< ဒေသနာ 1 >
1 ၁ ဒါဝိဒ် ၏သား တော်၊ ဓမ္မဒေသနာဆရာ ဖြစ်သော ယေရုရှလင် မင်းကြီး ၏စကား ဟူမူကား၊
The words of Kohelet, the son of David, king in Jerusalem:
2 ၂ အနတ္တ သက်သက်၊ အနတ္တ သက်သက်၊ ခပ်သိမ်း သောအရာတို့သည် အနတ္တ ဖြစ်ကြ၏။
“Vanity of vanities,” says Kohelet; “Vanity of vanities, all is vanity.”
3 ၃ လူသည် နေ အောက် မှာ ကြိုးစား အားထုတ်သမျှ တို့ ၌ အဘယ် အကျိုး ရှိသနည်း။
What does man gain from all his labor in which he labors under the sun?
4 ၄ လူ တဆက်လွန် သွား၏။ တဆက် ပေါ် လာ၏။ မြေကြီး မူကား အစဉ် အမြဲတည် ၏။
One generation goes, and another generation comes; but the earth remains forever.
5 ၅ နေ လည်းထွက် လျက် ဝင် လျက် ၊ ထွက် ရာအရပ် သို့ တဖန် ပြေးလျက်၊ တောင် လမ်းသို့ လိုက် ၍ ၊ တဖန် မြောက် လမ်းသို့ ပြန် လည်တတ်၏။
The sun also rises, and the sun goes down, and hurries to its place where it rises.
6 ၆ လေ သည်လည်း အစဉ်လည် သွား၍၊ လည်ပြီး သောအရပ် သို့ တဖန်ပြန်၍လည် ပြန်တတ်၏။
The wind goes toward the south, and turns around to the north. It turns around continually as it goes, and the wind returns again to its courses.
7 ၇ ခပ်သိမ်း သော မြစ် တို့သည် ပင်လယ် ထဲသို့ ရောက် ကြ၏။ သို့သော်လည်း ၊ ပင်လယ် သည် မ ပြည့် တတ်။ မြစ် ရေသည် စီး ထွက်ရာအရပ် သို့ တဖန်ပြန် သွား တတ်၏။
All the rivers run into the sea, yet the sea is not full. To the place where the rivers flow, there they flow again.
8 ၈ ခပ်သိမ်း သော အရာ တို့သည် လူ မ ပြော နိုင် အောင် ပင်ပန်း ခြင်းနှင့် ယှဉ်ကြ၏။ မျက်စိ သည် မြင် ၍ မ ကုန် တတ်။ နား သည်လည်း ကြား ၍ မ ဝ တတ်။
All things are full of weariness beyond uttering. The eye is not satisfied with seeing, nor the ear filled with hearing.
9 ၉ ဖြစ် ဘူးသော အရာ သည် ဖြစ် လတံ့သောအရာ နှင့်တူ၏။ ယခုပြု သော အမှု သည် ပြု လတံ့သော အမှု နှင့်တူ၏။ နေ အောက်မှာ အသစ် သောအမှုအရာမ ရှိ။
That which has been is that which shall be, and that which has been done is that which shall be done; and there is no new thing under the sun.
10 ၁၀ ကြည့် ပါ။ အသစ် ဖြစ်၏ဟုဆို ရသော အမှုအရာ တစုံတခုရှိ သလော။ ထို အမှုအရာသည် ငါ တို့အရင် ၊ ရှေး ကာလ၌ ဖြစ် ဘူးပြီ။
Is there a thing of which it may be said, “Behold, this is new”? It has been long ago, in the ages which were before us.
11 ၁၁ ရှေး ဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့ တတ်၏။ နောက် ဖြစ် လတံ့သောအမှုအရာတို့ကိုလည်း၊ ထိုအမှုအရာနောက် ၌ ဖြစ် လတံ့သောသူတို့ သည် မေ့လျော့ကြလိမ့်မည်။
There is no memory of the former; neither shall there be any memory of the latter that are to come, among those that shall come after.
12 ၁၂ ငါ ဓမ္မဒေသနာဆရာ သည်၊ ယေရုရှလင် မြို့၌ ဣသရေလ ရှင်ဘုရင် ဖြစ် စဉ်တွင်၊
I, Kohelet, was king over Israel in Jerusalem.
13 ၁၃ မိုဃ်း ကောင်းကင်အောက် ၌ ပြု သမျှ တို့ကို ဉာဏ် ပညာ အားဖြင့် ၊ ရှာဖွေ စစ်ဆေးခြင်းငှါ နှလုံး ထား ၏။ လူ သား တို့ ကျင်လည် ရာဘို့ ထို ပင်ပန်း စေသောအမှု ကို ဘုရား သခင် ပေး တော်မူပြီ။
I applied my heart to seek and to search out by wisdom concerning all that is done under the sky. It is a heavy burden that God has given to the sons of men to be afflicted with.
14 ၁၄ နေ အောက် မှာ ပြု လေသမျှ သော အမှု အရာ တို့ကို ငါမြင် ပြီ။ အလုံးစုံ တို့သည် အနတ္တ အမှု၊ လေ ကို ကျက်စား သော အမှုဖြစ်ကြ၏။
I have seen all the works that are done under the sun; and behold, all is vanity and a chasing after wind.
15 ၁၅ ကောက် သောအရာကို မ ဖြောင့် စေနိုင်။ ချို့တဲ့ သောအရာကို မ ရေတွက် ရာ။
That which is crooked can’t be made straight; and that which is lacking can’t be counted.
16 ၁၆ ငါ သည် ကိုယ် စိတ် နှလုံးထဲမှာ ပြောဆို သည် ကား၊ ငါ သည်ငါ့ အရင် ၊ ယေရုရှလင် မြို့၌ ဖြစ် ဘူးသောသူ အပေါင်း တို့ထက် ကြီးမြင့် ၍ ပညာ ရှိ ၏။ အကယ်စင်စစ်ငါ့ စိတ် နှလုံးသည် ပညာ အတတ်များကို အထူးသဖြင့် လေ့ကျက် ၏။
I said to myself, “Behold, I have obtained for myself great wisdom above all who were before me in Jerusalem. Yes, my heart has had great experience of wisdom and knowledge.”
17 ၁၇ ပညာ တရားကို၎င်း ၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲ ခြင်းတို့ကို၎င်းပိုင်းခြား ၍ သိ အံ့သောငှါ ငါ သည်နှလုံး ထား ၏။ ထို အမှုသည်လည်း ၊ လေ ကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ ၏။
I applied my heart to know wisdom, and to know madness and folly. I perceived that this also was a chasing after wind.
18 ၁၈ အကြောင်း မူကား၊ ပညာ များ လျှင် ၊ ငြိုငြင် စရာ အကြောင်းများ ၏။ သိပ္ပံ အတတ် တိုးပွား သောသူသည် ဝမ်းနည်း ခြင်း တိုးပွား တတ်၏။
For in much wisdom is much grief; and he who increases knowledge increases sorrow.