာ 6 >

1 လူ တို့တွင် အတွေ့များ ၍ ၊ နေ အောက် ၌ ငါမြင် ရသော အမှုဆိုး ဟူမူကား၊
There is also another evil, which I have seen under the sun, and that frequent among men:
2 အလို ဆန္ဒရှိသမျှ ပြေလောက်အောင် စည်းစိမ် ဥစ္စာ ဂုဏ် အသရေကို ဘုရား သခင်ပေး သော်လည်း ၊ ခံစားရသောအခွင့်ကိုပေး တော်မမူသောကြောင့်၊ ကိုယ်တိုင်မခံစားရ။ မ ဆိုင်သော သူတပါးဝင်၍ ခံစား ရသောအမှု သည် အနတ္တ အမှု၊ ဆိုး သောအမှု ဖြစ်၏။
A man to whom God hath given riches, and substance, and honour, and his soul wanteth nothing of all that he desireth: yet God doth not give him power to eat thereof, but a stranger shall eat it up. This is vanity and a great misery.
3 လူ သည် နှစ် ပေါင်းများစွာ အသက် ရှည်၍ ၊ သား တရာ ပင် ရှိငြား သော်လည်း၊ အလို ဆန္ဒမ ပြည့်စုံဘဲ၊ သင်္ဂြိုဟ် ခြင်းကို မ ခံရ ဘဲ သေသွားလျှင်၊ ထိုသူ ထက် ပျက် သောကိုယ်ဝန်သည်သာ၍မြတ် ၏။
If a man beget a hundred children, and live many years, and attain to a great age, and his soul make no use of the goods of his substance, and he be without burial: of this man I pronounce, that the untimely born is better than he.
4 အကြောင်း မူကား၊ ပျက်သော ကိုယ်ဝန်သည် အချည်းနှီး ပေါ် လာ၏။ မှောင်မိုက် ထဲ မှာ ထွက် သွား၏။ သူ့ အမည် ကား၊ မှောင်မိုက် နှင့် ဖုံးလွှမ်း လျက် ရှိလိမ့်မည်။
For he came in vain, and goeth to darkness, and his name shall be wholly forgotten.
5 နေ ကိုလည်း မ မြင် ရ။ အဘယ်အရာကိုမျှမ သိ ရ။ သို့သော်လည်း ၊ အရင်ဆိုသောသူထက် သာ၍ချမ်းသာ ရ၏။
He hath not seen the sun, nor known the distance of good and evil:
6 အကယ်၍ အရင်ဆိုသောသူသည် အနှစ် နှစ် ထောင် အသက်ရှင် သော်လည်း ၊ အကျိုး ကျေးဇူးမ ရှိ။ အလုံးစုံ တို့သည် တခု တည်းသောအရပ် သို့ သွား ရကြသည် မ ဟုတ်လော။
Although he lived two thousand years, and hath not enjoyed good things: do not all make haste to one place?
7 လူ ကြိုးစား အားထုတ်သမျှ တို့၌ ဝမ်း ဘို့ သာ ကြိုးစားအားထုတ်သော်လည်း၊ စား ချင်သောစိတ် မ ပြေ နိုင်။
All the labour of man is for his mouth, but his soul shall not be filled.
8 ပညာရှိ သောသူသည် မိုက် သောသူထက် အဘယ် ကျေးဇူး ရှိသနည်း။ အသက်ရှင် သောသူများရှေ့ မှာ ကျင့်ကြံ ပြုမူတတ်သော ဆင်းရဲသား ၏ အကျိုးကျေးဇူးကား အဘယ်သို့ နည်း။
What hath the wise man more than the fool? and what the poor man, but to go thither, where there is life?
9 ကိုယ်တိုင်တွေ့မြင် ခြင်း အကျိုး သည် လောဘ ပြန့်ပွား ခြင်း အကျိုးထက် သာ၍ကြီး၏။ ထို အမှုအရာ သည် အနတ္တ အမှု၊ လေ ကိုကျက်စား သောအမှုဖြစ်၏။
Better it is to see what thou mayst desire, than to desire that which thou canst not know. But this also is vanity, and presumption of spirit.
10 ၁၀ ရှိသမျှ သော အခြင်းအရာများကို မှတ်သား နှင့် ပြီ။ လူ ၏အခြင်းအရာ သက်သက်ဖြစ်သည်ကို သိ ရ၏။ လူ သည် မိမိ ထက် တန်ခိုး ကြီးသောသူနှင့် မ ပြိုင် နိုင် ရာ။
He that shall be, his name is already called: and it is known, that he is man, and cannot contend in judgment with him that is stronger than himself.
11 ၁၁ အနတ္တ တိုးပွား စရာအကြောင်းများပြား သည် ဖြစ် ၍၊ လူ သည် အဘယ် ကျေးဇူး ရှိသနည်း။
There are many words that have much vanity in disputing.
12 ၁၂ အရိပ် ကဲ့သို့ လွန် တတ်သော အနတ္တ အသက် ကာလ ပတ်လုံး၊ လူ ၌ ကျေးဇူး ပြုတတ်သော အရာ ကို အဘယ်သူ သိ နိုင်သနည်း။ နေ အောက် ၌ လူ နောက် မှာ ဖြစ် လတံ့သော အမှု အရာတို့ကိုလည်း၊ အဘယ်သူ ပြော နိုင်သနည်း။
What needeth a man to seek things that are above him, whereas he knoweth not what is profitable for him in his life, in all the days of his pilgrimage, and the time that passeth like a shadow? Or who can tell him what shall be after him under the sun?

< ဒေသနာ 6 >