< တရားဟောရာ 9 >

1 အို ဣသရေလ အမျိုး၊ နားထောင် လော့။ သင့် ထက် အားကြီး ၍ များပြား သော လူမျိုး တို့ကို၎င်း၊ မိုဃ်း ကောင်းကင်ကို ထိသော မြို့ရိုး နှင့် ပြည့်စုံသော မြို့ ကြီး တို့ကို၎င်း၊
အို ဣသရေလအမျိုး၊ နားထောင်လော့။ သင့်ထက်အားကြီး၍ များပြားသော လူမျိုးတို့ကို၎င်း၊ မိုဃ်းကောင်းကင်ကိုထိသော မြို့ရိုးနှင့် ပြည့်စုံသော မြို့ကြီးတို့ကို၎င်း၊
2 အာနက အမျိုးသား ရှေ့ မှာ အဘယ်သူ ရပ် နိုင် သနည်းဟူသောစကားကို သင် ကြား ၍ ၊ သင် သိ သော အာနက အမျိုးသား တည်းဟူသောအလွန် ကြီးမြင့်သော လူမျိုး ကို၎င်းတိုက်ယူ ခြင်းငှာ ၊ ယခု ယော်ဒန် မြစ် တဘက် သို့ ကူး လုပြီ။
အာနကအမျိုးသားရှေ့မှာ အဘယ်သူရပ်နိုင် သနည်းဟူသော စကားကို သင်ကြား၍၊ သင်သိသော အာနကအမျိုးသားတည်းဟူသော အလွန်ကြီးမြင့်သော လူမျိုးကို၎င်း တိုက်ယူခြင်းငှာ၊ ယခု ယော်ဒန်မြစ် တဘက် သို့ ကူးလုပြီ။
3 သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ရှေ့ မှာ ကြွ သဖြင့်၊ လောင် သောမီး ကဲ့သို့ဖြစ်လျက် သူ တို့ကို ဖျက်ဆီး ၍ ၊ သင့် မျက်မှောက် ၌ နှိမ့်ချ တော်မူမည်အကြောင်းကို ယခု သဘော ကျလော့။ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း ၊ သင် သည် သူ တို့ကို နှင်ထုတ် ၍ အလျင် အမြန်ဖျက်ဆီး ရလိမ့်မည်။
သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်ရှေ့မှာ ကြွသဖြင့်၊ လောင်သောမီးကဲ့သို့ ဖြစ်လျက် သူတို့ကို ဖျက်ဆီး၍၊ သင့်မျက်မှောက်၌ နှိမ့်ချတော်မူမည်အကြောင်းကို ယခု သဘောကျလော့။ ထာဝရဘုရား မိန့်တော်မူ သည်အတိုင်း၊ သင်သည် သူတို့ကို နှင်ထုတ်၍ အလျင်အမြန် ဖျက်ဆီးရလိမ့်မည်။
4 သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သူ တို့ ကို သင့် ရှေ့ မှ နှင်ထုတ် တော်မူသောနောက် ၊ သင်က၊ ငါ့ ကုသိုလ် ကြောင့် ထာဝရဘုရား သည် ငါ့ ကိုသွင်း ၍၊ ဤ ပြည် ကို အပိုင် ပေးတော်မူသည်ဟူ၍မ အောက်မေ့ ရ။ ထို လူမျိုး တို့၏ မ ကောင်းမှုကြောင့် ထာဝရဘုရား သည် သူ တို့ကို ငါ့ ရှေ့ မှ နှင်ထုတ် တော်မူသည်ဟူ၍စိတ် ထဲမှာ အောက်မေ့ ရမည်။
သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ ကို သင့်ရှေ့မှ နှင်ထုတ်တော်မူသောနောက်၊ သင်က၊ ငါ့ကုသိုလ်ကြောင့် ထာဝရဘုရားသည် ငါ့ကိုသွင်း၍၊ ဤပြည်ကို အပိုင်ပေးတော်မူသည်ဟူ၍ မအောက်မေ့ရ။ ထိုလူမျိုးတို့၏ မကောင်းမှုကြောင့် ထာဝရဘုရားသည် သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်တော်မူသည်ဟူ၍ စိတ်ထဲမှာ အောက်မေ့ရမည်။
5 သင် ပြုသောကုသိုလ် ကြောင့် ၎င်း၊ ဖြောင့်မတ် သော သဘော ကြောင့် ၎င်း၊ ထို ပြည် ကို သွား ၍ ဝင်စား ရမည် မ ဟုတ်။ ထို လူမျိုး တို့၏ မကောင်းမှု ကြောင့် ၎င်း၊ ထာဝရဘုရား သည် သင် ၏အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသော စကား တော်ကို တည် စေလိုသောငှာ ၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သူ တို့ကို သင့် ရှေ့ မှ နှင်ထုတ် တော်မူ၏။
သင်ပြုသောကုသိုလ်ကြောင့်၎င်း၊ ဖြောင့်မတ် သော သဘောကြောင့်၎င်း၊ ထိုပြည်ကို သွား၍ ဝင်စားရ မည်မဟုတ်။ ထိုလူမျိုးတို့၏ မကောင်းမှုကြောင့်၎င်း၊ ထာဝရဘုရားသည် သင်၏အဘ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသော စကားတော်ကို တည်စေလိုသောငှာ၎င်း၊ သင်၏ဘုရားသခင် ထာဝရ ဘုရားသည် သူတို့ကို သင့်ရှေ့မှ နှင်ထုတ်တော်မူ၏။
6 သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် ၏ကုသိုလ် ကြောင့် ၊ ထို ကောင်းမွန် သော ပြည် ကိုပေး တော်မူသည်မ ဟုတ်။ သင် သည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်၏။
သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင်၏ကုသိုလ်ကြောင့်၊ ထိုကောင်းမွန်သော ပြည် ကို ပေးတော်မူသည်မဟုတ်။ သင်သည် လည်ပင်းခိုင်မာ သော အမျိုးဖြစ်၏။
7 သင်သည်၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို အမျက် တော်ထွက်စေခြင်းငှာ၊ တော ၌ ပြုမိသည်ကို မ မေ့ နှင့်၊ အောက်မေ့ လော့။ သင်သည် အဲဂုတ္တု ပြည် ထဲက ထွက် သော နေ့ မှစ၍ ဤ အရပ် သို့ ရောက် သည် တိုင်အောင် ထာဝရဘုရား ကို ပုန်ကန် ပြီ။
သင်သည်၊ သင်၏ ဘုရားသခင် ထာဝရဘုရား ကို အမျက်တော်ထွက်စေခြင်းငှာ၊ တော၌ပြုမိသည်ကို မမေ့နှင့်၊ အောက်မေ့လော့။ သင်သည် အဲဂုတ္တုပြည်ထဲက ထွက်သောနေ့မှစ၍ ဤအရပ်သို့ ရောက်သည် တိုင် အောင် ထာဝရဘုရားကို ပုန်ကန်ပြီ။
8 ဟောရပ် အရပ်၌ ထာဝရဘုရား ကို အမျက် တော်ထွက်စေသဖြင့် ၊ သင့် ကို ဖျက်ဆီး လောက်အောင် အမျက် ထွက်တော်မူ၏။
