< တရားဟောရာ 29 >
1 ၁ ဤ ရွေ့ကား၊ ဟောရပ် အရပ်၌ ထာဝရဘုရား သည် ဣသရေလ အမျိုး နှင့် ပြု တော်မူသောပဋိညာဉ်မှတပါး၊ မောဘ ပြည် ၌ မောရှေ သည် ထို လူမျိုးနှင့် ပဋိညာဉ် ပြု စေခြင်းငှာ ၊ ထာဝရဘုရား မှာ ထားတော်မူသော ပဋိညာဉ် စကား တော် ဖြစ်သတည်း။
haec sunt verba foederis quod praecepit Dominus Mosi ut feriret cum filiis Israhel in terra Moab praeter illud foedus quod cum eis pepigit in Horeb
2 ၂ တဖန် မောရှေ သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို ခေါ် ၍ ၊ ထာဝရဘုရား သည် အဲဂုတ္တု ပြည် မှာ ဖာရော ဘုရင်၌ ၎င်း၊ သူ ၏ကျွန် အပေါင်း တို့၌ ၎င်း၊ သူ ၏ပြည် တရှောက်လုံး ၌ ၎င်း ၊ သင် တို့မျက်မှောက် တွင် ပြု တော်မူသမျှ တည်းဟူသော၊
vocavitque Moses omnem Israhelem et dixit ad eos vos vidistis universa quae fecit Dominus coram vobis in terra Aegypti Pharaoni et omnibus servis eius universaeque terrae illius
3 ၃ ကိုယ် မျက်စိ နှင့်မြင် သော အလွန် ကြီးစွာသော စုံစမ်း ခြင်းအမှု၊ အလွန် ကြီးသော နိမိတ် လက္ခဏာ၊ ထူးဆန်း သော တန်ခိုးများကို သင် တို့သည် မြင် ရကြပြီ။
temptationes magnas quas viderunt oculi tui signa illa portentaque ingentia
4 ၄ သို့သော်လည်း နားလည် နိုင်သောနှလုံး ၊ မြင် နိုင်သော မျက်စိ ၊ ကြား နိုင်သော နား တို့ကို ယနေ့ တိုင်အောင် ထာဝရဘုရား သည် ပေး တော်မ မူသေး။
et non dedit Dominus vobis cor intellegens et oculos videntes et aures quae possint audire usque in praesentem diem
5 ၅ အနှစ် လေးဆယ် ပတ်လုံးသင် တို့ကို တော ၌ ငါပို့ဆောင် တော်မူပြီ။ သင် တို့အဝတ် သည် မ ဟောင်း မနွမ်း။ သင် တို့စီးသော ခြေနင်း လည်း မ ပျက်။
adduxi vos quadraginta annis per desertum non sunt adtrita vestimenta vestra nec calciamenta pedum tuorum vetustate consumpta sunt
6 ၆ သင်တို့သည် မုန့် ကိုမ စား။ စပျစ်ရည် နှင့် သေရည် သေရက်ကို မ သောက် ဘဲ နေသောကြောင့် ၊ ထာဝရဘုရား သည် သင် တို့၏ ဘုရားသခင် ဖြစ်ကြောင်းကို သိ ရ၏။
panem non comedistis vinum et siceram non bibistis ut sciretis quia ego sum Dominus Deus vester
7 ၇ သင်တို့သည် ဤ အရပ် သို့ ရောက် သောအခါ ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ၊ ဗာရှန် ရှင်ဘုရင် ဩဃ တို့သည် ငါ တို့ကို စစ်တိုက် ခြင်းငှာ ထွက် လာသဖြင့် ၊ ငါတို့သည် သူ တို့ကို လုပ်ကြံ ၍၊
et venistis ad locum hunc egressusque est Seon rex Esebon et Og rex Basan occurrens nobis ad pugnam et percussimus eos
8 ၈ သူ တို့ပြည် ကို သိမ်းယူ ပြီးမှ ၊ ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် ၌ ပေး လေ၏။
et tulimus terram eorum ac tradidimus possidendam Ruben et Gad et dimidiae tribui Manasse
9 ၉ သို့ဖြစ်၍ သင်တို့ပြု လေရာရာ ၌ အောင် နိုင်မည် အကြောင်း ဤ ပဋိညာဉ် စကား တို့ကို စောင့်ရှောက် ၍ ကျင့် ကြလော့။
custodite ergo verba pacti huius et implete ea ut intellegatis universa quae facitis
10 ၁၀ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် နှင့် ယနေ့ ပြု တော်မူသော သစ္စာ ကို သင် သည်ခံ ၍၊ သင် ၏ဘုရားသခင် ထာဝရဘုရား နှင့် ပဋိညာဉ် ပြုခြင်းငှာ ၎င်း၊
vos statis hodie cuncti coram Domino Deo vestro principes vestri ac tribus et maiores natu atque doctores omnis populus Israhel
11 ၁၁ သင့်ကို ကိုယ်တော်၏ လူမျိုးအရာ၌ ယနေ့ခန့်ထား တော်မူစေခြင်းငှာ၎င်း၊
