< တရားဟောရာ 4 >

1 အိုဣသရေလ အမျိုးသားတို့၊ သင်တို့သည် အသက်ရှင် ၍ ၊ သင် တို့ဘိုးဘေး ကိုးကွယ်သော ဘုရား သခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို ဝင်စား မည်အကြောင်း ၊ သင် တို့ကျင့် စရာဘို့ ငါ သွန်သင် သော စီရင် ထုံးဖွဲ့ချက်တို့ကို နားထောင် ကြလော့။
Sikia sasa, ee Israeli, amri na sheria nitakazokufundisha wewe. Zifuate ili upate kuishi na uingie kuimiliki nchi ambayo Bwana, Mungu wa baba zako anawapa.
2 ငါ မှာ ထားသော စကား ၌ သင်တို့သည် အသစ် မ သွင်းရ။ အလျှင်း မ နုတ်မပယ် ရ။ ငါ မှာ ထားသည် အတိုင်း ၊ သင် တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ် တော်တို့ကို စောင့်ရှောက် ရကြမည်။
Usiongeze wala usipunguze chochote ninachowaamuru ninyi, ila myashike maagizo ya Bwana Mungu wenu ambayo nawapa.
3 ထာဝရဘုရား သည် ဗာလပေဂုရ ကြောင့် ပြု တော်မူသော အမှုကို သင်တို့သည် ကိုယ်တိုင် မြင် ရကြပြီ။ ဗာလပေဂုရ ၌ ဆည်းကပ် သော သူ အပေါင်း တို့ကို သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့အထဲ က သုတ်သင် ပယ်ရှင်းတော်မူပြီ။
Mliona kwa macho yenu wenyewe kile Bwana alichokifanya kule Baal-Peori. Bwana Mungu wenu aliwaangamiza kutoka miongoni mwenu kila mmoja aliyemfuata Baali wa Peori,
4 သင် တို့ဘုရား သခင်ထာဝရဘုရား ၌ မှီဝဲ သမျှ သော သင် တို့မူကား ၊ ယနေ့ တိုင်အောင် အသက်ရှင် ရကြ၏။
lakini ninyi nyote mlioshikamana na Bwana kwa uthabiti, Mungu wenu, mko hai mpaka leo.
5 သင် တို့သည် သွား၍ ဝင်စား သောပြည် ၌ ကျင့် စရာဘို့ ၊ ငါ ၏ဘုရား သခင်ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ စီရင် ထုံးဖွဲ့ တော်မူချက်တို့ကို သင် တို့အား ငါသွန်သင် ပြီ။
Tazama, nimewafundisha amri na sheria kama Bwana Mungu wangu alivyoniamuru mimi, ili mzifuate katika nchi mnayoiingia kuimiliki.
6 သို့ဖြစ်၍ ထို ပညတ် တရားတို့ကို ကျင့်စောင့် ကြလော့။ သို့ပြုလျှင် ၊ ထို ပညတ် တရား ရှိသမျှ တို့ကို ကြား ရသောလူမျိုး များရှေ့ မှာ၊ သင် တို့၏ ဉာဏ် ပညာ သည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤ ကြီးမြတ် သော လူမျိုး သည် အကယ် စင်စစ်ဉာဏ် ပညာနှင့် ပြည့်စုံသော အမျိုး ဖြစ်၏ဟု ဆို ကြလိမ့်မည်။
Zishikeni kwa uangalifu, kwa kuwa hii itaonyesha hekima na ufahamu wenu kwa mataifa, ambayo yatasikia kuhusu amri zote hizi, nao watasema, “Hakika taifa hili kubwa ni watu wenye hekima na ufahamu.”
7 ငါ တို့သည် ဆုတောင်း လေရာရာ ၌ ၊ ငါ တို့ဘုရား သခင် ထာဝရဘုရား ကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးကိုခံရသည်နည်းတူ၊ အခြား သောဘုရား ကြည့်ရှုပြုစုသော ကျေးဇူးကို အဘယ်မည်သော လူမျိုး ကြီး ခံရသနည်း။
Ni taifa gani jingine lililo kubwa kiasi cha kuwa na miungu yao iliyo karibu nao kama Bwana Mungu wetu alivyo karibu nasi wakati wowote tunapomwomba?
