< ဒေသနာ 11 >

1 သင် ၏အစာ ကို ရေ ပေါ် မှာပစ် ချလော့။ ကာလ ကြာမြင့် မှ တဖန်တွေ့ လေဦးမည်။
Répands ton pain sur les eaux qui passent; parce qu’après beaucoup de temps tu le trouveras.
2 လူခုနစ် ယောက်မက၊ ရှစ် ယောက်တို့အား ဝေမျှ လော့။ မြေ ပေါ် မှာအဘယ် အမှု ရောက် မည်ကို သင်မ သိ။
Donnes-en une part à sept et même à huit; parce que tu ignores ce qui doit arriver de mal sur la terre.
3 မိုဃ်းတိမ် တို့သည် မိုဃ်းရေနှင့်ပြည့် သောအခါ မြေ ပေါ် မှာရွာ တတ်၏။ သစ်ပင် သည် တောင် ဘက်သို့ လဲ သည်ဖြစ်စေ ၊ မြောက် ဘက်သို့ လဲသည်ဖြစ်စေ၊ လဲ သောအရပ် ၌ နေရာ ကျ၏။
Si les nuées sont pleines, elles répandront la pluie sur la terre. Si l’arbre tombe au midi ou à l’aquilon, en quelque lieu qu’il tombe, il y sera.
4 လေ ကိုမှတ် တတ်သောသူသည်မျိုးစေ့ကိုမ ကြဲ။ မိုဃ်းတိမ် တို့ကို ပမာဏ ပြုတတ်သောသူသည် လည်း စပါး ကိုမ ရိတ်ရာ။
Celui qui observe le vent ne sème pas; et celui qui considère les nuées jamais ne moissonnera.
5 နံဝိညာဉ် သွားရာလမ်း ကို၎င်း၊ ကိုယ်ဝန်ဆောင် သော မိန်းမဝမ်း ၌ အရိုး တို့သည် အဘယ်သို့ တိုးပွား သည်ကို၎င်း မ သိ နိုင်သကဲ့သို့ ၊ အလုံးစုံ တို့ကို ဖန်ဆင်း တော်မူသောဘုရား သခင်၏အမှုတော် တို့ကို မ သိ နိုင်။
Comme tu ignores quelle est la voie de l’âme, et de quelle manière sont liés les os dans le sein d’une femme enceinte; ainsi tu ne sais pas les œuvres de Dieu, qui est le créateur de toutes choses.
6 နံနက် အချိန်၌ မျိုးစေ့ ကိုကြဲ လော့။ ညဦး အချိန်၌ လည်း မ ကြဲ ဘဲမနေနှင့်။ အကြောင်း မူကား၊ အဘယ် အရာ သည် အကျိုး ရှိမည်ကို၎င်း၊ နှစ်ပါး စလုံးတို့သည် အညီအမျှ အကျိုး ရှိမည်ကို၎င်းမ သိ နိုင်။
Dès le matin, sème ton grain, et que, le soir, ta main ne cesse pas; parce que tu ne sais pas lequel lèvera plutôt, celui-ci ou celui-là: et si l’un et l’autre lèvent ensemble, ce sera mieux.
7 အကယ် စင်စစ်အလင်း သည်ချို ၏။ နေ ရောင်ခြည် ကိုမြင် ၍ ပျော် ပါးစရာရှိ၏။
Douce est la lumière; et il est délectable aux yeux de voir le soleil.
8 သို့ရာတွင် ၊ လူ သည်အသက်တာ ရှည် ၍ အစဉ် ရွှင်လန်း သော်လည်း ၊ မှောင်မိုက် ကာလ ကို အောက်မေ့ ပါစေ။ ထိုကာလကြာမြင့် လိမ့်မည်။ ဖြစ် လတံ့သမျှ တို့သည် အနတ္တ သက်သက်ဖြစ်ကြ၏။
Si un homme a vécu un grand nombre d’années, et qu’en tout il se soit réjoui, il doit se souvenir des temps de ténèbres et de ces jours nombreux, qui, lorsqu’ils seront venus, convaincront de vanité tout le passé.
9 အချင်းလူပျို ၊ အသက် ပျိုသောအခါ ပျော်မွေ့ လော့။ အသက် ပျိုစဉ် ကာလတွင် စိတ် ရွှင်လန်း ခြင်း ရှိလော့။ ကိုယ် အလို ရှိရာလမ်း နှင့် ၊ ကိုယ်ဉာဏ်ပြသော လမ်းသို့လိုက်လော့။ သို့ရာတွင် ၊ ထိုအမှုအလုံးစုံတို့ကို ဘုရား သခင်စစ်ကြော ၍ ၊ သင့် ကို အပြစ်ပေး တော်မူမည် ဟု အောက်မေ့ လော့။
Réjouis-toi donc jeune homme, en ton adolescence; et qu’heureux soit ton cœur dans les jours de ta jeunesse; marche dans les voies de ton cœur et dans les regards de tes yeux; mais sache que pour toutes ces choses Dieu t’appellera en jugement.
10 ၁၀ သို့ဖြစ်၍ ၊ စိတ် ညှိုးငယ် ခြင်းအကြောင်း နှင့် ၊ ကိုယ် ဆင်းရဲ ခြင်းအကြောင်း ကို ပယ်ရှား လော့။ အသက် ငယ် ခြင်းအရာနှင့် အရွယ် ပျိုခြင်းအရာသည် အနတ္တ ဖြစ်၏။
Bannis la colère de ton cœur, et écarte la malice de ta chair. Car l’adolescence et la volupté sont choses vaines.

< ဒေသနာ 11 >