< တရားဟောရာ 33 >
1 ၁ ဘုရားသခင် ၏လူ မောရှေ သည် မ သေ မှီ ဣသရေလ အမျိုးသား တို့ကို ကောင်းကြီး ပေးသော မင်္ဂလာ စကား ဟူမူကား ၊
This is the blessing that Moses [Drawn out] the man of God blessed the children of Israel [God prevails] before his death.
2 ၂ ထာဝရဘုရား သည် သိနာ တောင်ပေါ်က ကြွ တော်မူ၏။ စိရ အရပ်မှ ထိုလူ တို့အား နေထွက် တော်မူ၏။ ပါရန် တောင် ပေါ်က ရောင်ခြည် ထွန်းပတော်မူ၍ ၊ သန့်ရှင်း သောသူ အထောင် အသောင်းတို့နှင့်အတူ ကြွ တော်မူ၍၊ ဓမ္မ မီးသည် ဣသရေလလူတို့အဘို့၊ လက်ျာ လက်တော် မှ ထွက်လေ၏။
He said, “Adonai came from Sinai [Thorn], and rose from Seir to them. He shone from Mount Paran. He came from the ten thousands of holy ones. At his right hand was a fiery law for them.
3 ၃ အကယ် စင်စစ်ထိုလူမျိုး ကို ချစ် တော်မူ၏။ မိမိ သန့်ရှင်း သူအပေါင်း တို့သည် အထံ တော်ပါးတွင် ရှိကြ၏။ သူ တို့သည် ခြေ တော်ရင်း၌ ပြပ်ဝပ် ၍ စကား တော်တို့ကို နားခံ ကြလေ၏။
Yes, he choveiv ·hides in bosom, loves· the people. All his saints are in your hand. They sat down at your feet. Each receives your words.
4 ၄ ယာကုပ် အမျိုး ပရိသတ် အမွေ ခံရသောဓမ္မ တရားကို မောရှေ သည် ငါ တို့အား ထား ၏။
The Torah ·Teaching· Moses [Drawn out] enjoined us, an inheritance for the assembly of Jacob [Supplanter].
5 ၅ ဣသရေလ အမျိုး မင်း များနှင့်တကွ ၊ အမျိုးအနွယ် များတို့သည် စည်းဝေး သောအခါ ၊ ထိုသူသည် ယေရှုရုန် အမျိုး၌ ရှင်ဘုရင် ဖြစ် ၏။
He was king in Jeshurun [Upright one], when the heads of the people were gathered, all the tribes of Israel [God prevails] together.
6 ၆ ရုဗင် အမျိုး မ သေ ၊ အသက်ရှင် ၍ သူ ၏လူ တို့ သည် များ ပါ စေသော။
“Let Reuben [See, a son!] live, and not die; Nor let his men be few.”
7 ၇ ယုဒ အမျိုးကိုကား ၊ အိုထာဝရဘုရား ၊ ယုဒ စကား သံကို နားထောင် ၍ သူ့ ကို အမျိုးသား ချင်းတို့ရှိရာသို့ ဆောင် ခဲ့တော်မူပါ။ မိမိ လက် တို့သည် မိမိ အဘို့ တန်ပါစေ သော။ သူ့ ကို ရန်သူ တို့လက်မှ ကယ်တင် တော်မူပါ။
This is for Judah [Praised]. He said, “Sh'ma ·Hear obey·, Adonai, the voice of Judah [Praised]. Bring him in to his people. With his hands he contended for himself. You shall be a help against his adversaries.”
8 ၈ လေဝိ အမျိုးကိုကား ၊ သင် ၏သုမိမ် နှင့် ဥရိမ် သည် မဿာ အရပ်၌ သင်စုံစမ်း ၍ ၊ မေရိဘ စမ်းရေ အနား မှာ သင်ဆန့်ကျင်ဘက်ပြုသော သင် ၏ သန့်ရှင်း သူ ၌ ရှိပါစေသော၊
About Levi [United with] he said, “Your Thummim ·Perfections· and your 'Urim ·Lights· are with your pious one, whom you proved at Massah [Testing], with whom you contended at the waters of Meribah [Quarreling].