8 ငါ သည် ယနေ့ သင် တို့၌ထား သော တရား အပေါင်း နှင့်အမျှ ဖြောင့်မတ် သော စီရင် ထုံးဖွဲ့ချက်တို့ကို ရသော အဘယ် လူမျိုး ကြီး ရှိသနည်း။
Nalo ni taifa gani jingine lililo kubwa hivi lenye kuwa na amri na sheria za haki kama hizi ninazoweka mbele yenu leo?
9 သင်တို့သည်၊ ဟောရပ် အရပ်မှာ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြသောအခါ ၊ ကိုယ်တိုင် မြင် သော အမှု အရာတို့ကို မ မေ့ မလျော့။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည်အကြောင်းကိုယ် ကို ကိုယ်သတိ ပြုကြလော့။ ကိုယ် စိတ်နှလုံး ကို ကြိုးစား၍ စောင့်ရှောက် ကြလော့။ ထိုအရာတို့ကို သား မြေးတို့အား လည်း သွန်သင် ကြလော့။
Mwe waangalifu, na makini ili msije mkasahau mambo ambayo mliyaona kwa macho yenu, wala kuyaacha yaondoke moyoni mwenu siku zote za uhai wenu. Mwafundishe hayo watoto wenu na watoto wao baada yao.
10 ၁၀ ထိုအခါ ထာဝရဘုရား က၊ လူ များတို့ကို ငါ့ ထံမှာ စုဝေး စေလော့။ သူ တို့သည် မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလ ပတ်လုံး ငါ့ ကို ကြောက်ရွံ့ ၍ သား မြေး တို့အား သွန်သင် စေခြင်းငှာ။ ငါ့ စကား ကို ကြား စေမည်ဟု ငါ့ အား မိန့် တော်မူသည်အတိုင်း၊
Kumbuka siku uliyosimama mbele za Bwana Mungu wako kule Horebu, wakati aliponiambia, “Wakutanishe watu mbele yangu wasikie maneno yangu ili kwamba waweze kujifunza kuniheshimu kwa muda wote watakaoishi katika nchi, nao waweze kuwafundisha watoto wao maneno hayo.”
11 ၁၁ သင်တို့သည် အနီးတော်သို့ ချဉ်းကပ် ၍ ၊ တောင် ခြေရင်း ၌ ရပ် နေကြ၏။ တောင် ထိပ်သည် မိုဃ်း ကောင်းကင်အလယ် ၌ မီး လောင် လျက် ၊ မည်း သော အဆင်း၊ မိုဃ်းတိမ် တိုက်၊ ထူထပ် သော မှောင်မိုက်နှင့် ပြည့်စုံလေ၏။
Mlisogea karibu na mkasimama chini ya mlima wakati ulipowaka moto mpaka mbinguni juu, pamoja na mawingu meusi na giza nene.
12 ၁၂ ထာဝရဘုရား သည်လည်း ၊ မီး ထဲက သင် တို့အား မိန့် မြွက်တော်မူ၏။ သင် တို့သည် သဏ္ဍာန် တော်ကို မ မြင် ရဘဲ၊ စကား တော်အသံ ကိုသာ ကြား ရကြ၏။
Ndipo Bwana alipozungumza nanyi kutoka moto. Mkasikia sauti ya maneno lakini hamkuona umbo, kulikuwa na sauti tu.
13 ၁၃ သင် တို့ကျင့် စရာဘို့ မှာ ထားတော်မူသော ပဋိညာဉ် တရားတည်း ဟူသောပညတ် တော်ဆယ် ပါးတို့ကို မိန့် မြွက်၍ ကျောက် ပြားနှစ် ပြားပေါ် ၌ ရေး ထားတော်မူ၏။
Aliwatangazia Agano lake na Amri Kumi, ambazo aliwaamuru mzifuate, kisha akaziandika juu ya vibao viwili vya mawe.