ဟောရပ်အရပ်၌ ထာဝရဘုရားကို အမျက် တော်ထွက်စေသဖြင့်၊ သင့်ကို ဖျက်ဆီးလောက်အောင် အမျက်ထွက်တော်မူ၏။
9 ထာဝရဘုရား သည် သင် တို့နှင့် ဖွဲ့ သော ပဋိညာဉ် တရားကို ရေးထားသော ကျောက်ပြား တို့ကိုခံ ယူခြင်းငှာ ၊ တောင် ပေါ်သို့ ငါ တက် သောအခါ ၊ အရက် လေးဆယ် ပတ်လုံးမုန့် ကိုမ စား ၊ ရေ ကို မ သောက် ဘဲ တောင် ပေါ် မှာနေ လေ၏။
ထာဝရဘုရားသည် သင်တို့နှင့်ဖွဲ့သော ပဋိညာဉ် တရားကို ရေးထားသော ကျောက်ပြားတို့ကို ခံယူခြင်းငှာ၊ တောင်ပေါ်သို့ငါတက်သောအခါ၊ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား၊ ရေကို မသောက်ဘဲ တောင်ပေါ် မှာနေလေ၏။
10 ၁၀ သင် တို့သည် စည်းဝေး ကြသောနေ့ ၌ ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ထဲက မြွက်ဆို တော်မူသော စကား တော်အလုံးစုံ တို့ကို လက်ညှိုး တော်ဖြင့် ရေးထား သော ကျောက်ပြား နှစ် ပြားတို့ကို ထာဝရဘုရား သည် ငါ့ အား အပ် ပေးတော်မူ၏။
၁၀သင်တို့သည် စည်းဝေးကြသောနေ့၌ ထာဝရ ဘုရားသည် တောင်ပေါ်မှာ မီးထဲက မြွက်ဆိုတော်မူ သော စကားတော်အလုံးစုံတို့ကို လက်ညှိုးတော်ဖြင့် ရေးထားသော ကျောက်ပြားနှစ်ပြားတို့ကို ထာဝရဘုရား သည် ငါ့အား အပ်ပေးတော်မူ၏။
11 ၁၁ အရက် လေးဆယ် စေ့ သောအခါ ၊ ထိုပဋိညာဉ် ကျောက် ပြား နှစ် ပြား ကို ထာဝရဘုရား သည် ငါ့ အား ပေး တော်မူလျှင်၊
၁၁အရက်လေးဆယ်စေ့သောအခါ၊ ထိုပဋိညာဉ် ကျောက်ပြား နှစ်ပြားကို ထာဝရဘုရားသည် ငါ့အား ပေးတော်မူလျှင်၊
12 ၁၂ သင်သည် ထ ၍ အလျင် အမြန်ဆင်း သွားလော့။ အဲဂုတ္တု ပြည်မှ သင်နှုတ်ဆောင် ခဲ့သောသင် ၏ လူ တို့သည် ဖောက်ပြန် ၍ ၊ ငါမှာထား သော လမ်း မှ အလျင် အမြန်လွှဲ ၍၊ ရုပ်တု ကို သွန်း ကြပြီဟု မိန့် တော်မူ၏။
၁၂သင်သည် ထ၍ အလျင်အမြန်ဆင်းသွားလော့။ အဲဂုတ္တုပြည်မှ သင်နှုတ်ဆောင်ခဲ့သော သင်၏ လူတို့သည် ဖောက်ပြန်၍၊ ငါမှာထားသောလမ်းမှ အလျင်အမြန်လွှဲ၍၊ ရုပ်တုကို သွန်းကြပြီဟု မိန့်တော်မူ၏။
13 ၁၃ တဖန် ထာဝရဘုရား က၊ ဤ လူမျိုး ကို ငါကြည့် မြင်ပြီ။ လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်၏။
၁၃တဖန် ထာဝရဘုရားက၊ ဤလူမျိုးကို ငါကြည့် မြင်ပြီ။ လည်ပင်းခိုင်မာသော အမျိုးဖြစ်၏။
