< တရားဟောရာ 4 >
1 ၁ အိုဣသရေလ အမျိုးသားတို့၊ သင်တို့သည် အသက်ရှင် ၍ ၊ သင် တို့ဘိုးဘေး ကိုးကွယ်သော ဘုရား သခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို ဝင်စား မည်အကြောင်း ၊ သင် တို့ကျင့် စရာဘို့ ငါ သွန်သင် သော စီရင် ထုံးဖွဲ့ချက်တို့ကို နားထောင် ကြလော့။
၁ထို့နောက်မောရှေကဣသရေလအမျိုးသား တို့အား``သင်တို့အားငါသွန်သင်သောပညတ် တို့ကိုလိုက်နာလျှင် သင်တို့သည်အသက်ရှင်၍ သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရား ပေးတော်မူမည့်ပြည်ကိုလည်းသိမ်း ပိုက်ရရှိကြလိမ့်မည်။-
2 ၂ ငါ မှာ ထားသော စကား ၌ သင်တို့သည် အသစ် မ သွင်းရ။ အလျှင်း မ နုတ်မပယ် ရ။ ငါ မှာ ထားသည် အတိုင်း ၊ သင် တို့ဘုရား သခင်ထာဝရဘုရား ၏ ပညတ် တော်တို့ကို စောင့်ရှောက် ရကြမည်။
၂သင်တို့သည်ငါမိန့်မှာသမျှကိုဖြည့်စွက် ခြင်း၊ နုတ်ပယ်ခြင်းမပြုရ။ သင်တို့အားငါ ပေးသော သင်တို့၏ဘုရားသခင်ထာဝရ ဘုရား၏ပညတ်တော်တို့ကိုလိုက်နာ ကြလော့။-
3 ၃ ထာဝရဘုရား သည် ဗာလပေဂုရ ကြောင့် ပြု တော်မူသော အမှုကို သင်တို့သည် ကိုယ်တိုင် မြင် ရကြပြီ။ ဗာလပေဂုရ ၌ ဆည်းကပ် သော သူ အပေါင်း တို့ကို သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သင် တို့အထဲ က သုတ်သင် ပယ်ရှင်းတော်မူပြီ။
၃ပေဂုရတောင်တွင်ထာဝရဘုရားပြုတော် မူသောအမှုကို သင်တို့ကိုယ်တိုင်မြင်ခဲ့ရ ကြပြီ။ ထိုအရပ်တွင်ထာဝရဘုရားသည် ဗာလဘုရားကိုဝတ်ပြုသူမှန်သမျှ အားသေကြေပျက်စီးစေ၍၊-
4 ၄ သင် တို့ဘုရား သခင်ထာဝရဘုရား ၌ မှီဝဲ သမျှ သော သင် တို့မူကား ၊ ယနေ့ တိုင်အောင် အသက်ရှင် ရကြ၏။
၄ဘုရားသခင်ထာဝရဘုရားကိုကိုးကွယ် သောသင်တို့ကိုမူ ယနေ့တိုင်အောင်အသက် ရှင်စေတော်မူ၏။''
5 ၅ သင် တို့သည် သွား၍ ဝင်စား သောပြည် ၌ ကျင့် စရာဘို့ ၊ ငါ ၏ဘုရား သခင်ထာဝရဘုရား မှာ ထား တော်မူသည်အတိုင်း ၊ စီရင် ထုံးဖွဲ့ တော်မူချက်တို့ကို သင် တို့အား ငါသွန်သင် ပြီ။
၅``ငါတို့၏ဘုရားသခင်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ငါသည်ပညတ် တော်အားလုံးကိုသင်တို့အားသွန်သင်ခဲ့ ပြီ။ သင်တို့တိုက်ခိုက်၍သိမ်းပိုက်နေထိုင်မည့် ပြည်တွင် ထိုပညတ်တော်တို့ကိုလိုက်နာကြ လော့။-
6 ၆ သို့ဖြစ်၍ ထို ပညတ် တရားတို့ကို ကျင့်စောင့် ကြလော့။ သို့ပြုလျှင် ၊ ထို ပညတ် တရား ရှိသမျှ တို့ကို ကြား ရသောလူမျိုး များရှေ့ မှာ၊ သင် တို့၏ ဉာဏ် ပညာ သည် ထင်ရှားလိမ့်မည်။ သူတို့ကလည်း၊ ဤ ကြီးမြတ် သော လူမျိုး သည် အကယ် စင်စစ်ဉာဏ် ပညာနှင့် ပြည့်စုံသော အမျိုး ဖြစ်၏ဟု ဆို ကြလိမ့်မည်။