14 ၁၄ သင် တို့သည် သွား ၍ ဝင်စား သော ပြည် ၌ ကျင့် စရာဘို့ သင် တို့အား ငါသွန်သင် ရသော စီရင် ထုံးဖွဲ့ချက်တို့ကိုလည်း ၊ ထိုအခါ ထာဝရဘုရား သည် ငါ့ အား မှာ ထား တော်မူ၏။
Naye Bwana alinielekeza wakati huo kuwafundisha ninyi sheria na amri ambazo mnapaswa kuzifuata katika nchi ambayo mnavuka Yordani kuimiliki.
15 ၁၅ ဟောရပ် အရပ်၌ ထာဝရဘုရား သည် မီး ထဲက သင် တို့အား မိန့် မြွက်တော်မူသောအခါ၊ မည်သည့် အဆင်း သဏ္ဍာန်ကိုမျှ မ မြင် ရသည်ဖြစ်၍၊
Hamkuona umbo la aina yoyote siku ambayo Bwana alizungumza nanyi kule Horebu kutoka kwenye moto. Kwa hiyo mjihadhari kwa uangalifu sana,
16 ၁၆ နောက်တဖန် သင်တို့သည် လူယောက်ျား ၊ လူမိန်းမ သဏ္ဍာန်၊
ili msije mkajichafua na kujitengenezea sanamu au kinyago chenye umbo lolote kama la mwanaume au mwanamke,
17 ၁၇ မြေကြီး ပေါ် မှာရှိသော တိရစ္ဆာန် သဏ္ဍာန် ၊ မိုဃ်း ကောင်းကင်၌ ပျံ တတ်သော ငှက် သဏ္ဍာန်၊
au kama mnyama aliye juu ya nchi au ndege yeyote arukaye angani,
18 ၁၈ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်သဏ္ဍာန် ၊ မြေ နိမ့် ရာ ရေ ၌ နေသော ငါး သဏ္ဍာန် ရှိသောရုပ်တု ကို၊ သင်တို့သည် ဖောက်ပြန် ၍ ကိုယ့် အဘို့ မ လုပ် ရမည်အကြောင်း၊
au kama kiumbe kitambaacho juu ya ardhi au samaki yeyote aliye ndani ya maji.
19 ၁၉ မိုဃ်း ကောင်းကင်ကို မြော် ၍ ၊ နေ ၊ လ ၊ ကြယ် များ တည်းဟူသောမိုဃ်း ကောင်းကင်တန်ဆာ ရှိသမျှ တို့ကို မြင် သောအခါ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည်၊ မိုဃ်း ကောင်းကင်အောက် ၌ ရှိသမျှ သော လူမျိုး တို့ အား ဝေငှ ပေးကမ်းတော်မူသော ထိုတန်ဆာ တို့ကို ဝတ်ပြု ကိုးကွယ်စေခြင်းငှာ ၊ သူတပါးတို့သည် သွေးဆောင်၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြု ကြလော့။
Na utazamapo juu angani na ukaliona jua, mwezi na nyota na vyote vinavyoipamba mbingu, usije ukashawishiwa kuviinamia na kuviabudu vile ambavyo Bwana Mungu wenu alivyogawia mataifa yote chini ya mbingu.
20 ၂၀ သင် တို့သည် ယနေ့ ၌ ဖြစ်သကဲ့သို့ ၊ ထာဝရဘုရား အမွေခံ တော်မူသောလူမျိုး ဖြစ်စေ ခြင်းငှာ၊ သင် တို့ကို အဲဂုတ္တု ပြည် သံ မီးဖို ထဲက နှုတ် ၍ ယူဆောင် တော်မူပြီ။
Lakini kwenu ninyi, Bwana amewatoa kutoka kwenye tanuru ya kuyeyushia chuma, katika Misri kuwa watu wa urithi wake kama mlivyo sasa.
21 ၂၁ ထိုမှတပါး၊ ထာဝရဘုရား သည် သင် တို့အတွက် ငါ့ ကို အမျက် တော်ထွက်၍ ၊ ငါ သည် ယော်ဒန် မြစ် တဘက်သို့ မ ကူး ရမည်အကြောင်းနှင့် သင် တို့၏ ဘုရား သခင် ထာဝရဘုရား သည် သင် တို့အမွေခံ စရာဘို့ ပေး တော်မူသော ထိုပြည် မြတ် သို့ မ ဝင်စား ရမည် အကြောင်းကျိန်ဆို တော်မူပြီ။
Bwana alinikasirikia kwa sababu yenu na akaapa kwamba sitavuka Yordani kuingia katika nchi nzuri Bwana Mungu wenu anayowapa kuwa urithi wenu.
