< တရားဟောရာ 31 >
1 ၁ တဖန် မောရှေ သည် သွား ၍ ဣသရေလ အမျိုးသားအပေါင်း တို့အား ဟောပြော သည်ကား၊
Moses [Drawn out] went and spoke these words to all Israel [God prevails].
2 ၂ ငါ သည် ယနေ့ အသက် တရာ နှစ်ဆယ် စေ့ပြီ။ သင်တို့ရှေ့မှာ ထွက် ဝင် ခြင်းငှာ နောက် တဖန် မ တတ်နိုင်။။ ထာဝရဘုရား ကလည်း ၊ သင်သည် ယော်ဒန် မြစ်ကို မ ကူး ရဟု မိန့် တော်မူပြီ။
He said to them, “I am one hundred twenty years old today. I can no more go out and come in. Adonai has said to me, ‘You shall not go over this Jordan [Descender].’
3 ၃ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် သင် တို့ ရှေ့ မှာကူး ၍၊ ထို ပြည်သား အမျိုးမျိုးတို့ကို ဖျက်ဆီး တော်မူသဖြင့်၊ သူ တို့နေရာကို သင်တို့ဝင်စား ရကြ လိမ့်မည်။ ထာဝရဘုရား အမိန့် တော်အတိုင်း ၊ ယောရှု သည် လည်း သင် တို့ရှေ့ မှာ ကူး ရလိမ့်မည်။
Adonai your God himself will go over before you. He will destroy these nations from before you, and you shall dispossess them. Joshua [Yah Salvation] will go over before you, as Adonai has spoken.
4 ၄ ထာဝရဘုရား သည်လည်း ၊ အာမောရိ ရှင်ဘုရင် ရှိဟုန် နှင့် ဩဃ တို့၌ ၎င်း၊ ဖျက်ဆီး တော်မူသော သူ တို့ ပြည် ၌ ၎င်း ပြု သကဲ့သို့ ၊ ထို ပြည်သားအမျိုးမျိုးတို့၌ ပြု တော်မူလိမ့်မည်။
Adonai will do to them as he did to Sihon and to Og, the kings of the Amorites [Descendants of Talkers], and to their land; whom he destroyed.
5 ၅ ထာဝရဘုရား သည် သူ တို့ကို သင် တို့၌ အပ် တော်မူသဖြင့် ၊ ငါမှာထား သမျှ သော ပညတ် တို့အတိုင်း ၊ သူ တို့၌ ပြု ရကြလိမ့်မည်။
Adonai will deliver them up before you, and you shall do to them according to all the mitzvot ·instructions· I have enjoined you.
6 ၆ အားယူ ၍ ရဲရင့် ခြင်းရှိကြလော့။ မ စိုးရိမ် ကြနှင့်။ သူ တို့ကို မ ကြောက် ကြနှင့်။ ထာဝရဘုရား သည် သင် တို့ဘုရားသခင် ဖြစ်၍သင် တို့နှင့်အတူ ကိုယ်တိုင်ကြွ တော်မူမည်။ သင် တို့ကို စွန့် တော်မ မူ၊ ပစ် ထားတော်မ မူဟု ဟောပြော ၏။
Be strong and courageous. Don’t be afraid or scared of them; for Adonai your God himself is who goes with you. He will not fail you nor forsake you.”
7 ၇ တဖန် ယောရှု ကို ခေါ် ၍ ၊ သင် သည် အားယူ ၍ ရဲရင့် ခြင်းရှိလော့။ အကြောင်း မူကား၊ ထာဝရဘုရား သည် ဤ လူ တို့အား ပေး ခြင်းငှာ ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူ သော ပြည် သို့ သင်သည် သူ တို့နှင့်အတူ သွား ၍ အမွေခံ စေရမည်။
Moses [Drawn out] called to Joshua [Yah Salvation], and said to him in the sight of all Israel [God prevails], “Be strong and courageous, for you shall go with this people into the land which Adonai has sworn to their fathers to give them; and you shall cause them to inherit it.
8 ၈ သင့် ရှေ့ မှာ ထာဝရဘုရား သည် ကိုယ်တိုင်ကြွ ၍ သင် နှင့် ရှိ တော်မူလိမ့်မည်။ သင့် ကိုစွန့် တော်မ မူ၊ ပစ် ထား တော်မ မူ။ မ စိုးရိမ် နှင့်၊ စိတ် မ ပျက်နှင့်ဟု ဣသရေလ အမျိုးသားအပေါင်း တို့ရှေ့ မှာ ပြော ဆို၏။
Adonai himself is who goes before you. He will be with you. He will not fail you nor forsake you. Don’t be afraid. Don’t be discouraged.”