9 ၉ ထိုသူသည် ကိုယ်မိဘ ဖြစ်သော်လည်းငါမ တွေ့ မမြင်ဟု ဆို တတ်၏။ ကိုယ် ညီအစ်ကို ကိုလည်း မ မှတ် တတ်။ ကိုယ် သားသမီး ကိုလည်း မ သိ တတ်။ အကြောင်း မူကား၊ စကား တော်ကို နားထောင် ၍ ပဋိညာဉ် တရားတော် ကို စောင့်ရှောက် တတ်၏။
He said of his father, and of his mother, ‘I have not seen him.’ He didn’t acknowledge his brothers, nor did he know his own children; for they have observed your word, and keep your covenant.
10 ၁၀ သူတို့သည် စီရင် တော်မူချက်တို့ကို ယာကုပ် အမျိုး ၌ ၎င်း၊ တရား တော်ကို ဣသရေလ အမျိုး၌ ၎င်း သွန်သင် ကြလိမ့်မည်။ မီးရှို့ရာနံ့သာပေါင်း ကို ရှေ့ တော်၌၎င်း၊ တကိုယ် လုံး မီးရှို့ရာယဇ်ကို ယဇ် ပလ္လင်တော်ပေါ် ၌၎င်း တင် ထားကြလိမ့်မည်။
They shall teach Jacob [Supplanter] your judgments, and Israel [God prevails] your Torah ·Teaching·. They shall put incense before you, and whole burnt offering on your altar.
11 ၁၁ အိုထာဝရဘုရား ၊ သူ ၏ဥစ္စာ ကို ကောင်းကြီး ပေး ၍ သူ လုပ်ဆောင် သောအမှု ကို လက်ခံ တော်မူပါ။ သူ့ တဘက်၌ ထ ၍ သူ့ ကို မုန်း သောသူတို့သည် နောက်တဖန် မ ထ နိုင်အောင် သူတို့ခါး ကို ချိုး တော်မူပါ။
Adonai, bless his skills. Accept the work of his hands. Strike through the hips of those who rise up against him, of those who hate him, that they not rise again.”
12 ၁၂ ဗင်္ယာမိန် အမျိုးကိုကား ၊ ထာဝရဘုရား ချစ် တော်မူသောသူသည် အထံ တော်ပါးတွင် လုံခြုံ စွာ နေ ရ လိမ့်မည်။ သူ့ ကို အစဉ်အမြဲ ဖုံးလွှမ်း ၍ သူ ၏ပခုံး ကြားမှာ နေရာ ချတော်မူလိမ့်မည်။
About Benjamin [Son of right hand, Son of south] he said, “The Yadid ·Beloved· of Adonai will dwell in safety by him. He covers him all day long. He dwells between his shoulders.”
13 ၁၃ ယောသပ် အမျိုးကိုကား ၊ ထို အမျိုးနေသောပြည် သည် အထက်မိုဃ်း ကောင်းကင်ဘဏ္ဍာ အားဖြင့် ၎င်း၊ အောက် အရပ်၌ ပုန်းကွယ် ၍ နက်နဲ သော အရာအားဖြင့် ၎င်း၊
About Joseph [May he add] he said, “His land is blessed by Adonai, for the precious things of the heavens, for the dew, for the deep that couches beneath,
14 ၁၄ နေ ဖြစ်စေသော ဘဏ္ဍာ ၊ လ ဖြစ်စေသော ဘဏ္ဍာ အားဖြင့် ၎င်း၊
for the precious things of the fruits of the sun, for the precious things that the moon can yield,
15 ၁၅ အသက်ကြီး သောတောင် ထိပ် ၊ မြဲမြံ သောတောင် ထဲက ထွက်သော ဘဏ္ဍာ အားဖြင့် ၎င်း၊
for the best things of the ancient mountains, for the precious things of the everlasting hills,
16 ၁၆ မြေကြီး ဘဏ္ဍာ စုံလင် ရာအားဖြင့် ၎င်း ၊ ထာဝရဘုရား ပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ ၌နေ တော်မူသောသူ၏ ကျေးဇူး တော်သည် ယောသပ် ခေါင်း ပေါ် ၊ မိမိ အစ်ကို တို့တွင် အကြီးအကဲ ဖြစ်သောသူ၏ ခေါင်း ထိပ်ပေါ် မှာ သက်ရောက် ပါစေသော။
for the precious things of the earth and its fullness, the good will of him who lived in the bush. Let this come on the head of Joseph [May he add], on the crown of the head of him who was separated from his brothers.
