< ဒေသနာ 3 >

1 ခပ်သိမ်း သော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်း ကောင်းကင်အောက် ၌ ကြံစည် သမျှ အသီးသီး တို့ကို ပြုရသောအချိန် ရှိ၏။
לַכֹּל זְמָן וְעֵת לְכׇל־חֵפֶץ תַּחַת הַשָּׁמָֽיִם׃
2 ဘွား ချိန် နှင့် သေ ချိန် လည်းရှိ၏။ စိုက်ပျိုး ရသောအချိန် နှင့် စိုက်ပျိုး သောအရာကို နှုတ် ရသောအချိန် လည်း ရှိ၏။
עֵת לָלֶדֶת וְעֵת לָמוּת עֵת לָטַעַת וְעֵת לַעֲקוֹר נָטֽוּעַ׃
3 သတ် ရသောအချိန် နှင့် အနာ ပျောက်စေရသော အချိန် လည်း ရှိ၏။ ဖြိုဖျက် ရသောအချိန် နှင့် တည်ဆောက် ရသောအချိန် လည်း ရှိ၏။
עֵת לַהֲרוֹג וְעֵת לִרְפּוֹא עֵת לִפְרוֹץ וְעֵת לִבְנֽוֹת׃
4 ငို ရ သောအချိန် နှင့် ရယ် ရ သောအချိန် လည်းရှိ၏။ ညည်းတွား ရသောအချိန် နှင့် ကခုန် ရသောအချိန် လည်း ရှိ၏။
עֵת לִבְכּוֹת וְעֵת לִשְׂחוֹק עֵת סְפוֹד וְעֵת רְקֽוֹד׃
5 ကျောက် တို့ကို ဖြန့်ကြဲ ရ သောအချိန် နှင့် စုသိမ်း ရသော အချိန် လည်း ရှိ၏။ ဘက်ယမ်း ရ သောအချိန် နှင့် ၊ မဘက်ယမ်း ဘဲ ခွဲခွါ ၍ နေရ သောအချိန် လည်း ရှိ၏။
עֵת לְהַשְׁלִיךְ אֲבָנִים וְעֵת כְּנוֹס אֲבָנִים עֵת לַחֲבוֹק וְעֵת לִרְחֹק מֵחַבֵּֽק׃
6 ဆည်းဖူး ရ သောအချိန် နှင့် ဥစ္စာပျောက် ရ သောအချိန် လည်းရှိ၏။ သိုထား ရ သောအချိန် နှင့် ပစ် လိုက် ရ သောအချိန် လည်းရှိ၏။
עֵת לְבַקֵּשׁ וְעֵת לְאַבֵּד עֵת לִשְׁמוֹר וְעֵת לְהַשְׁלִֽיךְ׃
7 အဝတ်ကို ဆုတ် ရ သောအချိန် နှင့် ချုပ် ရ သောအချိန် လည်းရှိ၏။ တိတ်ဆိတ် စွာနေသော အချိန် နှင့် ၊ စကားပြော ရ သော အချိန် လည်းရှိ၏။
עֵת לִקְרוֹעַ וְעֵת לִתְפּוֹר עֵת לַחֲשׁוֹת וְעֵת לְדַבֵּֽר׃
8 ချစ် ရ သောအချိန် နှင့် မုန်း ရ သောအချိန် လည်း ရှိ၏။ စစ်တိုက် သောအချိန် နှင့် စစ်ငြိမ်း ရသောအချိန် လည်း ရှိ၏။
עֵת לֶֽאֱהֹב וְעֵת לִשְׂנֹא עֵת מִלְחָמָה וְעֵת שָׁלֽוֹם׃
9 လုပ်ကိုင် သောသူသည်ကြိုးစား အားထုတ်ရာတွင် ၊ အဘယ် ကျေးဇူး ရှိသနည်း။
מַה־יִּתְרוֹן הָֽעוֹשֶׂה בַּאֲשֶׁר הוּא עָמֵֽל׃
10 ၁၀ လူ သား တို့ ကျင်လည် ရာဘို့ ဘုရား သခင်ပေး တော်မူသောပင်ပန်း ခြင်းအမှုကို ငါကြည့် မြင်ပြီ။
רָאִיתִי אֶת־הָֽעִנְיָן אֲשֶׁר נָתַן אֱלֹהִים לִבְנֵי הָאָדָם לַעֲנוֹת בּֽוֹ׃