၆သင်တို့သည်ထိုပညတ်တော်တို့ကိုတစ်သဝေ မတိမ်းလိုက်နာစောင့်ထိန်းကြလျှင် အခြား သောလူမျိုးများရှေ့တွင်သင်တို့၏၊ ဉာဏ်ပညာ ပေါ်လွင်ထင်ရှားလိမ့်မည်။ သူတို့သည်ထို ပညတ်တော်ရှိသမျှကိုကြားရသောအခါ `ဤလူမျိုးသည်ဉာဏ်ပညာအမြော်အမြင် နှင့်ပြည့်စုံသောလူမျိုးကြီးဖြစ်ပါသည် တကား' ဟုချီးကူးကြလိမ့်မည်။''
7 ၇ ငါ တို့သည် ဆုတောင်း လေရာရာ ၌ ၊ ငါ တို့ဘုရား သခင် ထာဝရဘုရား ကြည့်ရှုပြုစုတော်မူခြင်း ကျေးဇူးကိုခံရသည်နည်းတူ၊ အခြား သောဘုရား ကြည့်ရှုပြုစုသော ကျေးဇူးကို အဘယ်မည်သော လူမျိုး ကြီး ခံရသနည်း။
၇``ငါတို့၏ဘုရားသခင်ထာဝရဘုရား သည် ငါတို့အကူအညီလိုသည့်အခါတိုင်း ငါတို့အနားတွင်ရှိတော်မူ၏။ ဤကဲ့သို့ သောဘုရားကိုကိုးကွယ်သည့်လူမျိုးကြီး ရှိသေးသလော။-
8 ၈ ငါ သည် ယနေ့ သင် တို့၌ထား သော တရား အပေါင်း နှင့်အမျှ ဖြောင့်မတ် သော စီရင် ထုံးဖွဲ့ချက်တို့ကို ရသော အဘယ် လူမျိုး ကြီး ရှိသနည်း။
၈ယနေ့သင်တို့အားငါသွန်သင်သောပညတ် တော်များကဲ့သို့ တရားမျှတသောပညတ် များကိုရသောလူမျိုးကြီးရှိသေး သလော။-
9 ၉ သင်တို့သည်၊ ဟောရပ် အရပ်မှာ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ ရပ် နေကြသောအခါ ၊ ကိုယ်တိုင် မြင် သော အမှု အရာတို့ကို မ မေ့ မလျော့။ နောက်တသက်လုံး နှလုံးသွင်းနိုင်မည်အကြောင်းကိုယ် ကို ကိုယ်သတိ ပြုကြလော့။ ကိုယ် စိတ်နှလုံး ကို ကြိုးစား၍ စောင့်ရှောက် ကြလော့။ ထိုအရာတို့ကို သား မြေးတို့အား လည်း သွန်သင် ကြလော့။
၉သင်တို့သည်သတိရှိကြလော့။ သင်တို့ကိုယ် တိုင်မြင်ခဲ့သမျှတို့ကို တစ်သက်လုံးမမေ့ စေရန်သတိပြုကြလော့။-
10 ၁၀ ထိုအခါ ထာဝရဘုရား က၊ လူ များတို့ကို ငါ့ ထံမှာ စုဝေး စေလော့။ သူ တို့သည် မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလ ပတ်လုံး ငါ့ ကို ကြောက်ရွံ့ ၍ သား မြေး တို့အား သွန်သင် စေခြင်းငှာ။ ငါ့ စကား ကို ကြား စေမည်ဟု ငါ့ အား မိန့် တော်မူသည်အတိုင်း၊
၁၀သိနာတောင်တွင်သင်တို့၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ သင်တို့ရောက်ရှိ နေကြစဉ်ထာဝရဘုရားကငါ့အား`လူ အပေါင်းတို့ကိုစုဝေးစေလော့။ ငါမိန့်မှာ တော်မူသမျှကိုကြားနာစေလော့။ သို့မှ သာသူတို့အသက်ရှင်သမျှကာလပတ် လုံး ငါ့ကိုကြောက်ရွံ့ရိုသေမည်။ သူတို့သွန် သင်သဖြင့်သူတို့၏သားသမီးများလည်း ငါ့ကိုကြောက်ရွံ့ရိုသေမည်' ဟူ၍ငါ့အား မိန့်တော်မူသည့်အကြောင်းကို သင်တို့၏ သားမြေးတို့အားသွန်သင်လော့။''
11 ၁၁ သင်တို့သည် အနီးတော်သို့ ချဉ်းကပ် ၍ ၊ တောင် ခြေရင်း ၌ ရပ် နေကြ၏။ တောင် ထိပ်သည် မိုဃ်း ကောင်းကင်အလယ် ၌ မီး လောင် လျက် ၊ မည်း သော အဆင်း၊ မိုဃ်းတိမ် တိုက်၊ ထူထပ် သော မှောင်မိုက်နှင့် ပြည့်စုံလေ၏။
၁၁``သင်တို့သည်မည်းမှောင်၍ထူထပ်သောတိမ် ဖုံးလျက် မိုးကောင်းကင်သို့တိုင်အောင် မီးလျှံ တက်နေသည့်တောင်ခြေရင်းသို့ချဉ်းကပ်၍ ရပ်နေကြကြောင်းကိုလည်းကောင်း၊-
