< တရားဟောရာ 32 >
1 ၁ အို ကောင်းကင် ၊ နားထောင် လော့၊ ငါပြော မည်။ အိုမြေကြီး ၊ ငါ မြွက်ဆို သောစကား ကို ကြား လော့။
Inclinai os ouvidos, ó céus, e falarei: e ouça a terra as palavras da minha boca.
2 ၂ ငါ့ ဒေသနာ သည် မိုဃ်း ရေကဲ့သို့ စက်စက် ကျ၍၊ ငါ့ စကား သည် နှင်း ကဲ့သို့ ဖြည်းညှင်း စွာ သက်ရောက်လိမ့်မည်။ နုသောပျိုးပင် ပေါ် မှာ ရွာသောမိုဃ်း ကဲ့သို့ ၎င်း၊ မြက်ပင် ပေါ် မှာ များပြားသော မိုဃ်း ရေကဲ့သို့ ၎င်း ဖြစ်လိမ့်မည်။
Goteje a minha doutrina como a chuva, destile o meu dito como o orvalho, como chuvisco sobre a erva e como gotas d'água sobre a relva.
3 ၃ ငါသည် ထာဝရဘုရား ၏ နာမတော် ကို ဘော်ပြ သည်ဖြစ်၍ ၊ ငါ တို့ဘုရားသခင် ၏ ဘုန်း အာနုဘော်တော် ကို ချီးမွမ်း ကြလော့။
Porque apregoarei o nome do Senhor: dai grandeza a nosso Deus.
4 ၄ ဘုရားသခင် သည် မူလအမြစ်ဖြစ်၍၊ အမှု တော်သည် စုံလင် ပေ၏။ စီရင် တော်မူသမျှ တို့သည် တရား နှင့် ညီလျက်၊ သစ္စာ စောင့်သောဘုရား ၊ အပြစ် ကင်းလွတ် ၍ ဟုတ်မှန် ဖြောင့်မတ် သော ဘုရားဖြစ်တော်မူ၏။
Ele é a Rocha, cuja obra é perfeita, porque todos os seus caminhos juízo são: Deus é a verdade, e não há nele injustiça; justo e reto é.
5 ၅ သူ တို့သည် ယိုယွင်း ကြပြီ။ ဘုရားသခင် ၏ သား မ ဟုတ်၊ အညစ် အကြေးကပ်ကြ၏။ သဘော ကောက်၍ ဖောက်ပြန် သောအမျိုး ဖြစ်ကြ၏။
Corromperam-se contra ele, seus filhos eles não são, a sua mancha é deles: geração perversa e torcida é.
6 ၆ အို ပညာ မဲ့ သော လူမိုက် တို့၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ဤသို့ ဆပ် မည်လော။ ထာဝရဘုရား သည် သင့် ကို ဖြစ် စေသောအဘ ၊ သင့် ကို ဖန်ဆင်း ၍ နေရာချသောသူဖြစ် တော်မူသည် မ ဟုတ်လော။
Recompensais assim ao Senhor, povo louco e ignorante? não é ele teu pai, que te adquiriu, te fez e te estabeleceu?
7 ၇ ရှေး ကာလ ကို အောက်မေ့ လော့။ လွန်လေ ပြီးသော နှစ် ပေါင်းများကို ဆင်ခြင် လော့။ သင့် အဘ ကို မေးမြန်း လျှင် သူသည် ဘော်ပြ လိမ့်မည်။ အသက်ကြီး သူတို့ ကို မေးမြန်းလျှင် သူတို့သည် ပြောဆိုကြလိမ့်မည်။
Lembra-te dos dias da antiguidade, atentai para os anos de muitas gerações: pergunta a teu pai, e ele te informará, aos teus anciãos, e eles to dirão.
8 ၈ အမြင့်ဆုံး သော ဘုရားသည် အာဒံ၏အမျိုးအနွယ်ဖြစ်သော လူမျိုး တို့ကို ပိုင်းခြား ၍ အမွေ မြေ ကို ဝေပေးသောအခါ ၊ ဣသရေလ အမျိုးသား တို့ အရေအတွက် ကို ထောက်ရှု ၍၊ လူမျိုး တို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။
Quando o altíssimo distribuia as heranças às nações, quando dividia os filhos de Adão uns dos outros, os termos dos povos tem posto, conforme ao número dos filhos de Israel.
