< တရားဟောရာ 29 >

1 ဤ ရွေ့ကား၊ ဟောရပ် အရပ်၌ ထာဝရဘုရား သည် ဣသရေလ အမျိုး နှင့် ပြု တော်မူသောပဋိညာဉ်မှတပါး၊ မောဘ ပြည် ၌ မောရှေ သည် ထို လူမျိုးနှင့် ပဋိညာဉ် ပြု စေခြင်းငှာ ၊ ထာဝရဘုရား မှာ ထားတော်မူသော ပဋိညာဉ် စကား တော် ဖြစ်သတည်း။
These are the words of the covenant which Jehovah commanded Moses to make with the children of Israel in the land of Moab, besides the covenant which he made with them in Horeb.
2 တဖန် မောရှေ သည် ဣသရေလ အမျိုးသားအပေါင်း တို့ကို ခေါ် ၍ ၊ ထာဝရဘုရား သည် အဲဂုတ္တု ပြည် မှာ ဖာရော ဘုရင်၌ ၎င်း၊ သူ ၏ကျွန် အပေါင်း တို့၌ ၎င်း၊ သူ ၏ပြည် တရှောက်လုံး ၌ ၎င်း ၊ သင် တို့မျက်မှောက် တွင် ပြု တော်မူသမျှ တည်းဟူသော၊
Moses called to all Israel, and said to them, You have seen all that Jehovah did before your eyes in the land of Egypt to Pharaoh, and to all his servants, and to all his land;
3 ကိုယ် မျက်စိ နှင့်မြင် သော အလွန် ကြီးစွာသော စုံစမ်း ခြင်းအမှု၊ အလွန် ကြီးသော နိမိတ် လက္ခဏာ၊ ထူးဆန်း သော တန်ခိုးများကို သင် တို့သည် မြင် ရကြပြီ။
the great trials which your eyes saw, the signs, and those great wonders:
4 သို့သော်လည်း နားလည် နိုင်သောနှလုံး ၊ မြင် နိုင်သော မျက်စိ ၊ ကြား နိုင်သော နား တို့ကို ယနေ့ တိုင်အောင် ထာဝရဘုရား သည် ပေး တော်မ မူသေး။
but Jehovah has not given you a heart to know, and eyes to see, and ears to hear, to this day.
5 အနှစ် လေးဆယ် ပတ်လုံးသင် တို့ကို တော ၌ ငါပို့ဆောင် တော်မူပြီ။ သင် တို့အဝတ် သည် မ ဟောင်း မနွမ်း။ သင် တို့စီးသော ခြေနင်း လည်း မ ပျက်။
I have led you forty years in the wilderness. Your clothes have not worn out on you, and your shoes have not worn out on your feet.
6 သင်တို့သည် မုန့် ကိုမ စား။ စပျစ်ရည် နှင့် သေရည် သေရက်ကို မ သောက် ဘဲ နေသောကြောင့် ၊ ထာဝရဘုရား သည် သင် တို့၏ ဘုရားသခင် ဖြစ်ကြောင်းကို သိ ရ၏။
You have not eaten bread, neither have you drunk wine or strong drink; that you may know that I am Jehovah your God.
7 သင်တို့သည် ဤ အရပ် သို့ ရောက် သောအခါ ၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန် ၊ ဗာရှန် ရှင်ဘုရင် ဩဃ တို့သည် ငါ တို့ကို စစ်တိုက် ခြင်းငှာ ထွက် လာသဖြင့် ၊ ငါတို့သည် သူ တို့ကို လုပ်ကြံ ၍၊
When you came to this place, Sihon the king of Heshbon, and Og the king of Bashan, came out against us to battle, and we struck them:
8 သူ တို့ပြည် ကို သိမ်းယူ ပြီးမှ ၊ ရုဗင် အမျိုး၊ ဂဒ် အမျိုး၊ မနာရှေ အမျိုး တဝက် ၌ ပေး လေ၏။
and we took their land, and gave it for an inheritance to the Reubenites, and to the Gadites, and to the half-tribe of the Manassites.
9 သို့ဖြစ်၍ သင်တို့ပြု လေရာရာ ၌ အောင် နိုင်မည် အကြောင်း ဤ ပဋိညာဉ် စကား တို့ကို စောင့်ရှောက် ၍ ကျင့် ကြလော့။
Keep therefore the words of this covenant, and do them, that you may prosper in all that you do.