12 ၁၂ ထာဝရဘုရား သည်လည်း ၊ မီး ထဲက သင် တို့အား မိန့် မြွက်တော်မူ၏။ သင် တို့သည် သဏ္ဍာန် တော်ကို မ မြင် ရဘဲ၊ စကား တော်အသံ ကိုသာ ကြား ရကြ၏။
၁၂သင်တို့သည်ထာဝရဘုရား၏ပုံသဏ္ဌာန် တော်ကိုမမြင်ရသော်လည်း မီးထဲမှကိုယ် တော်မိန့်တော်မူသံကိုကြားရကြကြောင်း ကိုလည်းကောင်း သားသမီးတို့အားပြော ပြလော့။-
13 ၁၃ သင် တို့ကျင့် စရာဘို့ မှာ ထားတော်မူသော ပဋိညာဉ် တရားတည်း ဟူသောပညတ် တော်ဆယ် ပါးတို့ကို မိန့် မြွက်၍ ကျောက် ပြားနှစ် ပြားပေါ် ၌ ရေး ထားတော်မူ၏။
၁၃ထာဝရဘုရားကသင်တို့နှင့်ပြုသောပဋိ ညာဉ်တည်းဟူသော ပညတ်တော်ဆယ်ပါးကို လိုက်နာရမည့်အကြောင်းမိန့်မြွက်တော်မူ၏။ ယင်းပညတ်တော်များကိုကျောက်ပြားနှစ် ပြားပေါ်တွင်ရေးထားတော်မူ၏။-
14 ၁၄ သင် တို့သည် သွား ၍ ဝင်စား သော ပြည် ၌ ကျင့် စရာဘို့ သင် တို့အား ငါသွန်သင် ရသော စီရင် ထုံးဖွဲ့ချက်တို့ကိုလည်း ၊ ထိုအခါ ထာဝရဘုရား သည် ငါ့ အား မှာ ထား တော်မူ၏။
၁၄သင်တို့ဝင်ရောက်သိမ်းပိုက်မည့်ပြည်တွင်သင် တို့စောင့်ထိန်းရမည့်ပညတ်များကို သင်တို့ အားသွန်သင်ရန်ငါ့ကိုမိန့်မှာတော်မူ၏။''
15 ၁၅ ဟောရပ် အရပ်၌ ထာဝရဘုရား သည် မီး ထဲက သင် တို့အား မိန့် မြွက်တော်မူသောအခါ၊ မည်သည့် အဆင်း သဏ္ဍာန်ကိုမျှ မ မြင် ရသည်ဖြစ်၍၊
၁၅``ထာဝရဘုရားသည်သိနာတောင်ပေါ်တွင် မီးထဲကသင်တို့အားမိန့်မြွက်တော်မူသော အခါ၌ သင်တို့သည်ကိုယ်တော်၏ပုံသဏ္ဌာန် တော်ကိုလုံးဝမမြင်ရကြ။ သို့ဖြစ်၍သင် တို့သည်ယောကျာ်းသို့မဟုတ်မိန်းမသဏ္ဌာန်၊ တိရစ္ဆာန်သို့မဟုတ်ငှက်သဏ္ဌာန်၊ တွားတတ်သော သတ္တဝါသို့မဟုတ်ငါးသဏ္ဌာန်နှင့်တူသော ရုပ်တုကိုထုလုပ်၍အပြစ်မပြုမိစေ ရန်အထူးသတိပြုကြလော့။-
16 ၁၆ နောက်တဖန် သင်တို့သည် လူယောက်ျား ၊ လူမိန်းမ သဏ္ဍာန်၊
၁၆
17 ၁၇ မြေကြီး ပေါ် မှာရှိသော တိရစ္ဆာန် သဏ္ဍာန် ၊ မိုဃ်း ကောင်းကင်၌ ပျံ တတ်သော ငှက် သဏ္ဍာန်၊
၁၇
18 ၁၈ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်သဏ္ဍာန် ၊ မြေ နိမ့် ရာ ရေ ၌ နေသော ငါး သဏ္ဍာန် ရှိသောရုပ်တု ကို၊ သင်တို့သည် ဖောက်ပြန် ၍ ကိုယ့် အဘို့ မ လုပ် ရမည်အကြောင်း၊
၁၈
19 ၁၉ မိုဃ်း ကောင်းကင်ကို မြော် ၍ ၊ နေ ၊ လ ၊ ကြယ် များ တည်းဟူသောမိုဃ်း ကောင်းကင်တန်ဆာ ရှိသမျှ တို့ကို မြင် သောအခါ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည်၊ မိုဃ်း ကောင်းကင်အောက် ၌ ရှိသမျှ သော လူမျိုး တို့ အား ဝေငှ ပေးကမ်းတော်မူသော ထိုတန်ဆာ တို့ကို ဝတ်ပြု ကိုးကွယ်စေခြင်းငှာ ၊ သူတပါးတို့သည် သွေးဆောင်၍ မရနိုင်မည်အကြောင်း၊ ကိုယ်ကိုကိုယ်သတိပြု ကြလော့။