11 ၁၁ ခပ်သိမ်း သောအရာတို့ကို မိမိ တို့အချိန် တန်မှ၊ လျောက်ပတ် စွာ ဖန်ဆင်း တော်မူပြီ။ လူ စိတ် နှလုံးကို လည်း အနန္တ ကာလ၌ စွဲလန်း စေတော်မူပြီ။ သို့ရာတွင် ၊ ဘုရား သခင်စီရင် တော်မူသော အမှု ကို၊ အစ မှ အဆုံး တိုင်အောင် ၊ လူ သည် စစ် ၍မ ကုန်နိုင်။
אֶת־הַכֹּל עָשָׂה יָפֶה בְעִתּוֹ גַּם אֶת־הָעֹלָם נָתַן בְּלִבָּם מִבְּלִי אֲשֶׁר לֹא־יִמְצָא הָאָדָם אֶת־הַֽמַּעֲשֶׂה אֲשֶׁר־עָשָׂה הָאֱלֹהִים מֵרֹאשׁ וְעַד־סֽוֹף׃
12 ၁၂ ရွှင်လန်း ခြင်းအမှုနှင့် အသက်ရှင် စဉ် တွင်ကျေးဇူး ပြု ခြင်း အမှုမှတပါး အခြားသော အမှုအရာတို့၌၊ အကျိုး ကျေးဇူးမ ရှိသည်ကို ငါသိ ၏။
יָדַעְתִּי כִּי אֵין טוֹב בָּם כִּי אִם־לִשְׂמוֹחַ וְלַעֲשׂוֹת טוֹב בְּחַיָּֽיו׃
13 ၁၃ လူ တိုင်း စား သောက် ခြင်းငှါ ၎င်း ၊ မိမိ ကြိုးစား အားထုတ်သမျှ သောအမှု၌ ပျော်မွေ့ ခြင်းငှါ၎င်း၊ ဘုရား သခင်၏ ကျေးဇူးတော် ကြောင့်သာ အခွင့် ရှိ၏။
וְגַם כׇּל־הָאָדָם שֶׁיֹּאכַל וְשָׁתָה וְרָאָה טוֹב בְּכׇל־עֲמָלוֹ מַתַּת אֱלֹהִים הִֽיא׃
14 ၁၄ ဘုရား သခင်ပြု တော်မူသမျှ သော အမှုသည် နိစ္စ ထာဝရဖြစ် သည်ကို ငါသိ ၏။ ထပ် ၍ မ ပြုနိုင်ရာ။ နှုတ် ၍ မ ယူနိုင်ရာ။ လူတို့သည် ရှေ့ တော်၌ ကြောက်ရွံ့ မည် အကြောင်း ၊ ဘုရား သခင်ပြု တော်မူ၏။
יָדַעְתִּי כִּי כׇּל־אֲשֶׁר יַעֲשֶׂה הָאֱלֹהִים הוּא יִהְיֶה לְעוֹלָם עָלָיו אֵין לְהוֹסִיף וּמִמֶּנּוּ אֵין לִגְרֹעַ וְהָאֱלֹהִים עָשָׂה שֶׁיִּֽרְאוּ מִלְּפָנָֽיו׃
15 ၁၅ ဖြစ် ဘူးသောအရာ သည် ယခု ဖြစ် သောအရာ နှင့် တူ၏။ ဖြစ်လတံ့သောအရာသည်လည်း၊ ဖြစ်ဘူးသော အရာနှင့်တူ။ လွန် ပြီးသောအရာတို့ကိုလည်း ဘုရား သခင်တောင်း ပြန်တော်မူ၏။
מַה־שֶּֽׁהָיָה כְּבָר הוּא וַאֲשֶׁר לִהְיוֹת כְּבָר הָיָה וְהָאֱלֹהִים יְבַקֵּשׁ אֶת־נִרְדָּֽף׃
16 ၁၆ ထိုမှတပါး၊ နေ အောက် မှာ တရား စီရင်ရာအရပ် ၌ အဓမ္မ အမှုရှိ သည်ကို၎င်း၊ ဖြောင့်မတ် ရာအရပ် ၌ ဒုစရိုက် ရှိ သည်ကို၎င်းငါမြင် ပြီ။
וְעוֹד רָאִיתִי תַּחַת הַשָּׁמֶשׁ מְקוֹם הַמִּשְׁפָּט שָׁמָּה הָרֶשַׁע וּמְקוֹם הַצֶּדֶק שָׁמָּה הָרָֽשַׁע׃
17 ၁၇ ဘုရား သခင်သည် ဖြောင့်မတ် သောသူတို့၏အမှု နှင့်၊ မ တရားသောသူတို့၏အမှုကို စစ်ကြော စီရင်တော်မူမည် ဟု ငါအောက်မေ့ ၏။ အကြောင်း မူကား၊ ခပ်သိမ်း သောအကြံ ၊ ခပ်သိမ်းသော အမှုတို့ကို စစ်ကြောစီရင် ရသောအချိန်ရှိ၏။