10 ၁၀ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင် နှင့် ယနေ့ ပြု တော်မူသော သစ္စာ ကို သင် သည်ခံ ၍၊ သင် ၏ဘုရားသခင် ထာဝရဘုရား နှင့် ပဋိညာဉ် ပြုခြင်းငှာ ၎င်း၊
You stand this day all of you before Jehovah your God; your heads, your tribes, your elders, and your officers, even all the men of Israel,
11 ၁၁ သင့်ကို ကိုယ်တော်၏ လူမျိုးအရာ၌ ယနေ့ခန့်ထား တော်မူစေခြင်းငှာ၎င်း၊
your little ones, your wives, and your foreigner who is in the midst of your camps, from the one who cuts your wood to the one who draws your water;
12 ၁၂ အထက်က မိန့်တော်မူ၍၊ သင် ၏အဘ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့အား ကျိန်ဆို တော်မူသည်အတိုင်း ၊ သင် ၏ဘုရားသခင် ဖြစ် တော်မူစေခြင်းငှာ ၎င်း၊
that you may enter into the covenant of Jehovah your God, and into his oath, which Jehovah your God makes with you this day,
13 ၁၃ သင် တို့အမျိုးအနွယ် ၏ အကဲအမှူး၊ အသက်ကြီး သူ၊ မင်းအရာရှိ၊ ဣသရေလ အမျိုးယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ ထင်း ခုတ် သောသူ၊ ရေ ခပ် သောသူမှစ၍ တပ် ၌ ရှိသမျှသောသူ တို့သည် သင် တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ယနေ့ ရပ် နေကြ၏။
so that he may establish you today as his people, and that he may your God, as he spoke to you and as he swore to your fathers, to Abraham, to Isaac, and to Jacob.
14 ၁၄ ထိုမှတပါး ဤ ပဋိညာဉ် ၊ ဤ သစ္စာ ကို သင် တို့နှင့် သာ ငါ ပြု သည်ထက်မ က၊
Neither with you only do I make this covenant and this oath,
15 ၁၅ ငါ တို့ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ယနေ့ ရပ် နေသောသူတို့ နှင့်၎င်း၊ ငါ တို့တွင် ယနေ့ မ ပါ သော သူတို့ နှင့် ၎င်း ငါပြု၏။
but with him who stands here with us this day before Jehovah our God, and also with him who is not here with us this day
16 ၁၆ သင် တို့သည် အဲဂုတ္တု ပြည် ၌ ပေါင်းဘော် သောသူ၊ ခရီးသွား ၍ လမ်း ၌ တွေ့ကြုံသော လူမျိုး တို့ကို သင်တို့သိ ကြ၏။
(for you know how we lived in the land of Egypt, and how we came through the midst of the nations through which you passed;
17 ၁၇ သူ တို့၌ ရှိသော စက်ဆုပ်ရွံရှာ ဘွယ်သော သစ်သား ရုပ်တု ၊ ကျောက် ရုပ်တု၊ ရွှေ ရုပ်တု၊ ငွေ ရုပ်တုတို့ကို မြင် ကြပြီ။
and you have seen their abominations, and their idols, wood and stone, silver and gold, which were among them);
18 ၁၈ ငါ တို့ဘုရားသခင် ထာဝရဘုရား ထံ တော်မှ လွှဲရှောင် ချင်သော သဘော ရှိလျက် ၊ ထို လူမျိုး တို့၏ ဘုရား များထံသို့ သွား ၍ ဝတ်ပြု သောယောက်ျား ၊ မိန်းမ ၊ အဆွေ အမျိုးတစုံတယောက်သည် သင် တို့တွင် ပါမည်ဟူ၍၎င်း၊ ခါး စွာသောအသီး၊ ဒေါန ကို သီး တတ်သော အပင်မြစ် သည် သင် တို့တွင် ပေါက်မည်ဟူ၍၎င်း၊
lest there should be among you man, or woman, or family, or tribe, whose heart turns away this day from Jehovah our God, to go to serve the gods of those nations; lest there should be among you a root that bears gall and wormwood;
19 ၁၉ ထိုသို့သောသူသည် ဤ ကျိန် ခြင်းစကား ကို ကြား သောအခါ ၊ စိတ် ခိုင်မာ သည်အတိုင်း ၊ ငါကျင့်၍ ရေငတ် ခြင်းအပေါ်၌ ယစ်မူးခြင်းကို ထပ်ဆင့်သော်လည်း၊ ချမ်းသာ ရမည်ဟုစိတ် ထဲမှာ ကိုယ်ကိုကိုယ်ကောင်းကြီး ပေးမည်ဟူ၍၎င်း စိုးရိမ်စရာရှိ၏။
and it happen, when he hears the words of this curse, that he bless himself in his heart, saying, "I shall have peace, though I walk in the stubbornness of my heart, to destroy the moist with the dry."
20 ၂၀ ထိုသူ ကို ထာဝရဘုရား နှမြော တော်မ မူ။ အပြစ် ရှိသည်ဟု ထင်လွယ်သောစိတ်၊ အမျက် တော်အရှိန် မီးခိုး ထွက်၍ ဤ ကျမ်းစာ ၌ ရေးထား သော အမင်္ဂလာ ရှိသမျှ တို့ သည် ထိုသူ အပေါ် မှာ တည် နေကြလိမ့်မည်။ ထာဝရဘုရား သည် သူ ၏အမည် ကို မိုဃ်း ကောင်းကင်အောက် ၌ ချေ တော်မူလိမ့်မည်။
God will not be willing to forgive him, but then the anger of Jehovah and his jealousy will burn against that man, and every curse that is written in this book shall rest on him, and Jehovah will blot out his name from under heaven.
