< ဒေသနာ 5 >
1 ၁ ဘုရား သခင့်အိမ် တော်သို့ သွား သောအခါ ၊ သင့် ခြေ တို့ကို စောင့် လော့။ လူမိုက် ပြု သောယဇ် ပူဇော်ခြင်းအမှုထက် ၊ တရားနာခြင်းအမှုကိုသာ၍ ကြိုးစားလော့။ လူမိုက် တို့သည် ကိုယ်အပြစ် ကိုမ ဆင်ခြင် တတ် ကြ။
Keep your foot when you go to the house of God, and be more ready to hear, than to give the sacrifice of fools: for they consider not that they do evil.
2 ၂ သင် ၏နှုတ် သည် သတိ မ လစ်စေနှင့်။ ဘုရား သခင့်ရှေ့ တော်၌ စကား ပြောခြင်းငှါ ၊ သင် ၏စိတ် နှလုံးမ လျင် မမြန်စေနှင့်။ ဘုရား သခင်သည် ကောင်းကင် ဘုံ၌ ရှိတော်မူ၏။ သင် သည် မြေကြီး ပေါ် မှာရှိ၏။ ထိုကြောင့် သင် ၏စကား မ များစေ နှင့်။
Be not rash with your mouth, and let not your heart be hasty to utter any thing before God: for God is in heaven, and you upon earth: therefore let your words be few.
3 ၃ အမှု များ သောအားဖြင့် အိပ်မက် မြင် တတ်သကဲ့သို့ ၊ စကား များ သောအားဖြင့် မိုက် သောသူ ၏အသံ ကို ကြားရ၏။
For a dream comes through the multitude of business; and a fool's voice is known by multitude of words.
4 ၄ ဘုရား သခင့်ထံ တော်၌ သစ္စာဂတိ ပြု မိလျှင် ၊ သစ္စာဝတ်ကို မ ဖြေ ဘဲမနေနှင့်။ မိုက် သောသူတို့ကို အားရနှစ်သက် တော်မ မူ။ သစ္စာဂတိ ပြုသည်အတိုင်း ဝတ် ကို ဖြေလော့။
When you vow a vow unto God, defer not to pay it; for he has no pleasure in fools: pay that which you have vowed.
5 ၅ သစ္စာဂတိ ပြု၍ ဝတ်ကိုမ ဖြေ ဘဲနေသည်ထက်၊ သစ္စာဂတိ အလျှင်းမ ပြုဘဲနေသော် သာ၍ ကောင်း ၏။
Better is it that you should not vow, than that you should vow and not pay.
6 ၆ သင် ၏နှုတ် သည် သင် ၏ကိုယ်ခန္ဓါ ၌ အပြစ် မ ရောက်စေနှင့်။ အကျွန်ုပ်မှား ပါပြီဟု၊ တမန်တော် ရှေ့ မှာ ပြော ရသော အကြောင်းမ ရှိစေနှင့်။ ဘုရား သခင်သည် သင် ၏စကား သံကို အမျက် တော်ထွက်၍၊ သင် ပြုစု သောအမှု ကို အဘယ်ကြောင့် ဖျက်ဆီး တော်မူရမည်နည်း။
Suffer not your mouth to cause your flesh to sin; neither say you before the angel, that it was an error: wherefore should God be angry at your voice, and destroy the work of your hands?
7 ၇ အိပ်မက် များ ရာ၌ ၎င်း၊ စကား များ ရာ၌၎င်း ၊ အချည်းနှီး သောအကြောင်းအရာပါတတ်၏။ သင် မူကား ဘုရား သခင်ကို ကြောက်ရွံ့ လော့။
For in the multitude of dreams and many words there are also divers vanities: but fear you God.
8 ၈ ကျေးရွာ ၌ ဆင်းရဲသား တို့ကို ညှဉ်းဆဲ ခြင်း၊ တရား လမ်း မှလွှဲ၍ ၊ မတရားသဖြင့် အနိုင်အထက်စီရင် ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိသည် ကို အံ့ဩ ခြင်းမ ရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံးသောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။
If you see the oppression of the poor, and violent perverting of judgment and justice in a province, marvel not at the matter: for he that is higher than the highest regards; and there be higher than they.
9 ၉ မြေကြီး ကဖြစ် သော စီးပွါးသည်အလုံးစုံ တို့အဘို့ ဖြစ်၏။ ရှင်ဘုရင် သော်လည်း၊ လယ် ၏ ကျေးဇူး ကိုခံရ၏။
Moreover the profit of the earth is for all: the king himself is served by the field.
10 ၁၀ ငွေ ကိုတပ်မက် သောသူသည် ငွေ နှင့် အလိုဆန္ဒ မ ပြေနိုင်။ စည်းစိမ် ကို တပ်မက် သောသူသည် စည်းစိမ် တိုးပွားသော်လည်း မ ရောင့်ရဲနိုင်။ ထို အမှုအရာသည် လည်း အနတ္တ ဖြစ်၏။
He that loves silver shall not be satisfied with silver; nor he that loves abundance with increase: this is also vanity.
