< တရားဟောရာ 31 >
1 ၁ တဖန် မောရှေ သည် သွား ၍ ဣသရေလ အမျိုးသားအပေါင်း တို့အား ဟောပြော သည်ကား၊
၁မောရှေသည်ဣသရေလအမျိုးသားတို့အား ဆက်လက်ပြောကြားသည်မှာ၊-
2 ၂ ငါ သည် ယနေ့ အသက် တရာ နှစ်ဆယ် စေ့ပြီ။ သင်တို့ရှေ့မှာ ထွက် ဝင် ခြင်းငှာ နောက် တဖန် မ တတ်နိုင်။။ ထာဝရဘုရား ကလည်း ၊ သင်သည် ယော်ဒန် မြစ်ကို မ ကူး ရဟု မိန့် တော်မူပြီ။
၂``ယခုငါသည်အသက်တစ်ရာ့နှစ်ဆယ်ရှိ ပြီဖြစ်၍ သင်တို့အားဆက်လက်ခေါင်းဆောင်နိုင် တော့မည်မဟုတ်။ ထို့အပြင်ငါသည်ယော်ဒန် မြစ်တစ်ဖက်သို့မကူးရဟုထာဝရဘုရား က ငါ့အားမိန့်ကြားတော်မူပြီ။-
3 ၃ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် သင် တို့ ရှေ့ မှာကူး ၍၊ ထို ပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီး တော်မူသဖြင့်၊ သူ တို့နေရာကို သင်တို့ဝင်စား ရကြ လိမ့်မည်။ ထာဝရဘုရား အမိန့် တော်အတိုင်း ၊ ယောရှု သည် လည်း သင် တို့ရှေ့ မှာ ကူး ရလိမ့်မည်။
၃သင်တို့ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုရှေ့ဆောင်၍ထိုပြည်တွင်နေထိုင် သောလူမျိုးတို့ကိုသုတ်သင်ပယ်ရှင်းသဖြင့် သင်တို့သည်သူတို့၏ပြည်ကိုသိမ်းယူနိုင် ကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းယောရှုသည်သင်တို့ကိုခေါင်းဆောင် လိမ့်မည်။-
4 ၄ ထာဝရဘုရား သည်လည်း ၊ အာမောရိ ရှင်ဘုရင် ရှိဟုန် နှင့် ဩဃ တို့၌ ၎င်း၊ ဖျက်ဆီး တော်မူသော သူ တို့ ပြည် ၌ ၎င်း ပြု သကဲ့သို့ ၊ ထို ပြည်သားအမျိုးမျိုးတို့၌ ပြု တော်မူလိမ့်မည်။
၄ထာဝရဘုရားသည်အာမောရိဘုရင်များ ဖြစ်သော ရှိဟုန်နှင့်သြဃတို့ကိုနှိမ်နင်း၍ သူ တို့၏ပြည်ကိုဖျက်ဆီးသည့်နည်းတူ ထိုပြည် တွင်နေထိုင်သောလူမျိုးတို့ကိုသုတ်သင် ပယ်ရှင်းတော်မူလိမ့်မည်။-
5 ၅ ထာဝရဘုရား သည် သူ တို့ကို သင် တို့၌ အပ် တော်မူသဖြင့် ၊ ငါမှာထား သမျှ သော ပညတ် တို့အတိုင်း ၊ သူ တို့၌ ပြု ရကြလိမ့်မည်။
၅ထာဝရဘုရားသည်သင်တို့အား ထိုသူတို့ ကိုတိုက်ခိုက်အောင်မြင်ခွင့်ပေးတော်မူမည် ဖြစ်၍ ငါမှာကြားသည့်အတိုင်းသူတို့ကို စီရင်ရမည်။-
6 ၆ အားယူ ၍ ရဲရင့် ခြင်းရှိကြလော့။ မ စိုးရိမ် ကြနှင့်။ သူ တို့ကို မ ကြောက် ကြနှင့်။ ထာဝရဘုရား သည် သင် တို့ဘုရားသခင် ဖြစ်၍သင် တို့နှင့်အတူ ကိုယ်တိုင်ကြွ တော်မူမည်။ သင် တို့ကို စွန့် တော်မ မူ၊ ပစ် ထားတော်မ မူဟု ဟောပြော ၏။
