< ဒေသနာ 5 >

1 ဘုရား သခင့်အိမ် တော်သို့ သွား သောအခါ ၊ သင့် ခြေ တို့ကို စောင့် လော့။ လူမိုက် ပြု သောယဇ် ပူဇော်ခြင်းအမှုထက် ၊ တရားနာခြင်းအမှုကိုသာ၍ ကြိုးစားလော့။ လူမိုက် တို့သည် ကိုယ်အပြစ် ကိုမ ဆင်ခြင် တတ် ကြ။
Keep thy foot, when thou goest into the house of God, and draw nigh to hear. For much better is obedience, than the victims of fools, who know not what evil they do.
2 သင် ၏နှုတ် သည် သတိ မ လစ်စေနှင့်။ ဘုရား သခင့်ရှေ့ တော်၌ စကား ပြောခြင်းငှါ ၊ သင် ၏စိတ် နှလုံးမ လျင် မမြန်စေနှင့်။ ဘုရား သခင်သည် ကောင်းကင် ဘုံ၌ ရှိတော်မူ၏။ သင် သည် မြေကြီး ပေါ် မှာရှိ၏။ ထိုကြောင့် သင် ၏စကား မ များစေ နှင့်။
Speak not any thing rashly, and let not thy heart be hasty to utter a word before God. For God is in heaven, and thou upon earth: therefore let thy words be few.
3 အမှု များ သောအားဖြင့် အိပ်မက် မြင် တတ်သကဲ့သို့ ၊ စကား များ သောအားဖြင့် မိုက် သောသူ ၏အသံ ကို ကြားရ၏။
Dreams follow many cares: and in many words shall be found folly.
4 ဘုရား သခင့်ထံ တော်၌ သစ္စာဂတိ ပြု မိလျှင် ၊ သစ္စာဝတ်ကို မ ဖြေ ဘဲမနေနှင့်။ မိုက် သောသူတို့ကို အားရနှစ်သက် တော်မ မူ။ သစ္စာဂတိ ပြုသည်အတိုင်း ဝတ် ကို ဖြေလော့။
If thou hast vowed any thing to God, defer not to pay it: for an unfaithful and foolish promise displeaseth him: but whatsoever thou hast vowed, pay it.
5 သစ္စာဂတိ ပြု၍ ဝတ်ကိုမ ဖြေ ဘဲနေသည်ထက်၊ သစ္စာဂတိ အလျှင်းမ ပြုဘဲနေသော် သာ၍ ကောင်း ၏။
And it is much better not to vow, than after a vow not to perform the things promised.
6 သင် ၏နှုတ် သည် သင် ၏ကိုယ်ခန္ဓါ ၌ အပြစ် မ ရောက်စေနှင့်။ အကျွန်ုပ်မှား ပါပြီဟု၊ တမန်တော် ရှေ့ မှာ ပြော ရသော အကြောင်းမ ရှိစေနှင့်။ ဘုရား သခင်သည် သင် ၏စကား သံကို အမျက် တော်ထွက်၍၊ သင် ပြုစု သောအမှု ကို အဘယ်ကြောင့် ဖျက်ဆီး တော်မူရမည်နည်း။
Give not thy mouth to cause thy flesh to sin: and say not before the angel: There is no providence: lest God be angry at thy words, and destroy all the works of thy hands.
7 အိပ်မက် များ ရာ၌ ၎င်း၊ စကား များ ရာ၌၎င်း ၊ အချည်းနှီး သောအကြောင်းအရာပါတတ်၏။ သင် မူကား ဘုရား သခင်ကို ကြောက်ရွံ့ လော့။
Where there are many dreams, there are many vanities, and words without number: but do thou fear God.
8 ကျေးရွာ ၌ ဆင်းရဲသား တို့ကို ညှဉ်းဆဲ ခြင်း၊ တရား လမ်း မှလွှဲ၍ ၊ မတရားသဖြင့် အနိုင်အထက်စီရင် ဆုံးဖြတ်ခြင်းအမှုကိုမြင်လျှင်၊ ထိုသို့သောအကြံရှိသည် ကို အံ့ဩ ခြင်းမ ရှိနှင့်။ ကြီးမြင့်သောသူတယောက်ကို တယောက် ကြည့်မှတ်သကဲ့သို့၊ အကြီးဆုံး၊ အမြင့်ဆုံးသောသူသည် ကြည့်မှတ်လျက်ရှိတော်မူ၏။
If thou shalt see the oppressions of the poor, and violent judgments, and justice perverted in the province, wonder not at this matter: for he that is high hath another higher, and there are others still higher than these:
9 မြေကြီး ကဖြစ် သော စီးပွါးသည်အလုံးစုံ တို့အဘို့ ဖြစ်၏။ ရှင်ဘုရင် သော်လည်း၊ လယ် ၏ ကျေးဇူး ကိုခံရ၏။
Moreover there is the king that reigneth over all the land subject to him.
10 ၁၀ ငွေ ကိုတပ်မက် သောသူသည် ငွေ နှင့် အလိုဆန္ဒ မ ပြေနိုင်။ စည်းစိမ် ကို တပ်မက် သောသူသည် စည်းစိမ် တိုးပွားသော်လည်း မ ရောင့်ရဲနိုင်။ ထို အမှုအရာသည် လည်း အနတ္တ ဖြစ်၏။
A covetous man shall not be satisfied with money: and he that loveth riches shall reap no fruit from them: so this also is vanity.
