< တရားဟောရာ 28 >

1 ယနေ့ ငါ ဆင့်ဆို သမျှ သော ပညတ် တော်တို့ကို သင်သည် ကျင့် စောင့် ခြင်းငှာ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို စေ့စေ့နားထောင် လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် လူမျိုး တကာ တို့ ထက် သင့် ကို ချီးမြှောက် တော်မူမည်။
Now if thou wilt hear the voice of the Lord thy God, to do and keep all his commandments, which I command thee this day, the Lord thy God will make thee higher than all the nations that are on the earth.
2 သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် လျှင် ၊ သင့် အပေါ် မှာ သက်ရောက် လတံ့သော ကောင်းကြီး မင်္ဂလာများ ဟူမူကား ။
And all these blessings shall come upon thee and overtake thee: yet so if thou hear his precepts,
3 သင် သည် မြို့ ၌ မင်္ဂလာ ရှိလိမ့်မည်၊ တော ၌ မင်္ဂလာ ရှိလိမ့်မည်။
Blessed shalt thou be in the city, and blessed in the field.
4 သားသမီး အားဖြင့်၎င်း၊ မြေ အသီး အနှံအားဖြင့်၎င်း ၊ တိရစ္ဆာန် ဘွားသော သားငယ်အားဖြင့်၎င်း ၊ သိုး နွား အစီးအပွား အားဖြင့်၎င်း မင်္ဂလာ ရှိလိမ့်မည်။
Blessed shall be the fruit of thy womb, and the fruit of thy ground, and the fruit of thy cattle, the droves of thy herds, and the folds of thy sheep.
5 ခြင်တောင်း ၌၎င်း၊ မုန့် နယ်သော ခွက်၌၎င်း မင်္ဂလာ ရှိလိမ့်မည်။
Blessed shall be thy barns and blessed thy stores.
6 မိမိအိမ်ထဲသို့ ဝင် သောအခါ မင်္ဂလာ ရှိ လိမ့်မည်၊ ပြင်သို့ထွက် သောအခါ မင်္ဂလာ ရှိလိမ့်မည်။
Blessed shalt thou be coming in and going out.
7 သင့် တဘက် ၌ ထ သော ရန်သူ တို့ကို သင့် မျက်မှောက် ၌ ထာဝရဘုရား သည် ဒဏ် ခံစေတော်မူမည်။ သူတို့သည် တ လမ်းတည်းဖြင့် သင် ရှိရာသို့ လာ သော်လည်း ၊ လမ်း ခုနှစ် သွယ်ဖြင့် သင့် ရှေ့ မှ ပြေး ကြလိမ့်မည်။
The Lord shall cause thy enemies, that rise up against thee, to fall down before thy face: one way shall they come out against thee, and seven ways shall they flee before thee.
8 သင် ၏ ဘဏ္ဍာ တိုက်၌ ၎င်း၊ သင် ပြု လေရာရာ ၌ ၎င်း ၊ ထာဝရဘုရား သည် သင့် အပေါ် မှာ မင်္ဂလာ ရောက် စေခြင်းငှာမိန့် တော်မူမည်။ သင် ၏ ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ သင့် ကို ကောင်းကြီး မင်္ဂလာပေးတော်မူမည်။
The Lord will send forth a blessing upon thy storehouses, and upon all the works of thy hands: and will bless thee in the land that thou shalt receive.
9 သင် သည် သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ပညတ် တော်တို့ကိုစောင့် ၍ လမ်း တော်သို့ လိုက် လျှင် ထာဝရဘုရား ကျိန်ဆို သည်အတိုင်း၊ သင့် ကို ကိုယ်တော် အဘို့ သန်ရှင်း သောအမျိုး အစဉ်အမြဲ ဖြစ်စေတော်မူမည်။
The Lord will raise thee up to be a holy people to himself, as he swore to thee: if thou keep the commandments of the Lord thy God, and walk in his ways.
10 ၁၀ သင် သည် ထာဝရဘုရား ၏ နာမတော် ဖြင့် ခေါ်ဝေါ် သမုတ်ခြင်းကိုခံရသည်ဟု လူမျိုး ခပ်သိမ်း တို့ သည် သိမြင် ၍ သင့် ကို ကြောက်ရွံ့ ကြလိမ့်မည်။
And all the people of the earth shall see that the name of the Lord is invocated upon thee, and they shall fear thee.
