< တရားဟောရာ 3 >

1 ထိုအခါ ငါတို့သည်လှည့် ၍ ၊ ဗာရှန် ပြည်သို့ ခရီး သွား ကြ၏။ ဗာရှန် ရှင်ဘုရင် ဩဃ သည်လည်း မိမိ လူ အပေါင်း တို့နှင့်တကွ ဧဒြိ အရပ်မှာ စစ်တိုက် ခြင်းငှါ ချီ လာ၏။
A LAILA haliu ae la kakou, a pii aku la ma ke alanui o Basana; a hele mai la o Oga ke alii o Basana e ku e ia kakou, oia a me kona poe kanaka a pau i ke kaua ma Ederei.
2 ထာဝရဘုရား ကလည်း ၊ သူ့ ကိုမ ကြောက် နှင့်။ သူ နှင့်တကွ သူ ၏ လူ အပေါင်း တို့ကို၎င်း ၊ သူ့ မြေ ကို၎င်း၊ သင့် လက် ၌ ငါအပ် ပေးမည်။ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ဤ မင်းကိုလည်း ပြု ရ မည်ဟု ငါ့ အား မိန့် တော်မူ၏။
Olelo mai o Iehova ia'u, Mai makau ia ia: no ka mea, e hoolilo ana au ia ia, a me kona poe kanaka a pau, a me kona aina, iloko o kou lima; a e hana aku oe ia ia e like me kau i hana aku ai ia Sihona i ke alii o ka Anion, ka mea i noho ma Hesebona.
3 ထိုသို့ ငါ တို့ဘုရား သခင်ထာဝရဘုရား သည်၊ ဗာရှန် ရှင်ဘုရင် ဩဃ နှင့် သူ ၏လူ အပေါင်း တို့ကို ငါ တို့လက် ၌ အပ် တော်မူသဖြင့် ၊ တယောက်မျှ မ ကြွင်း စေခြင်းငှါ လုပ်ကြံ ကြ၏။
A hoolilo mai hoi o Iehova ko kakou Akua ia Oga ke alii o Basana, a me kona poe kanaka a pau iloko o ko kakou lima: a luku aku la kakou ia ia, aole i hookoeia kekahi mea nona.
4 ထိုအခါ ငါတို့သည် မြို့ ခြောက်ဆယ် နှင့် ပြည့်စုံ သော အာဂေါဘ တိုင်း ၊ ဗာရှန် ရှင်ဘုရင်ဩဃ မင်း၏ နိုင်ငံ ကို၊ တမြို့ မျှ မ ကြွင်းစေခြင်းငှါ တိုက်ယူ ကြ၏။
A lawe iho la kakou i kona mau kulanakauhale a pau i kela manawa; aole i koe ko kulanakauhale i lawe ole ia e kakou, he kanaono kulanakauhale, na wahi a pau o Aregoba, ke aupuni o Oga ma Basana,
5 ထို မြို့ ရှိသမျှ တို့သည် မြင့် သောမြို့ရိုး ၊ မြို့တံခါး များ၊ ကန့်လန့်ကျင် များနှင့် ခိုင်ခံ့သော မြို့ ဖြစ်သတည်း။ ထိုမှတပါး များစွာ သော ရွာ တို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီး ကြ၏။
A ua paa neia mau kulanakauhale a pau i na pa pohaku kiekie, a me na ipuka a me na kaola; a he nui loa na kulanakauhale e ae, aole i paa i ka pa pohaku.
6 ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ၊ အရပ်ရပ် ၌ ယောက်ျား မိန်းမ သူငယ် တို့ကို သုတ်သင် ပယ်ရှင်းကြ၏။
A luku loa aku la kakou ia lakou, e like me kakou i luku aku ai ia Sihona ke alii o Hesebona, luku aku la i na kanaka, i na wahine me na kamalii o na kulanakauhale a pau.
7 တိရစ္ဆာန် များ၊ မြို့ ရွာ၌ လက်ရဥစ္စာ များ ရှိသမျှ တို့ ကို ကိုယ် ဘို့ သိမ်းယူ ကြ၏။
Aka, o na holoholona a pau a me ka waiwai pio o na kulanakauhale, lawe mai la kakou ia mea no kakou.