၆အားမာန်တင်း၍ရဲရင့်ခြင်းရှိကြလော့။ ထို လူမျိုးတို့ကိုမကြောက်ရွံ့ကြနှင့်။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကိုယ်တော် တိုင် သင်တို့နှင့်အတူရှိတော်မူမည်။ သင်တို့ ကိုမုချကူမတော်မူမည်။ စွန့်ပစ်ထား တော်မူမည်မဟုတ်'' ဟူ၍ဖြစ်၏။
7 ၇ တဖန် ယောရှု ကို ခေါ် ၍ ၊ သင် သည် အားယူ ၍ ရဲရင့် ခြင်းရှိလော့။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဤ လူ တို့အား ပေး ခြင်းငှာ ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သော ပြည် သို့ သင်သည် သူ တို့နှင့်အတူ သွား ၍ အမွေခံ စေရမည်။
၇ထို့နောက်မောရှေသည်ယောရှုကိုဆင့်ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့ တွင်သူ့အား``သင်သည်အားမာန်တင်း၍ရဲရင့် ခြင်းရှိလော့။ ထာဝရဘုရားသည် သင်တို့ ၏ဘိုးဘေးတို့အားကတိထားတော်မူသော ပြည်ကို တိုက်ခိုက်သိမ်းယူရန်သင်သည်ဤ သူတို့ကိုဦးဆောင်ရမည်။-
8 ၈ သင့် ရှေ့ မှာ ထာဝရဘုရား သည် ကိုယ်တိုင်ကြွ ၍ သင် နှင့် ရှိ တော်မူလိမ့်မည်။ သင့် ကိုစွန့် တော်မ မူ၊ ပစ် ထား တော်မ မူ။ မ စိုးရိမ် နှင့်၊ စိတ် မ ပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ ပြော ဆို၏။
၈ထာဝရဘုရားကိုယ်တော်တိုင်သင့်အားဦး ဆောင်၍ သင်နှင့်အတူရှိတော်မူမည်။ သင့်အား မုချကူမတော်မူမည်။ သင့်ကိုစွန့်ပစ်ထား တော်မူမည်မဟုတ်။ ထို့ကြောင့်သင်သည်အား မလျှော့နှင့်။ ကြောက်ရွံ့ခြင်းမရှိနှင့်'' ဟုမှာ ကြားလေ၏။
9 ၉ ဤ ပညတ် တရားကို မောရှေ သည် ရေး ထား၍ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သော လေဝိ သား ယဇ် ပုရောဟိတ်များ၊ ဣသရေလ အမျိုး အသက် ကြီးသူများ အပေါင်း တို့၌ အပ် ၍၊
၉သို့ဖြစ်၍မောရှေသည်ဘုရားသခင်၏ ပညတ်တရားတော်ကိုရေး၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရသောလေဝိအနွယ်ဝင် ယဇ်ပုရော ဟိတ်များနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်များအားပေးအပ်လေသည်။-
10 ၁၀ မှာထား သည်ကား ၊ ခုနစ် နှစ် စေ့ ၍ ကျွန်များကို လွှတ် ခြင်းငှာ ချိန်းချက် သောနှစ် ၊ သကေနေ ပွဲ ခံချိန် ရောက်မှ၊
၁၀ထို့နောက်မောရှေကသူတို့အား``ခုနစ်နှစ် လျှင်တစ်ကြိမ်ကျရောက်သောကြွေးမြီများ ကိုလျှော်ပစ်သည့်နှစ်တွင်တဲနေပွဲတော်ရက် အတွင်း ဤပညတ်တရားတော်ကိုဣသရေလ အမျိုးသားအပေါင်းတို့ကြားနိုင်အောင်ဖတ် ပြရမည်။-