11 ၁၁ ထာဝရဘုရား သည် သင့် အား ပေး ခြင်းငှာ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် ၌ ဥစ္စာ ပစ္စည်း၊ သားသမီး ၊ တိရစ္ဆာန် အတိုးအပွား၊ မြေ အသီးအနှံ များကို ကြွယ်ဝ စေတော်မူမည်။
The Lord will make thee abound with all goods, with the fruit of thy womb, and the fruit of thy cattle, with the fruit of thy land, which the Lord swore to thy fathers that he would give thee.
12 ၁၂ ထာဝရဘုရား သည် အချိန်တန် မှ သင် ၏ပြည် ၌ မိုဃ်း ရွာ စေခြင်းငှာ ၎င်း၊ သင် ပြု လေရာရာ ၌ ကောင်းကြီး ပေးခြင်းငှာ ၎င်း ၊ ဘဏ္ဍာ တော်တိုက် တည်းဟူသောမိုဃ်းကောင်းကင် ကို ဖွင့် တော်မူမည်။ သင်သည် လူမျိုး များတို့အား ချေးငှား ရသောအခွင့် ရှိလိမ့်မည်။ သူတို့သည် သင့် အား ချေးငှား ရသောအခွင့် မ ရှိရ။
The Lord will open his excellent treasure, the heaven, that it may give rain in due season: and he will bless all the works of thy hands. And thou shalt lend to many nations, and shalt not borrow of any one.
13 ၁၃ ထာဝရဘုရား သည် သင့်ကို အမြီး မ ဖြစ် စေဘဲ ခေါင်း ဖြစ် စေတော်မူသဖြင့် ၊ သင်သည် အောက် ၌ မ နေ ရ ဘဲ အပေါ် ၌ သာ နေရသောအခွင့် ရှိလိမ့်မည်။ ယနေ့ ငါ ဆင့်ဆို သော ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ ပညတ် တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင် လျှင် ၎င်း၊
And the Lord shall make thee the head and not the tail: and thou shalt be always above, and not beneath: yet so if thou wilt hear the commandments of the Lord thy God which I command thee this day, and keep and do them,
14 ၁၄ ယနေ့ ငါ ဆင့်ဆို သော စကား တော်လမ်းမှ ထွက် ၍ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ ၊ အခြား တပါးသော ဘုရား နောက် သို့ လိုက် ၍ ဝတ် မပြုဘဲနေလျှင်၎င်း၊ ထိုသို့ သော ကျေးဇူးတော်ကိုခံရလိမ့်မည်။
And turn not away from them neither to the right hand, nor to the left, nor follow strange gods, nor worship them.
15 ၁၅ ယနေ့ ငါ ဆင့်ဆို သော သင် ၏ဘုရားသခင် ထာဝရဘုရား စီရင် ထုံးဖွဲ့တော်မူချက် အလုံးစုံ တို့ ကို ကျင့် စောင့် ခြင်းငှာ စကား တော်ကို နား မ ထောင်လျှင် ၊ သင့် အပေါ် မှာ သက်ရောက် လတံ့သော ကျိန်ခြင်းအမင်္ဂလာ များ ဟူမူကား၊
But if thou wilt not hear the voice of the Lord thy God, to keep and to do all his commandments and ceremonies, which I command thee this day, all these curses shall come upon thee, and overtake thee.
16 ၁၆ သင် သည် မြို့ ၌ အမင်္ဂလာ ရှိလိမ့်မည်၊ တော ၌ အမင်္ဂလာ ရှိလိမ့်မည်။
Cursed shalt thou be in the city, cursed in the field.
17 ၁၇ ခြင်တောင်း ၌၎င်း ၊ မုန့် နယ်သော ခွက်၌၎င်း အမင်္ဂလာ ရှိလိမ့်မည်။
Cursed shall be thy barn, and cursed thy stores.
18 ၁၈ သားသမီး အားဖြင့်၎င်း၊ မြေ အသီး အနှံအားဖြင့်၎င်း၊ သိုး နွား အစီးအပွား အားဖြင့်၎င်း အမင်္ဂလာ ရှိလိမ့်မည်။
Cursed shall be the fruit of thy womb, and the fruit of thy ground, the herds of thy oxen, and the flocks of thy sheep.
19 ၁၉ မိမိ အိမ်ထဲသို့ ဝင် သောအခါ အမင်္ဂလာ ရှိလိမ့်မည်။ ပြင်သို့ ထွက် သောအခါ အမင်္ဂလာ ရှိလိမ့်မည်။
Cursed shalt thou be coming in, and cursed going out.
