< ဒေသနာ 3 >
1 ၁ ခပ်သိမ်း သော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်း ကောင်းကင်အောက် ၌ ကြံစည် သမျှ အသီးသီး တို့ကို ပြုရသောအချိန် ရှိ၏။
၁ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီး ကို့ကို ပြုရသောအချိန်ရှိ၏။
2 ၂ ဘွား ချိန် နှင့် သေ ချိန် လည်းရှိ၏။ စိုက်ပျိုး ရသောအချိန် နှင့် စိုက်ပျိုး သောအရာကို နှုတ် ရသောအချိန် လည်း ရှိ၏။
၂ဘွားချိန်နှင့်သေချိန်လည်းရှိ၏။ စိုက်ပျိုးရသော အချိန်နှင့် စိုက်ပျိုးရသောအရာကို နှုတ်ရသေအချိန် လည်း ရှိ၏။
3 ၃ သတ် ရသောအချိန် နှင့် အနာ ပျောက်စေရသော အချိန် လည်း ရှိ၏။ ဖြိုဖျက် ရသောအချိန် နှင့် တည်ဆောက် ရသောအချိန် လည်း ရှိ၏။
၃သတ်ရသောအချိန်နှင့် အနာပျောက်စေရသော အချိန်လည်း ရှိ၏။ ဖြိုဖျက်ရသော အချိန်နှင့် တည် ဆောက်ရသော အချိန်လည်း ရှိ၏။
4 ၄ ငို ရ သောအချိန် နှင့် ရယ် ရ သောအချိန် လည်းရှိ၏။ ညည်းတွား ရသောအချိန် နှင့် ကခုန် ရသောအချိန် လည်း ရှိ၏။
၄ငိုရသောအချိန်နှင့် ရယ်ရသောအချိန်လည်းရှိ၏။ ညည်းတွားရသောအချိန်နှင့် ကခုန်ရသော အချိန်လည်း ရှိ၏။
5 ၅ ကျောက် တို့ကို ဖြန့်ကြဲ ရ သောအချိန် နှင့် စုသိမ်း ရသော အချိန် လည်း ရှိ၏။ ဘက်ယမ်း ရ သောအချိန် နှင့် ၊ မဘက်ယမ်း ဘဲ ခွဲခွါ ၍ နေရ သောအချိန် လည်း ရှိ၏။
၅ကျောက်တို့ကို ဖြန့်ကြဲရသောအချိန်နှင့် စုသိမ်းရ သော အချိန်လည်း ရှိ၏။ ဘက်ယမ်းရသောအချိန်နှင့်၊ မဘက်ယမ်းဘဲ ခွဲခွါ၍ နေရသောအချိန်လည်း ရှိ၏။
6 ၆ ဆည်းဖူး ရ သောအချိန် နှင့် ဥစ္စာပျောက် ရ သောအချိန် လည်းရှိ၏။ သိုထား ရ သောအချိန် နှင့် ပစ် လိုက် ရ သောအချိန် လည်းရှိ၏။
၆ဆည်းဖူးရသောအချိန်နှင့် ဥစ္စာပျောက်ရသော အချိန်လည်းရှိ၏။ သိုထားရသောအချိန်နှင့် ပစ်လိုက် ရသောအချိန်လည်းရှိ၏။
7 ၇ အဝတ်ကို ဆုတ် ရ သောအချိန် နှင့် ချုပ် ရ သောအချိန် လည်းရှိ၏။ တိတ်ဆိတ် စွာနေသော အချိန် နှင့် ၊ စကားပြော ရ သော အချိန် လည်းရှိ၏။
၇အဝတ်ကို ဆုတ်ရသောအချိန်နှင့် ချုပ်ရသော အချိန်လည်းရှိ၏။ တိတ်ဆိတ်စွာနေသောအချိန်နှင့်၊ စကားပြောရသော အချိန်လည်းရှိ၏။
