< တရားဟောရာ 5 >
1 ၁ တဖန် မောရှေ သည် ဣသရေလ အမျိုးသားအပေါင်း တို့ကိုခေါ် ၍ ၊ အိုဣသရေလ အမျိုးသားတို့၊ ယနေ့ သင် တို့အား ငါ ဟောပြော သော စီရင် ထုံးဖွဲ့ချက်တို့ကို သင်တို့သည် သွန်သင် ၍ ကျင့် ခြင်းငှာ သတိ ပြုမည် အကြောင်းနားထောင် ကြလော့။
Moïse fit appel à tout Israël, et leur dit: "Ecoute, Israël, les lois et les statuts que je vous fais entendre aujourd’hui; étudiez-les et appliquez-vous à les suivre.
2 ၂ ငါ တို့ဘုရား သခင်ထာဝရဘုရား သည် ဟောရပ် တောင်၌ ငါ တို့နှင့် ပဋိညာဉ် ပြု တော်မူ၏။
L’Éternel, notre Dieu, a contracté avec nous une alliance au Horeb.
3 ၃ ထို ပဋိညာဉ် တရားကို ထာဝရဘုရား သည် ငါ တို့ ဘိုးဘေး များနှင့် သာ ပြု တော်မူသည်မ ဟုတ်။ ယနေ့ ပင် အသက်ရှင် ၍ ဤ အရပ် ၌ ရှိသမျှ သော ငါ တို့နှင့် ပြုတော်မူ၏။
Ce n’est pas avec nos pères que l’Éternel a contracté cette alliance, c’est avec nous-mêmes, nous qui sommes ici, aujourd’hui, tous vivants.
4 ၄ ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ထဲက သင် တို့နှင့် မျက်နှာ ချင်းဆိုင်၍ မိန့် မြွက်တော်မူ၏။
C’Est face à face que l’Éternel vous parla sur la montagne, du milieu de la flamme.
5 ၅ ထိုအခါ သင်တို့သည် မီး ကိုကြောက် ၍ တောင် ပေါ် သို့ မ တက် ဝံ့သောကြောင့် ၊ ငါ သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ခြင်းငှာ ၊ ထာဝရဘုရား နှင့် သင် တို့စပ်ကြား မှာ ရပ် နေ၏။
Moi, je me tenais, en ce temps-là, entre l’Éternel et vous, pour vous exposer la parole de l’Éternel, parce que, terrifiés par la flamme, vous n’approchâtes point de la montagne; et il disait:
6 ၆ မိန့်မြွက်တော်မူသောစကားဟူမူကား၊ ငါ သည် သင့် ကို ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ ကယ်နှုတ် ဆောင်ယူခဲ့ ပြီးသော သင် ၏ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
"Je suis l’Éternel, ton Dieu, qui t’ai fait sortir du pays d’Egypte, d’une maison d’esclavage.
7 ၇ ငါ မှတပါး အခြား သောဘုရား ကို မ ကိုးကွယ် နှင့်။
Tu n’auras point d’autre Dieu que moi.
8 ၈ အထက် မိုဃ်း ကောင်းကင်၌ ၎င်း၊ အောက် အရပ် မြေကြီး ပေါ် ၌၎င်း၊ မြေကြီး အောက် ရေ ထဲ ၌၎င်း ရှိသော အရာ နှင့် ပုံ သဏ္ဍာန်တူစွာ ရုပ်တု ဆင်းတုကို ကိုယ် အဘို့ မ လုပ် နှင့်။
Tu ne te feras point d’idole, l’image de quoi que ce soit dans le ciel en haut, ou en bas sur la terre, ou dans les eaux au-dessous de la terre.
9 ၉ ဦး မ ချ၊ ဝတ် မ ပြုနှင့်။ အကြောင်း မူကား၊ သင် ၏ဘုရား သခင်၊ ငါ ထာဝရဘုရား သည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ ကိုမုန်း သောသူတို့ ၏ အမျိုးအစဉ်အဆက်၊ တတိယ အဆက်၊ စတုတ္ထ အဆက်တိုင်အောင် ၊ အဘ တို့၏ အပြစ် ကို သား တို့၌ ဆပ် ပေးစီရင်သောဘုရား၊
Tu ne te prosterneras point devant elles, tu ne les adoreras point; car moi seul, l’Éternel, je suis ton Dieu, Dieu jaloux, qui poursuis le crime des pères sur la troisième et la quatrième générations, pour ceux qui m’offensent,
10 ၁၀ ငါ့ ကိုချစ် ၍ ငါ့ ပညတ် တို့ကိုကျင့် သောသူတို့ ၏ အမျိုးအစဉ်အဆက် အထောင် အသောင်းတိုင်အောင် ကရုဏာ ကို ပြ သောဘုရား ဖြစ်၏။
et qui étends mes faveurs à la millième, pour ceux qui m’aiment et gardent mes commandements.
