< တရားဟောရာ 5 >

1 တဖန် မောရှေ သည် ဣသရေလ အမျိုးသားအပေါင်း တို့ကိုခေါ် ၍ ၊ အိုဣသရေလ အမျိုးသားတို့၊ ယနေ့ သင် တို့အား ငါ ဟောပြော သော စီရင် ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင် ၍ ကျင့် ခြင်းငှာ သတိ ပြုမည် အကြောင်းနားထောင် ကြလော့။
Mosè convocò tutto Israele e disse loro: «Ascolta, Israele, le leggi e le norme che oggi io proclamo dinanzi a voi: imparatele e custoditele e mettetele in pratica.
2 ငါ တို့ဘုရား သခင်ထာဝရဘုရား သည် ဟောရပ် တောင်၌ ငါ တို့နှင့် ပဋိညာဉ် ပြု တော်မူ၏။
Il Signore nostro Dio ha stabilito con noi un'alleanza sull'Oreb.
3 ထို ပဋိညာဉ် တရားကို ထာဝရဘုရား သည် ငါ တို့ ဘိုးဘေး များနှင့် သာ ပြု တော်မူသည်မ ဟုတ်။ ယနေ့ ပင် အသက်ရှင် ၍ ဤ အရပ် ၌ ရှိသမျှ သော ငါ တို့နှင့် ပြုတော်မူ၏။
Il Signore non ha stabilito questa alleanza con i nostri padri, ma con noi che siamo qui oggi tutti in vita.
4 ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ထဲက သင် တို့နှင့် မျက်နှာ ချင်းဆိုင်၍ မိန့် မြွက်တော်မူ၏။
Il Signore vi ha parlato faccia a faccia sul monte dal fuoco,
5 ထိုအခါ သင်တို့သည် မီး ကိုကြောက် ၍ တောင် ပေါ် သို့ မ တက် ဝံ့သောကြောင့် ၊ ငါ သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ခြင်းငှာ ၊ ထာဝရဘုရား နှင့် သင် တို့စပ်ကြား မှာ ရပ် နေ၏။
mentre io stavo tra il Signore e voi, per riferirvi la parola del Signore, perché voi avevate paura di quel fuoco e non eravate saliti sul monte. Egli disse:
6 မိန့်မြွက်တော်မူသောစကားဟူမူကား၊ ငါ သည် သင့် ကို ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ် ဆောင်ယူခဲ့ ပြီးသော သင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
Io sono il Signore, tuo Dio, che ti ho fatto uscire dal paese di Egitto, dalla condizione servile.
7 ငါ မှတပါး အခြား သောဘုရား ကို မ ကိုးကွယ် နှင့်။
Non avere altri dei di fronte a me.
8 အထက် မိုဃ်း ကောင်းကင်၌ ၎င်း၊ အောက် အရပ် မြေကြီး ပေါ် ၌၎င်း၊ မြေကြီး အောက် ရေ ထဲ ၌၎င်း ရှိသော အရာ နှင့် ပုံ သဏ္ဍာန်တူစွာ ရုပ်တု ဆင်းတုကို ကိုယ် အဘို့ မ လုပ် နှင့်။
Non ti farai idolo né immagine alcuna di ciò che è lassù in cielo, né di ciò che è quaggiù sulla terra, né di ciò che è nelle acque sotto la terra.
9 ဦး မ ချ၊ ဝတ် မ ပြုနှင့်။ အကြောင်း မူကား၊ သင် ၏ဘုရား သခင်၊ ငါ ထာဝရဘုရား သည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ ကိုမုန်း သောသူတို့ ၏ အမျိုးအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္ထ အဆက်တိုင်အောင် ၊ အဘ တို့၏ အပြစ် ကို သား တို့၌ ဆပ် ပေးစီရင်သောဘုရား၊
Non ti prostrerai davanti a quelle cose e non le servirai. Perché io il Signore tuo Dio sono un Dio geloso, che punisce la colpa dei padri nei figli fino alla terza e alla quarta generazione per quanti mi odiano,
10 ၁၀ ငါ့ ကိုချစ် ၍ ငါ့ ပညတ် တို့ကိုကျင့် သောသူတို့ ၏ အမျိုးအစဉ်အဆက် အထောင် အသောင်းတိုင်အောင် ကရုဏာ ကို ပြ သောဘုရား ဖြစ်၏။
ma usa misericordia fino a mille generazioni verso coloro che mi amano e osservano i miei comandamenti.
