< တရားဟောရာ 30 >
1 ၁ သင့် ရှေ့ ၌ ငါထား ၍ အထက်ဆိုခဲ့ပြီး သမျှသော အရာတည်း ဟူသော ကောင်းကြီး မင်္ဂလာနှင့် ကျိန် ခြင်းအမင်္ဂလာတို့သည် သင့် အပေါ် မှာ ရောက် ၍ ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သင့် ကို နှင်ထုတ် တော်မူရာ အပြည်ပြည် တို့၌ ထို အရာ တို့ကို အောက်မေ့ လျက်၊
Nangcae hma ah ka suek ih hae tahamhoihaih hoi tangoenghaih boih nangcae khaeah phak naah, Angraeng mah ang haek o ih prae boih ah, to hmuennawk to poek oh,
2 ၂ သင် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ ပြန်လာ ၍ ၊ ယနေ့ ငါ မှာ ထားသမျှ အတိုင်း ၊ သင် နှင့် သားသမီး တို့သည် စကား တော်ကို စိတ်နှလုံး အကြွင်းမဲ့ နားထောင် လျှင်၊
nangmah hoi na caanawk boih na Angraeng Sithaw khaeah nam laem o let naah, vaihniah kang thuih o ih lok baktih toengah, na palungthin boih, na hinghaih boih hoiah a lok to na tahngaih o nahaeloe,
3 ၃ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် ခံရ သောသိမ်းသွား ခြင်းအမှုကို ကုန်စေမည် အကြောင်း၊ သင့် ကို သနား သဖြင့် တဖန် ပြန်လာ ၍၊ အထက်ကအရပ်ရပ်နှင်ထုတ် ရာ အပြည်ပြည် တို့မှ သိမ်းယူ တော်မူလိမ့်မည်။
na Angraeng Sithaw mah tamna ah na ohhaih ahmuen hoiah na kawk let tih; nangcae nuiah tahmenhaih tawn let ueloe, ang haek o ih prae thung boih hoiah na pakhueng o let tih.
4 ၄ သင်၏လူအချို့ တို့သည် မိုဃ်း ကောင်းကင်အောက် အဝေးဆုံးသော အရပ် သို့ နှင်ထုတ် ခြင်းကို ခံ ရသော်လည်း ၊ ထို အရပ်မှ သင် ၏ဘုရားသခင် ထာဝရဘုရား သိမ်းယူ ဆောင်ခဲ့တော်မူလိမ့်မည်။
Van tlim ih angthla koek prae ah na haek o cadoeh, to ahmuen hoiah na Angraeng Sithaw mah nangcae pakhueng let hanah na kawk tih.
5 ၅ ဘိုးဘေး တို့ ဝင်စား သော ပြည် သို့ တဖန် ဆောင် ခဲ့ တော်မူသဖြင့် ၊ သင်သည် ဝင်စား ရလိမ့်မည်။ ထိုအခါ ကျေးဇူး ပြုတော်မူပြန်သဖြင့်၊ ဘိုးဘေး များတို့ထက် သင့် ကို သာ၍များ စေတော်မူလိမ့်မည်။
Nam panawk mah toep o ih prae thungah na Angraeng Sithaw mah na hoi o let ueloe, prae to na toep o tih; khosak hoihaih na paek o ueloe, nam panawk pong kamtlai ah na pung o tih.
6 ၆ သင် သည် အသက်ရှင် မည်အကြောင်း ၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ကို စိတ်နှလုံး အကြွင်းမဲ့ ချစ် စေခြင်းငှာ ၊ သင့် နှလုံး နှင့် သင့် အမျိုး ၏ နှလုံး အရေဖျား ကို လှီးဖြတ်တော်မူလိမ့်မည်။
Na Angraeng Sithaw to na palungthin boih, na hinghaih boih hoi na palung o moe, na hing o thai hanah, na Angraeng Sithaw mah nangmacae hoi na caanawk ih palungthin tangzat to aat tih.
7 ၇ သင် ၏ရန်သူ တည်းဟူသော သင့် ကိုမုန်း ၍ ညှဉ်းဆဲ သောသူတို့ အပေါ် ၌လည်း၊ အထက်ဆိုခဲ့ပြီးသော ကျိန် ခြင်းအမင်္ဂလာ ရှိသမျှ တို့ကို သက်ရောက် စေတော်မူလိမ့်မည်။
Na Angraeng Sithaw mah hae tangoeng ih hmuennawk boih hae nangcae hnuma moe, pacaekthlaek, na misanawk nuiah phasak tih.