14 ၁၄ သို့ဖြစ်၍ ငါ့ ကို ရှိ စေလော့။ သူ တို့ကို ငါဖျက်ဆီး မည်။ သူ တို့နာမ ကိုလည်း ကောင်းကင် အောက် မှာ ငါချေ မည်။ သင့်ကိုမူကား၊ သူ တို့ထက် အားကြီး ၍ များပြား သော အမျိုး ဖြစ် စေမည်ဟု ငါ့ အား မိန့် တော်မူ၏။
၁၄သို့ဖြစ်၍ ငါ့ကိုရှိစေလော့။ သူတို့ကို ငါဖျက်ဆီး မည်။ သူတို့နာမကိုလည်း ကောင်းကင်အောက်မှာ ငါချေ မည်။ သင့်ကိုမူကား၊ သူတို့ထက် အားကြီး၍ များပြား သော အမျိုးဖြစ်စေမည်ဟု ငါ့အား မိန့်တော်မူ၏။
15 ၁၅ ထိုအခါ ငါ သည် ပဋိညာဉ် ကျောက်ပြား နှစ် ပြား ကို ကိုင် လျက် ၊ လှည့် ၍ မီး လောင် သော တောင် ပေါ်က ဆင်း လာ၏။
၁၅ထိုအခါ ငါသည် ပဋိညာဉ်ကျောက်ပြား နှစ်ပြား ကို ကိုင်လျက်၊ လှည့်၍ မီးလောင်သော တောင်ပေါ်က ဆင်းလာ၏။
16 ၁၆ သင်တို့သည် သင် တို့ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား ၍ ၊ နွားသငယ် ရုပ်တု ကို သွန်း ကြောင်း နှင့် ထာဝရဘုရား မှာထား တော်မူသော လမ်း မှ အလျင်အမြန် လွှဲ သွားကြောင်းကို ငါသည် ကြည့် မြင်လျှင်၊
၁၆သင်တို့သည် သင်တို့ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား၍၊ နွားသငယ်ရုပ်တုကို သွန်းကြောင်းနှင့် ထာဝရဘုရားမှာထားတော်မူသောလမ်းမှ အလျင်အမြန် လွှဲသွားကြောင်းကို ငါသည် ကြည့်မြင်လျှင်၊
17 ၁၇ လက် နှစ် ဘက်နှင့် ကိုင် သော ကျောက်ပြား တို့ကို ချ ၍၊ သင် တို့မျက်မှောက် ၌ ငါချိုးဖဲ့ ၏။
၁၇လက်နှစ်ဘက်နှင့်ကိုင်သော ကျောက်ပြားတို့ကို ချ၍၊ သင်တို့မျက်မှောက်၌ ငါချိုးဖဲ့၏။
18 ၁၈ သင် တို့သည် ထာဝရဘုရား ကို အမျက် တော် ထွက်စေခြင်းငှာ ၊ ရှေ့ တော်၌ ဒုစရိုက် ကို ပြု မိသောအပြစ် ရှိသမျှ တို့ကြောင့် ၊ ငါသည် အရင်ပြုသကဲ့သို့ထာဝရဘုရား ရှေ့ တော်၌ ပြပ်ဝပ် ၍ အရက် လေးဆယ် ပတ်လုံးမုန့် ကိုမ စား ၊ ရေ ကို မ သောက် ဘဲနေရ၏။
၁၈သင်တို့သည် ထာဝရဘုရားကို အမျက်တော် ထွက်စေခြင်းငှာ၊ ရှေ့တော်၌ ဒုစရိုက်ကို ပြုမိသောအပြစ် ရှိသမျှတို့ကြောင့်၊ ငါသည် အရင်ပြုသကဲ့သို့ ထာဝရ ဘုရားရှေ့တော်၌ ပြပ်ဝပ်၍ အရက်လေးဆယ်ပတ်လုံး မုန့်ကိုမစား၊ ရေကို မသောက်ဘဲနေရ၏။
19 ၁၉ အကြောင်း မူကား၊ ထာဝရဘုရား သည် သင် တို့ကို ဖျက်ဆီး ခြင်းငှာ အလွန် ပြင်းစွာထွက် သော အမျက် တော်အရှိန်ကို ငါကြောက် ၏။ သို့ရာတွင် ထာဝရဘုရား သည် ငါ့ စကားကို တဖန် နားထောင် တော်မူ၏။