20 ၂၀ ထာဝရဘုရား ကို စွန့် ၍ ပြု မိသော ဒုစရိုက် အပြစ်ကြောင့် အလျင်အမြန် ပျက်စီး ဆုံးရှုံးခြင်းသို့ မ ရောက်မှီတိုင်အောင်၊ ပြု လေရာရာ ၌ ကျိန်ဆဲ ခြင်း၊ နှောင့်ရှက် ခြင်း၊ ကဲ့ရဲ့ ခြင်းတို့ကို သင့် အပေါ် မှာ သက်ရောက် စေတော်မူမည်။
The Lord shall send upon thee famine and hunger, and a rebuke upon all the works which thou shalt do: until he consume and destroy thee quickly, for thy most wicked inventions, by which thou hast forsaken me.
21 ၂၁ သင် သွား ၍ ဝင်စား လတံ့သော ပြည် မှ သုတ်သင် ပယ်ရှင်းတော်မ မူမှီ တိုင်အောင်၊ ကာလနာ ကို သင် ၌ စွဲ စေတော်မူမည်။
May the Lord set the pestilence upon thee, until he consume thee out of the land, which thou shalt go in to possess.
22 ၂၂ ထာဝရဘုရား သည် သင့် ကို တူလာ ၊ ဖျားနာ ၊ ဒလခက်နာ ၊ ခရခရနာ ဖြင့် ၎င်း ၊ ထား ဘေး၊ လေထိ ၍ အပင်သေဘေး၊ အရည် ယို၍ အပင်သေဘေးဖြင့် ၎င်း ဒဏ်ခတ် တော်မူ၍ ၊ သင် သည် မ ပျက်စီး မှီတိုင်အောင်ထိုဘေးတို့သည် လိုက် ကြလိမ့်မည်။
May the Lord afflict thee with miserable want, with the fever and with cold, with burning and with heat, and with corrupted air and with blasting, and pursue thee till thou perish.
23 ၂၃ သင့် ခေါင်း ပေါ် မှာ မိုဃ်းကောင်းကင် သည် ကြေးဝါ ကဲ့သို့၎င်း ၊ သင့် အောက် ၌ မြေ သည် သံ ကဲ့သို့၎င်း ဖြစ် လိမ့်မည်။
Be the heaven, that is over thee, of brass: and the ground thou treadest on, of iron.
24 ၂၄ ထာဝရဘုရား သည် သင့် နေရာပြည် ၌ ရွာသော မိုဃ်း ရေကို မြေမှုန့် ၊ ဖုံ ဖြစ် စေတော်မူသဖြင့် ၊ သင် သည် မ ပျက်စီး မှီတိုင်အောင်သင့် အပေါ် မှာ ကျ ရလိမ့်မည်။
The Lord give thee dust for rain upon thy land, and let ashes come down from heaven upon thee, till thou be consumed.
25 ၂၅ သင် ၏ရန်သူ ရှေ့ မှာ ထာဝရဘုရား သည် သင့် ကို ဒဏ် ပေးတော်မူမည်။ သင်သည် တလမ်း တည်းဖြင့် သူ တို့ ရှိရာသို့ သွား သော်လည်း ၊ လမ်း ခုနှစ် သွယ်ဖြင့် သူ တို့ရှေ့ မှ ပြေး၍ မြေ ပေါ်မှာရှိ သော အတိုင်းတိုင်း အပြည်ပြည်သို့ ပြောင်း သွားရလိမ့်မည်။
The Lord make thee to fall down before thy enemies, one way mayst thou go out against them, and flee seven ways, and be scattered throughout all the kingdoms of the earth.
26 ၂၆ သင် ၏အသေ ကောင်သည် မိုဃ်း ကောင်းကင်ငှက် ၊ တော သားရဲ စားစရာ့ ဘို့ ဖြစ် ရလိမ့်မည်။ ထိုတိရစ္ဆာန် တို့ကို အဘယ်သူ မျှမမောင်း ရ။
And be thy carcass meat for all the Fowls of the air, and the beasts of the earth, and be there none to drive them away.
27 ၂၇ ထာဝရဘုရား သည် သင့် ကို အဲဂုတ္တု အနာစိမ်း ၊ မြင်းသရိုက် နာ၊ ဝဲနာ ၊ မ ပျောက် နိုင် သော ယားနာ ဖြင့် ဒဏ်ခတ် တော်မူမည်။
The Lord strike thee with the ulcer of Egypt, and the part of thy body, by which the dung is cast out, with the scab and with the itch: so that thou canst not be healed.
28 ၂၈ ရူး သောအနာ၊ မျက်စိ ကန်းသောအနာ၊ မိန်းမော တွေဝေသောအနာဖြင့် ဒဏ်ခတ် တော်မူ၍၊
The Lord strike thee with madness and blindness and fury of mind.
