< တရားဟောရာ 34 >

1 ထိုနောက် ၊ မောရှေ သည် မောဘ လွင်ပြင် မှ သွား ၍ ယေရိခေါ မြို့တဘက် ၊ နေဗော တောင် ၊ ပိသဂါ ထိပ် ပေါ်သို့ တက်သဖြင့်၊ ထာဝရဘုရား သည် ဒန် မြို့တိုင်အောင် ၊ ဂိလဒ် ပြည် တရှောက်လုံး၊
Then Moses went up from the plains of Moab to Mount Nebo, to the top of Pisgah, which faces Jericho. And the LORD showed him the whole land—from Gilead as far as Dan,
2 နဿလိ ပြည် တရှောက်လုံး ၊ ဧဖရိမ် ပြည် ၊ မနာရှေ ပြည်နှင့်တကွ အဝေး ဆုံးသော ပင်လယ် တိုင်အောင် ၊ ယုဒ ပြည် တရှောက်လုံး၊
all of Naphtali, the land of Ephraim and Manasseh, all the land of Judah as far as the Western Sea,
3 တောင် ပြည်နှင့်တကွ ဇောရ မြို့တိုင်အောင် စွန်ပလွံ မြို့တည်းဟူသောယေရိခေါ မြို့တည်သော ချိုင့် နှင့် လွင်ပြင် တို့ကို ပြတော်မူ၏။
the Negev, and the region from the Valley of Jericho (the City of Palms) all the way to Zoar.
4 ထာဝရဘုရား ကလည်း၊ ငါသည် အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို ၍ သင် ၏အမျိုးအနွယ် အား ငါပေး မည်ဟု ဂတိထားသောပြည် ကို ကြည့်လော့။ သင် သည် ကိုယ် မျက်စိ နှင့် မြင် ရသောအခွင့်ကို ငါပေး၏။ သို့ရာတွင် ကူး ၍မ သွားရဟု မိန့် တော်မူ၏။
And the LORD said to him, “This is the land that I swore to give Abraham, Isaac, and Jacob when I said, ‘I will give it to your descendants.’ I have let you see it with your own eyes, but you will not cross into it.”
5 ထိုသို့ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ထာဝရဘုရား ၏ကျွန် မောရှေ သည်မောဘ ပြည် ၊ ထို အရပ်၌အနိစ္စရောက် ၍၊
So Moses the servant of the LORD died there in the land of Moab, as the LORD had said.
6 ဗက်ပေဂုရ မြို့တဘက် ၊ မောဘ ပြည် ၊ တစုံတခုသောချိုင့် ၌ သင်္ဂြိုဟ် တော်မူ၏။ မောရှေ ၏ သင်္ချိုင်း ကို ယနေ့ တိုင်အောင် အဘယ်လူ မျှမ သိ ရာ။
And He buried him in a valley in the land of Moab facing Beth-peor, and no one to this day knows the location of his grave.
7 မောရှေ သည် အနိစ္စ ရောက်သောအခါ အသက် တရာ နှစ်ဆယ် ရှိ၏။ သူ ၏မျက်စိ မ မှုန် သေး။ ခွန်အား လည်း မ လျော့ သေး။
Moses was a hundred and twenty years old when he died, yet his eyes were not weak, and his vitality had not diminished.
8 ဣသရေလ အမျိုးသား တို့သည် မောရှေ ကို အောက်မေ့၍၊ မောဘ လွင်ပြင် ၌ အရက် သုံး ဆယ်ပတ်လုံးငိုကြွေး မြည်တမ်း ခြင်းကို ပြု ကြ၏။
The Israelites grieved for Moses in the plains of Moab thirty days, until the time of weeping and mourning for Moses came to an end.
9 မောရှေ အတွက် ငိုကြွေးမြည်တမ်းသော နေ့ရက် ကာလလွန်ပြီးမှ၊ နုန် ၏သား ယောရှု သည် အထက်က မောရှေ ၏ လက် တင်မင်္ဂလာကို ခံရသဖြင့်၊ ပညာ သဘော နှင့် ပြည့်စုံ သောသူဖြစ်၍၊ ဣသရေလ အမျိုးသား တို့သည် ယောရှု၏စကားကို နားထောင် လျက်၊ မောရှေ အား ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ပြု ကြ၏။
Now Joshua son of Nun was filled with the spirit of wisdom because Moses had laid his hands on him. So the Israelites obeyed him and did as the LORD had commanded Moses.
10 ၁၀ ထာဝရဘုရား စေလွှတ် တော်မူ၍ ၊ အဲဂုတ္တု ပြည် တွင် ဖါရော ဘုရင်နှင့် သူ ၏ကျွန် မှစ၍ပြည်သားအပေါင်း တို့၌ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှု အလုံးစုံ တို့ကို ပြု၍၊
Since that time, no prophet has risen in Israel like Moses, whom the LORD knew face to face—
11 ၁၁ ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ မဟာ တန်ခိုးတော်နှင့် အလွန် ကြောက်မက် ဘွယ်သော အမှု အရာအပေါင်း တို့ကို ပြ လေရာတွင် ၊
no prophet who did all the signs and wonders that the LORD sent Moses to do in the land of Egypt to Pharaoh and to all his officials and all his land,
12 ၁၂ ထာဝရဘုရား ၏ မျက်နှာတော်ကို ကိုယ်တိုင်ကိုယ်ကြပ်ဖူးမြင်ရသောပရောဖက် မောရှေ ကဲ့သို့ နောက် တဖန် ဣသရေလ အမျိုး ၌ သူနှင့်တူသော ပရောဖက်တစုံတပါးမျှ မ ပေါ် မထွန်း။
and no prophet who performed all the mighty acts of power and awesome deeds that Moses did in the sight of all Israel.

< တရားဟောရာ 34 >