22 ၂၂ သို့ဖြစ်၍ ဤ ပြည် ၌ ငါ သေ ရမည်၊ ယော်ဒန် မြစ် ကို မ ကူး ရ။ သင် တို့သည် ကူး ၍ ထို ကောင်းမွန် သော ပြည် ကို ဝင်စား ကြလိမ့်မည်။
Nitakufa katika nchi hii; sitavuka Yordani, lakini ninyi ni karibu mvuke mkaimiliki ile nchi nzuri.
23 ၂၃ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့၌ ထား တော်မူသော ပဋိညာဉ် တရားကို မေ့လျော့ ၍၊ သင် တို့ဘုရား သခင်ထာဝရဘုရား မြစ်တား တော်မူသော အရာ တို့၏ သဏ္ဍာန် ရှိသောရုပ်တု ကို မ လုပ် မည် အကြောင်း ၊ ကိုယ်ကိုကိုယ် သတိ ပြုကြလော့။
Jihadharini msilisahau Agano la Bwana Mungu wenu lile alilofanya nanyi; msijitengenezee sanamu katika umbo la kitu chochote ambacho Bwana Mungu wenu amewakataza.
24 ၂၄ အကြောင်း မူကား၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် လောင် သောမီး ၊ အပြစ် ရှိသည်ဟု ယုံလွယ်သော ဘုရား ဖြစ်တော်မူ၏။
Kwa kuwa Bwana Mungu wenu ni moto ulao, Mungu mwenye wivu.
25 ၂၅ သင်တို့သည် သား မြေး တို့ကို ဘွား မြင်၍၊ ထိုပြည် ၌ ကြာမြင့်စွာ နေ ပြီးမှ ၊ တဖန် ဖောက်ပြန် သဖြင့် ၊ သဏ္ဍာန် တစုံတခု ရှိသော ရုပ်တု ကို လုပ် ၍ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အမျက် တော်ကို နှိုးဆော်ခြင်းငှာ ရှေ့ တော်၌ ဒုစရိုက် ကို ပြု လျှင်၊
Baada ya kuwa na watoto na wajukuu na kuishi katika nchi hiyo siku nyingi, tena kama mkijichafua na kutengeneza sanamu ya aina yoyote, mkifanya maovu machoni pa Bwana Mungu wenu na kumfanya awe na hasira,
26 ၂၆ ကောင်းကင် မြေကြီး ကို သင် တို့တဘက် ၌ ယနေ့ ငါတိုင်တည် သည်ကား၊ သင် တို့သည် ယော်ဒန် မြစ်ကို ကူး ၍ ဝင်စား သောပြည် ၌ ၊ မကြာ မမြင့်မှီဆက်ဆက်ပျောက်ပျက် ရကြ လိမ့်မည်။ ထိုပြည် ၌ တာရှည်စွာ အသက် မ ရှင်ရ။ ရှင်းရှင်းပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်။
ninaziita mbingu na nchi kama mashahidi dhidi yenu siku hii kwamba mtaangamia mara moja kutoka nchi ile ambayo mnavuka Yordani kuimiliki. Hamtaishi kule kwa muda mrefu bali kwa hakika mtaangamizwa.
27 ၂၇ ထာဝရဘုရား သည်လည်း ၊ သင် တို့ကို တပါး အမျိုးသားတို့တွင် အရပ်ရပ် ကွဲပြား စေ၍၊ နှင်ထုတ် တော်မူ သော သာသနာပ လူတို့တွင် သင်တို့သည် နည်းနည်း ကျန်ကြွင်း ရကြလိမ့်မည်။
Bwana atawatawanya miongoni mwa mataifa, na ni wachache wenu tu watakaosalia miongoni mwa mataifa hayo ambayo Bwana atawafukuzia.