21 ၂၁ ဤ ပညတ္တိ ကျမ်းစာ ၌ ရေးထား သော ပဋိညာဉ် အမင်္ဂလာ ရှိသမျှ တို့နှင့်အညီ ၊ ထိုသူကို ဣသရေလ အမျိုးအနွယ် အပေါင်း တို့ထဲက ၊ ထာဝရဘုရား နှုတ်၍ အပြစ် ပေးဘို့ရာ ခွဲထား တော်မူလိမ့်မည်။
Jehovah will set him apart to evil out of all the tribes of Israel, according to all the curses of the covenant that is written in this book of the law.
22 ၂၂ သူ့ နေရာအရပ်၌ ထာဝရဘုရား ဒဏ်ခတ် တော်မူသော၊
The generation to come, your children who shall rise up after you, and the foreigner who shall come from a far land, shall say, when they see the plagues of that land, and the sicknesses with which Jehovah has made it sick;
23 ၂၃ အနာရောဂါ ဘေးဥပဒ် တို့ကို၎င်း၊ ထာဝရဘုရား သည်ဒေါသ အမျက် တော်ထွက်၍ မှောက်လှန် တော်မူသော သောဒုံ မြို့၊ ဂေါမောရ မြို့၊ အာဒမာ မြို့၊ ဇေဘိုင် မြို့တို့ပြိုပျက် ရာကဲ့သို့ ၊ တပြည်လုံး ကိုကန့် နှင့် မီးကျွမ်းလောင် သောဆား သက်သက်ဖြစ်၍၊ မျိုးစေ့မ ကြဲ ၊ အသီးအနှံမ သီး ၊ မြက်ပင် မ ပေါက် ကြောင်းကို၎င်း၊ သင် တို့နောက်မှာ ဖြစ်လတံ့ သော သင် တို့အမျိုးသား ၊ ဝေး သောအရပ် မှ လာ သော တပါးအမျိုးသား တို့သည်မြင် ကြသောအခါ၊
and that the whole land of it is sulfur, salt, and burning, that it is not sown, nor bears, nor any grass grows in it, like the overthrow of Sodom and Gomorrah, Admah and Zeboiim, which Jehovah overthrew in his anger, and in his wrath:
24 ၂၄ ထာဝရဘုရား သည် ဤ ပြည် ၌ အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်း။ ဤ ပြင်းစွာ သော အမျက် တော် အရှိန် ကား၊ အဘယ်သို့ နည်းဟု လူ အမျိုးမျိုး တို့သည် မေးမြန်း ကြလျှင်၊
even all the nations shall say, "Why has Jehovah done thus to this land? What does the heat of this great anger mean?"
25 ၂၅ သူတပါးတို့က၊ ထိုသူ တို့၏ ဘိုးဘေး တို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား သည် သူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သောအခါ ၊ သူ တို့နှင့် ဖွဲ့ တော်မူသော ပဋိညာဉ် ကို သူတို့သည် စွန့် ကြသောကြောင့် ၎င်း၊
Then men shall say, "Because they forsook the covenant of Jehovah, the God of their fathers, which he made with them when he brought them forth out of the land of Egypt,
26 ၂၆ အထက်ကသူ တို့မ သိ ၊ သူ တို့အား အဘယ်အရာ ကိုမျှ မ ပေး သော အခြား တပါးသော ဘုရား တို့အား ဝတ်ပြု ကိုးကွယ် ကြသောကြောင့်၎င်း၊
and went and served other gods, and worshiped them, gods that they did not know, and that he had not given to them:
27 ၂၇ ဤ မည်သောကျမ်းစာ ၌ ရေး ထားသော အမင်္ဂလာ ရှိသမျှ တို့ကို ဤ ပြည် ၌ သင့်ရောက် စေခြင်းငှာ ၊ ထာဝရဘုရား သည် အမျက် တော်ထွက် သဖြင့်၊
therefore the anger of Jehovah was kindled against this land, to bring on it all the curse that is written in this book;
28 ၂၈ ပြင်းစွာသော ဒေါသ အမျက် အရှိန်အားကြီး လျက် သူ တို့ပြည် ထဲက သူ တို့ကို နှုတ်ပယ် ၍ ၊ ယနေ့ တိုင်အောင် အခြား တပါးသောပြည် သို့ နှင်ထုတ် တော်မူသည် ဟု ပြန်ပြောကြလိမ့်မည်။
and Jehovah rooted them out of their land in anger, and in wrath, and in great indignation, and cast them into another land, as at this day."
29 ၂၉ မ ထင်ရှားသောအရာတို့သည်၊ ငါ တို့ဘုရားသခင် ထာဝရဘုရား ၏ အငန်းအတာဖြစ်ကြ၏။ ဘော်ပြ တော်မူသောအရာတို့သည် ကာလ အစဉ်မပြတ် ငါ တို့နှင့် ငါ တို့သားသမီး များတို့၏ အငန်းအတာဖြစ်၍၊ ဤ ပညတ် တရားစကား အလုံးစုံ တို့ကို စောင့်ရှောက် ရမည်အကြောင်း တည်း။
The secret things belong to Jehovah our God; but the things that are revealed belong to us and to our children forever, that we may do all the words of this law.

< တရားဟောရာ 29 >