၁၉မိုးကောင်းကင်တွင်မြင်ရသောနေ၊ လနှင့် ကြယ်နက္ခတ်စသည်များကိုလည်းဝတ်မပြု၊ မကိုးကွယ်မိစေရန်သတိပြုကြလော့။ ငါတို့၏ဘုရားသခင်ထာဝရဘုရား သည်အခြားလူမျိုးအပေါင်းတို့အား ထို အရာများကိုကိုးကွယ်ခွင့်ပေးတော်မူ၏။-
20 ၂၀ သင် တို့သည် ယနေ့ ၌ ဖြစ်သကဲ့သို့ ၊ ထာဝရဘုရား အမွေခံ တော်မူသောလူမျိုး ဖြစ်စေ ခြင်းငှာ၊ သင် တို့ကို အဲဂုတ္တု ပြည် သံ မီးဖို ထဲက နှုတ် ၍ ယူဆောင် တော်မူပြီ။
၂၀သင်တို့သည်ကားမီးပြင်းဖိုသဖွယ်ဖြစ် သောအီဂျစ်ပြည်ထဲမှ ထာဝရဘုရားထုတ် ဆောင်ခဲ့သောလူမျိုးဖြစ်၏။ ကိုယ်တော်၏လူ မျိုးတော်ဖြစ်စေရန် သင်တို့ကိုထုတ်ဆောင်ခဲ့ တော်မူ၏။ သို့ဖြစ်၍သင်တို့သည်ကိုယ်တော် ၏လူမျိုးတော်အဖြစ် ယနေ့ရပ်တည်လျက် ရှိကြသည်။-
21 ၂၁ ထိုမှတပါး၊ ထာဝရဘုရား သည် သင် တို့အတွက် ငါ့ ကို အမျက် တော်ထွက်၍ ၊ ငါ သည် ယော်ဒန် မြစ် တဘက်သို့ မ ကူး ရမည်အကြောင်းနှင့် သင် တို့၏ ဘုရား သခင် ထာဝရဘုရား သည် သင် တို့အမွေခံ စရာဘို့ ပေး တော်မူသော ထိုပြည် မြတ် သို့ မ ဝင်စား ရမည် အကြောင်းကျိန်ဆို တော်မူပြီ။
၂၁ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အတွက်ကြောင့်ငါ့အားအမျက်တော် ထွက်၍ ငါသည်ယော်ဒန်မြစ်တစ်ဘက်သို့ကူး ၍ သင်တို့အားပေးသနားတော်မူသည့်အစာ ရေစာပေါကြွယ်ဝသောပြည်သို့ မဝင်ရဟု အလေးအနက်ပညတ်တော်မူသည်။
22 ၂၂ သို့ဖြစ်၍ ဤ ပြည် ၌ ငါ သေ ရမည်၊ ယော်ဒန် မြစ် ကို မ ကူး ရ။ သင် တို့သည် ကူး ၍ ထို ကောင်းမွန် သော ပြည် ကို ဝင်စား ကြလိမ့်မည်။
၂၂ငါသည်ဤအရပ်၌သေရမည်။ ယော်ဒန်မြစ် တစ်ဘက်သို့ကူးရမည်မဟုတ်။ သို့ရာတွင် သင်တို့သည်မြစ်ကိုကူး၍ အစာရေစာပေါ ကြွယ်ဝသောပြည်ကိုသိမ်းယူရကြတော့မည်။-
23 ၂၃ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် သင် တို့၌ ထား တော်မူသော ပဋိညာဉ် တရားကို မေ့လျော့ ၍၊ သင် တို့ဘုရား သခင်ထာဝရဘုရား မြစ်တား တော်မူသော အရာ တို့၏ သဏ္ဍာန် ရှိသောရုပ်တု ကို မ လုပ် မည် အကြောင်း ၊ ကိုယ်ကိုကိုယ် သတိ ပြုကြလော့။
၂၃သင်တို့၏ဘုရားသခင်ထာဝရဘုရားက သင်တို့နှင့်ပြုထားသောပဋိညာဉ်ကိုမမေ့ ရန်သတိပြုလော့။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် မီးလျှံနှင့်တူသော ဘုရား၊ ပြိုင်ဘက်ကိုလုံးဝလက်မခံသော ဘုရားဖြစ်သောကြောင့် ကိုးကွယ်ရန်အတွက် မည်သည့်ရုပ်တုကိုမျှမထုလုပ်နှင့်ဟူသော ပညတ်ကိုစောင့်ထိန်းကြလော့။''
24 ၂၄ အကြောင်း မူကား၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် လောင် သောမီး ၊ အပြစ် ရှိသည်ဟု ယုံလွယ်သော ဘုရား ဖြစ်တော်မူ၏။
၂၄
25 ၂၅ သင်တို့သည် သား မြေး တို့ကို ဘွား မြင်၍၊ ထိုပြည် ၌ ကြာမြင့်စွာ နေ ပြီးမှ ၊ တဖန် ဖောက်ပြန် သဖြင့် ၊ သဏ္ဍာန် တစုံတခု ရှိသော ရုပ်တု ကို လုပ် ၍ ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အမျက် တော်ကို နှိုးဆော်ခြင်းငှာ ရှေ့ တော်၌ ဒုစရိုက် ကို ပြု လျှင်၊