8 ၈ ချစ် ရ သောအချိန် နှင့် မုန်း ရ သောအချိန် လည်း ရှိ၏။ စစ်တိုက် သောအချိန် နှင့် စစ်ငြိမ်း ရသောအချိန် လည်း ရှိ၏။
၈ချစ်ရသောအချိန်နှင့် မုန်းရသောအချိန်လည်း ရှိ၏။ စစ်တိုက်သောအချိန်နှင့် စစ်ငြိမ်းရသောအချိန် လည်း ရှိ၏။
9 ၉ လုပ်ကိုင် သောသူသည်ကြိုးစား အားထုတ်ရာတွင် ၊ အဘယ် ကျေးဇူး ရှိသနည်း။
၉လုပ်ကိုင်သောသူသည် ကြိုးစားအားထုတ်ရာ တွင်၊ အဘယ်ကျေးဇူးရှိသနည်း။
10 ၁၀ လူ သား တို့ ကျင်လည် ရာဘို့ ဘုရား သခင်ပေး တော်မူသောပင်ပန်း ခြင်းအမှုကို ငါကြည့် မြင်ပြီ။
၁၀လူသားတို့ ကျင်လည်ရာဘို့ ဘုရားသခင် ပေးတော်မူသော ပင်ပန်းခြင်းအမှုကို ငါကြည့်မြင်ပြီ။
11 ၁၁ ခပ်သိမ်း သောအရာတို့ကို မိမိ တို့အချိန် တန်မှ၊ လျောက်ပတ် စွာ ဖန်ဆင်း တော်မူပြီ။ လူ စိတ် နှလုံးကို လည်း အနန္တ ကာလ၌ စွဲလန်း စေတော်မူပြီ။ သို့ရာတွင် ၊ ဘုရား သခင်စီရင် တော်မူသော အမှု ကို၊ အစ မှ အဆုံး တိုင်အောင် ၊ လူ သည် စစ် ၍မ ကုန်နိုင်။
၁၁ခပ်သိမ်းသောအရာတို့ကို မိမိတို့အချိန်တန်မှ၊ လျောက်ပတ်စွာ ဖန်ဆင်းတော်မူပြီ။ လူစိတ်နုလုံးကို လည်း အနန္တကာလ၌ စွဲလန်းစေတော်မူပြီ။ သို့ရာတွင်၊ ဘုရားသခင်စီရင်တော်မူသောအမှုကို၊ အစမှအဆုံး တိုင်အောင်၊ လူသည် စစ်၍မကုန်နိုင်။
12 ၁၂ ရွှင်လန်း ခြင်းအမှုနှင့် အသက်ရှင် စဉ် တွင်ကျေးဇူး ပြု ခြင်း အမှုမှတပါး အခြားသော အမှုအရာတို့၌၊ အကျိုး ကျေးဇူးမ ရှိသည်ကို ငါသိ ၏။
၁၂ရွှင်လန်းခြင်းအမှုနှင့် အသက်ရှင်စဉ်တွင် ကျေးဇူး ပြုခြင်း အမှုမှတပါး အခြားသော အမှုအရာတို့၌၊ အကျိုး ကျေးဇူးမရှိသည်ကို ငါသိ၏။
13 ၁၃ လူ တိုင်း စား သောက် ခြင်းငှါ ၎င်း ၊ မိမိ ကြိုးစား အားထုတ်သမျှ သောအမှု၌ ပျော်မွေ့ ခြင်းငှါ၎င်း၊ ဘုရား သခင်၏ ကျေးဇူးတော် ကြောင့်သာ အခွင့် ရှိ၏။
၁၃လူတိုင်းစားသောက်ခြင်းငှါ၎င်း၊ မိမိကြိုးစား အားထုတ်သမျှသောအမှု၌ ပျော်မွေ့ခြင်းငှါ၎င်း၊ ဘုရားသခင် ၏ ကျေးဇူးတော်ကြောင့်သာ အခွင့်ရှိ၏။