8 ထိုအခါ အာနုန် မြစ် မှစ၍ ဟေရမုန် တောင် တိုင်အောင် ၊ ယော်ဒန် မြစ်အရှေ့ ဘက်၌ ရှိ သောမြေ ကို ငါတို့သည် သိမ်းယူ ကြ၏။
A lawe aku la kakou i kela manawa, mailoko mai o na lima o ua mau alii elua la o ka Amora, i ka aina ma keia aoao o Ioredane, mai ke kahawai o Arenona a hiki i ka mauna o Heremona;
9 ဟေရမုန် တောင်ကို ဇိဒုန် လူတို့သည် စိရုန် ဟူ၍၎င်း ၊ အာမောရိ လူတို့သည် ရှုနိရ ဟူ၍၎င်း ခေါ်ဝေါ် ကြ၏။
(Kapa aku la ko Sidona i Heremona, o Siriona; a kapa aku la ka Amora ia, o Senira; )
10 ၁၀ ချိုင့်၌ ရှိသမျှ သောမြို့ တို့နှင့် ဂိလဒ် ပြည် တရှောက်လုံး ၊ ဩဃ မင်း၏ နိုင်ငံ အဝင်၊ သာလက မြို့၊ ဧဒြိ မြို့တိုင်အောင် ဗာရှန် ပြည်တရှောက်လုံး ကို သိမ်းယူကြ၏။
O na kulanakauhale a pau o ka papu, a me Gileada a pau, a me Basana a pau, a hiki i Saleka a me Ederei, na kulanakauhale o ke aupuni o Oga i Basana.
11 ၁၁ အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန် ရှင်ဘုရင် ဩဃ တယောက်တည်း သာ ကျန်ကြွင်း ၏။ လူ အတောင် အားဖြင့် အလျား ကိုး တောင် ၊ အနံ လေး တောင် ရှိသောသူ ၏ သံ ခုတင် သည် အမ္မုန် ပြည် ရဗ္ဗတ် မြို့ ၌ ရှိသည်မဟုတ်လော။
No ka mea, o Oga ke alii o Basana wale no i koe o na kanaka nunui; aia hoi, o kona wahi moe, he wahi moe hao: aole anei ia ma Rabata no na mamo a Amona? Eiwa no kubita o kona loihi, a eha kubita o kona laula, ma ka ke kanaka kubita.
12 ၁၂ ထိုအခါ ငါတို့သိမ်းယူ သောမြေ ကို၊ အာနုန် မြစ် နား တွင်ရှိသော အာရော် မြို့မှစ၍ ဂိလဒ် တောင် တဝက် တိုင်အောင် ၊ မြို့ များနှင့်တကွ ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသား တို့အား ငါပေး ၏။
A o keia aina i lilo mai ai ia kakou i kela manawa, mai Aroera ma ke kahawai o Arenona, a me ka hapalua o ka mauna o Gileada, a me ko laila mau kulanakauhale, o ka'u ia i haawi aku ai no ka Reubena a me ka Gada.
13 ၁၃ ဂိလဒ် တောင်တဝက် နှင့် ဩဃ မင်းအစိုးရသောနိုင်ငံအဝင်၊ အလွန် ကြီးမားသော လူမျိုးနေရာ ဟူ၍ခေါ်ဝေါ် သော အာဂေါဘ တိုင်း ၊ ဗာရှန် ပြည် တပြည်လုံး ကို မနာရှေ အမျိုးသား တဝက် အား ငါပေး ၏။
A o ke koena o Gileada a me Basana a pau, ke aupuni o Oga, o ka'u ia i haawi aku ai no ka ohana hapa a Manase: o ka aina a pau o Aregoba a me Basana a pau, oia ka i kapaia, he aina o na kanaka nunui.
14 ၁၄ မနာရှေ အမျိုးသား ယာဣရ သည်၊ အာဂေါဘ တိုင်း တတိုင်းလုံး ကို ဂေရှုရ ရွာ ၊ မာခါ ရွာအထိ သိမ်းယူ ပြီးမှ ၊ ယနေ့ တိုင်အောင် မိမိ အမည် ကို လိုက် ၍ ဗာရှန် ဟာဝုတ် ယာဣရ ပြည်ဟု သမုတ် လေ၏။
Lawe aku la o Iaira ke keiki a Manase i ka aina a pau o Aregoba a hiki i ka mokuna o Gesuri, a me Maakati; a kapa aku la ia lakou ma kona inoa iho, o Basanahavotaiaira, a hiki i keia la.
15 ၁၅ ဂိလဒ် မြို့ကိုကား ၊ မာခိရ အမျိုးသားတို့အား ငါပေး ၏။
A haawi aku la au ia Gileada no Makira.