8 ၈ သင် သည် ပြန် လာလျက် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ၍ ၊ ယနေ့ ငါ မှာ ထားသမျှ သော ပညတ် တော်တို့ကို စောင့်ရှောက် လိမ့်မည်။
Nangcae mah Angraeng ih lok to tahngai oh loe, vaihniah kang paek o ih loknawk hae pazui o boih ah.
9 ၉ သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ၍၊
To tiah na sak o nahaeloe, na Angraeng Sithaw mah na ban hoi sak ih hmuen boih, na takpum hoi tacawt athaih, maitaw caanawk, na lawk thung ih thingthai qumponawk hoiah khosak na hoih o sak tih; nam panawk nuiah Angraeng anghoe baktih toengah, nangcae nuiah doeh anghoe tih;
10 ၁၀ ဤ ပညတ္တိ ကျမ်းစာ ၌ ရေး ထားသော စီရင် ထုံးဖွဲ့တော်မူချက်တို့ကို စောင့်ရှောက် လျှင် ၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ စိတ် နှလုံးအကြွင်းမဲ့ ပြန် လာလျှင် ၎င်း၊ သင် ပြု လေရာရာ ၌ အောင်မည်အကြောင်းနှင့် သင် ၏သားသမီး ၊ တိရစ္ဆာန် ၊ အသီးအနှံတိုးပွားများပြား မည်အကြောင်းကို စီရင်၍ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။ ထာဝရဘုရား သည် သင် ၏ဘိုးဘေး တို့၌ အားရ ဝမ်းမြောက်သကဲ့သို့ သင် ၌ အားရ ဝမ်းမြောက်၍၊ သင့်အကျိုးကို ပြုစုတော်မူလိမ့်မည်။
na Angraeng Sithaw ih lok to na tahngaih o, hae kaalok cabu thungah tarik moe, a thuih ih loknawk hoi zaehhoihaih daannawk hae na pazui o boih pacoengah, na poekhaih palungthin boih, na hinghaih boih hoiah na Angraeng Sithaw khaeah nam laem o nahaeloe, Angraeng anghoe ueloe, khosak na hoih o sak tih.
11 ၁၁ ယနေ့ ငါ မှာထား သော ပညတ် တရားတော် သည် သင် နားမလည် နိုင်သော တရားမဟုတ်။
Vaihniah kang paek o ih loknawk loe na pazui o thai han ai khoek to karai om ai, dawnrai koi hmuen ah doeh om ai.
12 ၁၂ သင် နှင့် ဝေး သည်မဟုတ်။ တရားတော်ကို ငါ တို့ သည် နားထောင် ၍ စောင့်ရှောက် မည်အကြောင်း ၊ ကောင်းကင် သို့ အဘယ်သူ တက် ၍ ငါ တို့ထံသို့ ဆောင် ခဲ့ လိမ့်မည်နည်းဟုမေး စေခြင်းငှာ ကောင်းကင် ၌ ရှိသည် မ ဟုတ်။
Aicae mah to loknawk to a sak o moe, a pazui o hanah, mi mah maw van ah daw ueloe, aicae han na sin pae tih, tiah thuih hanah, to loknawk loe van ah om ai.
13 ၁၃ တရားတော်ကို ငါတို့သည် နားထောင်၍ စောင့်ရှောက် မည်အကြောင်း၊ ပင်လယ် ကို အဘယ်သူ ကူး ၍ ငါတို့ထံသို့ဆောင်ခဲ့လိမ့်မည်နည်းဟုမေး စေခြင်းငှာ၊ ပင်လယ် တဘက် ၌ ရှိသည်မဟုတ်။
To lok to a sak o moe, a pazui o hanah, mi mah maw tuipui to angkaat ueloe, aicae han na sin pae tih? tiah thuih hanah, to loknawk loe vapui zaeh ah om ai.
14 ၁၄ တရား တော်သည် သင်စောင့်ရှောက် ဘို့ ရာသင် နှင့် အလွန်နီး ၏။ သင် ၏နှုတ် ၌ ၎င်း၊ သင် ၏နှလုံး ၌ ၎င်း ရှိ၏။
Lok loe nangcae taengah ni oh; nangcae mah na pazui o thai hanah, na pakha ah oh moe, na palung thungah oh.