9 ၉ ထာဝရဘုရား ၏ အဘို့ ကား ၊ လူမျိုး တော်တည်း။ ယာကုပ် အမျိုးသည် အမွေခံ တော်မူရာ ဖြစ်သတည်း။
Porque a porção do Senhor é o seu povo; Jacob é a corda da sua herança.
10 ၁၀ လူ ဆိတ်ညံသောအရပ် ၊ သားရဲ မြည်၍၊ လွတ်လပ် သောတောလွင်ပြင် ၌ ယာကုပ် ကို တွေ့ တော်မူသောအခါ ဝန်းရံ ဆီးကာခြင်း၊ သွန်သင် ခြင်းကျေးဇူးကို ပြု၍ မျက် ဆန် တော်ကဲ့သို့ စောင့် တော်မူ၏။
Achou-o na terra do deserto, e num ermo solitário cheio de uivos; trouxe-o ao redor, instruiu-o, guardou-o como a menina do seu olho.
11 ၁၁ ရွှေလင်းတ သည် အသိုက် ကို မွှေ လျက်၊ သား ငယ်တို့အပေါ် မှာ လှုပ်ရှား လျက်၊ အတောင် တို့ကို ဖြန့် လျက်၊ သားငယ် တို့ကိုယူ ၍ မိမိ အတောင် တို့ဖြင့် ဆောင် သကဲ့သို့၊
Como a águia desperta o seu ninho, se move sobre os seus filhos, estende as suas asas, toma-os, e os leva sobre as suas asas,
12 ၁၂ ထာဝရဘုရား တပါး တည်းသာလျှင်၊ ယာကုပ် ကို ဆောင် သွားတော်မူ၏။ အခြား တပါးသောဘုရား မည်မျှမ ရှိ။
Assim só o Senhor o guiou: e não havia com ele deus estranho.
13 ၁၃ မြေကြီး ပေါ် မှာမြင့်မြတ် သော အရပ်တို့၌ နေရာ ချတော်မူသဖြင့် ၊ သူသည် မြေ အသီးအနှံ ကိုစား ၍ ကျောက် ထဲ ကပျားရည် ကို၎င်း၊ မီး ပါကျောက် ထဲ ကဆီ ကို ၎င်း၊
Ele o fez cavalgar sobre as alturas da terra, e comeu as novidades do campo, e o fez chupar mel da rocha e azeite da dura pederneira,
14 ၁၄ သိုးသငယ် ဆီဥ ၊ ဗာရှန် အမျိုး ၏သိုး ထီး၊ ဆိတ် ထီး ဆီဥ၊ ဂျုံ စပါး၊ ကျောက်ကပ် ဆီဥ နှင့်တကွ နွား နို့ဓမ်း နှင့် သိုး နို့ ကို၎င်းစို့မည်အကြောင်းစီရင်တော်မူ၍၊ သင်သည် စပျစ်သီး အသွေး စစ်ကို သောက် ရ၏။
Manteiga de vacas, e leite do rebanho, com a gordura dos cordeiros e dos carneiros que pastam em Basan, e dos bodes, com gordura dos rins do trigo; e bebeste o sangue das uvas, o vinho puro.
15 ၁၅ သို့ရာတွင် ၊ ယေရှုရုန် သည် ဆူဝ ၍ ခြေ နှင့်ကန် လေ၏။ ဆူဝ လျက်၊ တုတ် လျက်၊ ဆီဥ နှင့်ပြည့်စုံလျက် နေသဖြင့် ၊ ဖန်ဆင်း တော်မူသောဘုရားသခင် ကို စွန့် ၍ ၊ ကယ်တင် ရာကျောက် ကို မထီမဲ့မြင် ပြုလေ၏။
E, engordando-se Jeshurun, deu coices; engordaste-te, engrossaste-te, e de gordura te cobriste: e deixou a Deus, que o fez, e desprezou a Rocha da sua salvação.
16 ၁၆ သူတို့သည် အခြား တပါးသောဘုရားအားဖြင့် ငြူစူ စေကြ၏။ ရွံရှာ ဘွယ်သော အမှုအရာအားဖြင့် အမျက် တော်ကို နှိုးဆော်ကြ၏။
Com deuses estranhos o provocaram a zelos; com abominações o irritaram.
17 ၁၇ ဘုရား မ ဟုတ်သော နတ်ဆိုး ၊ မ သိ ဘူးသော ဘုရား ၊ ဘိုးဘေး တို့ မ ကြောက် ဘူးသော ဘုရားသစ် တို့ အား ယဇ် ပူဇော်ကြ၏။
Sacrifícios ofereceram aos diabos, não a Deus; aos deuses que não conheceram, novos deuses que vieram há pouco, dos quais não se estremeceram vossos pais.