11 ၁၁ သင် ၏ဘုရား သခင်ထာဝရဘုရား ၏ နာမတော် ကို မုသာ နှင့် ဆိုင်၍ မ မြွက် မဆိုနှင့်။ အကြောင်း မူကား၊ နာမ တော်ကို မုသာ နှင့် ဆိုင်၍ မြွက်ဆို သောသူ ကို အပြစ်မရှိဟု ထာဝရဘုရား မှတ် တော်မ မူ။
Non pronunciare invano il nome del Signore tuo Dio perché il Signore non ritiene innocente chi pronuncia il suo nome invano.
12 ၁၂ သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေခြင်းငှာ ၊ ထိုနေ့ရက်ကို စောင့် လော့။
Osserva il giorno di sabato per santificarlo, come il Signore Dio tuo ti ha comandato.
13 ၁၃ ခြောက် ရက် ပတ်လုံးအလုပ် မျိုး ကို ကြိုးစား ၍ လုပ်ဆောင် လော့။
Sei giorni faticherai e farai ogni lavoro,
14 ၁၄ သတ္တမ နေ့ရက် သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ ဥပုသ် နေ့ဖြစ်၏။ ထိုနေ့၌ သင် မှစ၍သင် ၏သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ နွား မြည်း အစရှိသောသင် ၏တိရစ္ဆာန် ၊ သင် ၏တံခါး အတွင်း ၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ် မ လုပ် ရ။ သင် သည် ငြိမ်ဝပ်စွာ နေသကဲ့သို့ ၊ သင် ၏ကျွန် ယောက်ျား မိန်းမ တို့သည် ငြိမ်ဝပ် စွာ နေရကြမည်။
ma il settimo giorno è il sabato per il Signore tuo Dio: non fare lavoro alcuno né tu, né tuo figlio, né tua figlia, né il tuo schiavo, né la tua schiava, né il tuo bue, né il tuo asino, né alcuna delle tue bestie, né il forestiero, che sta entro le tue porte, perché il tuo schiavo e la tua schiava si riposino come te.
15 ၁၅ သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ကြောင်း ကို၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် အားကြီး သော လက်ရုံး တော်ကို ဆန့် ၍ ၊ ထို ပြည်မှ သင့် ကို နှုတ်ဆောင် တော်မူကြောင်း ကို၎င်းအောက်မေ့ လော့။ ထို အကြောင်းကြောင့်၊ သင်သည် ဥပုပ် နေ့ကို စောင့် ရမည်ဟု သင် ၏ ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူ၏။
Ricordati che sei stato schiavo nel paese d'Egitto e che il Signore tuo Dio ti ha fatto uscire di là con mano potente e braccio teso; perciò il Signore tuo Dio ti ordina di osservare il giorno di sabato.
16 ၁၆ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး သနား တော်မူသောပြည် ၌ သင် သည် အသက်တာ ရှည် ၍ ကောင်းစား ရမည်အကြောင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင်၏ မိဘ ကို ရိုသေ စွာပြုလော့။
Onora tuo padre e tua madre, come il Signore Dio tuo ti ha comandato, perché la tua vita sia lunga e tu sii felice nel paese che il Signore tuo Dio ti dà.
17 ၁၇ လူအသက်ကို မ သတ် နှင့်။
Non uccidere.
18 ၁၈ သူ့မယားကိုမ ပြစ်မှား နှင့်။
Non commettere adulterio.
19 ၁၉ သူ့ဥစ္စာကို မ ခိုး နှင့်။
Non rubare.
20 ၂၀ ကိုယ် နှင့်စပ်ဆိုင် သောသူ တဘက် ၌ မ မှန်သော သက်သေ ကို မ ခံ နှင့်။
Non pronunciare falsa testimonianza contro il tuo prossimo.