17 ၁၇ သူ ၏ ဘုန်း သည် နွားလား ဥဿဘဘုန်းကဲ့သို့၎င်း၊ သူ ၏ ဦးချို တို့သည် ကြံ့ ဦးချို ကဲ့သို့၎င်း ဖြစ်ကြ၏။ ထို ဦးချိုတို့နှင့် လူ အမျိုးမျိုးတို့ကို မြေကြီး စွန်း တိုင်အောင်တပြိုင်နက် ထိုးခတ် လိမ့်မည်။ ဧဖရိမ် အမျိုးသားအသောင်း သောင်း၊ မနာရှေ အမျိုးသားအထောင် ထောင်ပေတည်း။
The firstborn of his herd, majesty is his. His horns are the horns of the wild ox. With them he will push all the peoples, to the ends of the earth. They are the ten thousands of Ephraim [Fruit]. They are the thousands of Manasseh [Causing to forget].”
18 ၁၈ ဇာဗုလုန် အမျိုးကို ကား ၊ အိုဇာဗုလုန် အမျိုး၊ ထွက်သွား ရာအမှု၌ ဝမ်းမြောက် လော့။ အိုဣသခါ အမျိုး၊ မိမိ တဲ ၌ နေလျက် ဝမ်းမြောက်လော့။
About Zebulun [Living together] he said, “Rejoice, Zebulun [Living together], in your going out; and Issachar [Hire, Reward], in your tents.
19 ၁၉ ထိုအမျိုးတို့သည် လူ များတို့ကို တောင် တော်သို့ ခေါ် ၍၊ တောင် တော်၌ တရား သဖြင့် ယဇ် ပူဇော် ကြ လိမ့်မည်။ ပင်လယ် စည်းစိမ် ၊ သဲ ၌ဝှက်ထား လျက်ရှိသောဘဏ္ဍာကို နို့စို့ ကြလိမ့်မည်။
They will call the peoples to the mountain. There they will offer sacrifices of righteousness, for they will draw out the abundance of the seas, the hidden treasures of the sand.”
20 ၂၀ ဂဒ် အမျိုးကို ကား ၊ ဂဒ် အမျိုးကို ကျယ်ဝန်း စေ သောသူသည် မင်္ဂလာ ရှိတော်မူစေသတည်း။ ထိုအမျိုး သည် ခြင်္သေ့ ကဲ့သို့ နေ ၍ ၊ လက်ရုံး နှင့် ဦးထိပ် ကို ဆုတ်ဖဲ့ တတ်၏။
About Gad [Good fortune] he said, “He who enlarges Gad [Good fortune] is blessed. He dwells as a lioness, and tears the arm, yes, the crown of the head.
21 ၂၁ ရှေ့ဦးစွာ သောအဘို့ကို မိမိ အဘို့ ရွေး ယူ၍ ၊ တရား မင်းခွဲဝေ ရာ ထို အရပ်၌ လုံခြုံ ရ၏။ လူ များတို့၏ အကဲအမှူး ပြုလျက် လိုက်လာ ၍ ၊ ထာဝရဘုရား ၏ တရားမှု ၊ ဣသရေလ အမျိုး၌ စီရင် တော်မူချက်တို့ကို ပြု လေ၏။
He provided the first part for himself, for the lawgiver’s portion reserved was reserved for him. He came with the heads of the people. He executed the righteousness of Adonai, His judgments with Israel [God prevails].”
22 ၂၂ ဒန် အမျိုးကိုကား ၊ ဒန် အမျိုးသည် ခြင်္သေ့ သငယ် ဖြစ်၍ဗာရှန် ပြည်မှ ခုန် လိမ့်မည်။
About Dan [He judged] he said, “Dan [He judged] is a lion’s cub that leaps out of Bashan.”
