< တရားဟောရာ 8 >
1 ၁ သင်သည် အသက်ရှင် ၍ များပြား မည်အကြောင်း ၊ ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သော ပြည် သို့ သွား ၍ ဝင်စား မည်အကြောင်း၊ ယနေ့ ငါ မှာထား သော ပညတ် အလုံးစုံ တို့ကို ကျင့်ဆောင် အံ့သောငှာ သတိပြု ရမည်။
Држите и творите све заповести које вам ја заповедам данас, да бисте живи били и умножили се, и да бисте ушли у земљу за коју се Господ заклео оцима вашим, и да бисте је наследили.
2 ၂ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှိမ့်ချ စုံစမ်း ၍ ၊ ပညတ် တော်တို့ကို ကျင့် ချင်သောစိတ် ရှိသည် မ ရှိသည်ကို သိ မည်အကြောင်း ၊ လွန်ခဲ့ပြီး သော အနှစ် လေးဆယ် ပတ်လုံးတော ၌ ပို့ဆောင် တော်မူသော လမ်း ခရီးတရှောက်လုံး ကို အောက်မေ့ ရမည်။
И опомињи се свега пута којим те је водио Господ Бог твој четрдесет година по пустињи, да би те намучио и искушао, да се зна шта ти је у срцу, хоћеш ли држати заповести Његове или нећеш.
3 ၃ ထိုသို့ သင့် ကိုနှိမ့်ချ ၍ အငတ် အမွတ်ခံစေတော်မူ သောအခါ ၊ သင် သည် ကိုယ်တိုင်မ သိ ၊ သင် ၏ဘိုးဘေး မ သိ ဘူးသော မန္န နှင့် ကျွေးမွေး တော်မူသဖြင့် ၊ လူ သည် မုန့် အားဖြင့် သာ အသက် ကို မွေးရသည်မ ဟုတ်။ ဘုရားသခင် မိန့် တော်မူသမျှ အားဖြင့် အသက် မွေးရသည် ကို သိ စေတော်မူ၏။
И мучио те је, глађу те морио; али те је опет хранио маном за коју ти ниси знао ни оци твоји, да би ти показао да човек не живи о самом хлебу него о свему што излази из уста Господњих.
4 ၄ လွန်ခဲ့ပြီးသော အနှစ် လေးဆယ် ပတ်လုံးသင် ဝတ်သောအဝတ် မ ဟောင်း မနွမ်း၊ သင့် ခြေ လည်း မ ပွန်း မရောင်။
Одело твоје не оветша на теби нити нога твоја отече за ових четрдесет година;
5 ၅ အဘ သည် သား ကိုဆုံးမ သကဲ့သို့ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် အား ဆုံးမ တော်မူသည် ကို စိတ် ထဲမှာ အောက်မေ့ ရမည်။
Зато познај у срцу свом да те Господ Бог твој гаји као што човек гаји своје дете.
6 ၆ သို့ဖြစ်၍ သင် ၏ ဘုရားသခင် ထာဝရဘုရား စီရင်တော်မူသောလမ်း သို့ လိုက် ၍ ၊ ကိုယ်တော် ကို ကြောက်ရွံ့ သဖြင့် ပညတ် တော်တို့ကို စောင့်ရှောက် ရမည်။
И држи заповести Господа Бога свог ходећи путевима Његовим и бојећи се Њега.
7 ၇ အကြောင်း မူကား၊ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ကောင်း သောပြည် ၊ ချိုင့် ထဲ ၊ တောင် ထဲက ပေါက် သောမြစ် ၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊
Јер Господ Бог твој увешће те сада у добру земљу, у земљу у којој има доста потока и извора и језера, што извиру по долинама и по брдима;
8 ၈ ဂျုံ ၊ မုယော ၊ စပျစ် ပင်၊ သင်္ဘော သဖန်းပင်၊ သလဲ ပင်နှင့် ပြည့်စုံသောပြည် ၊ သံလွင် ဆီ ၊ ပျားရည် နှင့် ပြည့်စုံသောပြည်၊
У земљу изобилну пшеницом и јечмом и виновом лозом и смоквама и шипцима, земљу изобилну маслином, од које бива уље, и медом;
9 ၉ ဘာမျှ မ လို ဘဲဝစွာ စား ရသောပြည် ၊ သံ ကျောက် နှင့် ပြည့်စုံ၍၊ တောင် ထဲက ကြေးနီ ကို တူး ရသောပြည် သို့ သင့်ကို ဆောင်သွားတော်မူ၏။
У земљу где нећеш сиротињски јести хлеба, где ти неће ништа недостајати; у земљу где је камење гвожђе и где ћеш из брда њених сећи бронзу.
10 ၁၀ ထို ကောင်းမွန် သော ပြည် ကိုပေး သနားတော်မူသည် ဖြစ်၍၊ သင်သည် ဝ စွာစား ရသောအခါ ၊ သင် ၏ ဘုရား သခင်ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ရမည်။
Јешћеш и бићеш сит, па благосиљај Господа Бога свог за добру земљу коју ти да.