11 ၁၁ သင် ၏ဘုရား သခင်ထာဝရဘုရား ၏ နာမတော် ကို မုသာ နှင့် ဆိုင်၍ မ မြွက် မဆိုနှင့်။ အကြောင်း မူကား၊ နာမ တော်ကို မုသာ နှင့် ဆိုင်၍ မြွက်ဆို သောသူ ကို အပြစ်မရှိဟု ထာဝရဘုရား မှတ် တော်မ မူ။
Tu n’invoqueras point le nom de l’Éternel, ton Dieu, à l’appui du mensonge; car l’Éternel ne laisse pas impuni celui qui invoque son nom pour le mensonge.
12 ၁၂ သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ ဥပုသ် နေ့ ကို သန့်ရှင်း စေခြင်းငှာ ၊ ထိုနေ့ရက်ကို စောင့် လော့။
Observe le jour du Sabbat pour le sanctifier, comme te l’a prescrit l’Éternel, ton Dieu.
13 ၁၃ ခြောက် ရက် ပတ်လုံးအလုပ် မျိုး ကို ကြိုးစား ၍ လုပ်ဆောင် လော့။
Durant six jours tu travailleras et t’occuperas de toutes tes affaires;
14 ၁၄ သတ္တမ နေ့ရက် သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ ဥပုသ် နေ့ဖြစ်၏။ ထိုနေ့၌ သင် မှစ၍သင် ၏သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ နွား မြည်း အစရှိသောသင် ၏တိရစ္ဆာန် ၊ သင် ၏တံခါး အတွင်း ၌ နေသော ဧည့်သည် အာဂန္တုသည် အလုပ် မ လုပ် ရ။ သင် သည် ငြိမ်ဝပ်စွာ နေသကဲ့သို့ ၊ သင် ၏ကျွန် ယောက်ျား မိန်းမ တို့သည် ငြိမ်ဝပ် စွာ နေရကြမည်။
mais le septième jour est la trêve de l’Éternel, ton Dieu: tu n’y feras aucun travail, toi, ton fils ni ta fille, ton esclave mâle ou femelle, ton bœuf, ton âne, ni tes autres bêtes, non plus que l’étranger qui est dans tes murs; car ton serviteur et ta servante doivent se reposer comme toi.
15 ၁၅ သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ကြောင်း ကို၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် အားကြီး သော လက်ရုံး တော်ကို ဆန့် ၍ ၊ ထို ပြည်မှ သင့် ကို နှုတ်ဆောင် တော်မူကြောင်း ကို၎င်းအောက်မေ့ လော့။ ထို အကြောင်းကြောင့်၊ သင်သည် ဥပုပ် နေ့ကို စောင့် ရမည်ဟု သင် ၏ ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူ၏။
Et tu te souviendras que tu fus esclave au pays d’Egypte, et que l’Éternel, ton Dieu, t’en a fait sortir d’une main puissante et d’un bras étendu; c’est pourquoi l’Éternel, ton Dieu, t’a prescrit d’observer te jour du Sabbat.
16 ၁၆ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး သနား တော်မူသောပြည် ၌ သင် သည် အသက်တာ ရှည် ၍ ကောင်းစား ရမည်အကြောင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင်၏ မိဘ ကို ရိုသေ စွာပြုလော့။
Honore ton père et ta mère, comme te l’a prescrit l’Éternel, ton Dieu, afin de prolonger tes jours et de vivre heureux sur la terre que l’Éternel, ton Dieu, te destine.
17 ၁၇ လူအသက်ကို မ သတ် နှင့်။
Ne commets point d’homicide.
18 ၁၈ သူ့မယားကိုမ ပြစ်မှား နှင့်။
Ne commets point d’adultère.
19 ၁၉ သူ့ဥစ္စာကို မ ခိုး နှင့်။
Ne commets point de larcin.