၂၅``သင်တို့သည်ထိုပြည်တွင်ကြာမြင့်စွာနေထိုင်၍ သားမြေးများရသည်အထိပင်လျှင် ထာဝရ ဘုရားကိုမပြစ်မှားမိစေရန်ရုပ်တုကိုထု လုပ်၍မကိုးကွယ်နှင့်။ ရုပ်တုထုလုပ်ကိုးကွယ် ခြင်းသည်မှားယွင်းမှုဖြစ်သောကြောင့် ထာဝရ ဘုရားအားအမျက်ထွက်စေတော်မူလိမ့်မည်။-
26 ၂၆ ကောင်းကင် မြေကြီး ကို သင် တို့တဘက် ၌ ယနေ့ ငါတိုင်တည် သည်ကား၊ သင် တို့သည် ယော်ဒန် မြစ်ကို ကူး ၍ ဝင်စား သောပြည် ၌ ၊ မကြာ မမြင့်မှီဆက်ဆက်ပျောက်ပျက် ရကြ လိမ့်မည်။ ထိုပြည် ၌ တာရှည်စွာ အသက် မ ရှင်ရ။ ရှင်းရှင်းပျက်စီး ခြင်းသို့ ရောက်ရကြ လိမ့်မည်။
၂၆ထိုသို့မှားယွင်းလျှင်သင်တို့အမျိုးသည် ထို ပြည်မှမကြာမီတိမ်ကောပျောက်ကွယ်ရ လိမ့်မည်ဟု ငါသည်မိုးကောင်းကင်နှင့်မြေ ကြီးကိုတိုင်တည်လျက်ကျိန်ဆို၏။ သင်တို့ သည်ယော်ဒန်မြစ်ကိုကူး၍သိမ်းပိုက်မည့်ပြည် တွင် ကြာရှည်စွာမနေထိုင်ရဘဲတစ်မျိုး လုံးပျက်စီးပျောက်ကွယ်သွားလိမ့်မည်။-
27 ၂၇ ထာဝရဘုရား သည်လည်း ၊ သင် တို့ကို တပါး အမျိုးသားတို့တွင် အရပ်ရပ် ကွဲပြား စေ၍၊ နှင်ထုတ် တော်မူ သော သာသနာပ လူတို့တွင် သင်တို့သည် နည်းနည်း ကျန်ကြွင်း ရကြလိမ့်မည်။
၂၇ထာဝရဘုရားသည် သင်တို့ကိုနိုင်ငံအနှံ့ အပြားတွင်ကွဲလွင့်နေထိုင်စေတော်မူလိမ့် မည်။ ထိုနိုင်ငံတွင် သင်တို့၏လူဦးရေအနည်း ငယ်မျှသာကျန်ကြွင်းလိမ့်မည်။-
28 ၂၈ ထို အရပ်တို့၌၊ လူ လက် ဖြင့်လုပ် ၍ မ မြင် နိုင်၊ မ ကြား နိုင်၊ မ စား နိုင်၊ မ နမ်း နိုင်သော သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို သင်တို့သည် ဝတ်ပြု ရကြလိမ့်မည်။
၂၈ထိုအခါသင်တို့သည်လူ့လက်ဖြင့်လုပ်၍ မမြင် နိုင်၊ မကြားနိုင်၊ မစားနိုင်၊ အနံ့မခံနိုင်သော သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ် ပြုကိုးကွယ်ကြလိမ့်မည်။-
29 ၂၉ သို့သော်လည်း၊ ထို အရပ်တို့၌ သင် တို့၏ဘုရား သခင် ထာဝရဘုရား ကို တဖန်ရှာ လိုသောအခါ ၊ စိတ်နှလုံး အကြွင်းမဲ့ ရှာ လျှင် တွေ့ ရကြလိမ့်မည်။
၂၉သို့ရာတွင်သင်တို့သည် ထိုနိုင်ငံများ၌သင် တို့၏ဘုရားသခင်ထာဝရဘုရားကိုရှာ ကြလိမ့်မည်။ ထာဝရဘုရားကိုအစွမ်း ရှိသမျှနှင့်ရှာလျှင်တွေ့လိမ့်မည်။-
30 ၃၀ သင် တို့သည် နောင် ကာလ ၌ ဒုက္ခဆင်းရဲ ကို ခံ ရ၍ ၊ ဤ အမှု အလုံးစုံ တို့နှင့် တွေ့ကြုံသောအခါ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံ တော်သို့ ပြန်လာ ၍ စကား တော်ကို နားထောင် လျှင်၊
၃၀သင်တို့သည်ဆင်းရဲဒုက္ခခံရ၍ဖော်ပြခဲ့ သောအခြေအနေသို့ဆိုက်ရောက်လာသော အခါ ထာဝရဘုရားအားဆည်းကပ်၍ အမိန့်တော်ကိုနာခံကြလိမ့်မည်။-
