< တရားဟောရာ 30 >

1 သင့် ရှေ့ ၌ ငါထား ၍ အထက်ဆိုခဲ့ပြီး သမျှသော အရာတည်း ဟူသော ကောင်းကြီး မင်္ဂလာနှင့် ကျိန် ခြင်းအမင်္ဂလာတို့သည် သင့် အပေါ် မှာ ရောက် ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှင်ထုတ် တော်မူရာ အပြည်ပြည် တို့၌ ထို အရာ တို့ကို အောက်မေ့ လျက်၊
``ငါ​သည်​ယ​ခု​သင်​တို့​အား​မင်္ဂလာ​နှင့်​အ​မင်္ဂ လာ​ကို​ရွေး​ချယ်​စေ​ပြီ။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို အ​ပြည်​ပြည်​သို့​နှင်​ထုတ်​၍​ထို​ပြည်​များ တွင်​နေ​ထိုင်​ကြ​သော​အ​ခါ သင်​တို့​သည် ငါ​ယ​ခု​မှာ​ကြား​သ​မျှ​တို့​ကို​သ​တိ​ရ ပြီး​လျှင်၊-
2 သင် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ ပြန်လာ ၍ ၊ ယနေ့ ငါ မှာ ထားသမျှ အတိုင်း ၊ သင် နှင့် သားသမီး တို့သည် စကား တော်ကို စိတ်နှလုံး အကြွင်းမဲ့ နားထောင် လျှင်၊
သင်​နှင့်​သင်​တို့​၏​အ​ဆက်​အ​နွယ်​များ​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ပြန်​လာ​၍ သင် တို့​အား​ငါ​ယ​နေ့​ပေး​သော​ပညတ်​များ​ကို စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​နာ​ခံ​စောင့်​ထိန်း ကြ​ပါ​က၊-
3 သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် ခံရ သောသိမ်းသွား ခြင်းအမှုကို ကုန်စေမည် အကြောင်း၊ သင့် ကို သနား သဖြင့် တဖန် ပြန်လာ ၍၊ အထက်ကအရပ်ရပ်နှင်ထုတ် ရာ အပြည်ပြည် တို့မှ သိမ်းယူ တော်မူလိမ့်မည်။
သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​သ​နား​က​ရု​ဏာ​ရှိ​တော် မူ​လိမ့်​မည်။ ထို့​အ​ပြင်​အ​ပြည်​ပြည်​သို့ ရောက်​ရှိ​နေ​ထိုင်​ရာ​မှ သင်​တို့​ကို​ပြန်​လည် ခေါ်​ဆောင်​တော်​မူ​လိမ့်​မည်။ သင်​တို့​၏ စီး​ပွား​ရေး​ကို​လည်း တစ်​ဖန်​တိုး​တက် စေ​တော်​မူ​လိမ့်​မည်။-
4 သင်၏လူအချို့ တို့သည် မိုဃ်း ကောင်းကင်အောက် အဝေးဆုံးသော အရပ် သို့ နှင်ထုတ် ခြင်းကို ခံ ရသော်လည်း ၊ ထို အရပ်မှ သင် ၏ဘုရားသခင် ထာဝရဘုရား သိမ်းယူ ဆောင်ခဲ့တော်မူလိမ့်မည်။
သင်​တို့​သည်​ကမ္ဘာ​အ​ရပ်​ရပ်​သို့​ကွဲ​လွင့် သွား​သော်​လည်း သင်​တို့​၏​ဘိုး​ဘေး​များ နေ​ထိုင်​ခဲ့​သော​ပြည်​ကို သင်​တို့​တစ်​ဖန် သိမ်း​ယူ​နေ​ထိုင်​နိုင်​အံ့​သော​ငှာ သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​ကို​စု​သိမ်း​၍​ပြန်​လည်​ခေါ်​ဆောင်​တော် မူ​လိမ့်​မည်။ ထို့​အ​ပြင်​သင်​တို့​အား​သင် တို့​၏​ဘိုး​ဘေး​တို့​ထက် စီး​ပွား​ပို​မို​တိုး တက်​စေ​တော်​မူ​လိမ့်​မည်။ လူ​ဦး​ရေ​လည်း ပို​မို​များ​ပြား​စေ​တော်​မူ​လိမ့်​မည်။-
5 ဘိုးဘေး တို့ ဝင်စား သော ပြည် သို့ တဖန် ဆောင် ခဲ့ တော်မူသဖြင့် ၊ သင်သည် ဝင်စား ရလိမ့်မည်။ ထိုအခါ ကျေးဇူး ပြုတော်မူပြန်သဖြင့်၊ ဘိုးဘေး များတို့ထက် သင့် ကို သာ၍များ စေတော်မူလိမ့်မည်။