29 ၂၉ မျက်စိ ကန်းသောသူသည် မှောင်မိုက် ၌ စမ်းသပ် ရသကဲ့သို့ ၊ သင်သည် မွန်းတည့် အချိန်၌ ပင် စမ်းသပ် ရ လိမ့်မည်။ သင် ပြု သောအမှု၌ မ အောင် ဘဲ ညှဉ်းဆဲ ခြင်း၊ လုယူ ခြင်းကိုသာ ခံ ရလိမ့်မည်။ အဘယ်သူ မျှမကယ်တင် ရ။
And mayst thou grope at midday as the blind is wont to grope in the dark, and not make straight thy ways. And mayst thou at all times suffer wrong, and be oppressed with violence, and mayst thou have no one to deliver thee.
30 ၃၀ မိန်းမ နှင့်လက်ထပ် ပြီးသော်လည်း အခြား သောသူသည် ပေါင်းဘော် ရလိမ့်မည်။ အိမ် ကို ဆောက် သော်လည်း ကိုယ်တိုင် မ နေ ရ။ စပျစ် ဥယျာဉ်ကို စိုက် သော်လည်း စပျစ်သီး ကို မ ဆွတ် မယူရ။
Mayst thou take a wife, and another sleep with her. Mayst thou build a house, and not dwell therein. Mayest thou plant a vineyard and not gather the vintage thereof.
31 ၃၁ သင့် နွား ကို သင့် မျက်မှောက် ၌ သတ် ၍သေ သော်လည်း သင့်ကိုယ်တိုင်မ စား ရ။ သင့် မြည်း ကို သင့် ရှေ့မှောက် ၌ အနိုင်အထက် ယူသွားပြီးမှ ၊ နောက်တဖန်ပြန် ၍ မ ပေးရ။ သင့် သိုး တို့ကို သင့် ရန်သူ ၌ အပ် သောအခါ ကယ်နှုတ် သောသူမပေါ်မ ရှိရ။
May thy ox be slain before thee, and thou not eat thereof. May thy ass be taken away in thy sight, and not restored to thee. May thy sheep be given to thy enemies, and may there be none to help thee.
32 ၃၂ သင့် သားသမီး တို့သည် သူတပါး လက်သို့ ရောက် ၍ ၊ သင့် မျက်စိ သည် တနေ့လုံး မြော်ကြည့် လျက် အားကုန် လိမ့်မည်။ သင့် လက် သည်လည်း ခွန်အား မ ရှိရ။
May thy sons and thy daughters be given to another people, thy eyes looking on, and languishing at the sight of them all the day, and may there be no strength in thy hand.
33 ၃၃ သင် မ သိ မကျွမ်းသော လူမျိုး သည် သင့် နေရာ ပြည် ၏ အသီးအနှံ ကို၎င်း၊ သင် လုပ်ဆောင် ၍ရသောဥစ္စာကို၎င်း စား လိမ့်မည်။ သင်သည် ညှဉ်းဆဲ နှိပ်စက် ခြင်းကိုသာ အစဉ် မပြတ်ခံ ရလိမ့်မည်။
May a people which thou knowest not, eat the fruits of thy land, and all thy labours: and mayst thou always suffer oppression, and be crushed at all times.
34 ၃၄ ထိုသို့ ကိုယ်တိုင်တွေ့မြင် သော အမှုကြောင့် သင်သည် အရူး ဖြစ် ရလိမ့်မည်။
And be astonished at the terror of those things which thy eyes shall see:
35 ၃၅ ထာဝရဘုရား သည် သင့် ဒူး နှင့် ခြေထောက် မက၊ ခြေဘဝါး မှစ၍ ဦးခေါင်း ထိပ်တိုင်အောင် မ ပျောက် နိုင် သော အနာစိမ်း ဖြင့် ဒဏ်ခတ် တော်မူမည်။
May the Lord strike thee with a very sore ulcer in the knees and in the legs, and be thou incurable from the sole of the foot to the top of the head.
36 ၃၆ ထာဝရဘုရား သည်၊ သင် ချီးမြှောက် သော ရှင် ဘုရင် ကို သင် နှင့် သင့် ဘိုးဘေး တို့ မ သိ မကျွမ်းဘူးသော လူမျိုး ရှိရာသို့ ဆောင်သွား တော်မူသဖြင့် ၊ သင် သည် အခြား တပါးသော ဘုရား၊ သစ်သား ဘုရား၊ ကျောက် ဘုရား တို့ကို ဝတ်ပြု ရလိမ့်မည်။
The Lord shall bring thee, and thy king, whom thou shalt have appointed over thee, into a nation which thou and thy fathers know not: and there thou shalt serve strange gods, wood and stone.