11 ၁၁ ယနေ့ ငါ ဆင့်ဆို သော စီရင် ထုံးဖွဲ့ချက်၊ ပညတ် တရားတော်တို့ကို သင်သည် မ စောင့် ၊ သင် ၏ ဘုရား သခင် ထာဝရဘုရား ကို မေ့လျော့ သောအပြစ်ကို သတိ နှင့်ရှောင်လော့။
И чувај се да не заборавиш Господа Бога свог бацивши у немар заповести Његове и законе Његове и уредбе Његове, које ти ја заповедам данас.
12 ၁၂ သင်သည် ဝ စွာစား ၍ ကောင်း သောအိမ် ကို ဆောက် လျက် နေ ရစဉ်၊
И кад узједеш и наситиш се, и добре куће начиниш и у њима станеш живети, и кад се говеда твоја и овце твоје наплоде,
13 ၁၃ သင် ၏ သိုး နွား ၊ ရွှေ ငွေ အစ ရှိသော ဥစ္စာမျိုး များပြား စဉ်အခါ၊
И кад ти се намножи сребро и злато, и шта год имаш кад ти се намножи,
14 ၁၄ သင် သည် မာန ထောင်လွှားခြင်းသို့ ရောက်၍ ၊ အထက် ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ်ဆောင် ယူခဲ့ တော်မူထသော၊
Немој да се понесе срце твоје и заборавиш Господа Бога свог, који те је извео из земље мисирске, из куће ропске;
15 ၁၅ မီး မြွေ ၊ ကင်းမြီးကောက် များ၍ ၊ ရေ မ ရှိ၊ အငတ် ခံရာအရပ်၊ ကြောက်မက် ဘွယ်သော တော ကြီး အလယ် ၌ သင့် ကို ပို့ဆောင် ၍ မီး ပါကျောက်ထဲက ရေ ကို ထွက် စေတော်မူထသော၊
Који те је водио преко оне пустиње велике и страшне где живе змије ватрене и скорпије, где је суша, а нема воде; који ти је извео воду из тврдог камена;
16 ၁၆ သင့် ကိုနှိမ့်ချ စုံစမ်း ၍ ၊ နောက်ဆုံး ၌ ကျေးဇူး ပြု လိုသောငှာ ၊ သင် ၏ ဘိုးဘေး မ သိ ဘူးသော မန္န နှင့် တော ၌ ကျွေးမွေး တော်မူသောသင် ၏ဘုရားသခင် ထာဝရဘုရား ကို မေ့လျော့ ၍၊
Који те је хранио у пустињи маном, за коју не знаше оци твоји, да би те намучио и искушао те, и најпосле да би ти добро учинио.
17 ၁၇ ငါ့ တန်ခိုး ၊ ငါ့ လက် သတ္တိ အားဖြင့် ဤ စည်းစိမ် ကို ငါ ရ တတ်သည်ဟုစိတ် ထဲမှာ အောက်မေ့ခြင်းအပြစ်ကို သတိနှင့် ကြဉ်ရှောင်လော့။
Нити говори у срцу свом; моја снага, и сила моје руке добавила ми је ово благо.
18 ၁၈ သင် ၏ဘုရားသခင် ထာဝရဘုရား ကိုသာ အောက်မေ့ ရမည်။ အကြောင်း မူကား၊ သင် ၏ ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပဋိညာဉ် တရားတော်ကို ယနေ့ ကဲ့သို့ တည် စေလိုသောငှာ ၊ စည်းစိမ် ရ တတ်သော အစွမ်း သတ္တိကို ဘုရားသခင်ပေး တော်မူ၏။
Него се опомињи Господа Бога свог; јер ти Он даје снагу да добављаш благо, да би потврдио завет свој, за који се заклео оцима твојим, као што се види данас.
19 ၁၉ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို သင် သည် မေ့လျော့ သဖြင့် ၊ အခြား တပါးသော ဘုရား တို့ကို ဆည်းကပ် ၍ ဝတ်ပြု ကိုးကွယ် လျှင် ၊ ပျက်စီး ခြင်းသို့ အမှန်ရောက်လိမ့်မည်ဟု ယနေ့ ငါသည် သင့် တဘက် ၌ သက်သေခံ ၏။
Ако ли заборавиш Господа Бога свог, и пођеш за другим боговима и њима станеш служити и клањати се, сведочим вам данас да ћете зацело пропасти.
20 ၂၀ သင် ၏ဘုရား သခင်ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်သောကြောင့် ၊ ထာဝရဘုရား သည် သင့် ရှေ့ မှာ ဖျက်ဆီး တော်မူသောလူမျိုး များကဲ့သို့ ၊ ထိုနည်းတူ သင်သည် ပျက်စီး ခြင်းသို့ ရောက်ရလိမ့်မည်။
Пропашћете као народи које Господ потире испред вас, јер не послушасте глас Господа Бога свог.