6 သင် သည် အသက်ရှင် မည်အကြောင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် စေခြင်းငှာ ၊ သင့် နှလုံး နှင့် သင့် အမျိုး ၏ နှလုံး အရေဖျား ကို လှီးဖြတ်တော်မူလိမ့်မည်။
ကိုယ်​တော်​သည်​သင်​တို့​နှင့်​သင်​တို့​၏ အ​ဆက်​အ​နွယ်​တို့​အား နား​ထောင်​တတ် သော​သ​ဘော​ကို​ပေး​တော်​မူ​လိမ့်​မည်။ သင် တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​စိတ်​နှလုံး​အ​ကြွင်း​မဲ့​ချစ်​လျက် ထို​ပြည်​တွင်​ဆက်​လက်​နေ​ထိုင်​နိုင်​ရန်၊-
7 သင် ၏ရန်သူ တည်းဟူသော သင့် ကိုမုန်း ၍ ညှဉ်းဆဲ သောသူတို့ အပေါ် ၌လည်း၊ အထက်ဆိုခဲ့ပြီးသော ကျိန် ခြင်းအမင်္ဂလာ ရှိသမျှ တို့ကို သက်ရောက် စေတော်မူလိမ့်မည်။
သင်​တို့​ကို​မုန်း​၍​နှိပ်​စက်​ညှဉ်း​ဆဲ​သော ရန်​သူ​များ​အ​ပေါ်​သို့ ထို​အ​မင်္ဂ​လာ​ရှိ သ​မျှ​ကို​ကျ​ရောက်​စေ​တော်​မူ​လိမ့်​မည်။-
8 သင် သည် ပြန် လာလျက် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ၍ ၊ ယနေ့ ငါ မှာ ထားသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် လိမ့်မည်။
သင်​တို့​သည်​လည်း​ကိုယ်​တော်​၏​အ​မိန့်​ကို တစ်​ဖန်​နာ​ခံ​၍ ငါ​ယ​နေ့​သင်​တို့​အား ပေး​သော​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့​ကို စောင့်​ထိန်း​ကြ​လိမ့်​မည်။-
9 သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ၍၊
သင်​တို့​သည်​ဤ​ပ​ညတ်​ကျမ်း​တွင်​ရေး​ထား သော ဤ​ပ​ညတ်​တော်​ရှိ​သ​မျှ​ကို​စောင့်​ထိန်း ၍၊ ကိုယ်​တော်​ထံ​သို့​စိတ်​နှလုံး​အ​ကြွင်း​မဲ့ ပြန် လည်​ဆည်း​ကပ်​လျှင်၊ ကိုယ်​တော်​သည်​သင်​တို့ ပြု​လေ​သ​မျှ​တို့​ကို တိုး​တက်​အောင်​မြင် စေ​တော်​မူ​လိမ့်​မည်။ သင်​တို့​သည်​သား​သ​မီး များ​စွာ​ရ​လိမ့်​မည်။ သိုး​နွား​တိရစ္ဆာန်​များ​စွာ ပိုင်​ရ​လိမ့်​မည်။ သင်​တို့​၏​လယ်​များ​မှ​အ​သီး အ​နှံ​များ​စွာ​ထွက်​လိမ့်​မည်။ ကိုယ်​တော်​သည် သင်​တို့​၏​ဘိုး​ဘေး​တို့​အား ကောင်း​ချီး​ပေး ရာ​တွင်​အား​ရ​ဝမ်း​မြောက်​တော်​မူ​သ​ကဲ့​သို့ သင်​တို့​ကို​ကောင်း​ချီး​ပေး​ရာ​၌​လည်း​အား​ရ ဝမ်း​မြောက်​တော်​မူ​လိမ့်​မည်။
10 ၁၀ ဤ ပညတ္တိ ကျမ်းစာ ၌ ရေး ထားသော စီရင် ထုံးဖွဲ့တော်မူချက်တို့ကို စောင့်ရှောက် လျှင် ၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ စိတ် နှလုံးအကြွင်းမဲ့ ပြန် လာလျှင် ၎င်း၊ သင် ပြု လေရာရာ ၌ အောင်မည်အကြောင်းနှင့် သင် ၏သားသမီး ၊ တိရစ္ဆာန် ၊ အသီးအနှံတိုးပွားများပြား မည်အကြောင်းကို စီရင်၍ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။ ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့၌ အားရ ဝမ်းမြောက်သကဲ့သို့ သင် ၌ အားရ ဝမ်းမြောက်၍၊ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။