37 ၃၇ ထာဝရဘုရား သည် သင့် ကို ဆောင်သွား တော်မူသော အပြည်ပြည် တို့၌ သင်သည် အံ့ဩ ရာ၊ ပုံခိုင်း ရာ၊ ကဲ့ရဲ့ ရာဖြစ် လိမ့်မည်။
And thou shalt be lost, as a proverb and a byword to all people, among whom the Lord shall bring thee in.
38 ၃၈ သင်သည် များစွာ သော မျိုးစေ့ ကို လယ် သို့ယူသွား ၍ ကျိုင်းကောင် တို့သည် ကိုက်စား သောကြောင့် ၊ နည်း သောစပါးကို သိမ်း ရလိမ့်မည်။
Thou shalt cast much seed into the ground, and gather little: because the locusts shall consume all.
39 ၃၉ စပျစ် ဥယျာဉ်တို့ကို စိုက် ၍ ပြုစု သော်လည်း ၊ ပိုး များ ကိုက်စား သောကြောင့် ကိုယ်တိုင် စပျစ်သီး ကို မ ဆွတ်ရ၊ စပျစ်ရည် ကိုလည်း မ သောက် ရ။
Thou shalt plant a vineyard, and dig it, and shalt not drink the wine, nor gather any thing thereof: because it shall be wasted with worms.
40 ၄၀ သင့် နေရာ အရပ်ရပ် ၌ သံလွင် ပင်ရှိ သော်လည်း ၊ အသီးမမှည့်မှီ ကြွေ သောကြောင့် သင်သည် သံလွင်ဆီ နှင့် ကိုယ်ကိုမ လိမ်း ရ။
Thou shalt have olive trees in all thy borders, and shalt not be anointed with the oil: for the olives shall fall off and perish.
41 ၄၁ သား သမီးကို ဘွားမြင် သော်လည်း ၊ သူ တို့နှင့် မ ပျော်မမွေ့ရ။ ရန်သူတို့သည် သိမ်း သွား ကြလိမ့်မည်။
Thou shalt beget sons and daughters, and shalt not enjoy them: because they shall be led into captivity.
42 ၄၂ သင့် နေရာပြည် ၌ သစ်ပင် ရှိသမျှ ၊ မြေအသီးအနှံ ရှိသမျှကို ကျိုင်းကောင် တို့သည် ကိုက်စား ကြလိမ့်မည်။
The blast shall consume all the trees and the fruits of thy ground.
43 ၄၃ သင် နှင့်အတူ နေသော တပါး အမျိုးသားသည် မြင့် လျက်၊ သင့် အပေါ် သို့ တက် လိမ့်မည်။ သင် မူကား ၊ အောက် သို့ဆင်း ၍ နေရလိမ့်မည်။
The stranger that liveth with thee in the land, shall rise up over thee, and shall be higher: and thou shalt go down, and be lower.
44 ၄၄ သူ သည် သင့် အား ချေးငှား သောအခွင့်ရှိ လိမ့်မည်။ သင် မူကား ၊ သူ့ အားချေးငှား သော အခွင့်မ ရှိရ။ သူ သည် ခေါင်း ဖြစ် ၍ ၊ သင် သည် အမြီး ဖြစ် လိမ့်မည်။
He shall lend to thee, and thou shalt not lend to him. He shall be as the head, and thou shalt be the tail.
45 ၄၅ သင် ၏ဘုရားသခင် ထာဝရဘုရား ထား တော်မူသော စီရင် ထုံးဖွဲ့ချက်တရားကို စောင့်ရှောက် ခြင်းငှာ ၊ သင် သည် စကား တော်ကို နား မ ထောင်သောကြောင့် ၊ မ ပျက်စီး မှီတိုင်အောင်ဤ ကျိန်ခြင်းအမင်္ဂလာ ရှိသမျှ တို့ သည် သင့် အပေါ် မှာ သက်ရောက် လျက် ၊ သင့် ကိုလိုက် ၍ မှီ လျက် ရှိကြလိမ့်မည်။
And all these curses shall come upon thee, and shall pursue and overtake thee, till thou perish: because thou heardst not the voice of the Lord thy God, and didst not keep his commandments and ceremonies which he commanded thee.
46 ၄၆ သင့် အပေါ် ၌၎င်း ၊ သင့် အမျိုးအနွယ် အပေါ် ၌ ၎င်း ၊ အစဉ်မပြတ် နိမိတ် လက္ခဏာ အံ့ဘွယ် သောအမှု ဖြစ် ကြလိမ့်မည်။
And they shall be as signs and wonders on thee, and on thy seed for ever.