18 ၁၈ သင် ဖြစ်ရာမူလ အမြစ်ကို သင်မ မှတ်မိ။ သင့် ကို ဖန်ဆင်း တော်မူသောဘုရားသခင် ကို သင်မေ့လျော့ ပြီ။
Esqueceste-te da Rocha que te gerou; e em esquecimento puseste o Deus que te formou.
19 ၁၉ ထိုအမှုကို ထာဝရဘုရား မြင် သောအခါ ၊ အမျက် တော်ထွက်၍ သား သမီး တော်တို့ကို စွန့်ပစ် တော်မူလျက်၊
O que vendo o Senhor, os desprezou, provocado à ira contra seus filhos e suas filhas;
20 ၂၀ ငါသည် ကိုယ် မျက်နှာ ကို သူ တို့မှ လွှဲ မည်။ သူ တို့ သည် အဘယ်သို့ ဆုံး မည်ကို ငါကြည့် မည်။ သဘော ခိုင်မာသောအမျိုး ၊ သစ္စာ မ ရှိသော သား သမီးဖြစ်ကြ၏။
E disse: Esconderei o meu rosto deles, verei qual será o seu fim; porque são geração de perversidade, filhos em quem não há lealdade.
21 ၂၁ ဘုရား မ ဟုတ်သောအရာအားဖြင့် ငါ သည် ငြူစူ သောစိတ်ရှိစေခြင်းငှါပြုကြပြီ။ အချည်းနှီး သောအရာ အားဖြင့် ငါ့ အမျက် ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မ ရေရာ သော လူမျိုး အားဖြင့် သူ တို့သည် ငြူစူ သောစိတ်ရှိစေခြင်းငှါ၎င်း၊ ပညာ မရှိသောလူမျိုး အားဖြင့် စိတ်ဆိုး စေခြင်းငှါ၎င်း ငါပြုမည်။
A zelos me provocaram com aquilo que não é Deus; com as suas vaidades me provocaram à ira; portanto eu os provocarei a zelos com os que não são povo; com nação louca os despertarei à ira.
22 ၂၂ ငါ သည် အမျက် ထွက်၍ မီး ရှို့ သဖြင့် ၊ အနက်ဆုံး သောမရဏာ နိုင်ငံသို့ လောင် လိမ့်မည်။ မြေ နှင့် မြေ အသီးအနှံ ကို ကျွမ်း စေ၍ တောင် ခြေရင်း တိုင်အောင်လောင် လိမ့်မည်။ (Sheol )
Porque um fogo se acendeu na minha ira, e arderá até ao mais profundo do inferno, e consumirá a terra com a sua novidade, e abrazará os fundamentos dos montes. (Sheol )
23 ၂၃ သူ တို့အပေါ် မှာ ဘေးဥပဒ် များကို ငါ ပို့မည်။ ငါ့ မြှား တို့ကို အကုန်အစင် ပစ်မည်။
Males amontoarei sobre eles; as minhas setas esgotarei contra eles.
24 ၂၄ သူတို့သည် မွတ်သိပ် ခြင်းအရှိန်ကို ခံ ရ၍ ၊ ပူလောင် ခြင်းဘေး၊ ပြင်းစွာ သောဖျက်ဆီး ခြင်းဘေး အားဖြင့် ဆုံးရှုံး ကြလိမ့်မည်။ သားရဲ တို့၏ သွား ကို၎င်း ၊ မြေ ၌ ကျင်လည်သော မြွေ အဆိပ် ကို ၎င်း၊ သူ တို့၌ ငါစေလွှတ် မည်။
Exaustos serão de fome, comidos de carbúnculo e de peste amarga: e entre eles enviarei dentes de feras, com ardente peçonha de serpentes do pó.
