< တရားဟောရာ 27 >
1 ၁ တဖန် မောရှေ သည်၊ ဣသရေလ အမျိုး၌ အသက်ကြီး သူတို့နှင့်တကွ လူ များတို့ကို မှာ ထားသည်ကား၊ ယနေ့ ငါ ထား သမျှ သောပညတ် တို့ကို စောင့်ရှောက် ကြလော့။
Moses and the elders of Israel commanded the people, saying, "Keep all the commandment which I command you this day.
2 ၂ သင်သည် ယော်ဒန် မြစ်ကို ကူး ၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ရောက် သောအခါ ၊ ကြီး သောကျောက် တို့ကို ထူထောင် ၍ အင်္ဂတေ နှင့် မွမ်းမံ ရမည်။
It shall be on the day when you shall pass over the Jordan to the land which the LORD your God gives you, that you shall set yourself up great stones, and plaster them with plaster:
3 ၃ ဘိုးဘေး တို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား သည်၊ ဂတိ တော်ရှိသည်အတိုင်း သင့် အား ပေး တော်မူသော ပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် သို့ ဝင်စား အံ့သောငှာ ကူး သွားပြီးမှ ၊ ဤ တရား စကား တော် အလုံးစုံ တို့ကို ထို ကျောက်ပေါ် မှာ ရေးထား ရမည်။
and you shall write on them all the words of this law, when you have passed over; that you may go in to the land which the LORD your God gives you, a land flowing with milk and honey, as the LORD, the God of your fathers, has promised you.
4 ၄ ယော်ဒန် မြစ်ကို ကူး ပြီးမှ ၊ ယနေ့ ငါ မှာထား သော ကျောက် တို့ကို ဧဗလ တောင် ပေါ် မှာ ထူထောင် ၍ အင်္ဂတေ နှင့် မွမ်းမံ ရမည်။
It shall be, when you have passed over the Jordan, that you shall set up these stones, which I command you this day, in Mount Ebal, and you shall plaster them with plaster.
5 ၅ ထို အရပ်၌လည်း သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့၊
There you shall build an altar to the LORD your God, an altar of stones: you shall lift up no iron on them.
6 ၆ ယဇ် ပလ္လင်ကို ကျောက် နှင့်တည် ရမည်။ သံ တန်ဆာကို မ သုံးဆောင် ဘဲ၊ မ ကွဲမပြတ်သော ကျောက် တို့နှင့် တည် ရမည်။ သင် ၏ဘုရားသခင် ထာဝရဘုရား အား မီးရှို့ ရာယဇ်တို့ကို ထိုပလ္လင် ပေါ် မှာ ပူဇော် ရမည်။
You shall build the altar of the LORD your God of uncut stones; and you shall offer burnt offerings thereon to the LORD your God:
7 ၇ မိဿဟာယ ယဇ်တို့ကိုလည်း ပူဇော် ၍ ၊ ထို အရပ် တွင် စား သောက်လျက် ရှေ့ တော်၌ ပျော်မွေ့ ခြင်းကို ပြုရမည်။
and you shall sacrifice peace offerings, and shall eat there; and you shall rejoice before the LORD your God.
8 ၈ ထိုကျောက် ပေါ် မှာ ဤ တရား စကား တော် အလုံးစုံ တို့ကို သေချာ စွာ ရေးထား ရမည်ဟု ပြောဆိုကြ၏။
You shall write on the stones all the words of this law very plainly."
9 ၉ တဖန် မောရှေ နှင့် ယဇ် ပုရောဟိတ်များ၊ လေဝိ သားများတို့က၊ အိုဣသရေလ အမျိုး၊ သတိ နှင့် နားထောင် လော့။ ယနေ့ သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ လူမျိုး ဖြစ် လေပြီ။
Moses and the priests the Levites spoke to all Israel, saying, "Keep silence, and listen, Israel: this day you have become the people of the LORD your God.
10 ၁၀ သို့ဖြစ်၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ရမည်။ ယနေ့ ငါ တို့ ဆင့်ဆိုသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ကျင့်ရမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ပြောဆိုကြ၏။
You shall therefore obey the voice of the LORD your God, and do his commandments and his statutes, which I command you this day."