47 ၄၇ သင်သည် ဥစ္စာ ကြွယ်ဝသောအခါ ၊ ဝမ်းမြောက် ရွှင်လန်း သောစိတ် နှင့် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ အမှု တော်ကို မ ဆောင်မရွက်သောကြောင့်၊
Because thou didst not serve the Lord thy God with joy and gladness of heart, for the abundance of all things:
48 ၄၈ ထာဝရဘုရား စေလွှတ် တော်မူသော ရန်သူ ၏ အမှုကို သင် သည် မွတ်သိပ် ခြင်း၊ ရေ ငတ်ခြင်း၊ အဝတ် အချည်းစည်းရှိခြင်းနှင့်တကွ ၊ အရာရာ ၌ ဆင်းရဲ စွာ ဆောင်ရွက် ရလိမ့်မည်။ သင် သည် မ ပျက်စီး မှီတိုင်အောင်သင့် လည်ပင်း ၌ သံ ထမ်းဘိုး ကို တင် ထားတော်မူမည်။
Thou shalt serve thy enemy, whom the Lord will send upon thee, in hunger, and thirst, and nakedness, and in want of all things: and he shall put an iron yoke upon thy neck, till he consume thee.
49 ၄၉ ရွှေလင်းတ ပျံ တတ်သကဲ့သို့ လျင်မြန်သောလူမျိုး၊ ကြမ်းတမ်း သောမျက်နှာ နှင့် ပြည့်စုံလျက်၊ အသက်ကြီး သူကို မ ရိုသေ ၊ အသက်ငယ် သူကိုမ သနား တတ်သောလူမျိုး ကို၊
The Lord will bring upon thee a nation from afar, and from the uttermost ends of the earth, like an eagle that flyeth swiftly, whose tongue thou canst not understand,
50 ၅၀ ဝေး သောအရပ်၊ မြေကြီး စွန်း မှ ထာဝရဘုရား သည်ခေါ် ၍ သင့်ကိုတိုက်စေတော်မူမည်။
A most insolent nation, that will shew no regard to the ancients, nor have pity on the infant,
51 ၅၁ သင် သည် မ ပျက်စီး မှီတိုင်အောင်၊ ထိုရန်သူသည် သင် ၏ သိုးသငယ်၊ နွားသငယ်၊ မြေ အသီးအနှံ ကို စား ရလိမ့်မည်။ သင့် ကို မ ဖျက်ဆီး မှီတိုင်အောင်၊ ဆန် စပါး၊ စပျစ်ရည် ၊ ဆီ ၊ သိုး နွား အစီး အပွားကို သင့် အဘို့ မ ချန် မထားရ။
And will devour the fruit of thy cattle, and the fruits of thy land: until thou be destroyed, and will leave thee no wheat, nor wine, nor oil, nor herds of oxen, nor flocks of sheep: until he destroy thee.
52 ၅၂ သင့် နေရာပြည် အရပ်ရပ် တို့၌ သင် ကိုးစား သော မြို့ရိုး၊ မြင့် ၍ ခိုင်ခံ့ သော မြို့ရိုး တို့သည် မပြို မ ကျမှီ တိုင်အောင်၊ သင့် နေရာ မြို့ ရှိသမျှ တို့ကို ဝိုင်း ထားလိမ့်မည်။ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် အရပ်ရပ် တို့၌ ၊ မြို့ ရှိသမျှ တို့ကိုလည်း ဝိုင်း ထားလိမ့်မည်။
And consume thee in all thy cities, and thy strong and high walls be brought down, wherein thou trustedst in all thy land. Thou shalt be besieged within thy gates in all thy land which the Lord thy God will give thee:
53 ၅၃ ထိုသို့ ဝိုင်း ထား၍ ရန်သူ သည် ကျဉ်းကျပ် စေ သောအခါ ၊ ကိုယ် ရင်သွေး တည်းဟူသောသင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော သားသမီး တို့၏ အသား ကို သင်စား ရလိမ့်မည်။
And thou shalt eat the fruit of thy womb, and the flesh of thy sons and of thy daughters, which the Lord thy God shall give thee, in the distress and extremity wherewith thy enemy shall oppress thee.