၁၀
11 ၁၁ ယနေ့ ငါ မှာထား သော ပညတ် တရားတော် သည် သင် နားမလည် နိုင်သော တရားမဟုတ်။
၁၁``သင်​တို့​အား​ငါ​ယ​နေ့​ပေး​သော​ပ​ညတ် တ​ရား​တော်​သည် သင်​တို့​အ​တွက်​နား​မ​လည် နိုင်​အောင်​ခဲ​ယဉ်း​သည်​မ​ဟုတ်။ သင်​တို့​လက် လှမ်း​မ​မီ​နိုင်​အောင်​ဝေး​သည်​မ​ဟုတ်။-
12 ၁၂ သင် နှင့် ဝေး သည်မဟုတ်။ တရားတော်ကို ငါ တို့ သည် နားထောင် ၍ စောင့်ရှောက် မည်အကြောင်း ၊ ကောင်းကင် သို့ အဘယ်သူ တက် ၍ ငါ တို့ထံသို့ ဆောင် ခဲ့ လိမ့်မည်နည်းဟုမေး စေခြင်းငှာ ကောင်းကင် ၌ ရှိသည် မ ဟုတ်။
၁၂သင်​တို့​က`အ​ကျွန်ုပ်​တို့​သည်​ထို​ပညတ်​တ​ရား တော်​ကို​ကြား​နာ​စောင့်​ထိန်း​နိုင်​ရန် အ​ဘယ်​သူ သည်​ကောင်း​ကင်​သို့​တက်​၍​အ​ကျွန်ုပ်​တို့​ထံ​သို့ ယူ​ဆောင်​ခဲ့​ပါ​မည်​နည်း' ဟူ​၍​မေး​မြန်း​ရ လောက်​အောင် ထို​ပ​ညတ်​တ​ရား​တော်​သည် ကောင်း​ကင်​၌​ရှိ​သည်​မ​ဟုတ်။-
13 ၁၃ တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်ရှောက် မည်အကြောင်း၊ ပင်လယ် ကို အဘယ်သူ ကူး ၍ ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟုမေး စေခြင်းငှာ၊ ပင်လယ် တဘက် ၌ ရှိသည်မဟုတ်။
၁၃သင်​တို့​က`အ​ကျွန်ုပ်​တို့​သည်​ပညတ်​တ​ရား တော်​ကို​ကြား​နာ​စောင့်​ထိန်း​နိုင်​ရန် အ​ဘယ် သူ​သည်​သ​မုဒ္ဒ​ရာ​ကို​ဖြတ်​ကူး​၍​အ​ကျွန်ုပ် တို့​ထံ​သို့​ယူ​ဆောင်​ခဲ့​ပါ​မည်​နည်း' ဟူ​၍ မေး​မြန်း​ရ​လောက်​အောင်​သ​မုဒ္ဒ​ရာ​တစ် ဖက်​စွန်း​၌​ရှိ​သည်​မ​ဟုတ်။-
14 ၁၄ တရား တော်သည် သင်စောင့်ရှောက် ဘို့ ရာသင် နှင့် အလွန်နီး ၏။ သင် ၏နှုတ် ၌ ၎င်း၊ သင် ၏နှလုံး ၌ ၎င်း ရှိ၏။
၁၄ထို​တ​ရား​တော်​သည်​ဤ​နေ​ရာ​၌​သင်​တို့ နှင့်​အ​တူ​ရှိ​၏။ သင်​တို့​သိ​သော​တ​ရား၊ သင် တို့​ရွတ်​ဆို​နိုင်​သော​တ​ရား​ဖြစ်​၏။ ထို့​ကြောင့် ထို​တ​ရား​တော်​ကို​သင်​တို့​ယ​ခု​လိုက်​နာ ကြ​လော့။
15 ၁၅ ကြည့် ပါတော့၊ အသက်ရှင် ခြင်း ချမ်းသာ နှင့် သေ ခြင်း ဆင်းရဲ တို့ကို သင့် ရှေ့ မှာ ယနေ့ ငါထား ၏။
၁၅``ယ​နေ့​ငါ​သည်​သင်​တို့​အား အ​ကောင်း​သို့ မ​ဟုတ်​အ​ဆိုး၊ အ​သက်​ရှင်​ခြင်း​သို့​မ​ဟုတ် သေ​ခြင်း​ကို​ရွေး​ချယ်​စေ​ပြီ။-
16 ၁၆ သင်သည် အသက်ရှင် ၍ တိုးပွား မည်အကြောင်းနှင့် သင် ဝင်စား လတံ့သောပြည် ၌ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူမည် အကြောင်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ချစ် သဖြင့် နောက် တော်သို့ လိုက် ၍ ၊ စီရင် ထုံးဖွဲ့တော်မူချက်ပညတ် တရားတော်တို့ကို စောင့်ရှောက် လော့ဟု ငါ မှာထား ၏။
၁၆ငါ​ယ​နေ့​ပေး​သော​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ်​တော်​များ​ကို​စောင့် ထိန်း​လျှင်၊ ကိုယ်​တော်​ကို​ချစ်​၍​အ​မိန့်​တော်​ကို နာ​ခံ​လျက် ပ​ညတ်​တရား​တော်​ရှိ​သ​မျှ​ကို စောင့်​ထိန်း​လျှင် သင်​တို့​၏​နိုင်​ငံ​သည်​ဖွံ့​ဖြိုး​၍ လူ​ဦး​ရေ​များ​ပြား​လိမ့်​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​သိမ်း​ယူ နေ​ထိုင်​မည့်​ပြည်​တွင်​သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။-