9 ၉ ဤ ပညတ် တရားကို မောရှေ သည် ရေး ထား၍ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သော လေဝိ သား ယဇ် ပုရောဟိတ်များ၊ ဣသရေလ အမျိုး အသက် ကြီးသူများ အပေါင်း တို့၌ အပ် ၍၊
Moses [Drawn out] wrote this Torah ·Teaching·, and delivered it to the priests the sons of Levi [United with], who bore the ark of Adonai’s covenant, and to all the elders of Israel [God prevails].
10 ၁၀ မှာထား သည်ကား ၊ ခုနစ် နှစ် စေ့ ၍ ကျွန်များကို လွှတ် ခြင်းငှာ ချိန်းချက် သောနှစ် ၊ သကေနေ ပွဲ ခံချိန် ရောက်မှ၊
Moses [Drawn out] enjoined them, saying, “At the end of every seven years, in the set time of the year of release, in the festival of Sukkot ·Booths·,
11 ၁၁ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူလတံ့သော အရပ် တွင် ဣသရေလ အမျိုးသားအပေါင်း တို့သည် ရှေ့ တော်၌ ကိုယ် ကို ပြခြင်းငှာ လာ ကြသောအခါ ၊ ဤ ပညတ် တရားကို ထိုပရိသတ် အပေါင်းတို့ရှေ့မှာ ဘတ်ရွတ် ရမည်။
when all Israel [God prevails] has come to appear before Adonai your God in the place which he will choose, you shall read this Torah ·Teaching· before all Israel [God prevails] in their hearing.
12 ၁၂ ယောက်ျား ၊ မိန်းမ ၊ သူငယ် များ၊ တည်းခို သော တပါး အမျိုးသားများတို့သည် ကြား ၍ နားလည် သဖြင့် ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ ၍ ၊ ဤ ပညတ် တရားစကား အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှာ ပရိသတ် တို့ကို စုဝေး စေကြလော့။
Assemble the people, the men and the women and the little ones, and the foreigners who are within your gates, that they may sh'ma ·hear obey·, and that they may learn, and fear Adonai your God, and observe to do all the words of this Torah ·Teaching·;
13 ၁၃ ထိုသို့ပြုလျှင်၊ နား မ လည်သေးသော သူငယ် တို့ သည် ကြား သဖြင့် ၊ သင် တို့သည် ယော်ဒန် မြစ်ကိုကူး ၍ ဝင်စား လတံ့သော ပြည် ၌ နေ သည်ကာလ ပတ်လုံး၊ သင် တို့ဘုရားသခင် ထာဝရဘုရား ကို ကြောက်ရွံ့ စေခြင်းငှာ သင် ကြလိမ့်မည်ဟု မှာထားသတည်း။
and that their children, who have not known, may sh'ma ·hear obey·, and learn to fear Adonai your God, as long as you live in the land where you go over the Jordan [Descender] to possess it.”
14 ၁၄ ထာဝရဘုရား ကလည်း ၊ သင် သည် သေ ရသော အချိန် နီး ပြီ။ ယောရှု ကို ခေါ် ၍ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ချဉ်းကပ် လော့။ သူ့ ကိုငါမှာထား မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊ မောရှေ နှင့် ယောရှု သည် သွား ၍ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ချဉ်းကပ် ကြ၏။
Adonai said to Moses [Drawn out], “Behold, your days approach that you must die. Call Joshua [Yah Salvation], and present yourselves in the Tent of Meeting, that I may enjoin him.” Moses [Drawn out] and Joshua [Yah Salvation] went, and presented themselves in the Tent of Meeting.
15 ၁၅ ထာဝရဘုရား သည် တဲ တော်တွင် မိုဃ်းတိမ် တိုင် ၌ ထင်ရှား တော်မူ၍ ၊ မိုဃ်းတိမ် တိုင် သည် တဲ တော် တံခါးဝ အပေါ် မှာ တည် နေ၏။
Adonai appeared in the Tent in a pillar of cloud, and the pillar of cloud stood over the Tent’s door.