54 ၅၄ သင့် နေရာမြို့ တို့ကို ရန်သူ ဝိုင်းထား၍ ကျဉ်းကျပ် စေသောအခါ၊
The man that is nice among you, and very delicate, shall envy his own brother, and his wife, that lieth in his bosom,
55 ၅၅ အလွန် နူးညံ့ သိမ်မွေ့ သော ယောက်ျား သည် စားစရာအလျှင်း မကျန်ကြွင်းသောကြောင့်၊ မိမိ သားသမီး ၏ အသား ကို စား ရသော်လည်း၊ မိမိ ညီအစ်ကို ၊ မိမိ ရင်ခွင် ၌ ရှိသောမယား ၊ ကျန်ကြွင်း သေးသော သားသမီး တို့ကို မနာလိုသောစိတ်ရှိ၍၊ ထိုအသားကို သူတို့အား မဝေမပေးဘဲ စားလိမ့်မည်။
So that he will not give them of the flesh of his children, which he shall eat: because he hath nothing else in the siege and the want, wherewith thy enemies shall distress thee within all thy gates.
56 ၅၆ သင့် နေရာမြို့ တို့ကို ရန်သူ ဝိုင်းထား ၍ ကျဉ်းကျပ် စေသောအခါ၊ အလွန်နူးညံ့ သိမ်မွေ့ သဖြင့်မြေ ကို မနင်း ဝံ့သော မိန်းမသည်လည်း၊ စားစရာအလျှင်း မ ရှိသောကြောင့်၊
The tender and delicate woman, that could not go upon the ground, nor set down her foot for over much niceness and tenderness, will envy her husband who lieth in her bosom, the flesh of her son, and of her daughter,
57 ၅၇ မိမိ ရင်ခွင် ၌ရှိသောလင် ၊ မိမိ သား သမီး ၊ မိမိဝမ်း ထဲ က ထွက် သောအချင်း ၊ မိမိဘွားမြင် သော သူငယ် တို့ကိုမ နာလိုသောစိတ်ရှိ၍၊ မိမိသူငယ်ကိုတိတ်ဆိတ် စွာစား ရလိမ့်မည်။
And the filth of the afterbirths, that come forth from between her thighs, and the children that are born the same hour. For they shall eat them secretly for the want of all things, in the siege and distress, wherewith thy enemy shall oppress thee within thy gates.
58 ၅၈ သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဘုန်းကြီး ၍ ကြောက်မက် ဘွယ်သော နာမ တော်ကို ကြောက် စေခြင်းငှာ ၊ ဤ ကျမ်းစာ ၌ ရေး ထားသော ဤ တရား တော်စကား အလုံးစုံ တို့ကို သင်သည် မ ကျင့် မစောင့်ဘဲ နေလျှင်၊
If thou wilt not keep, and fulfill all the words of this law, that are written in this volume, and fear his glorious and terrible name: that is, The Lord thy God:
59 ၅၉ ထာဝရဘုရား သည် သင် ခံရသောဘေး ၊ သင့် အမျိုးအနွှယ် ခံရသောဘေး တို့ကို အံ့ဩ ဘွယ်သော ဘေး ၊ အလွန် ကြီး၍ မြဲမြံ သောဘေး၊ အလွန် ပြင်း၍ မြဲမြံ သောရောဂါ ဝေဒနာ ဖြစ်စေတော်မူမည်။
The Lord shall increase thy plagues, and the plagues of thy seed, plagues great and lasting, infirmities grievous and perpetual.
60 ၆၀ ထို မှတပါး၊ သင်ကြောက် တတ်သော အဲဂုတ္တု ပြည်၏ အနာ ရောဂါရှိသမျှ တို့ကို သင့် အပေါ် မှာ သက်ရောက် စေတော်မူသဖြင့် ၊ သင် ၌ ထို အနာရောဂါတို့သည် စွဲကပ် ကြလိမ့်မည်။
And he shall bring back on thee all the afflictions of Egypt, which thou wast afraid of, and they shall stick fast to thee.
61 ၆၁ ထိုမှတပါး၊ ဤ ပညတ္တိ ကျမ်းစာ ၌ ရေး ၍မ ထား သော အနာ ရောဂါဘေးဥပဒ် ရှိသမျှ တို့ကို သင် သည် မ ပျက်စီး မှီတိုင်အောင်၊ သင့် အပေါ် မှာ ထာဝရဘုရား သက်ရောက် စေတော်မူမည်။
Moreover the Lord will bring upon thee all the diseases, and plagues, that are not written in the volume of this law till he consume thee:
62 ၆၂ သင်သည် အရေအတွက် အားဖြင့် မိုဃ်း ကောင်းကင် ကြယ် ကဲ့သို့ များသော်လည်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နား မ ထောင်သောကြောင့် နည်းနည်း ဖြစ် ရလိမ့်မည်။
And you shall remain few in number, who before were as the stars of heaven for multitude, because thou heardst not the voice of the Lord thy God.
