< ဒေသနာ 12 >
1 ၁ ငါ နေ၍ မ ပြော နိုင်ဟုဆိုရသော ကာလ သည် မနီး၊ ဆိုး သောကာလ မ ရောက် မှီ၊ ယခုအသက် ပျိုစဉ်အခါ ပင်၊ သင့် ကို ဖန်ဆင်း တော်မူသောအရှင်ကို အောက်မေ့ လော့။
Remember your Creator while you are young, before days of trouble come and you grow old, saying, “I'm not enjoying life anymore.”
2 ၂ နေ နှင့် အလင်း ၊ လ နှင့် ကြယ် တို့သည် ကွယ်၍ မိုဃ်း ရွာပြီးမှ ၊ အထပ်ထပ်ရွာတတ်သော ကာလမရောက် မှီ အောက်မေ့လော့။
Before the light fades—sun, moon, and stars—and rain clouds return to darken the skies.
3 ၃ ထိုကာလ ၌ အိမ် စောင့် တို့သည် တုန်လှုပ် ၍ ၊ ခိုင်ခံ့ သောသူ တို့ သည် အားလျော့ ကြလိမ့်မည်။ ဆန် ကြိတ် သောသူတို့သည် နည်း သောကြောင့် ရပ် ကြ လိမ့်မည်။ ပြတင်းပေါက် ဖြင့် ကြည့် သောသူတို့ သည် အလင်း ကွယ်ကြလိမ့်မည်။
Before the guards of the house tremble and the strong men are bent over, the grinders stop working because there are only a few left, and the ones looking through the windows only see dimly,
4 ၄ ကြိတ် သံ လျော့ သောအခါ ၊ လမ်း နား မှာ တံခါးရွက် တို့သည် စေ့ လျက်ရှိလိမ့်မည်။ ငှက် သံ ကိုကြားသောအခါ ၊ စောစောထ လိမ့်မည်။ သီချင်း သည်မ အပေါင်း တို့ သည် အသံ သေးကြလိမ့်မည်။
and the doors to the street are shut. Before the sound of the grinding mill grows low, and you wake up early when the birds are singing, but you can hardly hear them.
5 ၅ ထို ကာလ၌ မြင့် သောအရာတို့ကို ကြောက် ကြ လိမ့်မည်။ လမ်း ၌ ဘေး တွေ့မည်ဟု ထင်ကြလိမ့်မည်။ ဗာတံ ပင်ပွင့် လိမ့်မည်။ ကျိုင်းကောင် သည် မိမိ ၌မိမိ လေးလိမ့်မည်။ အလို ဆန္ဒလျော့ လိမ့်မည်။ အကြောင်း မူကား၊ လူ သည်ထာဝရ နေရာ သို့ သွား ဆဲရှိ၍ ၊ ငို ခြင်းသည် တို့သည် လမ်း တို့၌ လှည့်လည် ကြ၏။
Before you develop a fear of heights and worry about going out on the streets; when the almond tree blossoms, the grasshopper crawls along, and desire fails, for everyone has to go to their eternal home as the mourners go up and down the street.
6 ၆ ငွေ ကြိုး ပြုတ် ခြင်း၊ ရွှေ ဖလား ကွဲ ခြင်း၊ စမ်းရေ တွင်း ၌ ရေပုံး ပေါက် ခြင်း၊ ရေကျင်း နား မှာစက်ကျိုးခြင်း အခြင်းအရာတို့သည် ဖြစ်ကြလိမ့်မည်။
Before the silver cord is snapped and the golden bowl is broken; before the water jug is smashed at the spring, or the pulley is broken at the well.
7 ၇ ထိုကာလ၌ မြေမှုန့် သည် နေရင်းမြေ သို့ ၎င်း၊ ဝိညာဉ် သည် အရင်ပေး တော်မူသောဘုရား သခင့်ထံသို့ ၎င်း ပြန် သွားရလိမ့်မည်။
Then the dust returns to the earth from which it came, and the breath of life returns to God who gave it.
8 ၈ အနတ္တ သက်သက်၊ အလုံးစုံ တို့သည် အနတ္တ ဖြစ် ကြသည်ဟု ဓမ္မဒေသနာဆရာ ဟော ၏။
“Everything passes! It's all so hard to understand!” says the Teacher.
9 ၉ ဓမ္မဒေသနာဆရာ သည် ပညာရှိ သည်အတိုင်း ၊ ပရိသတ် တို့အား ပညာ အတတ်ကို သွန်သင် လေ့ရှိ၏။ လုံ့လ ဝိရိယပြုလျက် များစွာ သော သုတ္တံ စကားတို့ကို ရှာဖွေ ၍စီရင်၏။
Not only was the Teacher a wise man, he also taught what he knew to others. He thought about many proverbs, studying them and arranging them.
10 ၁၀ ဓမ္မဒေသနာဆရာ သည် နားထောင် ဘွယ်သော စကား ကိုရှာ ၍ ၊ ရေးထား ချက်စကားသည် ဖြောင့်မတ် သောစကား၊ သမ္မာ စကား ဖြစ်၏။
The Teacher looked for the best way to explain things, writing truthfully and honestly.
11 ၁၁ ပညာရှိ သောသူ၏စကား သည် တုတ်ချွန် နှင့် ၎င်း၊ တပါး တည်းသော သိုးထိန်း ကြီးအပ်ပေး တော်မူ၍ ၊ ပရိသတ် အုပ်တို့ ရိုက် ထားသောသံချွန် နှင့် ၎င်း တူ၏။
The words of the wise are like cattle prods. Their collected sayings are like nails driven home, given by one shepherd.
12 ၁၂ တဖန်တုံ ၊ ငါ့ သား ၊ ထိုသို့သောစကားအားဖြင့်ဆုံးမ ခြင်းကိုခံ လော့။ စာ များကိုစီရင် ၍ မကုန်နိုင်။ စာကိုကြိုးစား၍ ကြည့်ရှုခြင်းအမှုသည်၊ ကိုယ် ကိုနှောင့်ရှက် သောအမှုဖြစ်၏။
In addition, my student, take care, for there's no end to book writing, and too much study wears you out.
13 ၁၃ အချုပ်အခြာ စကား ဟူမူကား၊ ဘုရား သခင်ကို ကြောက်ရွံ့ ၍ ၊ ပညတ် တော်တို့ကို စောင့်ရှောက် လော့။ ဤ ရွေ့ကား၊ လူ နှင့်ဆိုင်သော အမှုအရာအလုံးအစုံ တို့ကို ချုပ်ခြာသတည်း။
To sum up now that everything has been discussed: Respect God by keeping his commandments, for that's what everyone should do.
14 ၁၄ အကြောင်း မူကား၊ ဘုရား သခင်သည် ခပ်သိမ်း သော ဝှက်ထား ခြင်းမှစ၍ ၊ အလုံးစုံ သောအမှု ၊ ကောင်း မကောင်း ရှိသမျှတို့ကို စစ်ကြော ၍၊ တရားသဖြင့် စီရင် တော်မူလတံ့သတည်း။
God is going to judge us for everything we do, including what we do secretly, whether good or bad.