16 ၁၆ တဖန် မောရှေ အား ထာဝရဘုရား က၊ သင် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် သောအခါ ၊ ဤ လူမျိုး သည် ထ ၍ ယခုသွား သော ပြည် ၌နေသောတပါး အမျိုးသားကိုးကွယ်သော ဘုရား တို့နှင့် မှားယွင်း ၍ ငါ့ ကိုစွန့် လျက် ၊ ငါဖွဲ့ ထားသော ပဋိညာဉ် တရားကို ဖျက် လိမ့်မည်။
Adonai said to Moses [Drawn out], “Behold, you shall sleep with your fathers. This people will rise up, and play the prostitute after the strange deities of the land, where they go to be among them, and will forsake me, and break my covenant ·binding contract between two or more parties· which I have made with them.
17 ၁၇ ထိုအခါ ငါ သည် အမျက် တော်ထွက် ၍ သူ တို့ကို စွန့် မည်။ သူ တို့မှ ငါ့ မျက်နှာ ကို လွှဲ သဖြင့် ၊ သူတို့သည် ပျက်စီး ၍ ဘေးဒဏ်ရန်မာန်အပေါင်းတို့နှင့် တွေ့ကြုံကြ လိမ့်မည်။ ထိုအခါ သူတို့က၊ ငါ တို့ဘုရားသခင် သည် ငါတို့ တွင် ရှိတော်မမူသောကြောင့်၊ ဤ ဘေးဒဏ် တို့သည် ငါ တို့ အပေါ်မှာ ရောက် သည်မ ဟုတ်လော ဟု ဆိုကြလိမ့်မည်။
Then my anger shall be kindled against them in that day, and I will forsake them, and I will hide my face from them, and they shall be devoured, and many evils and troubles shall come on them; so that they will say in that day, ‘Haven’t these evils come on us because our God is not among us?’
18 ၁၈ သူတို့သည် အခြား တပါးသော ဘုရား တို့နောက် သို့ လွှဲ သွား၍ ပြု သော ဒုစရိုက် အပေါင်း တို့ကြောင့် ၊ ထိုအခါ ငါ သည် ကိုယ် မျက်နှာ ကို ဧကန် အမှန် လွှဲမည်။
I will surely hide my face in that day for all the evil which they have done, in that they have turned to other deities.
19 ၁၉ ယခု မှာ ဓမ္မသီချင်း ကို ရေး ထားကြလော့။ ထို သီချင်း ကို ဣသရေလ အမျိုး တဘက်၌ ငါ့ အဘို့ သက်သေ ဖြစ်စေ ခြင်းငှာ၊ သူ တို့သည် နှုတ် ကျက်ရအောင် သင် စေ ကြလော့။
“Now therefore write this song for yourselves, and teach it to the children of Israel [God prevails]. Put it in their mouths, that this song may be a witness for me against the children of Israel [God prevails].
20 ၂၀ အကြောင်း မူကား၊ သူ တို့၏ဘိုးဘေး တို့အား ငါကျိန်ဆို ၍ နို့ နှင့် ပျားရည် စီး သော ပြည် သို့ သူ တို့ကို ငါဆောင်သွင်း သဖြင့် သူတို့သည် ဝ စွာစား ရ၍ ဆူဖြိုး သောအခါ ၊ အခြား တပါးသော ဘုရား တို့ထံသို့ လွှဲ သွား၍ ဝတ်ပြု ကြလိမ့်မည်။ ငါ့ ကို ပုန်ကန် ၍ ငါ့ ပဋိညာဉ် တရား ကို ဖျက် ကြလိမ့်မည်။
For when I have brought them into the land which I swore to their fathers, flowing with milk and honey, and they have eaten and filled themselves, and grown fat; then they will turn to other deities, and abad ·serve· them, and despise me, and break my covenant.
21 ၂၁ ဘေးဒဏ် ရန်မာန် အပေါင်း တို့နှင့် တွေ့ကြုံ သောအခါ ၊ ထို သီချင်း သည် သူ တို့တဘက် ၌ သက်သေခံ လိမ့်မည်။ သူ တို့အမျိုးအနွယ် သည် နှုတ် ကျက်မ မေ့လျော့ ရ။ ငါကျိန်ဆို သော ပြည် သို့ ငါဆောင် ၍ မ သွင်းမှီ၊ ယခု ပင် သူ တို့ကြံစည် သော အကြံအစည် ကို ငါသိ ၏ဟု မိန့်တော်မူ၏။
It will happen, when many evils and troubles have come on them, that this song will testify before them as a witness; for it will not be forgotten out of the mouths of their descendants; for I know their ways and what they are doing today, before I have brought them into the land which I swore.”