25 ၂၅ အိမ်ပြင် ၌ ထား ဘေး၊ အိမ် အတွင်း၌ ကြောက်မက် ဘွယ်သောဘေးသည် လူပျို နှင့် အပျို ကို၎င်း၊ နို့စို့ သူငယ် နှင့် ဦးဆံ ဖြူသောသူ ကို၎င်း ဖျက်ဆီး လိမ့်မည်။
Por fora devastará a espada, e por dentro o pavor: ao mancebo, juntamente com a virgem, assim à criança de mama, como ao homem de cãs
26 ၂၆ ရန်သူ ၏ မာန် မာနကို ငါမ ကြောက် လျှင်၎င်း၊
Eu dizia: Em todos os cantos os espalharia; faria cessar a sua memória dentre os homens,
27 ၂၇ ရန်ဘက် ပြုသောသူတို့သည် ထောင်လွှားလျက်၊ ဤ အမှုအလုံးစုံ ကို ထာဝရဘုရား မ ပြု ၊ ဘုန်းကြီး သောငါ တို့ လက်ရုံး ပြပြီဟု ပြော မည်ကို စိုးရိမ် စရာမရှိလျှင်၎င်း၊ သူ တို့ ကို မြေကြီးစွန်းတိုင်အောင်အရပ်ရပ်သို့ ကွဲပြား စေ၍၊ အဘယ်သူမျှမအောက်မေ့ စေခြင်းငှါပယ်ရှင်း မည်ဟု ငါအကြံ ရှိ၏။
Se eu não receiara a ira do inimigo, para que os seus adversários o não estranhassem, e para que não digam: A nossa mão está alta; o Senhor não fez tudo isto.
28 ၂၈ အကြောင်း မူကား၊ သူ တို့သည် ပညာ သတိမ ရှိ၊ ဉာဏ် ကင်း သော လူမျိုး ဖြစ်ကြ၏။
Porque são gente falta de conselhos, e neles não há entendimento.
29 ၂၉ ပညာ ကိုရ၍ ဤ အမှုကို နားလည် ကြပါစေ သော။ နောက်ဆုံး ကာလ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင် ကြပါစေသောဟု မိန့်တော်မူ၏။
Oxalá eles fossem sábios! que isto entendessem, e atentassem para o seu fim!
30 ၃၀ သူ တို့ခိုလှုံစရာကျောက် သည် သူ တို့ကိုမ ရောင်း ၊ ထာဝရဘုရား သည် သူ တို့ကို အပ် တော်မမူလျှင် ၊ လူတယောက် သည် လူတထောင် ကို အဘယ်သို့ နှင်နိုင်မည်နည်း။ လူနှစ် ယောက်သည် လူတသောင်း ကို အဘယ်သို့ပြေး စေနိုင်မည်နည်း။
Como pode ser que um só perseguisse mil, e dois fizessem fugir dez mil, se a sua Rocha os não vendera, e o Senhor os não entregara?
31 ၃၁ ငါ တို့၏ရန်သူ များ စီရင် ဆုံးဖြတ်သော်လည်း ၊ သူ တို့ကျောက် သည် ငါ တို့ကျောက် နှင့်မ တူ။
Porque a sua rocha não é como a nossa Rocha; sendo até os nossos inimigos juízes disto.
32 ၃၂ သူ တို့စပျစ် နွယ်ပင်သည် သောဒုံ စပျစ် နွယ်ပင် မျိုး၊ ဂေါမောရ မြေ ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူ တို့ စပျစ်သီး သည် ခါး သောအပင်၏ အသီး ဖြစ်၍၊ စပျစ်သီးပြွတ် တို့သည် ခါး သောအရသာနှင့် ပြည့်စုံကြ၏။
Porque a sua vinha é a vinha de Sodoma e dos campos de Gomorrha: as suas uvas são uvas de fel, cachos amargosos tem.
33 ၃၃ သူ တို့ စပျစ်ရည် သည် နဂါး အဆိပ် ၊ ပြင်းထန် သော မြွေဆိုး အဆိပ် အတောက်ဖြစ်၏။
O seu vinho é ardente veneno de dragões, e peçonha cruel de víboras.
34 ၃၄ ဤ အမှုသည် ငါ့ ထံမှာ သိုထား လျက်၊ ငါ့ ဘဏ္ဍာ တိုက် ၌ တံဆိပ် ခပ်လျက် ရှိသည်မ ဟုတ်လော။
Não está isto encerrado comigo? selado nos meus tesouros?
35 ၃၅ အပြစ်တရားကို စီရင်ရသောအခွင့်၊ အပြစ် နှင့် အလျောက်ဆပ် ပေးရသောအခွင့်ကို ငါပိုင်၏။ အချိန် တန်မှ သူ တို့ခြေ သည် ချော် လိမ့်မည်။ သူ တို့၌ ဘေး ရောက်သောအချိန် နီး ပြီ။ သူ တို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။
Minha é a vingança e a recompensa, ao tempo que resvalar o seu pé: porque o dia da sua ruína está próximo, e as coisas que lhes hão de suceder, se apressam a chegar.