20 ၂၀ ကိုယ် နှင့်စပ်ဆိုင် သောသူ တဘက် ၌ မ မှန်သော သက်သေ ကို မ ခံ နှင့်။
Ne porte point contre ton prochain un faux témoignage.
21 ၂၁ ကိုယ် နှင့်စပ်ဆိုင် သောသူ ၏မယား ကို တပ်မက် သောစိတ် မ ရှိစေနှင့်။ ကိုယ် နှင့်စပ်ဆိုင် သောသူ ၏အိမ် ၊ လယ်ယာ ၊ ကျွန် ယောက်ျား မိန်းမ ၊ နွား မြည်း မှစ၍ ကိုယ် နှင့်စပ်ဆိုင် သောသူ ၏ ဥစ္စာ တစုံ တခုမျှ တပ်မက် လိုချင်သောစိတ် မ ရှိစေနှင့်ဟု မိန့်တော်မူ၏။
Ne convoite point la femme de ton prochain, et ne désire la maison de ton prochain ni son champ, son esclave ni sa servante, son bœuf ni son âne, ni rien de ce qui est à ton prochain."
22 ၂၂ ထို စကား တော်ကို ထာဝရဘုရား သည် တောင် ပေါ် မှာ မီး ၊ မိုဃ်းတိမ် ၊ ထူထပ် သော မှောင်မိုက်ထဲက ကြီးစွာ သောအသံ နှင့် သင် တို့စည်းဝေးရာ ပရိသတ် အပေါင်း တို့အား မိန့် မြွက်တော်မူ၏။ ထပ် ၍မိန့်မြွက် တော်မမူ။ ထိုစကားတော်ကိုလည်း ကျောက် ပြား နှစ် ပြား ပေါ် မှာရေး ၍ ငါ ၌ အပ် တော်မူ၏။
Ces paroles, l’Éternel les adressa à toute votre assemblée sur la montagne, du milieu des feux, des nuées et de la brume, d’une voix puissante, sans y rien ajouter; puis il les écrivit sur deux tables de pierre, qu’il me remit.
23 ၂၃ သင် တို့သည် မှောင်မိုက် ထဲက စကား သံကို ကြား ၍ ၊ တောင်ထိပ် သည် မီး လောင် လျက်ရှိသောအခါ ၊ သင် တို့မျိုးနွယ် တို့၌ မင်း ဖြစ်သောသူ၊ အသက်ကြီး သူတို့ သည် ငါ့ ထံသို့ ချဉ်းကပ် ၍၊
Or, quand vous eûtes entendu cette voix sortir du sein des ténèbres, tandis que la montagne était en feu, vous vîntes tous à moi, les chefs de vos tribus et vos anciens,
24 ၂၄ အကျွန်ုပ် တို့ ဘုရားသခင် ထာဝရဘုရား သည် ဘုန်း တန်ခိုး အာနုဘော်တော်ကို အကျွန်ုပ် တို့အား ပြ တော်မူပြီ။ မီး ထဲက စကားတော်အသံ ကို အကျွန်ုပ်တို့သည် ကြား ရပါပြီ။ ဘုရားသခင် သည် လူ နှင့် နှုတ်ဆက် တော်မူ သော်လည်း ၊ လူသည် အသက်ရှင် သေးသည်ကို၊ ယနေ့ ၌ အကျွန်ုပ်တို့သည် သိမြင် ရပါပြီ။
en disant: "Certes, l’Éternel, notre Dieu, nous a révélé sa gloire et sa grandeur, et nous avons entendu sa voix du milieu de la flamme; nous avons vu aujourd’hui Dieu parler à l’homme et celui-ci vivre!
25 ၂၅ အကျွန်ုပ်တို့သည် အဘယ် ကြောင့်ယခု သေ ရပါ မည်နည်း။ ဤ ကြီးစွာ သောမီး ဖြင့် အကျွန်ုပ်တို့သည် ဆုံးရှုံး ပါလိမ့်မည်။ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသောအသံ တော်ကိုတဖန် ကြား ရလျှင် သေ ရပါလိမ့်မည်။
Mais désormais, pourquoi nous exposer à mourir, consumés par cette grande flamme? Si nous entendons une fois de plus la voix de l’Éternel, notre Dieu, nous sommes morts.