14 ၁၄ ဘုရား သခင်ပြု တော်မူသမျှ သော အမှုသည် နိစ္စ ထာဝရဖြစ် သည်ကို ငါသိ ၏။ ထပ် ၍ မ ပြုနိုင်ရာ။ နှုတ် ၍ မ ယူနိုင်ရာ။ လူတို့သည် ရှေ့ တော်၌ ကြောက်ရွံ့ မည် အကြောင်း ၊ ဘုရား သခင်ပြု တော်မူ၏။
၁၄ဘုရားသခင်ပြုတော်မူသမျှသောအမှုသည် နိစ္စ ထာဝရဖြစ်သည်ကို ငါသိ၏။ ထပ်၍မပြုနိုင်ရာ။ နှုတ်၍ မယူနိုင်ရာ။ လူတို့သည် ရှေ့တော်၌ ကြောက်ရွံ့မည် အကြောင်း၊ ဘုရားသခင်ပြုတော်မူ၏။
15 ၁၅ ဖြစ် ဘူးသောအရာ သည် ယခု ဖြစ် သောအရာ နှင့် တူ၏။ ဖြစ်လတံ့သောအရာသည်လည်း၊ ဖြစ်ဘူးသော အရာနှင့်တူ။ လွန် ပြီးသောအရာတို့ကိုလည်း ဘုရား သခင်တောင်း ပြန်တော်မူ၏။
၁၅ဖြစ်ဘူးသောအရာသည် ယခုဖြစ်သောအရာနှင့် တူ၏။ ဖြစ်လတံ့သောအရာသည်လည်း၊ ဖြစ်ဘူးသော အရာနှင့်တူ။ လွန်ပြီးသောအရာတို့ကိုလည်း ဘုရားသခင် တောင်းပြန်တော်မူ၏။
16 ၁၆ ထိုမှတပါး၊ နေ အောက် မှာ တရား စီရင်ရာအရပ် ၌ အဓမ္မ အမှုရှိ သည်ကို၎င်း၊ ဖြောင့်မတ် ရာအရပ် ၌ ဒုစရိုက် ရှိ သည်ကို၎င်းငါမြင် ပြီ။
၁၆ထိုမှတပါး၊ နေအောက်မှာ တရားစီရင်ရာအရပ် ၌ အဓမ္မအမှုရှိသည်ကို၎င်း၊ ဖြောင့်မတ်ရာအရပ်၌ ဒုစရိုက် ရှိသည်ကို၎င်း ငါမြင်ပြီ။
17 ၁၇ ဘုရား သခင်သည် ဖြောင့်မတ် သောသူတို့၏အမှု နှင့်၊ မ တရားသောသူတို့၏အမှုကို စစ်ကြော စီရင်တော်မူမည် ဟု ငါအောက်မေ့ ၏။ အကြောင်း မူကား၊ ခပ်သိမ်း သောအကြံ ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင် ရသောအချိန်ရှိ၏။
၁၇ဘုရားသခင်သည် ဖြောင့်မတ်သောသူတို့၏အမှု နှင့်၊ မတရားသောသူတို့၏အမှုကို စစ်ကြောစီရင်တော်မူ မည်ဟု ငါအောက်မေ့၏။ အကြောင်းမူကား၊ ခပ်သိမ်း သောအကြံ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင် ရသော အချိန်ရှိ၏။
18 ၁၈ လူ သား တို့နေရာကို ရည်မှတ်၍ ငါ အောက်မေ့သည်ကား၊ လူတို့ကို ဘုရား သခင်စုံစမ်း တော်မူမည် အကြောင်း နှင့်၊ သူ တို့သည် တိရစ္ဆာန် ကဲ့သို့ ဖြစ်သည် ကို သူ တို့သိမြင် မည်အကြောင်း ၊ နေရာကျသတည်း။