36 ၃၆ ထာဝရဘုရား သည် မိမိ လူ တို့အဘို့ တရား စီရင်တော်မူမည်။ ကိုယ်တော် ၏ ကျွန် တို့သည် တန်ခိုး ကုန် ကြောင်း ၊ အချုပ် ခံရသောသူ၊ လွတ် သောသူတယောက် မျှ မရှိကြောင်းကို မြင် သောအခါ ၊ သူတို့အမှုကြောင့် နောင်တ ရ တော်မူလျက်၊
Porque o Senhor fará justiça ao seu povo, e se arrependerá pelos seus servos: porquanto o poder dele foi-se, e não há fechado nem desamparado.
37 ၃၇ သူ တို့ဘုရား ၊ သူတို့ခိုလှုံ သောကျောက် သည် အဘယ် မှာရှိသနည်း။
Então dirá: Onde estão os seus deuses? a rocha em quem confiavam,
38 ၃၈ သူ တို့ပူဇော် သော ဆီဥ ကို စား ၍ သွန်းလောင်း ရာ ပူဇော်သက္ကာ စပျစ်ရည် ကို သောက် သောသူ တို့ သည် အဘယ်မှာရှိသနည်း။ သူ တို့သည် ထ ၍ သင် တို့ကို ကွယ်ကာ စောင့်မပါလေစေ။
De cujos sacrifícios comiam a gordura, e de cujas libações bebiam o vinho? levantem-se, e vos ajudem, para que haja para vós escondedouro.
39 ၃၉ ငါ သည် ကိုယ်တိုင် အားဖြင့်ဘုရားဖြစ်ကြောင်း ကို၎င်း၊ ငါ မှတပါး အခြားသောဘုရား မ ရှိကြောင်းကို၎င်းကြည့်ရှု ကြလော့။ ငါ သည် အသက်ကို သေ စေ၏။ အသက် ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်းငှါဒဏ်ခတ်၏။ အနာ ကိုလည်း ပျောက် စေ၏။ ငါ့ လက် မှ အဘယ်သူ မျှမကယ် မနှုတ်နိုင်။
Vede agora que Eu, Eu O sou, e mais nenhum Deus comigo: Eu mato, e Eu faço viver: Eu firo, e Eu saro: e ninguém há que escape da minha mão.
40 ၄၀ ငါ သည် အစဉ်အမြဲ အသက် ရှင်ပေ၏ဟု ငါ့ လက် ကို ကောင်းကင် သို့ ချီ ၍ ကျိန်ဆို ၏။
Porque levantarei a minha mão aos céus, e direi: Eu vivo para sempre.
41 ၄၁ ငါသည် ပြောင်လက် သောထား ကို သွေး ၍ ၊ တရားစီရင်စပြုလျက် ငါ့ ရန်သူ တို့၌ အပြစ် တရားကို စီရင် မည်။ ငါ့ ကိုမုန်း သောသူတို့ ခံ ထိုက်သောအပြစ်အလျောက် ငါဆပ် ပေးမည်။
Se eu afiar a minha espada reluzente, e se travar do juízo a minha mão, farei tornar a vingança sobre os meus adversários, e recompensarei aos meus aborrecedores.
42 ၄၂ ငါ့ မြှား တို့ကို အသွေး နှင့် ယစ်မူး စေမည်။ ငါ့ ထား သည် အသား ကို စား လိမ့်မည်။ သတ် သောသူ၊ လက်ရ သောသူတို့၏ အသွေး ၊ ရန်သူ အကဲအမှူး တို့၏ ဦးခေါင်း ကို စားသောက်လိမ့်မည်။
Embriagarei as minhas setas de sangue, e a minha espada comerá carne: do sangue dos mortos e dos prisioneiros, desde a cabeça, haverá vinganças do inimigo.
43 ၄၃ တပါးအမျိုးသား တို့၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုး နှင့်အတူဝမ်းမြောက် ခြင်းရှိကြလော့။ အကြောင်း မူကား၊ ကိုယ်တော် ၏ ကျွန် တို့ကိုသတ် သော အပြစ် နှင့် အလျောက်ဒဏ် ပေး၍ ကိုယ်တော် ၏ ရန်သူ တို့ ၌ အပြစ် တရားကို စီရင်တော်မူမည်။ ပြည် တော်နှင့် မိမိ လူမျိုး ကို ကယ်မ သနားတော်မူမည်ဟူသော၊
Jubilai, ó nações, com o seu povo, porque vingará o sangue dos seus servos, e sobre os seus adversários fará tornar a vingança, e terá misericórdia da sua terra e do seu povo.