21 ၂၁ ကိုယ် နှင့်စပ်ဆိုင် သောသူ ၏မယား ကို တပ်မက် သောစိတ် မ ရှိစေနှင့်။ ကိုယ် နှင့်စပ်ဆိုင် သောသူ ၏အိမ် ၊ လယ်ယာ ၊ ကျွန် ယောက်ျား မိန်းမ ၊ နွား မြည်း မှစ၍ ကိုယ် နှင့်စပ်ဆိုင် သောသူ ၏ ဥစ္စာ တစုံ တခုမျှ တပ်မက် လိုချင်သောစိတ် မ ရှိစေနှင့်ဟု မိန့်တော်မူ၏။
Non desiderare la moglie del tuo prossimo. Non desiderare la casa del tuo prossimo, né il suo campo, né il suo schiavo, né la sua schiava, né il suo bue, né il suo asino, né alcuna delle cose che sono del tuo prossimo.
22 ၂၂ ထို စကား တော်ကို ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ၊ မိုဃ်းတိမ် ၊ ထူထပ် သော မှောင်မိုက်ထဲက ကြီးစွာ သောအသံ နှင့် သင် တို့စည်းဝေးရာ ပရိသတ် အပေါင်း တို့အား မိန့် မြွက်တော်မူ၏။ ထပ် ၍မိန့်မြွက် တော်မမူ။ ထိုစကားတော်ကိုလည်း ကျောက် ပြား နှစ် ပြား ပေါ် မှာရေး ၍ ငါ ၌ အပ် တော်မူ၏။
Queste parole pronunciò il Signore, parlando a tutta la vostra assemblea, sul monte, dal fuoco, dalla nube e dall'oscurità, con voce poderosa, e non aggiunse altro. Le scrisse su due tavole di pietra e me le diede.
23 ၂၃ သင် တို့သည် မှောင်မိုက် ထဲက စကား သံကို ကြား ၍ ၊ တောင်ထိပ် သည် မီး လောင် လျက်ရှိသောအခါ ၊ သင် တို့မျိုးနွယ် တို့၌ မင်း ဖြစ်သောသူ၊ အသက်ကြီး သူတို့ သည် ငါ့ ထံသို့ ချဉ်းကပ် ၍၊
All'udire la voce in mezzo alle tenebre, mentre il monte era tutto in fiamme, i vostri capitribù e i vostri anziani si avvicinarono tutti a me
24 ၂၄ အကျွန်ုပ် တို့ ဘုရားသခင် ထာဝရဘုရား သည် ဘုန်း တန်ခိုး အာနုဘော်တော်ကို အကျွန်ုပ် တို့အား ပြ တော်မူပြီ။ မီး ထဲက စကားတော်အသံ ကို အကျွန်ုပ်တို့သည် ကြား ရပါပြီ။ ဘုရားသခင် သည် လူ နှင့် နှုတ်ဆက် တော်မူ သော်လည်း ၊ လူသည် အသက်ရှင် သေးသည်ကို၊ ယနေ့ ၌ အကျွန်ုပ်တို့သည် သိမြင် ရပါပြီ။
e dissero: Ecco il Signore nostro Dio ci ha mostrato la sua gloria e la sua grandezza e noi abbiamo udito la sua voce dal fuoco; oggi abbiamo visto che Dio può parlare con l'uomo e l'uomo restare vivo.
25 ၂၅ အကျွန်ုပ်တို့သည် အဘယ် ကြောင့်ယခု သေ ရပါ မည်နည်း။ ဤ ကြီးစွာ သောမီး ဖြင့် အကျွန်ုပ်တို့သည် ဆုံးရှုံး ပါလိမ့်မည်။ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသောအသံ တော်ကိုတဖန် ကြား ရလျှင် သေ ရပါလိမ့်မည်။
Ma ora, perché dovremmo morire? Questo grande fuoco infatti ci consumerà; se continuiamo a udire ancora la voce del Signore nostro Dio moriremo.
