< ဒေသနာ 10 >
1 ၁ အထုံသမားလုပ် သော နံ့သာ ဆီကို သေ သော ယင်ကောင် သည် နံ စေသကဲ့သို့၊ အနည်းငယ် သောအမိုက် သည် ပညာ နှင့်ဂုဏ် အသရေထင်ရှား သောသူကို ထိုအတူ ဖြစ်စေတတ်၏။
Dying flies spoil the sweetness of the ointment. Wisdom and glory is more precious than a small and shortlived folly.
2 ၂ ပညာရှိ သောသူ၏ နှလုံး သည် မိမိ လက်ျာ လက် ၌ ရှိ၏။ မိုက် သောသူ၏နှလုံး မူကား ၊ မိမိ လက်ဝဲ လက်၌ ရှိ၏။
The heart of a wise man is in his right hand, and the heart of a fool is in his left hand.
3 ၃ မိုက် သောသူသည်လမ်း ၌ သွား စဉ်တွင်ပင် သတိ လစ် ၍ ၊ ငါသည် လူမိုက် ဖြစ်၏ဟု ခပ်သိမ်း သောသူတို့အား ပြော တတ်၏။
Yea, and the fool when he walketh in the way, whereas be himself is a fool, esteemeth all men fools.
4 ၄ မင်း သည် သင့် ကို စိတ်ဆိုး လျှင် ၊ ကိုယ် နေသင့်ရာ အရပ် မှ မ ရွေ့ နှင့်။ သည်းခံ ခြင်းသည် ကြီး သောအပြစ် ကို ဖြေ တတ်၏။
If the spirit of him that hath power, ascend upon thee, leave not thy place: because care will make the greatest sins to cease.
5 ၅ မင်း မှားယွင်း ခြင်းအားဖြင့် ဖြစ် တတ်သော ၊ နေ အောက် ၌ ငါမြင် ရသောအမှု ဆိုးဟူမူကား၊
There is an evil that I have seen under the sun, as it were by an error proceeding from the face of the prince:
6 ၆ မိုက် သောသူတို့သည် မြင့် သောအရပ်၊ သူဌေး တို့ သည် နိမ့် သောအရပ်၌ ထိုင် ရသောအမှု၊
A fool set in high dignity, and the rich sitting beneath.
7 ၇ ကျွန် တို့သည် မြင်း ကိုစီး၍ မှူးမတ် တို့သည် ကျွန် ကဲ့သို့ မြေ ပေါ် မှာ ခြေဖြင့်သွား ရသောအမှုကို ငါမြင် လေပြီ။
I have seen servants upon horses: and princes walking on the ground as servants.
8 ၈ တွင်း ကို တူး သောသူသည် ထို တွင်းထဲသို့ ကျ လိမ့်မည်။ ခြံ ကိုဖျက် သောသူသည် မြွေ ကိုက် ခြင်းကိုခံရလိမ့်မည်။
He that diggeth a pit, shall fall into it: and he that breaketh a hedge, a serpent shall bite him.
9 ၉ ကျောက် တို့ကို ရွှေ့ သောသူသည် ဖိ ခြင်းကိုခံရလိမ့်မည်။ ထင်း ခုတ် သောသူသည်လည်း ရှန လိမ့်မည်။
He that removeth stones, shall be hurt by them: and he that cutteth trees, shall be wounded by them.
10 ၁၀ ပုဆိန် တုံး သောအခါ မ သွေး ဘဲနေလျှင် သာ၍အားထုတ် ရမည်။ ပညာ သည် အမှုဆောင် ရသောအခွင့် ကိုပေး ၍ ကျေးဇူး ကြီး၏။
If the iron be blunt, and be not as before, but be made blunt, with much labour it shall be sharpened: and after industry shall follow wisdom.