28 ၂၈ ထို အရပ်တို့၌၊ လူ လက် ဖြင့်လုပ် ၍ မ မြင် နိုင်၊ မ ကြား နိုင်၊ မ စား နိုင်၊ မ နမ်း နိုင်သော သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို သင်တို့သည် ဝတ်ပြု ရကြလိမ့်မည်။
Huko mtaabudu miungu ya miti na mawe iliyotengenezwa na watu, ambayo haiwezi kuona au kusikia wala kula au kunusa.
29 ၂၉ သို့သော်လည်း၊ ထို အရပ်တို့၌ သင် တို့၏ဘုရား သခင် ထာဝရဘုရား ကို တဖန်ရှာ လိုသောအခါ ၊ စိတ်နှလုံး အကြွင်းမဲ့ ရှာ လျှင် တွေ့ ရကြလိမ့်မည်။
Lakini kama mtamtafuta Bwana Mungu wenu, mtampata; kama mtamtafuta kwa moyo wenu wote na kwa roho yote.
30 ၃၀ သင် တို့သည် နောင် ကာလ ၌ ဒုက္ခဆင်းရဲ ကို ခံ ရ၍ ၊ ဤ အမှု အလုံးစုံ တို့နှင့် တွေ့ကြုံသောအခါ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ ပြန်လာ ၍ စကား တော်ကို နားထောင် လျှင်၊
Wakati mnapokuwa katika dhiki, nayo mambo haya yote yamewatokea siku hizo, ndipo mtamrudia Bwana Mungu wenu na kumtii.
31 ၃၁ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သနား တတ်သောဘုရား ဖြစ်တော်မူသောကြောင့် သင် တို့ကို စွန့်ပစ် ဖျက်ဆီး တော်မ မူ။ သင် တို့ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပဋိညာဉ် တရားကို မေ့လျော့ တော်မ မူ။
Kwa maana Bwana Mungu wenu ni Mungu mwenye huruma, hatawaacha au kuwaangamiza wala kusahau Agano alilofanya na baba zenu, alilowathibitishia kwa kiapo.
32 ၃၂ ဘုရားသခင် သည် မြေကြီး ပေါ် မှာ လူ ကို ဖန်ဆင်း တော်မူသော နေ့ မှစ၍ ၊ သင် တို့မ ဖြစ် မှီ လွန်လေ ပြီးသော ကာလ ပတ်လုံး၊ မိုဃ်း ကောင်းကင်တဘက် မှ တဘက် တိုင်အောင် မေးမြန်းကြလော့။ ဤ မျှလောက်ကြီး သောအမှု ဖြစ် ဘူးသလော။ ဤကဲ့သို့ သော အမှု၏ သိတင်းကို ကြား ဘူးသလော။
Sasa uliza kuhusu siku za zamani, zamani kabla ya wakati wako, tangu siku ile Mungu alipomuumba mtu juu ya nchi, uliza kutoka mwisho mmoja wa mbingu mpaka mwisho mwingine wa mbingu. Je, kumepata kutokea jambo jingine lililo kubwa kama hili, au kuna jambo jingine kama hilo limepata kusikiwa?
33 ၃၃ ဘုရားသခင် သည် မီး ထဲက မိန့် မြွက်တော်မူသံ ကို သင် တို့သည် ကြား သကဲ့သို့ ၊ အခြားသောလူမျိုး သည် ကြား ၍ ၊ အသက် ချမ်းသာရဘူးသလော။
Je, kuna watu wengine wowote waliosikia sauti ya Mungu ikizungumza kwenye moto, kama mlivyosikia, nao wakaishi?
34 ၃၄ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည်မှာ သင် တို့မျက်မှောက် ၌ ပြု တော်မူသကဲ့သို့ ၊ စုံစမ်း ခြင်းနိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြခြင်း၊ စစ်မှု ကိုရောက်စေခြင်း၊ အားကြီး သော လက်ရုံး တော်ကို ဆန့် ခြင်း၊ ကြောက်မက် ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြား တပါးသော ဘုရား သည် သွား ၍ လူ တမျိုးထဲက တမျိုးကို မိမိ အဘို့ နှုတ်ယူ ဘူးသလော။
Je, kuna mungu yeyote amepata kujaribu mwenyewe kuchukua taifa moja kutoka taifa lingine, kwa mapigo, kwa ishara za miujiza na maajabu, kwa vita, kwa mkono wenye nguvu na mkono ulionyooshwa au kwa matendo makuu ya kutisha, kama yale ambayo Bwana Mungu wenu aliyofanya kwa ajili yenu huko Misri mbele ya macho yenu?