liberi et uxores vestrae et advena qui tecum moratur in castris exceptis lignorum caesoribus et his qui conportant aquas
12 ၁၂ အထက်က မိန့်တော်မူ၍၊ သင် ၏အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသည်အတိုင်း ၊ သင် ၏ဘုရားသခင် ဖြစ် တော်မူစေခြင်းငှာ ၎င်း၊
ut transeas in foedere Domini Dei tui et in iureiurando quod hodie Dominus Deus tuus percutit tecum
13 ၁၃ သင် တို့အမျိုးအနွယ် ၏ အကဲအမှူး၊ အသက်ကြီး သူ၊ မင်းအရာရှိ၊ ဣသရေလ အမျိုးယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ ထင်း ခုတ် သောသူ၊ ရေ ခပ် သောသူမှစ၍ တပ် ၌ ရှိသမျှသောသူ တို့သည် သင် တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ယနေ့ ရပ် နေကြ၏။
ut suscitet te sibi in populum et ipse sit Deus tuus sicut locutus est tibi et sicut iuravit patribus tuis Abraham Isaac et Iacob
14 ၁၄ ထိုမှတပါး ဤ ပဋိညာဉ် ၊ ဤ သစ္စာ ကို သင် တို့နှင့် သာ ငါ ပြု သည်ထက်မ က၊
nec vobis solis ego hoc foedus ferio et haec iuramenta confirmo
15 ၁၅ ငါ တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ယနေ့ ရပ် နေသောသူတို့ နှင့်၎င်း၊ ငါ တို့တွင် ယနေ့ မ ပါ သော သူတို့ နှင့် ၎င်း ငါပြု၏။
sed cunctis praesentibus et absentibus
16 ၁၆ သင် တို့သည် အဲဂုတ္တု ပြည် ၌ ပေါင်းဘော် သောသူ၊ ခရီးသွား ၍ လမ်း ၌ တွေ့ကြုံသော လူမျိုး တို့ကို သင်တို့သိ ကြ၏။
vos enim nostis ut habitaverimus in terra Aegypti et quomodo transierimus per medium nationum quas transeuntes
17 ၁၇ သူ တို့၌ ရှိသော စက်ဆုပ်ရွံရှာ ဘွယ်သော သစ်သား ရုပ်တု ၊ ကျောက် ရုပ်တု၊ ရွှေ ရုပ်တု၊ ငွေ ရုပ်တုတို့ကို မြင် ကြပြီ။
vidistis abominationes et sordes id est idola eorum lignum et lapidem argentum et aurum quae colebant
18 ၁၈ ငါ တို့ဘုရားသခင် ထာဝရဘုရား ထံ တော်မှ လွှဲရှောင် ချင်သော သဘော ရှိလျက် ၊ ထို လူမျိုး တို့၏ ဘုရား များထံသို့ သွား ၍ ဝတ်ပြု သောယောက်ျား ၊ မိန်းမ ၊ အဆွေ အမျိုးတစုံတယောက်သည် သင် တို့တွင် ပါမည်ဟူ၍၎င်း၊ ခါး စွာသောအသီး၊ ဒေါန ကို သီး တတ်သော အပင်မြစ် သည် သင် တို့တွင် ပေါက်မည်ဟူ၍၎င်း၊
ne forte sit inter vos vir aut mulier familia aut tribus cuius cor aversum est hodie a Domino Deo vestro ut vadat et serviat diis illarum gentium et sit inter vos radix germinans fel et amaritudinem
19 ၁၉ ထိုသို့သောသူသည် ဤ ကျိန် ခြင်းစကား ကို ကြား သောအခါ ၊ စိတ် ခိုင်မာ သည်အတိုင်း ၊ ငါကျင့်၍ ရေငတ် ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာ ရမည်ဟုစိတ် ထဲမှာ ကိုယ်ကိုကိုယ်ကောင်းကြီး ပေးမည်ဟူ၍၎င်း စိုးရိမ်စရာရှိ၏။
cumque audierit verba iuramenti huius benedicat sibi in corde suo dicens pax erit mihi et ambulabo in pravitate cordis mei et adsumat ebria sitientem
20 ၂၀ ထိုသူ ကို ထာဝရဘုရား နှမြော တော်မ မူ။ အပြစ် ရှိသည်ဟု ထင်လွယ်သောစိတ်၊ အမျက် တော်အရှိန် မီးခိုး ထွက်၍ ဤ ကျမ်းစာ ၌ ရေးထား သော အမင်္ဂလာ ရှိသမျှ တို့ သည် ထိုသူ အပေါ် မှာ တည် နေကြလိမ့်မည်။ ထာဝရဘုရား သည် သူ ၏အမည် ကို မိုဃ်း ကောင်းကင်အောက် ၌ ချေ တော်မူလိမ့်မည်။
et Dominus non ignoscat ei sed tunc quam maxime furor eius fumet et zelus contra hominem illum et sedeant super eo omnia maledicta quae scripta sunt in hoc volumine et deleat nomen eius sub caelo