11 ၁၁ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူလတံ့သော အရပ် တွင် ဣသရေလ အမျိုးသားအပေါင်း တို့သည် ရှေ့ တော်၌ ကိုယ် ကို ပြခြင်းငှာ လာ ကြသောအခါ ၊ ဤ ပညတ် တရားကို ထိုပရိသတ် အပေါင်းတို့ရှေ့မှာ ဘတ်ရွတ် ရမည်။
၁၁ဣသရေလအမျိုးသားတို့သည် တစ်ခုတည်း သောကိုးကွယ်ရာဌာနသို့ရောက်ရှိလာကြ သောအခါ ဤပညတ်တရားတော်ကိုဖတ်ပြ ရမည်။-
12 ၁၂ ယောက်ျား ၊ မိန်းမ ၊ သူငယ် များ၊ တည်းခို သော တပါး အမျိုးသားများတို့သည် ကြား ၍ နားလည် သဖြင့် ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ၊ ဤ ပညတ် တရားစကား အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှာ ပရိသတ် တို့ကို စုဝေး စေကြလော့။
၁၂ယောကျာ်း၊ မိန်းမ၊ ကလေး၊ သင်တို့မြို့များ တွင်နေထိုင်သောလူမျိုးခြားမှစ၍ လူ အပေါင်းတို့ကိုစုဝေးစေသဖြင့်သူတို့ သည် ထိုပညတ်တရားတော်ကိုကြားရ၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုကြောက်ရွံ့လျက် တရားတော်ကိုတသဝေ မတိမ်းစောင့်ထိန်းကြလိမ့်မည်။-
13 ၁၃ ထိုသို့ပြုလျှင်၊ နား မ လည်သေးသော သူငယ် တို့ သည် ကြား သဖြင့် ၊ သင် တို့သည် ယော်ဒန် မြစ်ကိုကူး ၍ ဝင်စား လတံ့သော ပြည် ၌ နေ သည်ကာလ ပတ်လုံး၊ သင် တို့ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ စေခြင်းငှာ သင် ကြလိမ့်မည်ဟု မှာထားသတည်း။
၁၃ဤနည်းအားဖြင့်ထာဝရဘုရား၏ပညတ် တရားတော်ကိုမကြားဘူးသော သင်တို့၏ အဆက်အနွယ်တို့သည်ကြားရလိမ့်မည်။ သို့ မှသာသူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး ၍သိမ်းယူမည့်ပြည်တွင်နေထိုင်သမျှကာလ ပတ်လုံး ထာဝရဘုရား၏အမိန့်တော်ကို နာခံလာတတ်ကြလိမ့်မည်'' ဟုဆိုလေ၏။
14 ၁၄ ထာဝရဘုရား ကလည်း ၊ သင် သည် သေ ရသော အချိန် နီး ပြီ။ ယောရှု ကို ခေါ် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ချဉ်းကပ် လော့။ သူ့ ကိုငါမှာထား မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊ မောရှေ နှင့် ယောရှု သည် သွား ၍ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ချဉ်းကပ် ကြ၏။
၁၄ထို့နောက်ထာဝရဘုရားကမောရှေအား``သင် စုတေရသောအချိန်နီးလာပြီ။ ငါသည် ယောရှုအားညွှန်ကြားနိုင်ရန် သူ့ကိုပဋိညာဉ် တဲတော်သို့ခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။ မောရှေနှင့်ယောရှုတို့သည်တဲတော်သို့သွား ကြရာ၊-
15 ၁၅ ထာဝရဘုရား သည် တဲ တော်တွင် မိုဃ်းတိမ် တိုင် ၌ ထင်ရှား တော်မူ၍ ၊ မိုဃ်းတိမ် တိုင် သည် တဲ တော် တံခါးဝ အပေါ် မှာ တည် နေ၏။