17 ၁၇ သို့မဟုတ်သင့် နှလုံး လွဲ သွားသဖြင့် ၊ သင်သည် နား မ ထောင်ဘဲ သူတပါး သွေးဆောင် ရာသို့ လိုက်၍ ၊ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ကိုးကွယ်လျှင်၊
၁၇သို့​ရာ​တွင်​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​တော်​ကို​မ​နာ​ခံ​ဘဲ​ဖောက်​ပြန်​၍ အ​ခြား​သော​ဘု​ရား​များ​ကို​ကိုး​ကွယ် လျှင်​မူ​ကား၊-
18 ၁၈ ယော်ဒန် မြစ်ကို ကူး ၍ ဝင်စား လတံ့သော ပြည် ၌ အသက်တာ မ ရှည် ၊ ဧကန်အမှန်ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်ဟု ယနေ့ ငါသတိ ပေး၏။
၁၈သင်​တို့​သည်​ပျက်​စီး​ဆုံး​ရှုံး​ရ​မည်​ဟု ငါ ယ​ခု​ပင်​သင်​တို့​အား​သ​တိ​ပေး​၏။ သင်​တို့ သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​၍ သိမ်း​ယူ​မည့် ပြည်​တွင်​ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​ကြ​မည်​မ​ဟုတ်။-
19 ၁၉ အသက်ရှင် ခြင်း၊ သေ ခြင်း၊ ကောင်းကြီး ပေး ခြင်း၊ ကျိန် ခြင်းတို့ကို သင့် ရှေ့ ၌ ငါထား သည်ဟု သင့် တဘက် ၌ ကောင်းကင် မြေကြီး ကို ငါတိုင်တည် ၏။
၁၉ငါ​သည်​ယ​ခု​သင်​တို့​အား​အ​သက်​ရှင်​ခြင်း​သို့ မ​ဟုတ်​သေ​ခြင်း၊ ဘု​ရား​သ​ခင်​ထံ​တော်​မှ​ကောင်း ချီး​မင်္ဂ​လာ​သို့​မ​ဟုတ်​အ​မင်္ဂ​လာ​ကို​ရွေး​ခွင့် ပေး​၏။ သင်​တို့​ရွေး​ယူ​သည်​ကို ကောင်း​ကင်​နှင့် မြေ​ကြီး​သက်​သေ​ဖြစ်​ပါ​စေ။ အ​သက်​ရှင် ခြင်း​ကို​ရွေး​ယူ​ကြ​လော့။-
20 ၂၀ သို့ဖြစ်၍ ၊ သင် နှင့် သင့် အမျိုးအနွယ် သည် အသက်ရှင် မည် အကြောင်း နှင့်၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ချစ် ၍ စကား တော်ကို နားထောင် သဖြင့် ၊ အသက်ရှင် ခြင်းအကျိုး၊ အသက်တာ ရှည် ခြင်း အကျိုးကိုပေး တော်မူသောကိုယ်တော် ကို ဆည်းကပ် မှီဝဲ မည် အကြောင်း နှင့် ၎င်း၊ ထာဝရဘုရား သည် သင် ၏ဘိုးဘေး အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူ သော ပြည် ၌ နေ မည်အကြောင်း နှင့် ယှဉ်သော အသက် တရားကို ရွေးယူ လော့ဟု ဣသရေလအမျိုးအား ဟောပြော ၏။
၂၀သင်​တို့​၏​ဘိုး​ဘေး​များ​ဖြစ်​ကြ​သော အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့်​ယာ​ကုပ်​တို့​အား​က​တိ​ထား​တော်​မူ သော​ပြည်​တွင် သင်​တို့​နှင့်​သင်​တို့​၏​အ​ဆက် အ​နွယ်​များ​ကြာ​ရှည်​စွာ​အ​သက်​ရှင်​နေ​ထိုင် နိုင်​စေ​ရန် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ချစ်​၍​အ​မိန့်​တော်​ကို​နာ​ခံ​လျက် ကိုယ်​တော်​ရှင်​အား​ဆည်း​ကပ်​ကိုး​ကွယ်​ကြ လော့'' ဟု​မှာ​ကြား​လေ​၏။

< တရားဟောရာ 30 >