16 ၁၆ ရုဗင် အမျိုးသား၊ ဂဒ် အမျိုးသားတို့အား လည်း ၊ ဂိလဒ် မြို့မှ အာနုန် မြစ် တိုင်အောင် ၊ မြစ် ကွေ့သော မြေ နှင့်တကွ ၊ အမ္မုန် ပြည် အပိုင်း အခြားဖြစ်သော ယဗ္ဗုတ် မြစ် တိုင်အောင် မြေတရှောက်လုံးကို၎င်း၊
A haawi aku au no ka Reubena a me ka Gada, mai Gileada a hiki i ke kahawai o Arenona, iwaena o ke awawa, ka mokuna a hiki i ke kahawai o laboka, oia hoi ka mokuna o na mamo a Amoua.
17 ၁၇ လွင်ပြင် နှင့်တကွ ယော်ဒန် မြစ်နား၊ ဂင်္နေသရက် အရပ်မှ လွင်ပြင် နှင့်ဆိုင်သော သောဒုံ အိုင် အရှေ့ ၊ အာဇုတ် ပိသဂါ မြို့တိုင်အောင် ၊ မြေတရှောက်လုံးကို၎င်းငါပေး၏။
O ka papu hoi a me Ioredane, a o ka mokuna, mai Kinereta a hiki i ke kai o ka papu, oia ka moanakai ma ke kumu o Pisega ma ka hikina.
18 ၁၈ ထိုအခါ ငါက၊ သင် တို့၏ဘုရား သခင်ထာဝရဘုရား သည် ဤ မြေ ကို သင် တို့အား အပိုင် ပေး တော်မူပြီ။ သို့ရာတွင်စစ်တိုက် တတ်သော သူအပေါင်း တို့သည် လက်နက်ကိုကိုင်၍၊ သင် တို့ညီအစ်ကို ဣသရေလ အမျိုးသား တို့ရှေ့ မှာ ကူး သွားရကြမည်။
Kauoha aku la au ia oukou i kela manawa, i aku la, Ua haawi mai o Iehova ko oukou Akua i keia aina ia oukou e lilo no oukou: o oukou ka poe koa ke hele me ke kahiko i ke kaua imua o ko oukou poe hoahanau, o na mamo a Iseraela.
19 ၁၉
Aka, o ka oukou wahine a me ka oukou kamalii, a me na holoholona a oukou, (ua ike au, he nui na holoholona a oukou, ) e noho lakou ma na kulanakauhale a'u i haawi aku ai no oukou:
20 ၂၀ ထာဝရဘုရား သည် သင် တို့အားချမ်းသာ ပေးတော်မူသည်နည်းတူ ၊ ညီအစ်ကို တို့အား ပေးတော်မ မူမှီတိုင်အောင်၎င်း၊ ယော်ဒန် မြစ်တဘက် ၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြေ ကို သူ တို့သည်မသိမ်း မယူမှီတိုင်အောင်၎င်း၊ သင် တို့မယား ၊ သား သူငယ် များ၊ တိရစ္ဆာန် များတို့သည် ငါပေး သော မြို့ တို့၌ နေ ရကြမည်။ သင် တို့တွင် တိရစ္ဆာန် များစွာ ရှိသည် ကိုငါသိ ၏။ အမှုပြီးမှငါပေး နှင့်သည်အတိုင်း၊ သင်တို့ရှိသမျှသည်အသီးအသီး ပိုင်ထိုက် သောမြေသို့ ပြန်လာ ရကြမည်ဟု သင် တို့အား ငါမှာ ထား၏။
A i ka manawa a Iehova e hoomaha mai ai i ko oukou poe hoahanau, e like me ia oukou. a lilo no lakou ka aina a Iehova ko oukou Akua i haawi mai ai ia lakou ma kela aoao o Ioredane; alaila e hoi hou mai oukou, o kela kanaka keia kanaka i kona aina a'u i haawi aku ai no oukou.
21 ၂၁ ထိုအခါ ယောရှု ကိုလည်း၊ သင် ၏ဘုရား သခင်ထာဝရဘုရား သည် ဤ ရှင်ဘုရင် နှစ်ပါး ၌ ပြု တော်မူသော အမှု အလုံးစုံ ကို သင်သည် ကိုယ်တိုင်မြင် ရပြီ။ ထိုအတူ၊ ထာဝရဘုရား သည် သင်ရောက်သမျှသောတိုင်း နိုင်ငံတို့၌ ပြု တော်မူလိမ့်မည်။
Kauoha aku la hoi au ia Iosua i kela manawa, i aku la, Ua ike kou maka i na mea a pau a Iehova ko oukou Akua i hana mai ai i keia mau alii elua: pela o Iehova e hana aku ai i na aupuni a pau au e hele ai.