26 ၂၆ အသက်ရှင် တော်မူသောဘုရားသခင် သည်မီး ထဲက မိန့် မြွက်တော်မူ သောအသံ တော်ကို အကျွန်ုပ် တို့ ကြားရ သကဲ့သို့ အဘယ် လူ သတ္တဝါသည် ကြား ၍ အသက်ရှင် သနည်း။
Poiché chi tra tutti i mortali ha udito come noi la voce del Dio vivente parlare dal fuoco ed è rimasto vivo?
27 ၂၇ ကိုယ်တော် သည် အနီးအပါးသို့ ချဉ်း သွား၍ ၊ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသမျှ ကို နားထောင် တော်မူပါ။ အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် အား မိန့် တော်မူသမျှ ကို ဆင့်ဆို တော်မူပါ။ အကျွန်ုပ်တို့သည် နားထောင် ၍ ပြု ပါမည်ဟု လျှောက်ဆိုကြ၏။
Avvicinati tu e ascolta quanto il Signore nostro Dio dirà; ci riferirai quanto il Signore nostro Dio ti avrà detto e noi lo ascolteremo e lo faremo.
28 ၂၈ ထိုသို့ သင် တို့သည် ငါ့ အား လျှောက် သော စကား ကို ထာဝရဘုရား ကြား တော်မူ၏။ ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် သင့် အား လျှောက် သော စကား သံ ကို ငါကြား ရပြီ။ လျှောက် လေသမျှ သော စကား သည် လျောက်ပတ် ပေ၏။
Il Signore udì le vostre parole, mentre mi parlavate, e mi disse: Ho udito le parole che questo popolo ti ha rivolte; quanto hanno detto va bene.
29 ၂၉ သူ တို့နှင့် သား မြေးအစဉ် အဆက်တို့သည် ချမ်းသာ ရမည်အကြောင်း ၊ ငါ့ ကို ကြောက်ရွံ့ ၍ ငါ ပညတ် သမျှ တို့ကို အစဉ် စောင့်ရှောက် ချင်သောစိတ် နှင့် ပြည့်စုံ ကြပါစေသော။
Oh, se avessero sempre un tal cuore, da temermi e da osservare tutti i miei comandi, per essere felici loro e i loro figli per sempre!
30 ၃၀ တဲ များသို့ ပြန် သွား ကြလော့ဟု သူ တို့အား ပြော လော့။
Và e dì loro: Tornate alle vostre tende; ma tu resta qui con me
31 ၃၁ သင် မှာမူကား ၊ ဤ အရပ်၌ ငါ့ အနားမှာ ရပ် နေ လော့။ သူ တို့အား ငါ အပိုင် ပေး သော ပြည် ၌ သူတို့ကျင့် ဘို့ရာ သင်သည် သူ တို့အား သွန်သင် ရသော စီရင် ထုံးဖွဲ့ ချက်၊ ပညတ် တရားအလုံးစုံ တို့ကို ငါ မြွက်ဆိုမည်ဟု ငါ့အား မိန့်တော်မူ၏။
e io ti detterò tutti i comandi, tutte le leggi e le norme che dovrai insegnare loro, perché le mettano in pratica nel paese che io sto per dare in loro possesso.
32 ၃၂ သို့ဖြစ်၍ သင် တို့၏ ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင် တို့သည် ကျင့် အံ့သောငှာ စောင့် နေရကြမည်။ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ မရှောင်ရကြ။
Badate dunque di fare come il Signore vostro Dio vi ha comandato; non ve ne discostate né a destra né a sinistra;
33 ၃၃ သင်တို့ဝင်စား လတံ့သော ပြည် ၌ သင် တို့သည် သေဘေး လွတ်လျက် ချမ်းသာ ရ၍ ၊ အသက်တာ ရှည်မည် အကြောင်း ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသော လမ်း အပေါင်း တို့၌ ရှောက်သွား ရကြမည်။
camminate in tutto e per tutto per la via che il Signore vostro Dio vi ha prescritta, perché viviate e siate felici e rimaniate a lungo nel paese di cui avrete il possesso.

< တရားဟောရာ 5 >