31 ၃၁ သင် တို့၏ ဘုရား သခင်ထာဝရဘုရား သည် သနား တတ်သောဘုရား ဖြစ်တော်မူသောကြောင့် သင် တို့ကို စွန့်ပစ် ဖျက်ဆီး တော်မ မူ။ သင် တို့ဘိုးဘေး တို့ အား ကျိန်ဆို တော်မူသော ပဋိညာဉ် တရားကို မေ့လျော့ တော်မ မူ။
၃၁ထာဝရဘုရားသည် သနားကြင်နာတတ် သောဘုရားဖြစ်၏။ သင်တို့ကိုစွန့်ပစ်ဖျက် ဆီးတော်မူမည်မဟုတ်။ သင်တို့၏ဘိုးဘေး တို့နှင့်ကိုယ်တော်တိုင်ပြုတော်မူသောပဋိ ညာဉ်ကိုလည်းမေ့တော်မူမည်မဟုတ်။''
32 ၃၂ ဘုရားသခင် သည် မြေကြီး ပေါ် မှာ လူ ကို ဖန်ဆင်း တော်မူသော နေ့ မှစ၍ ၊ သင် တို့မ ဖြစ် မှီ လွန်လေ ပြီးသော ကာလ ပတ်လုံး၊ မိုဃ်း ကောင်းကင်တဘက် မှ တဘက် တိုင်အောင် မေးမြန်းကြလော့။ ဤ မျှလောက်ကြီး သောအမှု ဖြစ် ဘူးသလော။ ဤကဲ့သို့ သော အမှု၏ သိတင်းကို ကြား ဘူးသလော။
၃၂``ဘုရားသခင်သည်ကမ္ဘာပေါ်တွင် လူကိုဖန်ဆင်း သောအချိန်မှအစပြု၍သင်တို့မဖွားမြင် မီအတိတ်ကာလအတွင်းကမ္ဘာလောကတစ်ဝန်း လုံးတွင် ဤမျှလောက်အံ့သြဖွယ်သောအမှုကြီး ဖြစ်ပျက်ဖူးပါသလော။ ယင်းကဲ့သို့သောအမှု ကြီး၏သတင်းကိုကြားဖူးပါသလော။ စူး စမ်းရှာဖွေကြည့်လော့။-
33 ၃၃ ဘုရားသခင် သည် မီး ထဲက မိန့် မြွက်တော်မူသံ ကို သင် တို့သည် ကြား သကဲ့သို့ ၊ အခြားသောလူမျိုး သည် ကြား ၍ ၊ အသက် ချမ်းသာရဘူးသလော။
၃၃မီးထဲမှဘုရားမိန့်တော်မူသံကိုသင်တို့ ကြားသကဲ့သို့သူတို့ကြား၍ အသက်ချမ်း သာရခဲ့ဖူးသောအခြားလူမျိုးရှိပါ သလော။-
34 ၃၄ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ အဲဂုတ္တု ပြည်မှာ သင် တို့မျက်မှောက် ၌ ပြု တော်မူသကဲ့သို့ ၊ စုံစမ်း ခြင်းနိမိတ် လက္ခဏာနှင့် အံ့ဘွယ် သောအမှုတို့ကို ပြခြင်း၊ စစ်မှု ကိုရောက်စေခြင်း၊ အားကြီး သော လက်ရုံး တော်ကို ဆန့် ခြင်း၊ ကြောက်မက် ဘွယ်သော ရူပါရုံတို့ကို ပြခြင်းအားဖြင့်၊ အခြား တပါးသော ဘုရား သည် သွား ၍ လူ တမျိုးထဲက တမျိုးကို မိမိ အဘို့ နှုတ်ယူ ဘူးသလော။
၃၄သင်တို့ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့လက်မှသင်တို့ကို ကယ်တင်၍ မိမိ၏လူမျိုးတော်အဖြစ်ထုတ် ဆောင်ခဲ့သည်။ အခြားသောဘုရားသည် လူတစ်မျိုးအတွက် ထိုကဲ့သို့ပြုခဲ့ဖူးပါ သလော။ ထာဝရဘုရားသည်မဟာတန်ခိုး တော်ကိုပြတော်မူခြင်း၊ ဘေးဒဏ်နှင့်စစ် ဘေးသင့်စေခြင်း၊ နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုတို့ကိုပြခြင်း၊ ကြောက် မက်ဖွယ်သောအမှုတို့ကိုပြုတော်မူခြင်း စသည်တို့ကိုသင်တို့ကိုယ်တိုင်မြင်ခဲ့ရပြီ။-
35 ၃၅ ထာဝရဘုရား သည် ဘုရားသခင် ဖြစ်တော်မူကြောင်း ကို၎င်း၊ ကိုယ်တော်မှတပါး အခြား သောဘုရား မ ရှိကြောင်းကို၎င်း၊ သင်တို့သိ စေခြင်းငှာ ၊ ထိုအခြင်းအရာတို့ ကို သင် တို့အား ပြ တော်မူပြီ။
၃၅ထာဝရဘုရားသာလျှင်ဘုရားဖြစ်တော်မူ ကြောင်း၊ အခြားသောဘုရားမရှိကြောင်းကို ထိုအမှုတော်များအားဖြင့် သင်တို့အားသိ စေတော်မူပြီ။-
