< တရားဟောရာ 7 >
1 ၁ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင် သွား ၍ ဝင်စား လတံ့သော ပြည် သို့ သင့် ကို ဆောင် သွင်း လျက် ၊ ဟိတ္တိ လူ၊ ဂိရဂါရှိ လူ၊ အာမောရိ လူ၊ ခါနာနိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတည်းဟူသော၊ သင့် ထက် ကြီးမြင့် များပြား သော လူမျိုး ခုနစ် မျိုးတို့ကို သင့် ထံ က နှင်ထုတ် ၍၊
The Lord your God is going to lead you into the land that you are taking over in order to own it, and will drive out ahead of you many other nations: the Hittites, Girgashites, Amorites, Canaanites, Perizzites, Hivites, and Jebusites, seven nations that are larger and stronger than you.
2 ၂ တဖန် သင့် လက်၌ အပ် တော်မူသောအခါ၊ သူ တို့ ကို လုပ်ကြံ ၍ အကုန်အစင်သုတ်သင် ပယ်ရှင်းရမည်။ သူ တို့နှင့် မိဿဟာယ မ ဖွဲ့ ရ၊ ကရုဏာ ကို မ ပြရ။
When the Lord your God has handed them over to you to defeat them, then you must set them apart for destruction. Don't make any peace treaty with them and don't show them any mercy.
3 ၃ သူ တို့နှင့် စုံဘက် ခြင်းကို မ ပြုရ။ သင် ၏သမီး ကို သူ ၏သား နှင့်၎င်း၊ သင်၏သားကို သူ၏သမီးနှင့်၎င်း ထိမ်းမြားပေးစားခြင်းကို မပြုရ။
Don't intermarry with them. Don't let your daughters marry their sons or have their daughters marry your sons,
4 ၄ အကြောင်း မူကား၊ သူတို့သည် သင် ၏သား ကို ငါ ၌ မဆည်းမကပ်စေဘဲ၊ အခြား တပါးသော ဘုရား အား ဝတ်ပြု စေခြင်းငှာသွေးဆောင်ကြလိမ့်မည်။ ထိုအခါ အမျက် ထွက် ၍ သင် တို့ကို ချက်ခြင်း ဖျက်ဆီး တော်မူလိမ့်မည်။
because they will lead your children away from following me to worship other gods. Then the Lord will be angry with you, and he will quickly come and kill you.
5 ၅ သို့ဖြစ်၍ ၊ သူ တို့၌ အဘယ်သို့ပြု ရမည်နည်း ဟူမူကား ၊ သူ တို့ယဇ် ပလ္လင်များကို ဖျက် ရမည်။ ရုပ်တု များကို ဖြိုချ ရမည်။ အာရှရ ပင်များကို ခုတ် လှဲရမည်။ ထုသောရုပ်တု ဆင်းတုများကို မီးရှို့ ရမည်။
On the contrary, this is what you are to do to them: tear down their altars, knock down their idolatrous pillars, cut down their Asherah poles, and burn down their idols.
6 ၆ အကြောင်း မူကား၊ သင် သည် သင် ၏ ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သောအမျိုး ဖြစ်၏။ မြေကြီး ပေါ် မှာ ရှိသမျှ သော လူမျိုး ထက် သင် ၏ဘုရားသခင် ထာဝရဘုရား ပိုင် ထိုက်သော အမျိုး ဖြစ် စေခြင်းငှာ သင့် ကို ရွေးချယ် တော်မူပြီ။
For you are the Lord your God's holy people. The Lord your God has chosen you to be his own special people, valued above all other peoples on the earth.
7 ၇ သင် သည် အခြားသောလူမျိုး ထက် သာ၍များ သောကြောင့် ၊ ထာဝရဘုရား သည် သင့် ကို ချစ် ၍ ရွေးချယ် တော်မူသည်မ ဟုတ်။ သင် သည် အခြားသော လူမျိုး တကာ တို့ထက် သာ၍နည်း ၏။
It wasn't because there were so many of you that the Lord loved you more than any other nation, in fact he chose you though there were so few of you.
8 ၈ ထာဝရဘုရား သည် သင့် ကိုချစ် သောကြောင့် ၎င်း ၊ သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော အကျိန် ကို မ ဖျက်လိုသောကြောင့် ၎င်း၊ ကျွန် ခံနေရာ အဲဂုတ္တု ပြည်ကို အစိုးရ သောဖါရော ဘုရင်လက် မှ အားကြီး သော လက် တော်နှင့် သင့် ကို ရွေးနှုတ် ဆောင်ယူခဲ့တော်မူပြီ။
However, because the Lord loved you and kept the promise he gave to your forefathers, He led you out by his power and rescued you from the prison-house of slavery, from the rule of Pharaoh, king of Egypt.