22 ၂၂ ထိုသူ တို့ကို မ ကြောက် နှင့်။ သင် ၏ဘုရား သခင်ထာဝရဘုရား သည် သင့် ဘက် ၌ စစ်ကူ တော်မူမည်ဟု ငါမှာထားလေ၏။
Mai makau oukou ia lakou; no ka mea, o Iehova ko oukou Akua, oia ke kaua mai no oukou.
23 ၂၃ ထိုအခါ ထာဝရဘုရား ကို ငါတောင်းပန် သည် ကား၊
A noi aku la au ia Iehova i kela manawa, i aku la,
24 ၂၄ အိုအရှင် ထာဝရဘုရား ၊ ကိုယ်တော် သည် ကိုယ်တော် ကျွန် အား တန်ခိုး အာနုဘော်တော်ကို၎င်း၊ အားကြီး သော လက် တော်ကို၎င်း ပြ စ ပြုတော်မူပြီ။ ကိုယ်တော် စီရင် ၍ တန်ခိုး တော်ကို ပြသည်အတိုင်း ၊ ကောင်းကင် မြေကြီး ပေါ် မှာအဘယ် မည်သော ဘုရား ပြု နိုင်ပါ သနည်း။
E Iehova ke Akua, ua hoomaka ae nei oe e hoike i kau kauwa i kou mana, a me kou lima ikaika: no ka mea, owai ke Akua iloko o ka lani, a me ka honua, e hiki ia ia ke hana e like me kau mau hana, a me kou ikaika?
25 ၂၅ အကျွန်ုပ်သည် ယော်ဒန် မြစ်တဘက် သို့ ကူး ၍၊ ထို ကောင်းမွန် သောပြည် နှင့် လေဗနုန် တောင်မှစ၍ တင့်တယ် သော တောင် များကို မြင် ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်သော်လည်း၊
Ke noi aku nei au, e ae mai oe ia'u e hele aku au e ike i ka aina maikai ma kela aoao o Ioredane, i kela kuahiwi maikai o Lebanona.
26 ၂၆ ထာဝရဘုရား သည် သင် တို့အတွက် ငါ့ ကို အမျက် ထွက်တော်မူသောကြောင့် ၊ ငါ့ စကားကို နားထောင် တော်မ မူ။ ထာဝရဘုရား ကလည်း ၊ တန် တော့၊ ဤ အမှု နှင့် ဆိုင်သော စကားကို နောက် တဖန် မ လျှောက် နှင့်။
Aka, ua huhu mai o Iehova ia'u no oukou, aole i hoolohe mai ia'u: a i mai la o Iehova ia'u, Ua oki; mai olelo hou mai oe ia'u i keia mea.
27 ၂၇ ပိသဂါ တောင်ထိပ် ပေါ်သို့ တက် ပြီးလျှင် ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် လေးမျက်နှာသို့မြော် ၍ ထို ပြည်ကို ကြည့်ရှု လော့။ ယော်ဒန် မြစ်ကို မ ကူး ရ။
E pii aku oe maluna pono o Pisega, a e nana aku kou maka ma ke komohana, a ma ke kukuluakau, a ma ke kukuluhema, a ma ka hikina, a e ike me kou mau maka; no ka mea, aole oe e hele ma kela kapa o Ioredane nei.
28 ၂၈ သို့ရာတွင် ယောရှု ကိုမှာ ခဲ့၍ အား ပေးလော့။ မစ ထောက်ပင့်လော့။ သူ သည် ဤ လူမျိုး ရှေ့ မှာသွား ၍ ၊ သင်မြင် ရသော ပြည် ကို အမွေခံ စေရမည်ဟု ငါ့အား မိန့်တော်မူ၏။
Aka, e kauoha oe ia Iosua, e hoeueu aku, a e hooikaika aku ia ia; no ka mea, oia ke hele aku imua o keia poe kanaka, a nana no lakou e hoonoho ma ka aina au i ike ai.
29 ၂၉ ထိုသို့ ငါတို့သည် ဗက်ပေဂုရ မြို့တဘက် ၌ ရှိသောချိုင့် တွင် နေ ရကြ၏။
A noho iho la kakou ma ke awawa e ku pono ana i Bete-peora.

< တရားဟောရာ 3 >