၁၅ထာဝရဘုရားသည်တဲတော်တံခါးဝတွင် မိုးတိမ်တိုင်အားဖြင့်ထင်ရှားတော်မူ၏။
16 ၁၆ တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် သောအခါ ၊ ဤ လူမျိုး သည် ထ ၍ ယခုသွား သော ပြည် ၌နေသောတပါး အမျိုးသားကိုးကွယ်သော ဘုရား တို့နှင့် မှားယွင်း ၍ ငါ့ ကိုစွန့် လျက် ၊ ငါဖွဲ့ ထားသော ပဋိညာဉ် တရားကို ဖျက် လိမ့်မည်။
၁၆ထာဝရဘုရားသည်မိုးတိမ်တိုင်ထဲက မောရှေအား``သင်သည်မကြာမီစုတေရမည်။ သင်အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့သည် သစ္စာဖောက်၍သူတို့နှင့်ငါပြု ထားသောပဋိညာဉ်ကိုချိုးဖောက်ကြလိမ့်မည်။ သူတို့သည်ငါ့ကိုစွန့်ပယ်၍ သူတို့ဝင်ရောက် မည့်ပြည်ရှိအခြားသောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
17 ၁၇ ထိုအခါ ငါ သည် အမျက် တော်ထွက် ၍ သူ တို့ကို စွန့် မည်။ သူ တို့မှ ငါ့ မျက်နှာ ကို လွှဲ သဖြင့် ၊ သူတို့သည် ပျက်စီး ၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြ လိမ့်မည်။ ထိုအခါ သူတို့က၊ ငါ တို့ဘုရားသခင် သည် ငါတို့ တွင် ရှိတော်မမူသောကြောင့်၊ ဤ ဘေးဒဏ် တို့သည် ငါ တို့ အပေါ်မှာ ရောက် သည်မ ဟုတ်လော ဟု ဆိုကြလိမ့်မည်။
၁၇ထိုအခါ၌ငါသည်အမျက်တော်ထွက်၍ သူ တို့ကိုစွန့်ပစ်သဖြင့်သူတို့သည်ပျက်စီးဆုံးရှုံး ကြလိမ့်မည်။ သူတို့သည်ကြောက်မက်ဖွယ်သော ဘေးဒဏ်များနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါ သူတို့၏ဘုရားသခင်ဖြစ်တော်မူသောငါသည် သင်တို့နှင့်အတူမရှိတော့သဖြင့် ဤကဲ့သို့ သောဘေးဒဏ်များနှင့်တွေ့ကြုံရသည်ဟု သိမြင်လာကြလိမ့်မည်။-
18 ၁၈ သူတို့သည် အခြား တပါးသော ဘုရား တို့နောက် သို့ လွှဲ သွား၍ ပြု သော ဒုစရိုက် အပေါင်း တို့ကြောင့် ၊ ထိုအခါ ငါ သည် ကိုယ် မျက်နှာ ကို ဧကန် အမှန် လွှဲမည်။
၁၈သူတို့သည်အခြားသောဘုရားများကိုး ကွယ်၍ဒုစရိုက်ကိုပြုကြသောကြောင့် ငါ သည်သူတို့အားကယ်မည်မဟုတ်။-
19 ၁၉ ယခု မှာ ဓမ္မသီချင်း ကို ရေး ထားကြလော့။ ထို သီချင်း ကို ဣသရေလ အမျိုး တဘက်၌ ငါ့ အဘို့ သက်သေ ဖြစ်စေ ခြင်းငှာ၊ သူ တို့သည် နှုတ် ကျက်ရအောင် သင် စေ ကြလော့။
၁၉သင်သည်ယခုဤသီချင်းကိုရေးသားလော့။ ယင်းသီချင်းသည်ဣသရေလအမျိုးသား တို့တစ်ဘက်၌ ငါ၏သက်သေဖြစ်စေခြင်း ငှာထိုသီချင်းကိုသူတို့အားသင်ပေး လော့။-