11 ၁၁ ဥစ္စာ တိုးပွား သောအခါ စား ရသောသူတို့သည် လည်း တိုးပွား များပြားကြ၏။ ဥစ္စာ ရှင်သည် မျက်စိ နှင့်ကြည့်ရှု ခြင်း ကျေးဇူးမှတပါး အဘယ် ကျေးဇူး ရှိသနည်း။
Where there are great riches, there are also many to eat them. And what doth it profit the owner, but that he seeth the riches with his eyes?
12 ၁၂ အလုပ်လုပ် သောသူသည် များစွာ စား သည် ဖြစ်စေ ၊ အနည်းငယ် စားသည်ဖြစ်စေ ၊ အအိပ် မြိန် တတ်၏။ ရတတ် သောသူ၏ စည်းစိမ် မူကား ၊ စည်းစိမ် ရှင်ကို အအိပ် ပျက် စေတတ်၏။
Sleep is sweet to a labouring man, whether he eat little or much: but the fulness of the rich will not suffer him to sleep.
13 ၁၃ စည်းစိမ် ရှင်သည် ကိုယ် အကျိုး ပျက်သည်တိုင်အောင် ၊ စည်းစိမ် ကိုသိုထား ခြင်းတည်းဟူသော၊ နေ အောက် ၌ အလွန် ဆိုးသောအမှုအရာကို ငါမြင် ပြီ။
There is also another grievous evil, which I have seen under the sun: riches kept to the hurt of the owner.
14 ၁၄ ထို စည်းစိမ် သည် မကောင်း သောအမှု အားဖြင့် ပျောက်ပျက် တတ်၏။ စည်းစိမ်ရှင်မြင် သော သား သည် လည်း လက်ချည်း နေရ၏။
For they are lost with very great affliction: he hath begotten a son, who shall be in extremity of want.
15 ၁၅ သို့မဟုတ်၊ စည်းစိမ် ရှင်သည် အမိ ဝမ်း ထဲက အလျှင်း မပါဘဲ ထွက် လာသကဲ့သို့ ၊ ထိုနည်းတူ ပြန် သွား ရမည်။ ကြိုးစား အားထုတ်၍ ရ သောဥစ္စာ တစုံတခုကိုမျှ လက် နှင့် စွဲကိုင် လျက် ယူ ၍မ သွားရ။
As he came forth naked from his mother’s womb, so shall he return, and shall take nothing away with him of his labour.
16 ၁၆ သူသည်လာ သကဲ့သို့ အလျှင်းမခြားနားဘဲ၊ သွား ရသောအမှုအရာသည် အလွန် ဆိုးသောအမှုအရာဖြစ်၏။ လေ ကို ရအံ့သောငှါ ကြိုးစား အားထုတ်သောသူသည် အဘယ် ကျေးဇူး ရှိသနည်း။
A most deplorable evil: as he came, so shall he return. What then doth it profit him that he hath laboured for the wind?
17 ၁၇ သူ ၏နေ့ရက် ကာလကို မှောင်မိုက် ၌ လွန် စေ တတ်၏။ များစွာ သောနှောင့်ရှက် ခြင်း၊ ညှိုးငယ် ခြင်း၊ အမျက် ထွက်ခြင်းကို ခံရ၏။
All the days of his life he eateth in darkness, and in many cares, and in misery, and sorrow.
18 ၁၈ ငါ သိ မြင်သောအရာဟူမူကား ၊ စား သောက် ခြင်း အမှု၊ နေ အောက် ၌ ဘုရား သခင်ပေး တော်မူသောအသက် ရှည်သမျှ ကာလ ပတ်လုံး၊ ကြိုးစား အားထုတ်၍ ရ သောအကျိုး၌ ပျော်မွေ့ ခြင်းအမှုကို ပြုကောင်း ၏။ လျောက်ပတ် ၏။ ထို အမှုသည် လူ ၏အဘို့ ဖြစ်၏။
This therefore hath seemed good to me, that a man should eat and drink, and enjoy the fruit of his labour, wherewith he hath laboured under the sun, all the days of his life, which God hath given him: and this is his portion.
19 ၁၉ ဘုရား သခင်ပေး သနားတော်မူသောစည်းစိမ် ဥစ္စာ ကိုရသော လူတိုင်း မိမိ အဘို့ ကိုခံ ၍ ဝင်စား ခြင်းငှါ ၎င်း၊ ကြိုးစား အားထုတ်ရာ၌ ပျော်မွေ့ ခြင်းငှါ ၎င်း၊ ဘုရား သခင့်ကျေးဇူးတော် ကြောင့် အခွင့် ရှိ၏။
And every man to whom God hath given riches, and substance, and hath given him power to eat thereof, and to enjoy his portion, and to rejoice of his labour: this is the gift of God.
20 ၂၀ လွန် သောနေ့ရက် ကာလကို များစွာ မ အောက်မေ့ ရ။ စိတ် နှလုံးရွှင်လန်း သောအခွင့်ကို ဘုရား သခင်ပေး သနားတော်မူ၏။
For he shall not much remember the days of his life, because God entertaineth his heart with delight,

< ဒေသနာ 5 >