15 ၁၅ ကြည့် ပါတော့၊ အသက်ရှင် ခြင်း ချမ်းသာ နှင့် သေ ခြင်း ဆင်းရဲ တို့ကို သင့် ရှေ့ မှာ ယနေ့ ငါထား ၏။
Khenah, vaihniah hinghaih hoi khosak hoihaih, duekhaih hoi amrohaih, na hmaa ah ka suek.
16 ၁၆ သင်သည် အသက်ရှင် ၍ တိုးပွား မည်အကြောင်းနှင့် သင် ဝင်စား လတံ့သောပြည် ၌ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူမည် အကြောင်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ချစ် သဖြင့် နောက် တော်သို့ လိုက် ၍ ၊ စီရင် ထုံးဖွဲ့တော်မူချက်ပညတ် တရားတော်တို့ကို စောင့်ရှောက် လော့ဟု ငါ မှာထား ၏။
Na Angraeng Sithaw to na palung o moe, a loklam ah na caeh o hanah, ang paek ih loknawk, a zaehhoihaih daannawk, a lokcaekhaihnawk to na pazui o hanah, na hing o moe, na pung o thai hanah, vaihniah lok kang paek o; na Angraeng Sithaw mah qawk ah toep han na caeh o ih prae thungah tahamhoihaih na paek o tih.
17 ၁၇ သို့မဟုတ်သင့် နှလုံး လွဲ သွားသဖြင့် ၊ သင်သည် နား မ ထောင်ဘဲ သူတပါး သွေးဆောင် ရာသို့ လိုက်၍ ၊ အခြား တပါးသောဘုရား တို့ကို ဝတ်ပြု ကိုးကွယ်လျှင်၊
Toe na poekhaih palung to amkhraeng o ving moe, lok tahngai ai ah nang qoi o ving, kalah sithawnawk to na bok o pacoengah, a tok to na sak pae o nahaeloe,
18 ၁၈ ယော်ဒန် မြစ်ကို ကူး ၍ ဝင်စား လတံ့သော ပြည် ၌ အသက်တာ မ ရှည် ၊ ဧကန်အမှန်ပျက်စီး ခြင်းသို့ ရောက် လိမ့်မည်ဟု ယနေ့ ငါသတိ ပေး၏။
nam ro o tangtang tih, tiah vaihniah kang thuih o; Jordan vapui nang kat o moe, qawktoep hanah na caeh o ih prae thungah kasawk ah na hing o mak ai.
19 ၁၉ အသက်ရှင် ခြင်း၊ သေ ခြင်း၊ ကောင်းကြီး ပေး ခြင်း၊ ကျိန် ခြင်းတို့ကို သင့် ရှေ့ ၌ ငါထား သည်ဟု သင့် တဘက် ၌ ကောင်းကင် မြေကြီး ကို ငါတိုင်တည် ၏။
Hinghaih hoi duekhaih, tahamhoihaih hoi tangoenghaihnawk nangcae hmaa ah ka suek, tiah hnukung ah oh hanah, vaihniah van hoi long to ka kawk;
20 ၂၀ သို့ဖြစ်၍ ၊ သင် နှင့် သင့် အမျိုးအနွယ် သည် အသက်ရှင် မည် အကြောင်း နှင့်၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ကို ချစ် ၍ စကား တော်ကို နားထောင် သဖြင့် ၊ အသက်ရှင် ခြင်းအကျိုး၊ အသက်တာ ရှည် ခြင်း အကျိုးကိုပေး တော်မူသောကိုယ်တော် ကို ဆည်းကပ် မှီဝဲ မည် အကြောင်း နှင့် ၎င်း၊ ထာဝရဘုရား သည် သင် ၏ဘိုးဘေး အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူ သော ပြည် ၌ နေ မည်အကြောင်း နှင့် ယှဉ်သော အသက် တရားကို ရွေးယူ လော့ဟု ဣသရေလအမျိုးအား ဟောပြော ၏။
Angraeng mah nam pa Abraham, Issak hoi Jakob khaeah paek han lokkam ih prae thungah khosak hanah, Angraeng loe nangcae hinghaih hoi hinglung sawkhaih ah oh pongah, na Angraeng Sithaw to palung oh, a lok to tahngai oh loe, anih to kacakah patawn oh, tiah a thuih pae.