11 ၁၁ ဥစ္စာ တိုးပွား သောအခါ စား ရသောသူတို့သည် လည်း တိုးပွား များပြားကြ၏။ ဥစ္စာ ရှင်သည် မျက်စိ နှင့်ကြည့်ရှု ခြင်း ကျေးဇူးမှတပါး အဘယ် ကျေးဇူး ရှိသနည်း။
When goods increase, they are increased that eat them: and what good is there to the owners thereof, saving the beholding of them with their eyes?
12 ၁၂ အလုပ်လုပ် သောသူသည် များစွာ စား သည် ဖြစ်စေ ၊ အနည်းငယ် စားသည်ဖြစ်စေ ၊ အအိပ် မြိန် တတ်၏။ ရတတ် သောသူ၏ စည်းစိမ် မူကား ၊ စည်းစိမ် ရှင်ကို အအိပ် ပျက် စေတတ်၏။
The sleep of a labouring man is sweet, whether he eat little or much: but the abundance of the rich will not suffer him to sleep.
13 ၁၃ စည်းစိမ် ရှင်သည် ကိုယ် အကျိုး ပျက်သည်တိုင်အောင် ၊ စည်းစိမ် ကိုသိုထား ခြင်းတည်းဟူသော၊ နေ အောက် ၌ အလွန် ဆိုးသောအမှုအရာကို ငါမြင် ပြီ။
There is a sore evil which I have seen under the sun, namely, riches kept for the owners thereof to their hurt.
14 ၁၄ ထို စည်းစိမ် သည် မကောင်း သောအမှု အားဖြင့် ပျောက်ပျက် တတ်၏။ စည်းစိမ်ရှင်မြင် သော သား သည် လည်း လက်ချည်း နေရ၏။
But those riches perish by evil travail: and he bring forths a son, and there is nothing in his hand.
15 ၁၅ သို့မဟုတ်၊ စည်းစိမ် ရှင်သည် အမိ ဝမ်း ထဲက အလျှင်း မပါဘဲ ထွက် လာသကဲ့သို့ ၊ ထိုနည်းတူ ပြန် သွား ရမည်။ ကြိုးစား အားထုတ်၍ ရ သောဥစ္စာ တစုံတခုကိုမျှ လက် နှင့် စွဲကိုင် လျက် ယူ ၍မ သွားရ။
As he came out of his mother's womb, naked shall he return to go as he came, and shall take nothing of his labour, which he may carry away in his hand.
16 ၁၆ သူသည်လာ သကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွား ရသောအမှုအရာသည် အလွန် ဆိုးသောအမှုအရာဖြစ်၏။ လေ ကို ရအံ့သောငှါ ကြိုးစား အားထုတ်သောသူသည် အဘယ် ကျေးဇူး ရှိသနည်း။
And this also is a sore evil, that in all points as he came, so shall he go: and what profit has he that has laboured for the wind?
17 ၁၇ သူ ၏နေ့ရက် ကာလကို မှောင်မိုက် ၌ လွန် စေ တတ်၏။ များစွာ သောနှောင့်ရှက် ခြင်း၊ ညှိုးငယ် ခြင်း၊ အမျက် ထွက်ခြင်းကို ခံရ၏။
All his days also he eats in darkness, and he has much sorrow and wrath with his sickness.
18 ၁၈ ငါ သိ မြင်သောအရာဟူမူကား ၊ စား သောက် ခြင်း အမှု၊ နေ အောက် ၌ ဘုရား သခင်ပေး တော်မူသောအသက် ရှည်သမျှ ကာလ ပတ်လုံး၊ ကြိုးစား အားထုတ်၍ ရ သောအကျိုး၌ ပျော်မွေ့ ခြင်းအမှုကို ပြုကောင်း ၏။ လျောက်ပတ် ၏။ ထို အမှုသည် လူ ၏အဘို့ ဖြစ်၏။
Behold that which I have seen: it is good and comely for one to eat and to drink, and to enjoy the good of all his labour that he takes under the sun all the days of his life, which God gives him: for it is his portion.
19 ၁၉ ဘုရား သခင်ပေး သနားတော်မူသောစည်းစိမ် ဥစ္စာ ကိုရသော လူတိုင်း မိမိ အဘို့ ကိုခံ ၍ ဝင်စား ခြင်းငှါ ၎င်း၊ ကြိုးစား အားထုတ်ရာ၌ ပျော်မွေ့ ခြင်းငှါ ၎င်း၊ ဘုရား သခင့်ကျေးဇူးတော် ကြောင့် အခွင့် ရှိ၏။
Every man also to whom God has given riches and wealth, and has given him power to eat thereof, and to take his portion, and to rejoice in his labour; this is the gift of God.
20 ၂၀ လွန် သောနေ့ရက် ကာလကို များစွာ မ အောက်မေ့ ရ။ စိတ် နှလုံးရွှင်လန်း သောအခွင့်ကို ဘုရား သခင်ပေး သနားတော်မူ၏။
For he shall not much remember the days of his life; because God answers him in the joy of his heart.