36 ၃၆ သင် တို့ကို သွန်သင် ၍ ကောင်းကင် ထဲက စကား တော်သံကို ကြား စေတော်မူပြီ။ မြေကြီး ပေါ် မှာ ကြီးစွာ သော မီး တော်ကိုလည်း ပြ တော်မူ၍၊ သင်တို့သည် မီး ထဲက စကား တော်ကို ကြား ရကြပြီ။
၃၆ကိုယ်တော်သည်သင်တို့အားသွန်သင်ရန် မိုး ကောင်းကင်မှမိန့်တော်မူသောအသံတော်ကို ကြားစေတော်မူပြီ။ ကမ္ဘာမြေကြီးပေါ်တွင် သင်တို့သည် ကိုယ်တော်၏မီးတောက်မီးလျှံ ကိုမြင်စေလျက် ထိုမီးထဲမှသင်တို့အား မိန့်ကြားတော်မူ၏။-
37 ၃၇ သင် တို့ဘိုးဘေး များကို ချစ် တော်မူသောကြောင့် ၊ သူ တို့ အမျိုးအနွယ် ကို ရွေးကောက် တော်မူပြီ။
၃၇ထာဝရဘုရားသည်သင်တို့၏ဘိုးဘေး တို့ကိုချစ်တော်မူသောကြောင့် သူတို့၏အဆက် အနွယ်များကိုရွေးကောက်တော်မူ၍ မဟာ တန်ခိုးတော်ဖြင့်ကိုယ်တော်တိုင် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူခဲ့လေ သည်။-
38 ၃၈ သင် တို့ထက် အားကြီး ၍ များပြား သောလူမျိုး တို့ကို သင် တို့ရှေ့ မှ နှင်ထုတ် တော်မူ၍ ၊ ယနေ့ ပင် ဖြစ်သကဲ့သို့ သူ တို့မြေ ထဲသို့ သင် တို့ကို သွင်း ၍ အမွေခံ စေခြင်းငှာ ၊ မဟာ တန်ခိုး တော်အားဖြင့် အဲဂုတ္တု ပြည်မှ ရှေ့ တော်၌ နှုတ်ဆောင် တော်မူပြီ။
၃၈သင်တို့ယခုပိုင်ဆိုင်သောပြည်သို့ဝင်ရောက် သိမ်းပိုက်နိုင်စေရန် သင်တို့ချီတက်ရန်လမ်း ကြောင်းတွင်ရှိသောသင်တို့ထက်အင်အား ကြီးမားသည့်လူမျိုးများကိုနှင်ထုတ်တော် မူသည်။-
39 ၃၉ သို့ဖြစ်၍ ထာဝရဘုရား သည် အထက် ကောင်းကင် ပေါ် ၊ အောက် အရပ် မြေကြီး ပေါ် မှာ ဘုရား သခင်ဖြစ်တော်မူကြောင်း ကို၎င်း၊ အခြားတပါးသောဘုရား မ ရှိ ကြောင်းကို၎င်း၊ ယနေ့ သိ မှတ်၍ နှလုံး ၌ သွင်း မိကြလော့။
၃၉သို့ဖြစ်၍ထာဝရဘုရားသည်ကောင်းကင် မြေကြီးပေါ်မှာဘုရားဖြစ်တော်မူကြောင်း၊ အခြားသောဘုရားမရှိကြောင်းကိုအစဉ် အမြဲစွဲမှတ်သတိရကြလော့။-
40 ၄၀ သင် တို့နှင့်တကွ သား မြေးတို့သည် ချမ်းသာ ရ ခြင်းငှာ ၎င်း ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ အသက်တာ ရှည် စေခြင်းငှာ ၎င်း ၊ ယနေ့ ငါ မှာ ထားသော ပညတ် တရားတော်တို့ကို စောင့်ရှောက် ရကြမည်ဟု မောရှေသည် ဟောပြောလေ၏။
၄၀ယနေ့သင်တို့အားငါပေးသောပညတ်တော် အားလုံးကိုစောင့်ထိန်းကြလျှင် သင်တို့နှင့် တကွသင်တို့၏အဆက်အနွယ်တို့သည် ကြီးပွားချမ်းသာကြလိမ့်မည်။ သင်တို့သည် လည်းဘုရားသခင်ထာဝရဘုရားက သင် တို့အားအမြဲပိုင်ရန်ပေးတော်မူသောပြည် တွင်ဆက်လက်နေထိုင်ရကြလိမ့်မည်'' ဟု ဆိုလေ၏။
41 ၄၁ ထိုအခါ အိမ်နီးချင်း ကို အငြိုး မ ထားဘဲ၊ အမှတ်တမဲ့ သတ် မိသော သူသည် ပြေး ၍ ၊ အသက် ချမ်းသာရသောမြို့သုံး မြို့ တို့ကို ယော်ဒန် မြစ်အရှေ့ ၊ နေထွက် ရာဘက်၌ မောရှေ သည်ခွဲ ထားလေ၏။