35 ၃၅ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း၊ ကိုယ်တော်မှတပါး အခြား သောဘုရား မ ရှိကြောင်းကို၎င်း၊ သင်တို့သိ စေခြင်းငှာ ၊ ထိုအခြင်းအရာတို့ ကို သင် တို့အား ပြ တော်မူပြီ။
Mlionyeshwa mambo haya ili mpate kujua kuwa Bwana ndiye Mungu; hakuna mwingine ila yeye.
36 ၃၆ သင် တို့ကို သွန်သင် ၍ ကောင်းကင် ထဲက စကား တော်သံကို ကြား စေတော်မူပြီ။ မြေကြီး ပေါ် မှာ ကြီးစွာ သော မီး တော်ကိုလည်း ပြ တော်မူ၍၊ သင်တို့သည် မီး ထဲက စကား တော်ကို ကြား ရကြပြီ။
Kutoka mbinguni amewasikizisha sauti yake ili kuwaadilisha. Hapa duniani aliwaonyesha moto wake mkubwa, nanyi mlisikia maneno yake kutoka kwenye ule moto.
37 ၃၇ သင် တို့ဘိုးဘေး များကို ချစ် တော်မူသောကြောင့် ၊ သူ တို့ အမျိုးအနွယ် ကို ရွေးကောက် တော်မူပြီ။
Kwa sababu aliwapenda baba zenu na alichagua wazao wao baada yao, aliwatoa katika nchi ya Misri kwa Uwepo wake na kwa uwezo wake mkuu,
38 ၃၈ သင် တို့ထက် အားကြီး ၍ များပြား သောလူမျိုး တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် တော်မူ၍ ၊ ယနေ့ ပင် ဖြစ်သကဲ့သို့ သူ တို့မြေ ထဲသို့ သင် တို့ကို သွင်း ၍ အမွေခံ စေခြင်းငှာ ၊ မဟာ တန်ခိုး တော်အားဖြင့် အဲဂုတ္တု ပြည်မှ ရှေ့ တော်၌ နှုတ်ဆောင် တော်မူပြီ။
aliwafukuza mbele yenu mataifa makubwa na yenye nguvu kuliko ninyi na kuwaleta ninyi katika nchi yao na akawapa ninyi kuwa urithi wenu, kama ilivyo leo.
39 ၃၉ သို့ဖြစ်၍ ထာဝရဘုရား သည် အထက် ကောင်းကင် ပေါ် ၊ အောက် အရပ် မြေကြီး ပေါ် မှာ ဘုရား သခင်ဖြစ်တော်မူကြောင်း ကို၎င်း၊ အခြားတပါးသောဘုရား မ ရှိ ကြောင်းကို၎င်း၊ ယနေ့ သိ မှတ်၍ နှလုံး ၌ သွင်း မိကြလော့။
Kubalini na mweke moyoni leo kuwa Bwana ndiye Mungu mbinguni juu na duniani chini. Hakuna mwingine.
40 ၄၀ သင် တို့နှင့်တကွ သား မြေးတို့သည် ချမ်းသာ ရ ခြင်းငှာ ၎င်း ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ အသက်တာ ရှည် စေခြင်းငှာ ၎င်း ၊ ယနေ့ ငါ မှာ ထားသော ပညတ် တရားတော်တို့ကို စောင့်ရှောက် ရကြမည်ဟု မောရှေသည် ဟောပြောလေ၏။
Mshike amri na maagizo yake ninayowapa leo, ili mpate kufanikiwa ninyi na watoto wenu baada yenu, na mpate kuishi maisha marefu katika nchi awapayo Bwana Mungu wenu siku zote.