၁၉အကြောင်းမူကား၊ ထာဝရဘုရားသည် သင်တို့ ကို ဖျက်ဆီးခြင်းငှာ အလွန်ပြင်းစွာထွက်သော အမျက် တော်အရှိန်ကို ငါကြောက်၏။ သို့ရာတွင် ထာဝရဘုရား သည် ငါ့စကားကို တဖန် နားထောင်တော်မူ၏။
20 ၂၀ ထာဝရဘုရား သည်လည်း ၊ အာရုန် ကို ဖျက်ဆီး ခြင်းငှါ အလွန် အမျက် ထွက်တော်မူသောကြောင့် ၊ အာရုန် အဘို့ ကိုလည်း ဆုတောင်း လေ၏။
၂၀ထာဝရဘုရားသည်လည်း၊ အာရုန်ကို ဖျက်ဆီးခြင်းငှါ အလွန်အမျက်ထွက်တော်မူသောကြောင့်၊ အာရုန်အဘို့ကိုလည်း ဆုတောင်းလေ၏။
21 ၂၁ သင် တို့ဒုစရိုက် တည်းဟူသော သင်တို့လုပ် သော နွားသငယ် ကို ငါယူ သဖြင့် အရည်ကျို ၍၊ အမှုန့် ဖြစ် အောင် ညက်ညက် ချေပြီးလျှင်၊ တောင် ထဲက ထွက် သော ချောင်း ရေပေါ် မှာ ချပစ် လေ၏။
၂၁သင်တို့ဒုစရိုက်တည်းဟူသော သင်တို့လုပ်သော နွားသငယ်ကို ငါယူသဖြင့် အရည်ကျို၍၊ အမှုန့်ဖြစ် အောင် ညက်ညက်ချေပြီးလျှင်၊ တောင်ထဲက ထွက်သော ချောင်းရေပေါ်မှာ ချပစ်လေ၏။
22 ၂၂ တဗေရ အရပ်၊ မဿာ အရပ်၊ ကိဗြုတ် ဟတ္တဝါအရပ်၌ လည်း ၊ သင်တို့သည် ထာဝရဘုရား ကို အမျက် တော်ထွက်အောင် ပြု ကြ၏။
၂၂တဗေရအရပ်၊ မဿာအရပ်၊ ကိဗြုတ်ဟတ္တဝါ အရပ်၌လည်း၊ သင်တို့သည် ထာဝရဘုရားကို အမျက် တော်ထွက်အောင် ပြုကြ၏။
23 ၂၃ ကာဒေရှဗာနာ အရပ်၌ လည်း ၊ ထာဝရဘုရား က၊ သွား ၍ ငါပေး သော ပြည် ကို သိမ်းယူ ကြလော့ဟု သင် တို့ကို စေခိုင်း တော်မူသောအခါ ၊ သင် တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား အမိန့် တော်ကို ငြင်းဆန် ကြ၏။ ကိုယ်တော် ကို မ ယုံ ၊ စကား တော်ကို နား မ ထောင်ဘဲနေကြ၏။
၂၃ကာဒေရှဗာနာအရပ်၌လည်း၊ ထာဝရဘုရားက၊ သွား၍ ငါပေးသောပြည်ကို သိမ်းယူကြလော့ဟု သင်တို့ကို စေခိုင်းတော်မူသောအခါ၊ သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား အမိန့်တော်ကို ငြင်းဆန်ကြ၏။ ကိုယ်တော်ကို မယုံ၊ စကားတော်ကို နားမထောင်ဘဲနေကြ၏။
24 ၂၄ ငါ သိ ကျွမ်းသောနေ့ မှစ၍ ၊ သင် တို့သည် ထာဝရဘုရား ကို ပုန်ကန် လျက်နေ ကြပြီ။
၂၄ငါသိကျွမ်းသော နေ့မှစ၍၊ သင်တို့သည် ထာဝရဘုရားကို ပုန်ကန်လျက်နေကြပြီ။
25 ၂၅ ထာဝရဘုရား သည် သင် တို့ကို ဖျက်ဆီး မည်ဟု မိန့် တော်မူသောကြောင့် ၊ ငါသည် အရင်ပြပ်ဝပ် သကဲ့သို့၊ အရက် လေးဆယ် ပတ်လုံးပြပ်ဝပ် လျက်နေရ၏။