22 ၂၂ မောရှေ သည်လည်း၊ ထို နေ့ ၌ ဓမ္မသီချင်း ကို ရေး ထား ၍ ဣသရေလ အမျိုးသား တို့အား သင် လေ၏။
So Moses [Drawn out] wrote this song the same day, and taught it the children of Israel [God prevails].
23 ၂၃ တဖန် နုန် ၏သား ယောရှု အား ထာဝရဘုရား က၊ သင် သည် အားယူ ၍ ရဲရင့် ခြင်းရှိလော့။ ငါကျိန်ဆို သော ပြည် သို့ ဣသရေလ အမျိုးသား တို့ကို ဆောင်သွင်း ရမည်။ ငါ သည် သင် နှင့်အတူ ရှိ မည်ဟု မှာ ထားတော်မူ၏။
He enjoined Joshua [Yah Salvation] the son of Nun, and said, “Be strong and courageous; for you shall bring the children of Israel [God prevails] into the land which I swore to them. I will be with you.”
24 ၂၄ မောရှေ သည် ဤ ပညတ် တရားစကား တော် အလုံးစုံတို့ကို အကုန်အစင် ရေး ထားပြီးမှ၊
When Moses [Drawn out] had finished writing the words of this Torah ·Teaching· in a book, until they were finished,
25 ၂၅ ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော်ကို ထမ်း သောလေဝိ သားတို့ကို ခေါ် ၍၊
Moses [Drawn out] enjoined the Levites [Descendants of United with], who bore the ark of Adonai’s covenant, saying,
26 ၂၆ ဤ ပညတ္တိ ကျမ်းစာ သည် သင် တို့အမျိုးတဘက် ၌ သက်သေ ဖြစ် မည်အကြောင်း၊ ထိုစာကိုယူ ၍ သင် တို့ဘုရားသခင် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ တော် အနား မှာ တင် ထားကြလော့။
“Take this book of the Torah ·Teaching·, and put it by the side of the ark of Adonai’s covenant your God, that it may be there for a witness against you.
27 ၂၇ သင် တို့အမျိုးသည် ပုန်ကန် တတ်သော သဘော၊ ခိုင်မာ သောသဘော ရှိကြောင်းကို ငါ သိ ၏။ ငါ အသက် ရှင်၍၊ သင် တို့တွင် နေ စဉ်အခါ၊ ယနေ့ ပင် သင်တို့သည် ထာဝရဘုရား ကို ပုန်ကန် ကြပြီ။ ငါ သေ သောနောက် ထိုမျှမက ပြု ကြလိမ့်မည်။
For I know your rebellion, and your stiff neck. Behold, while I am yet alive with you today, you have been rebellious against Adonai. How much more after my death?
28 ၂၈ သင် တို့အမျိုးအနွယ် အသက်ကြီး သူ၊ အရာ ရှိသူ အပေါင်းတို့ကို ငါ့ ထံမှာ စုဝေး စေကြလော့။ ဤ စကား တို့ ကို သူ တို့အား ဟောပြော ၍ သူ တို့တဘက် ၌ ကောင်းကင် မြေကြီး ကို ငါတိုင်တည် မည်။
Assemble to me all the elders of your tribes, and your officers, that I may speak these words in their ears, and call heaven and earth to witness against them.
29 ၂၉ အကြောင်း မူကား၊ ငါ သေ သောနောက် ၊ သင်တို့သည် လုံးလုံးဖောက်ပြန် ၍ ငါမှာထား သော လမ်း မှ လွှဲ သွား ကြလိမ့်မည်ကို ငါသိ ၏။ နောင် ကာလ တွင် ၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ကိုယ် လက် နှင့် လုပ်ဆောင် သောအားဖြင့် အမျက် တော်ကို နှိုးဆော်သောကြောင့်၊ သင် တို့သည် ဘေး ဥပဒ်နှင့် တွေ့ကြုံ ကြလိမ့်မည်ဟု သတိပေး လေ၏။
For I know that after my death you will utterly corrupt yourselves, and turn aside from the way which I have enjoined you; and evil will happen to you in the latter days; because you will do what Adonai sees as evil and provoke him to anger by your deeds.”
30 ၃၀ မောရှေ သည် ဣသရေလ ပရိသတ် အပေါင်း တို့ အား အကုန်အစင် မြွက်ဆို သော သီချင်း စကား ဟူမူကား၊
Moses [Drawn out] spoke in the ears of all the assembly of Israel [God prevails] the words of this song, until they were finished.