11 ၁၁ မြွေ သည် ပြုစား ခြင်းကိုမ ခံ။ ကိုက် မိလျှင် အလမ္ပယ် သမား ကျေးဇူး မ ရှိ။
If a serpent bite in silence, he is nothing better that backbiteth secretly.
12 ၁၂ ပညာရှိ သောသူ၏စကား သည် လျောက်ပတ် ၏။ မိုက် သောသူ၏ နှုတ် မူကား သူ့ ကိုယ်ကိုမျို တတ်၏။
The words of the mouth of a wise man are grace: but the lips of a fool shall throw him down headlong.
13 ၁၃ သူ ၏စကား အစ သည် မိုက် ခြင်း၊ အဆုံး သည် အပြစ် ပြုတတ်သော ရူး ခြင်းဖြစ်၏။
The beginning of his words is folly, and the end of his talk is a mischievous error.
14 ၁၄ မိုက် သောသူသည် စကား များ တတ်၏။ သို့သော်လည်းဖြစ် လတံ့သောအရာ ကို လူ သည်မ ပြော နိုင်ရာ။ လူ နောက် ၌ အဘယ်သို့ဖြစ်လတံ့သည်ကို အဘယ်သူပြောနိုင်သနည်း။
A fool multiplieth words. A man cannot tell what hath been before him: and what shall be after him, who can tell him?
15 ၁၅ မြို့ သို့ သွား သောလမ်းကို မ သိ သောသူကဲ့သို့မိုက် သောသူသည် ကြိုးစား အားထုတ်သော်လည်း ၊ သူတပါး တို့ကို ပင်ပန်း စေတတ်၏။
The labour of fools shall afflict them that know not bow to go to the city.
16 ၁၆ ငယ်သား အစိုးရ ၍ မှူးမတ် များအချိန်မဲ့နံနက် စောစောစားသောက် တတ်သောပြည် သည် အမင်္ဂလာ ရှိ၏။
Woe to thee, O land, when thy king is a child, and when the princes eat in the morning.
17 ၁၇ မင်းသား အစိုးရ ၍ ၊ မှူးမတ် တို့သည် လွန်ကျူး စွာ မ စားမသောက်ဘဲ၊ အချိန်တန် မှအားဖြည့် ခြင်းငှါ သာ၊ စားသောက် တတ်သော ပြည် သည် မင်္ဂလာ ရှိ၏။
Blessed is the land, whose king is noble, and whose princes eat in due season for refreshment, and not for riotousness.
18 ၁၈ အလွန်ပျင်းရိ ခြင်းအားဖြင့် အိမ်သည် ဆွေးမြေ့ တတ်၏။ လက် နှင့်မ ပြုပြင်ဘဲနေလျှင် အိမ် မိုးယို တတ်၏။
By slothfulness a building shall be brought down, and through the weakness of hands, the house shall drop through.
19 ၁၉ ပျော်မွေ့ ခြင်းငှါ ပွဲ ကိုလုပ် တတ်၏။ စပျစ်ရည် သည်လည်း ရွှင်လန်း စေတတ်၏။ ငွေ မူကား ၊ အရာရာ ၌ နိုင် တတ်၏။
For laughter they make bread, and wine that the living may feast: and all things obey money.
20 ၂၀ ရှင် ဘုရင်ကို စိတ် ဖြင့် မျှ မ ကျိန်ဆဲ နှင့်။ လူကြီး ကို အိပ် ခန်း ထဲ ၌မ ကျိန်ဆဲ နှင့်။ မိုဃ်း ကောင်းကင်၌ ကျင်လည်သော ငှက် သည် ထိုအသံ ကို ဆောင်သွား လိမ့်မည်။ ပျံ တတ်သော အကောင်သည် ထိုအမှုကို ဘော်ပြ လိမ့်မည်။
Detract not the king, no not in thy thought; and speak not evil of the rich man in thy private chamber: because even the birds of the air will carry thy voice, and he that hath wings will tell what thou hast said.