< တရားဟောရာ 34 >
1 ၁ ထိုနောက် ၊ မောရှေ သည် မောဘ လွင်ပြင် မှ သွား ၍ ယေရိခေါ မြို့တဘက် ၊ နေဗော တောင် ၊ ပိသဂါ ထိပ် ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရား သည် ဒန် မြို့တိုင်အောင် ၊ ဂိလဒ် ပြည် တရှောက်လုံး၊
Moses went up from the plains of Moab to Mount Nebo, to the top of Pisgah, that is over against Jericho. Jehovah showed him all the land of Gilead, to Dan,
2 ၂ နဿလိ ပြည် တရှောက်လုံး ၊ ဧဖရိမ် ပြည် ၊ မနာရှေ ပြည်နှင့်တကွ အဝေး ဆုံးသော ပင်လယ် တိုင်အောင် ၊ ယုဒ ပြည် တရှောက်လုံး၊
and all Naphtali, and the land of Ephraim and Manasseh, and all the land of Judah as far as the western sea,
3 ၃ တောင် ပြည်နှင့်တကွ ဇောရ မြို့တိုင်အောင် စွန်ပလွံ မြို့တည်းဟူသောယေရိခေါ မြို့တည်သော ချိုင့် နှင့် လွင်ပြင် တို့ကို ပြတော်မူ၏။
and the Negev, and the Plain of the Valley of Jericho the city of palm trees, to Zoar.
4 ၄ ထာဝရဘုရား ကလည်း၊ ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို ၍ သင် ၏အမျိုးအနွယ် အား ငါပေး မည်ဟု ဂတိထားသောပြည် ကို ကြည့်လော့။ သင် သည် ကိုယ် မျက်စိ နှင့် မြင် ရသောအခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး ၍မ သွားရဟု မိန့် တော်မူ၏။
Jehovah said to him, "This is the land which I swore to Abraham, to Isaac, and to Jacob, saying, 'I will give it to your descendants.' I have caused you to see it with your eyes, but you shall not go over there."
5 ၅ ထိုသို့ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ထာဝရဘုရား ၏ကျွန် မောရှေ သည်မောဘ ပြည် ၊ ထို အရပ်၌အနိစ္စရောက် ၍၊
So Moses the servant of Jehovah died there in the land of Moab, according to the word of Jehovah.
6 ၆ ဗက်ပေဂုရ မြို့တဘက် ၊ မောဘ ပြည် ၊ တစုံတခုသောချိုင့် ၌ သင်္ဂြိုဟ် တော်မူ၏။ မောရှေ ၏ သင်္ချိုင်း ကို ယနေ့ တိုင်အောင် အဘယ်လူ မျှမ သိ ရာ။
And he buried him in the valley in the land of Moab over against Beth Peor: but no man knows of his tomb to this day.
7 ၇ မောရှေ သည် အနိစ္စ ရောက်သောအခါ အသက် တရာ နှစ်ဆယ် ရှိ၏။ သူ ၏မျက်စိ မ မှုန် သေး။ ခွန်အား လည်း မ လျော့ သေး။
Moses was one hundred twenty years old when he died: his eye was not dim, nor his natural vigor diminished.
8 ၈ ဣသရေလ အမျိုးသား တို့သည် မောရှေ ကို အောက်မေ့၍၊ မောဘ လွင်ပြင် ၌ အရက် သုံး ဆယ်ပတ်လုံးငိုကြွေး မြည်တမ်း ခြင်းကို ပြု ကြ၏။
The children of Israel wept for Moses in the plains of Moab thirty days: so the days of weeping in the mourning for Moses were ended.
9 ၉ မောရှေ အတွက် ငိုကြွေးမြည်တမ်းသော နေ့ရက် ကာလလွန်ပြီးမှ၊ နုန် ၏သား ယောရှု သည် အထက်က မောရှေ ၏ လက် တင်မင်္ဂလာကို ခံရသဖြင့်၊ ပညာ သဘော နှင့် ပြည့်စုံ သောသူဖြစ်၍၊ ဣသရေလ အမျိုးသား တို့သည် ယောရှု၏စကားကို နားထောင် လျက်၊ မောရှေ အား ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု ကြ၏။
Joshua the son of Nun was full of the spirit of wisdom; for Moses had laid his hands on him: and the children of Israel listened to him, and did as Jehovah commanded Moses.
10 ၁၀ ထာဝရဘုရား စေလွှတ် တော်မူ၍ ၊ အဲဂုတ္တု ပြည် တွင် ဖါရော ဘုရင်နှင့် သူ ၏ကျွန် မှစ၍ပြည်သားအပေါင်း တို့၌ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှု အလုံးစုံ တို့ကို ပြု၍၊
There has not arisen a prophet since in Israel like Moses, whom Jehovah knew face to face,
11 ၁၁ ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ မဟာ တန်ခိုးတော်နှင့် အလွန် ကြောက်မက် ဘွယ်သော အမှု အရာအပေါင်း တို့ကို ပြ လေရာတွင် ၊
in all the signs and the wonders, which Jehovah sent him to do in the land of Egypt, to Pharaoh, and to all his servants, and to all his land,
12 ၁၂ ထာဝရဘုရား ၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ်ဖူးမြင်ရသောပရောဖက် မောရှေ ကဲ့သို့ နောက် တဖန် ဣသရေလ အမျိုး ၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မ ပေါ် မထွန်း။
and in all the mighty hand, and in all the great terror, which Moses worked in the sight of all Israel.