20 ၂၀ အကြောင်း မူကား၊ သူ တို့၏ဘိုးဘေး တို့အား ငါကျိန်ဆို ၍ နို့ နှင့် ပျားရည် စီး သော ပြည် သို့ သူ တို့ကို ငါဆောင်သွင်း သဖြင့် သူတို့သည် ဝ စွာစား ရ၍ ဆူဖြိုး သောအခါ ၊ အခြား တပါးသော ဘုရား တို့ထံသို့ လွှဲ သွား၍ ဝတ်ပြု ကြလိမ့်မည်။ ငါ့ ကို ပုန်ကန် ၍ ငါ့ ပဋိညာဉ် တရား ကို ဖျက် ကြလိမ့်မည်။
၂၀ငါသည်သူတို့၏ဘိုးဘေးတို့အားကတိထား သည့်အတိုင်း သူတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့ပို့ဆောင်မည်။ ထိုပြည်တွင်သူ တို့သည်အစားအစာကိုဝစွာစားရ၍ အေး ချမ်းသာယာစွာနေထိုင်ကြလိမ့်မည်။ သို့ရာ တွင်သူတို့သည်ဖောက်ပြန်၍ အခြားသော ဘုရားများကိုကိုးကွယ်ကြလိမ့်မည်။ သူ တို့သည်ငါ့ကိုစွန့်ပစ်၍ငါ၏ပဋိညာဉ် ကိုချိုးဖောက်သဖြင့်၊-
21 ၂၁ ဘေးဒဏ် ရန်မာန် အပေါင်း တို့နှင့် တွေ့ကြုံ သောအခါ ၊ ထို သီချင်း သည် သူ တို့တဘက် ၌ သက်သေခံ လိမ့်မည်။ သူ တို့အမျိုးအနွယ် သည် နှုတ် ကျက်မ မေ့လျော့ ရ။ ငါကျိန်ဆို သော ပြည် သို့ ငါဆောင် ၍ မ သွင်းမှီ၊ ယခု ပင် သူ တို့ကြံစည် သော အကြံအစည် ကို ငါသိ ၏ဟု မိန့်တော်မူ၏။
၂၁ကြောက်မက်ဖွယ်သောဘေးဒဏ်များစွာနှင့် တွေ့ကြုံရလိမ့်မည်။ သို့ရာတွင်သူတို့တစ် ဘက်၌သက်သေဖြစ်စေရန် ဤသီချင်းကို သီဆိုရမည်။ ငါပေးမည်ဟုကတိထား သောပြည်သို့ငါမခေါ်ဆောင်မီပင် ယခု သူတို့ကြံစည်နေသောအကြံအစည်ကို ငါသိ၏'' ဟုမိန့်တော်မူ၏။
22 ၂၂ မောရှေ သည်လည်း၊ ထို နေ့ ၌ ဓမ္မသီချင်း ကို ရေး ထား ၍ ဣသရေလ အမျိုးသား တို့အား သင် လေ၏။
၂၂ထိုနေ့တွင်မောရှေသည်ထိုသီချင်းကိုရေး သား၍ ဣသရေလအမျိုးသားတို့အား သင်ပေးလေသည်။
23 ၂၃ တဖန် နုန် ၏သား ယောရှု အား ထာဝရဘုရား က၊ သင် သည် အားယူ ၍ ရဲရင့် ခြင်းရှိလော့။ ငါကျိန်ဆို သော ပြည် သို့ ဣသရေလ အမျိုးသား တို့ကို ဆောင်သွင်း ရမည်။ ငါ သည် သင် နှင့်အတူ ရှိ မည်ဟု မှာ ထားတော်မူ၏။
၂၃ထို့နောက်ထာဝရဘုရားသည်နုန်၏သားယောရှု အား``အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည် ဣသရေလအမျိုးသားတို့ကိုခေါင်းဆောင်လျက် ငါကတိထားသောပြည်သို့ဝင်ရောက်ရမည်။ ငါသည်သင်နှင့်အတူရှိမည်'' ဟုမိန့်တော် မူ၏။
24 ၂၄ မောရှေ သည် ဤ ပညတ် တရားစကား တော် အလုံးစုံတို့ကို အကုန်အစင် ရေး ထားပြီးမှ၊
၂၄မောရှေသည် ဘုရားသခင်၏ပညတ်တရား တော်ကိုအကုန်အစင်ရေးသားထား၏။-
25 ၂၅ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သောလေဝိ သားတို့ကို ခေါ် ၍၊
၂၅ထို့နောက်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်ကိုထိန်းသိမ်းရသော လေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်တို့အား၊-