၂၅ထာဝရဘုရားသည် သင်တို့ကို ဖျက်ဆီးမည်ဟု မိန့်တော်မူသောကြောင့်၊ ငါသည် အရင်ပြပ်ဝပ်သကဲ့သို့၊ အရက်လေးဆယ်ပတ်လုံး ပြပ်ဝပ်လျက်နေရ၏။
26 ၂၆ ထာဝရဘုရား အား လည်း ၊ အိုအရှင် ဘုရားသခင်၊ တန်ခိုး တော်အားဖြင့် ရွေး တော်မူ၍ ၊ အားကြီး သော လက် တော်နှင့် အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသော ကိုယ်တော် ၏အမွေ ဥစ္စာဖြစ်သော ဤလူ တို့ ကို ဖျက်ဆီး တော်မ မူပါနှင့်။
၂၆ထာဝရဘုရားအားလည်း၊ အိုအရှင် ဘုရားသခင်၊ တန်ခိုးတော်အားဖြင့် ရွေးတော်မူ၍၊ အားကြီးသော လက်တော်နှင့် အဲဂုတ္တုပြည်မှ နှုတ်ဆောင် တော်မူသော ကိုယ်တော်၏အမွေဥစ္စာဖြစ်သော ဤလူတို့ ကို ဖျက်ဆီးတော်မမူပါနှင့်။
27 ၂၇ ကိုယ်တော် ၏ကျွန် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့ကို အောက်မေ့ တော်မူပါ။ ဤ လူမျိုး သည် ခိုင်မာ သော သဘောရှိ၍၊ ပြစ်မှားမိသော ဒုစရိုက် အပြစ် ကို မှတ် တော် မ မူပါနှင့်။
၂၇ကိုယ်တော်၏ကျွန် အာဗြဟံ၊ ဣဇာက်၊ ယာကုပ် တို့ကို အောက်မေ့တော်မူပါ။ ဤလူမျိုးသည် ခိုင်မာသော သဘောရှိ၍၊ ပြစ်မှားမိသော ဒုစရိုက်အပြစ်ကို မှတ်တော် မမူပါနှင့်။
28 ၂၈ သို့မဟုတ် အကျွန်ုပ် တို့ကို နှုတ်ဆောင် တော်မူသော ပြည်သား တို့က၊ ထာဝရဘုရား သည် ဂတိ ထားသော ပြည် သို့ သူ တို့ကို ဆောင် သွင်းခြင်းငှာ မ တတ် နိုင်သောကြောင့် ၎င်း၊ သူ တို့ကို မုန်း သောကြောင့် ၎င်း၊ တော ၌ သတ် လိုသောငှာ ထုတ် သွားပြီဟု ဆို ကြပါ လိမ့်မည်တကား။
၂၈သို့မဟုတ် အကျွန်ုပ်တို့ကို နှုတ်ဆောင်တော်မူသော ပြည်သားတို့က၊ ထာဝရဘုရားသည် ဂတိထားသော ပြည်သို့ သူတို့ကို ဆောင်သွင်းခြင်းငှာ မတတ်နိုင်သော ကြောင့်၎င်း၊ သူတို့ကို မုန်းသောကြောင့်၎င်း၊ တော၌ သတ်လိုသောငှာ ထုတ်သွားပြီဟု ဆိုကြပါ လိမ့်မည် တကား။
29 ၂၉ ဤလူ တို့သည်ကား ၊ မဟာတန်ခိုး တော်နှင့် လက်ရုံး တော်ကို ဆန့် သဖြင့် နှုတ်ဆောင် တော်မူသော ကိုယ်တော် ၏ အမွေ လူဖြစ်ကြပါသည်ဟု ငါသည် ဆုတောင်းလေ၏။
၂၉ဤလူတို့သည်ကား၊ မဟာတန်ခိုးတော်နှင့် လက်ရုံးတော်ကို ဆန့်သဖြင့် နှုတ်ဆောင်တော်မူသော ကိုယ်တော်၏ အမွေလူဖြစ်ကြပါသည်ဟု ငါသည် ဆုတောင်းလေ၏။

< တရားဟောရာ 9 >