9 ၉ သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် မှန်သောဘုရား ၊ သစ္စာ စောင့်သောဘုရား ၊ ကိုယ်တော် ကို ချစ် ၍ ပညတ် တော်တို့ကို စောင့်ရှောက် သောသူတို့ ၏ အမျိုး အစဉ်အဆက် အထောင် အသောင်းတိုင်အောင် ပဋိညာဉ် စကားတည် ၍ ကရုဏာ ကို ပြသောဘုရား၊
That's why you can be sure that the Lord your God is the true God, the faithful God who keeps his agreement based on trustworthy love to a thousand generations of those who love him and keep his commandments.
10 ၁၀ ကိုယ်တော် ကို မုန်း သောသူတို့ကို ဖျက်ဆီး ခြင်းငှာ ၊ သူ တို့မျက်မှောက် ၌ အပြစ် ပေးသော ဘုရားဖြစ်တော်မူ ကြောင်းကို သိမှတ်လော့။ ကိုယ်တော် ကို မုန်း သောသူတို့ ကို အား မ နာဘဲ၊ သူ တို့မျက်မှောက် ၌ အပြစ် ပေး တော်မူမည်။
But he doesn't hesitate to pay back those who hate him by destroying them.
11 ၁၁ သို့ဖြစ်၍ ယနေ့ငါ ထား သော စီရင် ထုံးဖွဲ့ချက်၊ ပညတ် တရားတို့ကို ကျင့် အံ့သောငှာ စောင့်ရှောက် ရမည်။
So keep the commandments and rules and regulations that I'm giving you to follow today.
12 ၁၂ ထို ပညတ် တို့ကို သင်သည် ကျင့်ဆောင် အံ့သောငှာနားထောင် လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပဋိညာဉ် နှင့် ကရုဏာ တော်ကို စောင့် တော်မူမည်။
If you listen to these regulations and are careful to observe them, then the Lord your God will keep his agreement and the trustworthy love that he promised to your forefathers.
13 ၁၃ သင့် ကိုချစ် သဖြင့် ကောင်းကြီး ပေး၍ များပြား စေတော်မူမည်။ သင့် အား ပေး ခြင်းငှာ ၊ သင် ၏ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပြည် ၌ သင် ဘွားမြင် သော သား တို့ကို၎င်း ၊ သင် ၏မြေ အသီးအနှံ ၊ စပါး ၊ စပျစ်ရည် ၊ ဆီ ၊ နွား အစီး အပွား၊ သိုး စုတို့ကို၎င်းကောင်းကြီး ပေး တော်မူမည်။
He will love you and bless you and give you many descendants. He will bless your children and the crops your land produces—your grain, new wine, and olive oil, the calves of your cattle herds and the lambs of your flocks—in the land that he promised your forefathers to give you.
14 ၁၄ သင်သည် လူမျိုး တကာ တို့ထက် သာ၍ကောင်းကြီး ခံရသောသူဖြစ် ၍၊ သင် ၌ မြုံ သော ယောက်ျားမိန်းမတယောက်မျှ၊ တိရစ္ဆာန် တွင် မြုံသော အထီးအမ တကောင်မျှမ ရှိ ရ။
You will be blessed more than any other nation; none of you will be childless, and none of your livestock will fail to have young.
15 ၁၅ ထာဝရဘုရား သည်လည်း ၊ အနာ ရောဂါရှိသမျှ တို့ကို သင့် ဆီ က ပယ်ရှား ၍ ၊ သင်သိ သော အဲဂုတ္တု ပြည်၏ အနာ ဆိုးကို သင် ၌ စွဲ စေတော်မ မူ။ သင့် ကိုမုန်း သောသူ အပေါင်း တို့၌ စွဲ စေတော်မူမည်။
The Lord will keep you from having any kind of sickness. He will not let you have any of the terrible diseases you saw in Egypt, but he will let all who hate you suffer from them.
16 ၁၆ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင် ၌ အပ်ပေး တော်မူသောလူမျိုး အပေါင်း ကို ဖျက်ဆီး ရမည်။ သင် ၏မျက်စိ သည် သူ တို့ကို မ သနား ရ။ သူ တို့ ဘုရား အား ဝတ် မ ပြုရ။ ဝတ်ပြုလျှင်၊ ထိမိ ၍ လဲစရာ အကြောင်း ဖြစ်လိမ့်မည်။
You are to destroy all the nations the Lord your God hands over to you. Don't look on them with sympathy. Don't worship their gods, for that will end up being a trap to you.
17 ၁၇ ထို လူမျိုး တို့သည် ငါ့ ထက် သာ၍များ ၏။ ငါသည် သူ တို့ကို အဘယ်သို့ နှင်ထုတ် နိုင် မည်နည်းဟု သင် သည် စိတ် ထဲမှာ အောက်မေ့ လျက်၊
You may say to yourselves, “These nations are stronger than us. How on earth can we drive them out?”