44 ၄၄ ဤ သီချင်း စကား ကို မောရှေ သည် လာ ၍ နုန် သား ယောရှု နှင့်အတူ လူ များတို့အား ဟောပြော မြွက်ဆို၏။
E veio Moisés, e falou todas as palavras deste cântico aos ouvidos do povo, ele e Hosea, filho de Nun.
45 ၄၅ ထိုသို့ မောရှေ သည် ဤ စကား အလုံးစုံ တို့ကို ဣသရေလ အမျိုးသားအပေါင်း တို့အား အကုန်အစင် ဟောပြောမြွက်ဆို ပြီးလျှင်၊
E, acabando Moisés de falar todas estas palavras a todo o Israel,
46 ၄၆ သင် တို့အား ယနေ့ ငါ သက်သေခံ သမျှ သော စကား တို့ကို နှလုံး သွင်း ကြလော့။ သင် တို့သား သမီးတို့ သည် ဤ ပညတ် တရား စကား တော်အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှါ ၊ သူ တို့အား ထပ်ဆင့်၍ မှာထား ရကြမည်။
Disse-lhes: aplicai o vosso coração a todas as palavras que hoje testifico entre vós, para que as recomendeis a vossos filhos, para que tenham cuidado de fazerem todas as palavras desta lei.
47 ၄၇ ဤအမှုသည် သာမညအမှုမဟုတ်။ သင်တို့အသက်နှင့်ဆိုင်သော အမှုဖြစ်၏။ ယော်ဒန် မြစ်ကိုကူး ၍ ဝင်စား လတံ့သော ပြည် ၌ ဤ အမှု ကို စောင့်ရှောက်လျှင်၊ ကိုယ် အသက်တာ ရှည် ကြလိမ့်မည်ဟု ပြောဆို၏။
Porque esta palavra não vos é vã, antes é a vossa vida; e por esta mesma palavra prolongareis os dias na terra a que passais o Jordão a possui-la.
48 ၄၈ ထိုနေ့ ခြင်း တွင် ထာဝရဘုရား က၊ ယေရိခေါ မြို့ တဘက် ၊ မောဘ ပြည် အာဗရိမ် တောင်ရိုး ၊ နေဗော တောင် ထိပ် ပေါ် သို့တက် ၍၊
Depois falou o Senhor a Moisés, naquele mesmo dia, dizendo:
49 ၄၉ ဣသရေလ အမျိုးသား တို့အား ငါ အပိုင် ပေး သော ခါနာန် ပြည် ကို ကြည့်ရှု လော့။
Sobe ao monte de Abarim, ao monte Nebo, que está na terra de Moab, defronte de Jericó, e vê a terra de Canaan, que darei aos filhos de Israel por possessão.
50 ၅၀ သင့် အစ်ကို အာရုန် သည် ဟောရ တောင် ပေါ် မှာ သေ ၍ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်သကဲ့သို့ ၊ သင် သည်လည်း တက် သွားသော ဤတောင် ပေါ် မှာ သေ ၍ ၊ သင် ၏လူမျိုး စည်းဝေး ရာသို့ ရောက်လော့။
E morre no monte, ao qual subirás; e recolhe-te aos teus povos, como Aarão teu irmão morreu no monte de Hor, e se recolheu aos seus povos.
51 ၅၁ အကြောင်း မူကား၊ သင်တို့သည် ဇိန တော ၊ ကာဒေရှ ရွာ၊ မေရိဘ စမ်းရေ အနား၌ ဣသရေလ အမျိုးသား တို့ရှေ့ မှာ ငါ့ ကို မ ရိုမသေပြု၍ ပြစ်မှား ကြပြီ။
Porquanto traspassastes contra mim no meio dos filhos de Israel, às águas da contenção em Cades, no deserto de Zin: pois me não santificastes no meio doe filhos de Israel.
52 ၅၂ ထို့ကြောင့် ဣသရေလ အမျိုးသား တို့အား ငါ ပေး သော ပြည် ကို သင်သည် ကိုယ်မျက်စိနှင့် မြင် ရသော်လည်း ၊ ထို ပြည်သို့ မ ဝင်စား ရဟု မောရှေ အား မိန့် တော်မူ၏။
Pelo que verás a terra diante de ti, porém não entrarás nela, na terra que darei aos filhos de Israel.