21 ၂၁ ဤ ပညတ္တိ ကျမ်းစာ ၌ ရေးထား သော ပဋိညာဉ် အမင်္ဂလာ ရှိသမျှ တို့နှင့်အညီ ၊ ထိုသူကို ဣသရေလ အမျိုးအနွယ် အပေါင်း တို့ထဲက ၊ ထာဝရဘုရား နှုတ်၍ အပြစ် ပေးဘို့ရာ ခွဲထား တော်မူလိမ့်မည်။
et consumat eum in perditionem ex omnibus tribubus Israhel iuxta maledictiones quae in libro legis huius ac foederis continentur
22 ၂၂ သူ့ နေရာအရပ်၌ ထာဝရဘုရား ဒဏ်ခတ် တော်မူသော၊
dicetque sequens generatio et filii qui nascentur deinceps et peregrini qui de longe venerint videntes plagas terrae illius et infirmitates quibus eam adflixerit Dominus
23 ၂၃ အနာရောဂါ ဘေးဥပဒ် တို့ကို၎င်း၊ ထာဝရဘုရား သည်ဒေါသ အမျက် တော်ထွက်၍ မှောက်လှန် တော်မူသော သောဒုံ မြို့၊ ဂေါမောရ မြို့၊ အာဒမာ မြို့၊ ဇေဘိုင် မြို့တို့ပြိုပျက် ရာကဲ့သို့ ၊ တပြည်လုံး ကိုကန့် နှင့် မီးကျွမ်းလောင် သောဆား သက်သက်ဖြစ်၍၊ မျိုးစေ့မ ကြဲ ၊ အသီးအနှံမ သီး ၊ မြက်ပင် မ ပေါက် ကြောင်းကို၎င်း၊ သင် တို့နောက်မှာ ဖြစ်လတံ့ သော သင် တို့အမျိုးသား ၊ ဝေး သောအရပ် မှ လာ သော တပါးအမျိုးသား တို့သည်မြင် ကြသောအခါ၊
sulphure et salis ardore conburens ita ut ultra non seratur nec virens quippiam germinet in exemplum subversionis Sodomae et Gomorrae Adamae et Seboim quas subvertit Dominus in ira et furore suo
24 ၂၄ ထာဝရဘုရား သည် ဤ ပြည် ၌ အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်း။ ဤ ပြင်းစွာ သော အမျက် တော် အရှိန် ကား၊ အဘယ်သို့ နည်းဟု လူ အမျိုးမျိုး တို့သည် မေးမြန်း ကြလျှင်၊
et dicent omnes gentes quare sic fecit Dominus terrae huic quae est haec ira furoris eius inmensa
25 ၂၅ သူတပါးတို့က၊ ထိုသူ တို့၏ ဘိုးဘေး တို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား သည် သူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သောအခါ ၊ သူ တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ကို သူတို့သည် စွန့် ကြသောကြောင့် ၎င်း၊
et respondebunt quia dereliquerunt pactum Domini quod pepigit cum patribus eorum quando eduxit eos de terra Aegypti
26 ၂၆ အထက်ကသူ တို့မ သိ ၊ သူ တို့အား အဘယ်အရာ ကိုမျှ မ ပေး သော အခြား တပါးသော ဘုရား တို့အား ဝတ်ပြု ကိုးကွယ် ကြသောကြောင့်၎င်း၊
et servierunt diis alienis et adoraverunt eos quos nesciebant et quibus non fuerant adtributi
27 ၂၇ ဤ မည်သောကျမ်းစာ ၌ ရေး ထားသော အမင်္ဂလာ ရှိသမျှ တို့ကို ဤ ပြည် ၌ သင့်ရောက် စေခြင်းငှာ ၊ ထာဝရဘုရား သည် အမျက် တော်ထွက် သဖြင့်၊
idcirco iratus est furor Domini contra terram istam ut induceret super eam omnia maledicta quae in hoc volumine scripta sunt
28 ၂၈ ပြင်းစွာသော ဒေါသ အမျက် အရှိန်အားကြီး လျက် သူ တို့ပြည် ထဲက သူ တို့ကို နှုတ်ပယ် ၍ ၊ ယနေ့ တိုင်အောင် အခြား တပါးသောပြည် သို့ နှင်ထုတ် တော်မူသည် ဟု ပြန်ပြောကြလိမ့်မည်။
et eiecit eos de terra sua in ira et furore et indignatione maxima proiecitque in terram alienam sicut hodie conprobatur
29 ၂၉ မ ထင်ရှားသောအရာတို့သည်၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြ တော်မူသောအရာတို့သည် ကာလ အစဉ်မပြတ် ငါ တို့နှင့် ငါ တို့သားသမီး များတို့၏ အငန်းအတာဖြစ်၍၊ ဤ ပညတ် တရားစကား အလုံးစုံ တို့ကို စောင့်ရှောက် ရမည်အကြောင်း တည်း။
abscondita Domino Deo nostro quae manifesta sunt nobis et filiis nostris usque in aeternum ut faciamus universa legis huius