18 ၁၈ သူ တို့ကို မ ကြောက် ရ။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဖါရော ဘုရင်နှင့် အဲဂုတ္တု ပြည် တပြည်လုံး ၌ ပြု တော်မူသောအမှု ကို၎င်း၊
But don't be afraid of them. Make sure you remember what the Lord your God did to Pharaoh and the whole of Egypt:
19 ၁၉ ကိုယ်တိုင် မြင် ၍ ကြီးစွာ သော စုံစမ်း ခြင်းတို့ကို၎င်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှုတ်ဆောင် သောအခါ ၊ ပြတော်မူသော နိမိတ်လက္ခဏာ အံ့ဘွယ် သော အမှုတို့ကို၎င်း၊ အားကြီး သော လက်ရုံး တော်ကို ဆန့် တော်မူခြင်းကို၎င်းစေ့စေ့အောက်မေ့ရမည်။ ထိုနည်းတူ ၊ သင် ကြောက် တတ်သော လူမျိုး ရှိသမျှ တို့၌ သင် ၏ ဘုရား သခင်ထာဝရဘုရား ပြု တော်မူမည်။
the amazing tests you witnessed, the signs and miracles, the great power and incredible strength the Lord your God used to lead you out. The Lord your God is going to deal with all the nations you're currently afraid of in the same way.
20 ၂၀ ထို မှတပါး၊ ကျန်ကြွင်း ၍ ပုန်းရှောင် လျက်နေ သောသူတို့ သည် မ ပျက်စီး မှီတိုင်အောင်၊ သင် ၏ ဘုရား သခင် ထာဝရဘုရား သည် ပျားတူ များကို သူ တို့တွင် စေလွှတ် တော်မူမည်။
On top of this, the Lord your God will send the hornet against them until anyone who has survived and anyone hiding from you have been killed.
21 ၂၁ သူ တို့ကြောင့် ထိတ်လန့် ခြင်း မ ရှိရ။ အကြောင်း မူကား၊ တန်ခိုးကြီး ၍ ကြောက်မက် ဘွယ်သောသင် ၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့တွင် ရှိတော်မူ ၏။
Don't be frightened of these nations, for the Lord your God, who is with you, is a powerful and awesome God.
22 ၂၂ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် ထို လူမျိုး တို့ကို သင့် ထံ က တရွေ့ရွေ့ နှင်ထုတ် တော်မူလိမ့်မည်။ တော သားရဲ တို့သည် သင့် တဘက် ၌ များပြား မည်ကို စိုးရိမ်၍၊ သူ တို့ကို ချက်ခြင်း မ ပယ် မရှားသင့်။
The Lord your God will drive out these nations ahead of you in stages. You won't be able to get rid of them all at the same time, or you'd be overwhelmed by wild animals.
23 ၂၃ သို့ရာတွင် သင် ၏ ဘုရား သခင်ထာဝရဘုရား သည် သူ တို့ကို သင် ၌ အပ် ၍ ၊ သူ တို့ မ ပျက်စီး မှီတိုင်အောင်၊ ကြီး စွာသော ပျက်စီး ခြင်းကို စီရင် တော်မူမည်။
But the Lord your God will hand them over to you and throw them into a terrible panic, until they are wiped out.
24 ၂၄ သူ တို့ရှင် ဘုရင်များကိုလည်း သင့် လက် ၌ အပ် တော်မူသဖြင့် ၊ သူ တို့ဘွဲ့နာမ ကိုပင် ကောင်းကင် အောက် မှာ ပယ်ရှင်း ရမည်။ သူ တို့ကို မ ဖျက်ဆီး မှီ တိုင်အောင်သင့် ရှေ့ မှာ အဘယ်သူ မျှမ ရပ် မနေနိုင်ရာ။
He will give their defeated kings to you to be killed, and even their names will be forgotten. No one will be able to withstand you; you will completely destroy them.
25 ၂၅ သူ တို့ထုသော ရုပ်တု ဆင်းတုဘုရား များကို မီးရှို့ ရမည်။ ရုပ်တုဆင်းတု၌ ပါသောရွှေ ငွေ ကို မ တပ်မက် ရ၊ မသိမ်းမယူရ။ ယူ လျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။ သင် ၏ ဘုရား သခင်ထာဝရဘုရား သည် စက်ဆုပ် ရွံရှာတော်မူ၏။
You must burn the idols of their god. Don't desire the silver and gold that covers them. Don't take it or otherwise it will be a trap for you because the Lord your God detests anything to do with idols.
26 ၂၆ စက်ဆုပ် ရွံရှာဘွယ်သောအရာကို သင့် အိမ် ထဲသို့ မ သွင်း ရ။ သွင်းလျှင် ၊ သင်သည် ထို အရာကဲ့သို့ ကျိန် အပ် သောအရာ ဖြစ် မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာ ကို သင် သည် အကြွင်းမဲ့စက်ဆုပ် ရွံရှာရမည်။ ကျိန် အပ် သော အရာပင်ဖြစ်ပေ၏။
Don't bring any detestable idol into your house, otherwise you will treated just like it—by being set apart for destruction. You are to treat idols as totally despicable, and stay far away from them, because they are set apart for destruction.