< ဒေသနာ 4 >
1 ၁ တဖန်တုံ ၊ နေ အောက် မှာ ပြု သမျှ သော ညှဉ်းဆဲ ခြင်း တို့ကို ငါ ထပ်၍ဆင်ခြင် ၏။ ညှဉ်းဆဲ ခြင်းကို ခံရသောသူတို့ သည် ငိုကြွေး သော်လည်း ၊ ချမ်းသာ ပေးနိုင်သော သူမ ရှိ။ ညှဉ်းဆဲ တတ်သောသူတို့ သည် တန်ခိုး ရှိသဖြင့် ချမ်းသာ ပေးနိုင်သောသူမ ရှိ။
So I returned, and considered all the oppressions that are done under the sun: and behold the tears of such as were oppressed, and they had no comforter; and on the side of their oppressors there was power; but they had no comforter.
2 ၂ သို့ဖြစ်၍ ၊ သေ လွန်ပြီး သော လူ သေသည် အသက်ရှင် သေးသော လူ ရှင်ထက် သာ၍မင်္ဂလာရှိသည် ဟု ငါ ဆို ရ၏။
Wherefore I praised the dead which are already dead more than the living which are yet alive.
3 ၃ သို့ရာတွင် တခါမျှ မ ဖြစ်သေး သောသူ ၊ နေ အောက် မှာ ပြု သောဒုစရိုက် ကိုမ မြင် သေးသောသူသည် ထို နှစ်ဦး ထက် သာ၍မင်္ဂလာရှိ ၏။
Yea, better is he than both they, which hath not yet been, who hath not seen the evil work that is done under the sun.
4 ၄ တဖန် ကြိုးစား အားထုတ်ခြင်းအမှုနှင့် ၊ ကောင်းမွန် စွာ ပြီးစီးသောအမှု အလုံးစုံ တို့ကို၎င်း၊ ထိုသို့ သော အမှု တို့ကြောင့် သူတပါး ငြူစူ ကြောင်းကို၎င်းငါဆင်ခြင် ၏။ ထို အမှုအရာသည် အနတ္တ အမှု၊ လေ ကို ကျက်စား သောအမှုဖြစ်၏။
Again, I considered all travail, and every right work, that for this a man is envied of his neighbour. This is also vanity and vexation of spirit.
5 ၅ မိုက် သောသူသည် မိမိ လက်ချင်း ပိုက် ထား၍ ၊ မိမိ အသား ကို စား တတ်၏။
The fool foldeth his hands together, and eateth his own flesh.
6 ၆ ငြိမ်သက်ခြင်းနှင့် ယှဉ်လျက်၊ လက်တဆုပ် တည်းသောဥစ္စာသည် ပင်ပန်းစွာလုပ်ခြင်း၊ လေ ကို ကျက်စား ခြင်းနှင့် ယှဉ်လျက်၊ လက်နှစ်ဘက်၌ ပြည့်သော ဥစ္စာထက် သာ၍ကောင်း ၏။
Better is an handful with quietness, than both the hands full with travail and vexation of spirit.
7 ၇ တဖန် ငါ ထပ်၍ ၊ နေ အောက် မှာအနတ္တ အမှုကို ဆင်ခြင် သောအရာဟူမူကား၊
Then I returned, and I saw vanity under the sun.
8 ၈ လူ သည်အဘော် အဘက်၊ သားသမီး ၊ ညီအစ်ကို မ ရှိ၊ တယောက်တည်းဖြစ်သော်လည်း၊ ကြိုးစား အားထုတ်၍ မ ကုန်နိုင်။ မိမိစည်းစိမ် ကိုမြင် ၍ မ ရောင့်ရဲ နိုင်။ ငါ သည် ကိုယ်ကို ညှဉ်းဆဲ ၍ ၊ အဘယ်သူ အဘို့ ကြိုးစားအားထုတ်သနည်းဟု မမေးတတ်။ ဤ အမှုအရာသည် လည်း အနတ္တ အမှု၊ အလွန် ပင်ပန်းစေသောအမှုဖြစ်၏။
There is one alone, and there is not a second; yea, he hath neither child nor brother: yet is there no end of all his labour; neither is his eye satisfied with riches; neither saith he, For whom do I labour, and bereave my soul of good? This is also vanity, yea, it is a sore travail.
9 ၉ လူသည်တယောက် တည်းထက် နှစ် ယောက် သာ၍ကောင်း ၏။ ကြိုးစား အားထုတ်လျှင် ၊ ကောင်း သော အကျိုး ကို ရ တတ်၏။
Two are better than one; because they have a good reward for their labour.
10 ၁၀ တယောက် လဲ လျှင် တယောက်ထူ လိမ့်မည်။ တယောက် တည်းသောသူ လဲ လျှင်မူကား အကျိုးနည်း ပြီ။ ထူ သော သူမ ရှိ။
For if they fall, the one will lift up his fellow: but woe to him that is alone when he falleth; for he hath not another to help him up.
11 ၁၁ လူသည် နှစ် ယောက်အတူအိပ် လျှင် နွေး တတ် ၏။ တယောက် တည်းသောသူမူကား၊ အဘယ် သို့နွေး နိုင် သနည်း။
Again, if two lie together, then they have heat: but how can one be warm alone?
12 ၁၂ လူတယောက် သည် တယောက်ကိုနိုင် လျှင် ထို လူကိုနှစ် ယောက် ဆီးတား နိုင်၏။ သုံး လွန်းတင်သော ကြိုး သည်လည်း အလွယ် တကူမ ပြတ် တတ်။
And if one prevail against him, two shall withstand him; and a threefold cord is not quickly broken.
13 ၁၃ ဆုံးမ ခြင်းကို မ ခံ ၊ အသက်ကြီး ၍ မိုက် သော ရှင်ဘုရင် ထက်၊ ပညာ ရှိသောဆင်းရဲသား သူငယ် သည် သာ၍ မြတ် ၏။
Better is a poor and a wise child than an old and foolish king, who will no more be admonished.
14 ၁၄ ထိုသို့သော သူငယ်သည် ထောင် ထဲကထွက်၍၊ နန်းတော် ပေါ် သို့ရောက် တတ်၏။ ထိုသို့သောရှင် ဘုရင်မူကား ၊ အဘ အရိပ်အရာနှင့် နန်းထိုင်သော်လည်း ၊ ဆင်းရဲ ခြင်းသို့ ရောက် တတ်၏။
For out of prison he cometh to reign; whereas also he that is born in his kingdom becometh poor.
15 ၁၅ နေ အောက် မှာ ကျင်လည် သော သတ္တဝါ အပေါင်း တို့သည် မင်းအရိပ်အရာကိုခံရသောထိုဒုတိယ သူ ဘက် ၌ နေ တတ်ကြသည်ကို ငါဆင်ခြင် ၏။
I considered all the living which walk under the sun, with the second child that shall stand up in his stead.
16 ၁၆ ထိုမင်းအုပ်စိုးသော သူ အပေါင်း တို့ကို ရေတွက် ၍ မကုန်နိုင်။ နောက် လာသောသူတို့သည်လည်း ၊ ထိုမင်း ကို အား မ ရဘဲနေကြလိမ့်မည်။ အကယ် စင်စစ်ထို အမှုအရာသည်လည်း အနတ္တ အမှု၊ လေ ကို ကျက်စား သောအမှုဖြစ်၏။
There is no end of all the people, even of all that have been before them: they also that come after shall not rejoice in him. Surely this also is vanity and vexation of spirit.