אָמַרְתִּֽי אֲנִי בְּלִבִּי אֶת־הַצַּדִּיק וְאֶת־הָרָשָׁע יִשְׁפֹּט הָאֱלֹהִים כִּי־עֵת לְכׇל־חֵפֶץ וְעַל כׇּל־הַֽמַּעֲשֶׂה שָֽׁם׃
18 ၁၈ လူ သား တို့နေရာကို ရည်မှတ်၍ ငါ အောက်မေ့သည်ကား၊ လူတို့ကို ဘုရား သခင်စုံစမ်း တော်မူမည် အကြောင်း နှင့်၊ သူ တို့သည် တိရစ္ဆာန် ကဲ့သို့ ဖြစ်သည် ကို သူ တို့သိမြင် မည်အကြောင်း ၊ နေရာကျသတည်း။
אָמַרְתִּֽי אֲנִי בְּלִבִּי עַל־דִּבְרַת בְּנֵי הָאָדָם לְבָרָם הָאֱלֹהִים וְלִרְאוֹת שְׁהֶם־בְּהֵמָה הֵמָּה לָהֶֽם׃
19 ၁၉ လူ သား တွေ့ကြုံ သော အမှုကို တိရစ္ဆာန် တွေ့ကြုံ တတ်၏။ ထို သူနှစ်ဦးတို့သည် တပါး တည်းသောအမှု ကို တွေ့ကြုံလျက် ၊ တဦး သေ သကဲ့သို့ တဦး သေ တတ်၏။ အလုံးစုံ တို့သည် အသက် တမျိုး တည်းရှိကြ၏။ သို့ဖြစ်၍ ၊ လူ သည်တိရစ္ဆာန် ထက် ထူးမြတ် သော အကြောင်း မ ရှိ။ အလုံးစုံ တို့သည် အနတ္တ ဖြစ်ကြ၏။
כִּי מִקְרֶה בְֽנֵי־הָאָדָם וּמִקְרֶה הַבְּהֵמָה וּמִקְרֶה אֶחָד לָהֶם כְּמוֹת זֶה כֵּן מוֹת זֶה וְרוּחַ אֶחָד לַכֹּל וּמוֹתַר הָאָדָם מִן־הַבְּהֵמָה אָיִן כִּי הַכֹּל הָֽבֶל׃
20 ၂၀ အလုံးစုံ တို့သည် တခု တည်းသောအရပ် သို့ ရောက် တတ်ကြ၏။ အလုံးစုံ တို့သည် မြေမှုန့် ထဲက ဖြစ် သည်နှင့်အညီ ၊ မြေမှုန့် ထဲသို့ ပြန် သွားတတ်ကြ၏။
הַכֹּל הוֹלֵךְ אֶל־מָקוֹם אֶחָד הַכֹּל הָיָה מִן־הֶֽעָפָר וְהַכֹּל שָׁב אֶל־הֶעָפָֽר׃
21 ၂၁ သို့ရာတွင်၊ အထက် သို့ တက် သော လူ သား ၏ ဝိညာဉ် ကို၎င်း၊ အောက် အရပ်မြေ သို့ ဆင်း တတ်သော တိရစ္ဆာန် ၏ဝိညာဉ် ကို၎င်း ၊ အဘယ်သူ သည် ပိုင်းခြား၍ သိ သနည်း။
מִי יוֹדֵעַ רוּחַ בְּנֵי הָאָדָם הָעֹלָה הִיא לְמָעְלָה וְרוּחַ הַבְּהֵמָה הַיֹּרֶדֶת הִיא לְמַטָּה לָאָֽרֶץ׃
22 ၂၂ လူ သည်မိမိ ပြုမူ ရာ၌ ပျော်မွေ့ ခြင်းအမှုထက် သာ၍ ကောင်း သောအမှုမ ရှိသည်ကို ငါသိမြင် ၏။ ထိုအမှုသည်သူ ၏ အဘို့ ဖြစ်၏။ သူသည် မိမိ နောက် မှာ အဘယ်သို့ ဖြစ် လတံ့သည်ကို သိမြင် မည်အကြောင်း ၊ အဘယ် သူဆောင် ခဲ့လိမ့်မည်နည်း။
וְרָאִיתִי כִּי אֵין טוֹב מֵאֲשֶׁר יִשְׂמַח הָאָדָם בְּֽמַעֲשָׂיו כִּי־הוּא חֶלְקוֹ כִּי מִי יְבִיאֶנּוּ לִרְאוֹת בְּמֶה שֶׁיִּהְיֶה אַחֲרָֽיו׃

< ဒေသနာ 3 >