63 ၆၃ သင့် ကို ကျေးဇူး ပြု၍ များပြား စေသောအမှု၌ ထာဝရဘုရား ပျော်မွေ့ တော်မူသည်နည်းတူ ၊ တဖန် သင့် ကို ဖျက်ဆီး ၍ အကျိုး နည်းစရာအမှု၌ ပျော်မွေ့ တော်မူသဖြင့် ၊ သင်သွား၍ ဝင်စား လတံ့သော ပြည် ထဲက သင်သည် သုတ်သင် ပယ်ရှင်းခြင်းသို့ ရောက်ရလိမ့်မည်။
And as the Lord rejoiced upon you before doing good to you, and multiplying you: so he shall rejoice destroying and bringing you to nought, so that you shall be taken away from the land which thou shalt go in to possess.
64 ၆၄ ထာဝရဘုရား သည်လည်း၊ မြေကြီး စွန်း တဘက် မှ သည် တဘက် တိုင်အောင် ၊ လူမျိုး အပေါင်း တို့တွင် သင့် ကို အရပ်ရပ်ကွဲပြား စေတော်မူသဖြင့် ၊ သင် နှင့် သင့် ဘိုးဘေး တို့ မ သိ ဘူးသော အခြား တပါးသောဘုရား ၊ သစ်သား ဘုရား၊ ကျောက် ဘုရားတို့ကို ဝတ်ပြု ရလိမ့်မည်။
The Lord shall scatter thee among all people, from the farthest parts of the earth to the ends thereof: and there thou shalt serve strange gods, which both thou art ignorant of and thy fathers, wood and stone.
65 ၆၅ ထို လူမျိုး တို့တွင် သင် သည် သက်သာ ခြင်းမ ရှိရာ၊ နေရာ မ ကျ ရာ။ နှလုံး တုန်လှုပ် ခြင်း၊ မျက်စိ မြော် ၍ အားကုန်ခြင်း၊ ဝမ်းနည်း ခြင်းအကြောင်း ကို ထာဝရဘုရား စီရင် တော်မူသဖြင့်၊
Neither shalt thou be quiet, even in those nations, nor shall there be any rest for the sole of thy foot. For the Lord will give thee a fearful heart, and languishing eyes, and a soul consumed with pensiveness:
66 ၆၆ သင်သည် အသက်ဆုံးလုသည်ဖြစ်၍၊ နေ့ ညဉ့် မပြတ်စိုးရိမ်လျက် သေဘေးနှင့် လွတ်မည်မလွတ်မည်ကို မသိဘဲလျက် နေ ရလိမ့်မည်။
And thy life shall be as it were hanging before thee. Thou shalt fear night and day, neither shalt thou trust thy life.
67 ၆၇ သင် ၏စိတ် နှလုံးထဲမှာ ကြောက်ရွံ့ ရသောအကြောင်း ၊ သင့် မျက်စိ နှင့် မြင် ရသောအရာကြောင့် ၊ နံနက် အချိန်၌ သင်က၊ ညဉ့် ရောက် ပါစေဟူ၍၎င်း၊ ညဉ့် အချိန်၌ နံနက် ရောက် ပါစေဟူ၍၎င်း ဆုတောင်း ရလိမ့်မည်။
In the morning thou shalt say: Who will grant me evening? and at evening: Who will grant me morning? for the fearfulness of thy heart, wherewith thou shalt be terrified, and for those things which thou shalt see with thy eyes.
68 ၆၈ ထိုလမ်း ကို နောက် တဖန် သင် မ မြင် ရဟု မိန့် တော်မူသော လမ်းဖြင့် ထာဝရဘုရား သည် တဖန် သင့် ကို အဲဂုတ္တု ပြည်သို့ သင်္ဘော နှင့် ပို့ဆောင် တော်မူသဖြင့်၊ ထို ပြည်တွင် ကျွန် ယောက်ျား၊ ကျွန် မိန်းမဖြစ်စေ ခြင်းငှာရန်သူ တို့၌ ရောင်း ကြလိမ့်မည်။ သို့ရာတွင် အဘယ်သူမျှသင့်ကို မ ဝယ် လိုဟု ဣသရေလလူမျိုးတို့ကို ဟောပြောလေ၏။
The Lord shall bring thee again with ships into Egypt, by the way whereof he said to thee that thou shouldst see it no more. There shalt thou be set to sale to thy enemies for bondmen and bondwomen, and no man shall buy you.

< တရားဟောရာ 28 >