11 ၁၁ တဖန် မောရှေ သည် ထို နေ့၌ လူ များတို့ကို မှာထား သည်မှာ၊
Moses commanded the people the same day, saying,
12 ၁၂ သင် တို့သည် ယော်ဒန် မြစ်ကို ကူး သောနောက် ၊ လူ များတို့အား ကောင်းကြီး ပေးခြင်းအလိုငှာ ဂေရဇိမ် တောင် ပေါ် မှာ ရပ် ရသောသူဟူမူကား ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ယောသပ် ၊ ဗင်္ယာမိန် တည်း။
"These shall stand on Mount Gerizim to bless the people, when you have passed over the Jordan: Simeon, and Levi, and Judah, and Issachar, and Joseph, and Benjamin.
13 ၁၃ ကျိန် ခြင်းအလိုငှာ ၊ ဧဗလ တောင် ပေါ် မှာ ရပ် ရသော သူဟူမူကား ၊ ရုဗင် ၊ ဂဒ် ၊ အာရှာ ၊ ဇာဗုလုန် ၊ ဒန် ၊ နဿလိ တည်း။
These shall stand on Mount Ebal for the curse: Reuben, Gad, and Asher, and Zebulun, Dan, and Naphtali.
14 ၁၄ ထိုအခါ လေဝိ သားတို့သည် ကြီး သောအသံ နှင့် ဣသရေလ အမျိုးသား အပေါင်း တို့အား ဟစ်ကြော် ရ သောစကားဟူမူကား၊
The Levites shall answer, and tell all the men of Israel with a loud voice,
15 ၁၅ ထာဝရဘုရား စက်ဆုပ် ရွံရှာသောအရာ၊ လက်သမား လက် နှင့် ထု လုပ်သော ရုပ်တု ၊ သွန်း သော ဆင်းတုကို လုပ်၍ မ ထင်ရှားသော အရပ်၌ ထား သောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
'Cursed is the man who makes an engraved or molten image, an abomination to the LORD, the work of the hands of the craftsman, and sets it up in secret.' All the people shall answer and say, 'Amen.'
16 ၁၆ မိဘ ကို မထီမဲ့မြင် ပြုသောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
'Cursed is he who sets light by his father or his mother.' All the people shall say, 'Amen.'
17 ၁၇ အိမ်နီးချင်း ၏ မြေ မှတ်တိုင်ကို ရွှေ့ သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
'Cursed is he who removes his neighbor's landmark.' All the people shall say, 'Amen.'
18 ၁၈ မျက်စိ မမြင်သောသူကို လမ်းလွဲ စေသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
'Cursed is he who makes the blind to wander out of the way.' All the people shall say, 'Amen.'
19 ၁၉ တရား တွေ့ခြင်းအမှုမှာတပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ ကို မ တရားသဖြင့် အရှုံးပေးသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
'Cursed is he who wrests the justice due the foreigner, fatherless, and widow.' All the people shall say, 'Amen.'
20 ၂၀ အဘ နှင့် သာဆိုင်သော အဘ ၏ မယား နှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
'Cursed is he who lies with his father's wife, because he has uncovered his father's skirt.' All the people shall say, 'Amen.'
21 ၂၁ တိရစ္ဆာန် တစုံ တမျိုးနှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
'Cursed is he who lies with any kind of animal.' All the people shall say, 'Amen.'
22 ၂၂ အဘ ၏ သမီး ၊ အမိ ၏ သမီး တည်းဟူသောမိမိ အစ်မ နှမနှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
'Cursed is he who lies with his sister, the daughter of his father, or the daughter of his mother.' All the people shall say, 'Amen.'
23 ၂၃ မယား ၏ အမိနှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
'Cursed is he who lies with his mother-in-law.' All the people shall say, 'Amen.'
24 ၂၄ အိမ်နီးချင်း ကို မ ထင်မရှား ရိုက် သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
'Cursed is he who strikes his neighbor in secret.' All the people shall say, 'Amen.'
25 ၂၅ အပြစ် မရှိသောသူ ၏ အသက် ကို သတ် ခြင်းငှာ အခ ကို ယူ သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
'Cursed is he who takes a bribe to kill an innocent person.' All the people shall say, 'Amen.'
26 ၂၆ ဤ ပညတ် တရားစကား တို့ကို အမြဲမ ကျင့် သောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
'Cursed is he who doesn't confirm all the words of this law to do them.' All the people shall say, 'Amen.'"