26 ၂၆ ဤ ပညတ္တိ ကျမ်းစာ သည် သင် တို့အမျိုးတဘက် ၌ သက်သေ ဖြစ် မည်အကြောင်း၊ ထိုစာကိုယူ ၍ သင် တို့ဘုရားသခင် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော် အနား မှာ တင် ထားကြလော့။
၂၆``ဘုရားသခင်၏ပညတ်တရားတော်ကျမ်း စာအုပ်ကိုယူ၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာအနီး တွင်ထားလော့။ ထိုကျမ်းစာအုပ်သည်ကိုယ် တော်၏လူမျိုးတော်တစ်ဘက်၌သက်သေ အဖြစ် ထိုနေရာ၌ရှိနေစေရမည်။-
27 ၂၇ သင် တို့အမျိုးသည် ပုန်ကန် တတ်သော သဘော၊ ခိုင်မာ သောသဘော ရှိကြောင်းကို ငါ သိ ၏။ ငါ အသက် ရှင်၍၊ သင် တို့တွင် နေ စဉ်အခါ၊ ယနေ့ ပင် သင်တို့သည် ထာဝရဘုရား ကို ပုန်ကန် ကြပြီ။ ငါ သေ သောနောက် ထိုမျှမက ပြု ကြလိမ့်မည်။
၂၇သူတို့သည်ခေါင်းမာ၍ပုန်ကန်တတ်သော သဘောရှိကြောင်းကိုငါသိ၏။ သူတို့သည် ငါမသေခင်ကပင်ထာဝရဘုရားအား ပုန်ကန်ခဲ့လျှင် ငါသေလွန်ပြီးနောက်သာ ၍ပုန်ကန်ကြဦးမည်။-
28 ၂၈ သင် တို့အမျိုးအနွယ် အသက်ကြီး သူ၊ အရာ ရှိသူ အပေါင်းတို့ကို ငါ့ ထံမှာ စုဝေး စေကြလော့။ ဤ စကား တို့ ကို သူ တို့အား ဟောပြော ၍ သူ တို့တဘက် ၌ ကောင်းကင် မြေကြီး ကို ငါတိုင်တည် မည်။
၂၈ငါသည်ဤအကြောင်းအရာများကိုပြော ကြားနိုင်ရန် သင်တို့အနွယ်ဝင်များ၏ခေါင်း ဆောင်တို့နှင့်အရာရှိအပေါင်းတို့ကိုစုရုံး စေလော့။ ငါသည်ကောင်းကင်နှင့်မြေကြီး ကိုတိုင်တည်၍ သူတို့အားပြောကြားမည်။-
29 ၂၉ အကြောင်း မူကား၊ ငါ သေ သောနောက် ၊ သင်တို့သည် လုံးလုံးဖောက်ပြန် ၍ ငါမှာထား သော လမ်း မှ လွှဲ သွား ကြလိမ့်မည်ကို ငါသိ ၏။ နောင် ကာလ တွင် ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ကိုယ် လက် နှင့် လုပ်ဆောင် သောအားဖြင့် အမျက် တော်ကို နှိုးဆော်သောကြောင့်၊ သင် တို့သည် ဘေး ဥပဒ်နှင့် တွေ့ကြုံ ကြလိမ့်မည်ဟု သတိပေး လေ၏။
၂၉ငါသေလွန်ပြီးနောက်ဤလူတို့သည်အကျင့် ဖောက်ပြား၍ ငါသွန်သင်ခဲ့သမျှတို့ကိုပစ် ပယ်မည်ဖြစ်ကြောင်းငါသိ၏။ နောင်အခါ၌ သူတို့သည်ထာဝရဘုရားတားမြစ်သော ဒုစရိုက်ကိုပြုသောကြောင့် အမျက်တော် ထွက်သဖြင့်သူတို့သည်ဘေးဒဏ်နှင့်တွေ့ ကြုံရကြလိမ့်မည်'' ဟုသတိပေးလေ၏။
30 ၃၀ မောရှေ သည် ဣသရေလ ပရိသတ် အပေါင်း တို့ အား အကုန်အစင် မြွက်ဆို သော သီချင်း စကား ဟူမူကား၊
၃၀ထို့နောက်မောရှေသည်သီချင်းတစ်ပုဒ်လုံးကို ဣသရေလအမျိုးသားအပေါင်းတို့အား ရွတ်ပြလေသတည်း။