၄၁ထို့နောက်တစ်စုံတစ်ယောက်သည် မိမိ၏ရန်သူ မဖြစ်ခဲ့ဘူးသူကိုအမှတ်မဲ့သတ်မိသည့် အခါ ထွက်ပြေးခိုလှုံနိုင်သောမြို့သုံးမြို့ကို မောရှေသတ်မှတ်ပေးလေသည်။ ထိုသူသည် ထိုမြို့များအနက်မြို့တစ်မြို့သို့ထွက်ပြေး ၍ခိုလှုံလျှင် အသက်ချမ်းသာရာရမည် ဖြစ်သည်။-
43 ၄၃ ထိုမြို့တို့၏ အမည်ကား၊ ရုဗင် အမျိုးသားနေရာတော လွင်ပြင်၌ ဗေဇာ မြို့၊ ဂဒ် အမျိုးသား နေရာ ဂိလဒ် ပြည်၌ ရာမုတ် မြို့၊ မနာရှေ အမျိုးသားနေရာ ဗာရှန် ပြည် ၌ ဂေါလန် မြို့တည်း။
၄၃ရုဗင်အနွယ်အတွက်ကုန်းပြင်သဲကန္တာရရှိ ဗေဇာမြို့ကိုလည်းကောင်း၊ ဂဒ်အနွယ်အတွက် ဂိလဒ်ဒေသရှိရာမုတ်မြို့ကိုလည်းကောင်း၊ မနာ ရှေအနွယ်အတွက်ဗာရှန်ဒေသရှိဂေါလန် မြို့ကိုလည်းကောင်း ခိုလှုံရာမြို့များအဖြစ် သတ်မှတ်ပေးသည်။
44 ၄၄ ဤ ရွေ့ကား၊ မောရှေ သည် ဣသရေလ အမျိုးသား တို့၌ ထား သော တရား၊
၄၄မောရှေသည်ထာဝရဘုရား၏ပညတ်တော် များကို ဣသရေလအမျိုးသားတို့အား ပြဋ္ဌာန်းပေးလေ၏။-
45 ၄၅ သူတို့သည် အဲဂုတ္တု ပြည်မှ ထွက် သော နောက်၊ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ၏ နိုင်ငံ အတွင်း ၊ ယော်ဒန် မြစ်အရှေ့ ဘက်၊ ဗက်ပေဂုရ မြို့ တဘက် ၌ရှိသောချိုင့် တွင် ၊ မောရှေ ဟောပြော သော သက်သေ စကား၊ စီရင် ထုံးဖွဲ့သော စကားတည်း။
၄၅သူတို့သည်အီဂျစ်ပြည်မှထွက်လာပြီး နောက် ယော်ဒန်မြစ်အရှေ့ဘက်၊ ဗက်ပေဂုရမြို့ တစ်ဘက်တွင်ရှိသောချိုင့်ဝှမ်း၌ရောက်ရှိနေ ကြစဉ်မောရှေသည် ပညတ်တော်များကိုပြဋ္ဌာန်း ပေးသည်။ ထိုအရပ်သည်ဟေရှဘုန်မြို့တွင် စိုးစံသောအာမောရိဘုရင်ရှိဟုန်၏ပိုင်နက် ဖြစ်ခဲ့သည်။ မောရှေနှင့်ဣသရေလအမျိုး သားတို့သည်အီဂျစ်ပြည်မှထွက်လာပြီး သည့်နောက်ထိုဘုရင်ကိုနှိမ်နင်း၍၊-
46 ၄၆ မောရှေ နှင့် ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် ကြသော နောက်၊ ထိုရှင်ဘုရင်နှင့်၊
၄၆
47 ၄၇ ဗာရှန် ရှင်ဘုရင် ဩဃ တည်းဟူသော ၊ ယော်ဒန် မြစ်အရှေ့ ၊ နေ ထွက် ရာဘက်၌ နေသောအာမောရိ ရှင်ဘုရင် နှစ်ပါး ကို လုပ်ကြံ ၍ ၊ သူ တို့ပြည် ကို၊
၄၇သူ၏နိုင်ငံကိုလည်းကောင်း၊ ယော်ဒန်မြစ်အရှေ့ ဘက်တွင် စိုးစံသောအခြားအာမောရိဘုရင် ဖြစ်သည့်ဗာရှန်ဘုရင်သြဃ၏နိုင်ငံကို လည်းကောင်းသိမ်းယူခဲ့ကြသည်။-
48 ၄၈ အာနုန် မြစ် နား မှာ ရှိသော အာရော် မြို့မှစ၍ ဟေရမုန် တောင်တည်းဟူသော ဇိအုန် တောင် တိုင်အောင် ၎င်း၊
၄၈ဣသရေလအမျိုးသားတို့သိမ်းပိုက်သော နယ်မြေသည် အာနုန်မြစ်အနီးရှိအာရော် မြို့မှဟေရမုန်ခေါ်စိယုန်တောင်အထိ ကျယ်ပြန့်လေသည်။-
49 ၄၉ ယော်ဒန် မြစ်အရှေ့ ဘက် လွင်ပြင် နှင့် တကွ လွင်ပြင် နှင့်ဆိုင်သော အိုင် နား၊ အာဇုတ် ပိသဂါ မြို့တိုင်အောင် ၎င်း သိမ်းယူကြ၏။
၄၉ထိုနယ်မြေတွင်ယော်ဒန်မြစ်အရှေ့ဘက်ရှိ ဒေသတစ်ခုလုံးပါဝင်၏။ ယင်းဒေသသည် တောင်ဘက်ပင်လယ်သေအထိ အရှေ့ဘက် ပိသဂါတောင်ခြေအထိကျယ်ဝန်းလေသည်။