41 ၄၁ ထိုအခါ အိမ်နီးချင်း ကို အငြိုး မ ထားဘဲ၊ အမှတ်တမဲ့ သတ် မိသော သူသည် ပြေး ၍ ၊ အသက် ချမ်းသာရသောမြို့သုံး မြို့ တို့ကို ယော်ဒန် မြစ်အရှေ့ ၊ နေထွက် ရာဘက်၌ မောရှေ သည်ခွဲ ထားလေ၏။
Kisha Mose akatenga miji mitatu mashariki ya Yordani,
42 ၄၂
ambayo mtu yeyote aliyemuua mtu angeweza kukimbilia ikiwa amemuua jirani yake bila kukusudia na bila kuwa na chuki naye siku zilizopita. Angeweza kukimbilia katika mmojawapo ya miji hii na kuokoa maisha yake.
43 ၄၃ ထိုမြို့တို့၏ အမည်ကား၊ ရုဗင် အမျိုးသားနေရာတော လွင်ပြင်၌ ဗေဇာ မြို့၊ ဂဒ် အမျိုးသား နေရာ ဂိလဒ် ပြည်၌ ရာမုတ် မြို့၊ မနာရှေ အမျိုးသားနေရာ ဗာရှန် ပြည် ၌ ဂေါလန် မြို့တည်း။
Miji hiyo ilikuwa: Bezeri katika tambarare ya jangwa kwa ajili ya Wareubeni; Ramothi katika nchi ya Gileadi kwa ajili ya Wagadi; nao mji wa Golani katika nchi ya Bashani kwa ajili ya Wamanase.
44 ၄၄ ဤ ရွေ့ကား၊ မောရှေ သည် ဣသရေလ အမျိုးသား တို့၌ ထား သော တရား၊
Hii ndiyo sheria Mose aliyoweka mbele ya Waisraeli.
45 ၄၅ သူတို့သည် အဲဂုတ္တု ပြည်မှ ထွက် သော နောက်၊ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ၏ နိုင်ငံ အတွင်း ၊ ယော်ဒန် မြစ်အရှေ့ ဘက်၊ ဗက်ပေဂုရ မြို့ တဘက် ၌ရှိသောချိုင့် တွင် ၊ မောရှေ ဟောပြော သော သက်သေ စကား၊ စီရင် ထုံးဖွဲ့သော စကားတည်း။
Haya ndiyo masharti, amri na sheria Mose aliyowapa wana wa Israeli wakati walitoka Misri,
46 ၄၆ မောရှေ နှင့် ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် ကြသော နောက်၊ ထိုရှင်ဘုရင်နှင့်၊
nao walikuwa katika bonde karibu na Beth-Peori mashariki ya Yordani, katika nchi ya Sihoni mfalme wa Waamori, ambaye alitawala Heshboni, naye alishindwa na Mose na Waisraeli walipokuja toka Misri.
47 ၄၇ ဗာရှန် ရှင်ဘုရင် ဩဃ တည်းဟူသော ၊ ယော်ဒန် မြစ်အရှေ့ ၊ နေ ထွက် ရာဘက်၌ နေသောအာမောရိ ရှင်ဘုရင် နှစ်ပါး ကို လုပ်ကြံ ၍ ၊ သူ တို့ပြည် ကို၊
Waliimiliki nchi yake na nchi ya Ogu mfalme wa Bashani, wafalme wawili Waamori waliotawala mashariki ya Yordani.
48 ၄၈ အာနုန် မြစ် နား မှာ ရှိသော အာရော် မြို့မှစ၍ ဟေရမုန် တောင်တည်းဟူသော ဇိအုန် တောင် တိုင်အောင် ၎င်း၊
Nchi hii ilienea kutoka Aroeri ukingoni mwa Bonde la Arnoni mpaka Mlima Sioni (yaani Hermoni),
49 ၄၉ ယော်ဒန် မြစ်အရှေ့ ဘက် လွင်ပြင် နှင့် တကွ လွင်ပြင် နှင့်ဆိုင်သော အိုင် နား၊ အာဇုတ် ပိသဂါ မြို့တိုင်အောင် ၎င်း သိမ်းယူကြ၏။
pamoja na eneo lote la Araba mashariki ya Yordani, na kuenea mpaka Bahari ya Araba kwenye miteremko ya Pisga.

< တရားဟောရာ 4 >