၁၈လူသားတို့နေရာကို ရည်မှတ်၍ ငါအောက်မေ့ သည်ကား၊ လူတို့ကို ဘုရားသခင် စုံစမ်းတော်မူမည် အကြောင်းနှင့်၊ သူတို့သည် တိရစ္ဆာန်ကဲ့သို့ဖြစ်သည်ကို သူတို့သိမြင်မည်အကြောင်း၊ နေရာကျသတည်း၊
19 ၁၉ လူ သား တွေ့ကြုံ သော အမှုကို တိရစ္ဆာန် တွေ့ကြုံ တတ်၏။ ထို သူနှစ်ဦးတို့သည် တပါး တည်းသောအမှု ကို တွေ့ကြုံလျက် ၊ တဦး သေ သကဲ့သို့ တဦး သေ တတ်၏။ အလုံးစုံ တို့သည် အသက် တမျိုး တည်းရှိကြ၏။ သို့ဖြစ်၍ ၊ လူ သည်တိရစ္ဆာန် ထက် ထူးမြတ် သော အကြောင်း မ ရှိ။ အလုံးစုံ တို့သည် အနတ္တ ဖြစ်ကြ၏။
၁၉လူသားတွေ့ကြုံသော အမှုကို တိရစ္ဆာန် တွေ့ကြုံတတ်၏။ ထိုသူနှစ်ဦးတို့သည် တပါးတည်းသောအမှုကို တွေ့ကြုံလျက်၊ တဦးသေသကဲ့သို့ တဦးသေတတ်၏။ အလုံးစုံတို့သည် အသက်တမျိုးတည်းရှိကြ၏။ သို့ဖြစ်၍၊ လူသည်တိရစ္ဆာန်ထက် ထူးမြတ်သော အကြောင်းမရှိ။ အလုံးစုံတို့သည် အနတ္တဖြစ်ကြ၏။
20 ၂၀ အလုံးစုံ တို့သည် တခု တည်းသောအရပ် သို့ ရောက် တတ်ကြ၏။ အလုံးစုံ တို့သည် မြေမှုန့် ထဲက ဖြစ် သည်နှင့်အညီ ၊ မြေမှုန့် ထဲသို့ ပြန် သွားတတ်ကြ၏။
၂၀အလုံးစုံတို့သည် တခုတည်းသောအရပ်သို့ ရောက်တတ်ကြ၏။ အလုံးစုံတို့သည် မြေမှုန့်ထဲကဖြစ် သည်နှင့်အညီ၊ မြေမှုန့်ထဲသို့ ပြန်သွားတတ်ကြ၏။
21 ၂၁ သို့ရာတွင်၊ အထက် သို့ တက် သော လူ သား ၏ ဝိညာဉ် ကို၎င်း၊ အောက် အရပ်မြေ သို့ ဆင်း တတ်သော တိရစ္ဆာန် ၏ဝိညာဉ် ကို၎င်း ၊ အဘယ်သူ သည် ပိုင်းခြား၍ သိ သနည်း။
၂၁သို့ရာတွင်၊ အထက်သို့တက်သော လူသား၏ ဝိညာဉ်ကို၎င်း၊ အောက်အရပ်မြေသို့ဆင်းတတ်သော တိရစ္ဆာန်၏ဝိညာဉ်ကို၎င်း၊ အဘယ်သူသည် ပိုင်းခြား၍ သိသနည်း။
22 ၂၂ လူ သည်မိမိ ပြုမူ ရာ၌ ပျော်မွေ့ ခြင်းအမှုထက် သာ၍ ကောင်း သောအမှုမ ရှိသည်ကို ငါသိမြင် ၏။ ထိုအမှုသည်သူ ၏ အဘို့ ဖြစ်၏။ သူသည် မိမိ နောက် မှာ အဘယ်သို့ ဖြစ် လတံ့သည်ကို သိမြင် မည်အကြောင်း ၊ အဘယ် သူဆောင် ခဲ့လိမ့်မည်နည်း။
၂၂လူသည်မိမိပြုမူရာ၌ ပျော်မွေ့ခြင်းအမှုထက် သာ၍ ကောင်းသောအမှုမရှိသည်ကို ငါသိမြင်၏။ ထိုအမှုသည်သူ၏ အဘို့ဖြစ်၏။ သူသည် မိမိနောက်မှာ အဘယ်သို့ဖြစ်လတံ့သည်ကို သိမြင်မည်အကြောင်း၊ အဘယ်သူဆောင်ခဲ့လိမ့်မည်နည်း။