23 ၂၃ နဿလိ အမျိုးကိုကား ၊ အိုနဿလိ အမျိုး၊ ကျေးဇူး တော်နှင့်ကြွယ်ဝ ၍ ၊ ထာဝရဘုရား ပေး တော်မူသောမင်္ဂလာနှင့် ပြည့်စုံ လျက်၊ အနောက် ပိုင်း၊ တောင် ပိုင်းကို ဝင်စား လော့။
About Naphtali [My wrestling] he said, “Naphtali [My wrestling], satisfied with favor, full of Adonai’s blessing, Possess the west and the south.”
24 ၂၄ အာရှာ အမျိုးကိုကား ၊ အာရှာ အမျိုးသည် သား သမီး ကို ရ၍ မင်္ဂလာ ရှိပါစေသော။ ညီအစ်ကို ချင်း၏ စိတ် နှင့်တွေ့ခြင်း၊ မိမိ ခြေ ကို ဆီ ၌ နှစ် ခြင်း ရှိပါစေသော။
About Asher [Happy] he said, “Asher [Happy] is blessed with children. Let him be acceptable to his brothers. Let him dip his foot in oil.
25 ၂၅ သင် ၏တံခါး ကန့်လန့်ကျင်တို့သည် သံ နှင့် ကြေးဝါ ဖြင့် ပြီးကြလိမ့်မည်။ သင် ၏နေ့ရက် ကာလဖြစ်သည် အတိုင်း သင့် အစွမ်း သတ္တိဖြစ်လိမ့်မည်။
Your bars will be iron and bronze. As your days, so your strength will be.
26 ၂၆ သင့်ကို ပြုစုစေခြင်းငှါဘုန်းအာနုဘော်နှင့် ပြည့်စုံလျက်၊ မိုဃ်းကောင်းကင် ကို စီး တော်မူသောယေရှုရုန် အမျိုး၏ ဘုရားသခင် နှင့် တူသောသူ မရှိ။
“There is no one like God, Jeshurun [Upright one], who rides on the heavens for your help, in his excellency on the skies.
27 ၂၇ ရှေ့ဦးစွာ သောဘုရားသခင် သည် သင့်ခိုလှုံ ရာ ဖြစ်၍ ၊ နိစ္စ ထာဝရ လက်ရုံး တော်ဖြင့် သင့် ကို ထောက်မ တော်မူ၏။ ရန်သူ တို့ကို သင့် ရှေ့ မှ နှင်ထုတ် ၍ သူတို့ကို ဖျက်ဆီး သောအခွင့် ပေးတော်မူမည်။
The eternal God is your dwelling place. Underneath are the everlasting arms. He divorce and cast away the enemy from before you, and said, ‘Destroy!’
28 ၂၈ ဣသရေလ အမျိုးသည် ဘေးလွတ် ၍ တမျိုး တည်းနေ ရလိမ့်မည်။ ယာကုပ် အနွယ် သည် စပါး ၊ စပျစ်ရည် နှင့် ပြည့်စုံသောပြည် ၌ နေရာကျ၍၊ မိုဃ်းနှင်းရည် လည်း စက်စက် ကျလိမ့်မည်။
Israel [God prevails] dwells in safety; the fountain of Jacob [Supplanter] alone, In a land of grain and new wine. Yes, his heavens drop down dew.
29 ၂၉ အိုဣသရေလ အမျိုး၊ သင် သည် မင်္ဂလာ ရှိ၏။ ထာဝရဘုရား ကယ်တင် တော်မူသောအမျိုး ၊ သင် နှင့်အဘယ်သူ တူ သနည်း။ ထိုဘုရားသည် သင့် ကို ကွယ်ကာ သော ဒိုင်း လွှား၊ သင့် ကို ချီးမြှောက် သော ထား လက်နက်ဖြစ်တော်မူ၏။ သင် ၏ ရန်သူ တို့သည် သင့် ရှေ့ မှာရှုံး၍၊ သင် သည် သူ တို့၏ မြင့်မြတ် သောအရပ်တို့၌ နင်း ရ လိမ့်မည်ဟု မြွက်ဆို၏။
You are happy, Israel [God prevails]! Who is like you, a people saved by Adonai, the shield of your help, the sword of your excellency? Your enemies will submit themselves to you. You will tread on their high places.”