26 ၂၆ အသက်ရှင် တော်မူသောဘုရားသခင် သည်မီး ထဲက မိန့် မြွက်တော်မူ သောအသံ တော်ကို အကျွန်ုပ် တို့ ကြားရ သကဲ့သို့ အဘယ် လူ သတ္တဝါသည် ကြား ၍ အသက်ရှင် သနည်း။
Car est-il une seule créature qui ait entendu, comme nous, la voix du Dieu vivant parler du milieu du feu, et soit demeurée vivante?
27 ၂၇ ကိုယ်တော် သည် အနီးအပါးသို့ ချဉ်း သွား၍ ၊ အကျွန်ုပ် တို့ဘုရားသခင် ထာဝရဘုရား မိန့် တော်မူသမျှ ကို နားထောင် တော်မူပါ။ အကျွန်ုပ် တို့ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော် အား မိန့် တော်မူသမျှ ကို ဆင့်ဆို တော်မူပါ။ အကျွန်ုပ်တို့သည် နားထောင် ၍ ပြု ပါမည်ဟု လျှောက်ဆိုကြ၏။
Va toi-même et écoute tout ce que dira l’Éternel, notre Dieu; et c’est toi qui nous rapporteras tout ce que l’Éternel, notre Dieu, t’aura dit, et nous l’entendrons, et nous obéirons."
28 ၂၈ ထိုသို့ သင် တို့သည် ငါ့ အား လျှောက် သော စကား ကို ထာဝရဘုရား ကြား တော်မူ၏။ ထာဝရဘုရား ကလည်း ၊ ဤ လူမျိုး သည် သင့် အား လျှောက် သော စကား သံ ကို ငါကြား ရပြီ။ လျှောက် လေသမျှ သော စကား သည် လျောက်ပတ် ပေ၏။
L’Éternel entendit les paroles que vous m’adressiez, et il me dit: "J’Ai ouï la voix de ce peuple, les paroles qu’il t’adresse: tout ce qu’ils ont dit est bien dit.
29 ၂၉ သူ တို့နှင့် သား မြေးအစဉ် အဆက်တို့သည် ချမ်းသာ ရမည်အကြောင်း ၊ ငါ့ ကို ကြောက်ရွံ့ ၍ ငါ ပညတ် သမျှ တို့ကို အစဉ် စောင့်ရှောက် ချင်သောစိတ် နှင့် ပြည့်စုံ ကြပါစေသော။
Ah! S’Ils pouvaient conserver en tout temps cette disposition à me craindre et à garder tous mes commandements! Alors ils seraient heureux, et leurs enfants aussi, à jamais!
30 ၃၀ တဲ များသို့ ပြန် သွား ကြလော့ဟု သူ တို့အား ပြော လော့။
Va, dis-leur de rentrer dans leurs tentes;
31 ၃၁ သင် မှာမူကား ၊ ဤ အရပ်၌ ငါ့ အနားမှာ ရပ် နေ လော့။ သူ တို့အား ငါ အပိုင် ပေး သော ပြည် ၌ သူတို့ကျင့် ဘို့ရာ သင်သည် သူ တို့အား သွန်သင် ရသော စီရင် ထုံးဖွဲ့ ချက်၊ ပညတ် တရားအလုံးစုံ တို့ကို ငါ မြွက်ဆိုမည်ဟု ငါ့အား မိန့်တော်မူ၏။
toi ensuite, tu resteras ici avec moi, et je te dirai toute la loi, et les statuts et les règles que tu dois leur enseigner, afin qu’ils les observent dans le pays dont je leur destine la possession."
32 ၃၂ သို့ဖြစ်၍ သင် တို့၏ ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သင် တို့သည် ကျင့် အံ့သောငှာ စောင့် နေရကြမည်။ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ မရှောင်ရကြ။
Ayez donc soin d’observer ce que l’Éternel, votre Dieu, vous a ordonné; ne vous en écartez ni à droite ni à gauche.
33 ၃၃ သင်တို့ဝင်စား လတံ့သော ပြည် ၌ သင် တို့သည် သေဘေး လွတ်လျက် ချမ်းသာ ရ၍ ၊ အသက်တာ ရှည်မည် အကြောင်း ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား မှာ ထားတော်မူသော လမ်း အပေါင်း တို့၌ ရှောက်သွား ရကြမည်။
Toute la voie que l’Éternel, votre Dieu, vous a tracée, suivez-la, et vous vivrez heureux, et vous aurez de longs jours dans le pays que vous posséderez.