< တရားဟောရာ 27 >

1 တဖန် မောရှေ သည်၊ ဣသရေလ အမျိုး၌ အသက်ကြီး သူတို့နှင့်တကွ လူ များတို့ကို မှာ ထားသည်ကား၊ ယနေ့ ငါ ထား သမျှ သောပညတ် တို့ကို စောင့်ရှောက် ကြလော့။
And Moses with the elders of Israel commanded the people, saying, Keep all the commandments which I command you this day.
2 သင်သည် ယော်ဒန် မြစ်ကို ကူး ၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် သို့ ရောက် သောအခါ ၊ ကြီး သောကျောက် တို့ကို ထူထောင် ၍ အင်္ဂတေ နှင့် မွမ်းမံ ရမည်။
And it shall be on the day when you shall pass over Jordan to the land which the LORD your God gives you, that you shall set you up great stones, and plaster them with plaster:
3 ဘိုးဘေး တို့ ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား သည်၊ ဂတိ တော်ရှိသည်အတိုင်း သင့် အား ပေး တော်မူသော ပြည် ၊ နို့ နှင့် ပျားရည် စီး သောပြည် သို့ ဝင်စား အံ့သောငှာ ကူး သွားပြီးမှ ၊ ဤ တရား စကား တော် အလုံးစုံ တို့ကို ထို ကျောက်ပေါ် မှာ ရေးထား ရမည်။
And you shall write on them all the words of this law, when you are passed over, that you may go in to the land which the LORD your God gives you, a land that flows with milk and honey; as the LORD God of your fathers has promised you.
4 ယော်ဒန် မြစ်ကို ကူး ပြီးမှ ၊ ယနေ့ ငါ မှာထား သော ကျောက် တို့ကို ဧဗလ တောင် ပေါ် မှာ ထူထောင် ၍ အင်္ဂတေ နှင့် မွမ်းမံ ရမည်။
Therefore it shall be when you be gone over Jordan, that you shall set up these stones, which I command you this day, in mount Ebal, and you shall plaster them with plaster.
5 ထို အရပ်၌လည်း သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့၊
And there shall you build an altar to the LORD your God, an altar of stones: you shall not lift up any iron tool on them.
6 ယဇ် ပလ္လင်ကို ကျောက် နှင့်တည် ရမည်။ သံ တန်ဆာကို မ သုံးဆောင် ဘဲ၊ မ ကွဲမပြတ်သော ကျောက် တို့နှင့် တည် ရမည်။ သင် ၏ဘုရားသခင် ထာဝရဘုရား အား မီးရှို့ ရာယဇ်တို့ကို ထိုပလ္လင် ပေါ် မှာ ပူဇော် ရမည်။
You shall build the altar of the LORD your God of whole stones: and you shall offer burnt offerings thereon to the LORD your God:
7 မိဿဟာယ ယဇ်တို့ကိုလည်း ပူဇော် ၍ ၊ ထို အရပ် တွင် စား သောက်လျက် ရှေ့ တော်၌ ပျော်မွေ့ ခြင်းကို ပြုရမည်။
And you shall offer peace offerings, and shall eat there, and rejoice before the LORD your God.
8 ထိုကျောက် ပေါ် မှာ ဤ တရား စကား တော် အလုံးစုံ တို့ကို သေချာ စွာ ရေးထား ရမည်ဟု ပြောဆိုကြ၏။
And you shall write on the stones all the words of this law very plainly.
9 တဖန် မောရှေ နှင့် ယဇ် ပုရောဟိတ်များ၊ လေဝိ သားများတို့က၊ အိုဣသရေလ အမျိုး၊ သတိ နှင့် နားထောင် လော့။ ယနေ့ သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ၏ လူမျိုး ဖြစ် လေပြီ။
And Moses and the priests the Levites spoke to all Israel, saying, Take heed, and listen, O Israel; this day you are become the people of the LORD your God.
10 ၁၀ သို့ဖြစ်၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ရမည်။ ယနေ့ ငါ တို့ ဆင့်ဆိုသော စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ကျင့်ရမည်ဟု ဣသရေလအမျိုးသားအပေါင်းတို့အား ပြောဆိုကြ၏။
You shall therefore obey the voice of the LORD your God, and do his commandments and his statutes, which I command you this day.
11 ၁၁ တဖန် မောရှေ သည် ထို နေ့၌ လူ များတို့ကို မှာထား သည်မှာ၊
And Moses charged the people the same day, saying,
12 ၁၂ သင် တို့သည် ယော်ဒန် မြစ်ကို ကူး သောနောက် ၊ လူ များတို့အား ကောင်းကြီး ပေးခြင်းအလိုငှာ ဂေရဇိမ် တောင် ပေါ် မှာ ရပ် ရသောသူဟူမူကား ၊ ရှိမောင် ၊ လေဝိ ၊ ယုဒ ၊ ဣသခါ ၊ ယောသပ် ၊ ဗင်္ယာမိန် တည်း။
These shall stand on mount Gerizim to bless the people, when you are come over Jordan; Simeon, and Levi, and Judah, and Issachar, and Joseph, and Benjamin:
13 ၁၃ ကျိန် ခြင်းအလိုငှာ ၊ ဧဗလ တောင် ပေါ် မှာ ရပ် ရသော သူဟူမူကား ၊ ရုဗင် ၊ ဂဒ် ၊ အာရှာ ၊ ဇာဗုလုန် ၊ ဒန် ၊ နဿလိ တည်း။
And these shall stand on mount Ebal to curse; Reuben, Gad, and Asher, and Zebulun, Dan, and Naphtali.
14 ၁၄ ထိုအခါ လေဝိ သားတို့သည် ကြီး သောအသံ နှင့် ဣသရေလ အမျိုးသား အပေါင်း တို့အား ဟစ်ကြော် ရ သောစကားဟူမူကား၊
And the Levites shall speak, and say to all the men of Israel with a loud voice,
15 ၁၅ ထာဝရဘုရား စက်ဆုပ် ရွံရှာသောအရာ၊ လက်သမား လက် နှင့် ထု လုပ်သော ရုပ်တု ၊ သွန်း သော ဆင်းတုကို လုပ်၍ မ ထင်ရှားသော အရပ်၌ ထား သောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
Cursed be the man that makes any graven or molten image, an abomination to the LORD, the work of the hands of the craftsman, and puts it in a secret place. And all the people shall answer and say, Amen.
16 ၁၆ မိဘ ကို မထီမဲ့မြင် ပြုသောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
Cursed be he that sets light by his father or his mother. And all the people shall say, Amen.
17 ၁၇ အိမ်နီးချင်း ၏ မြေ မှတ်တိုင်ကို ရွှေ့ သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
Cursed be he that removes his neighbor’s landmark. And all the people shall say, Amen.
18 ၁၈ မျက်စိ မမြင်သောသူကို လမ်းလွဲ စေသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
Cursed be he that makes the blind to wander out of the way. And all the people shall say, Amen.
19 ၁၉ တရား တွေ့ခြင်းအမှုမှာတပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ ကို မ တရားသဖြင့် အရှုံးပေးသောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
Cursed be he that perverts the judgment of the stranger, fatherless, and widow. And all the people shall say, Amen.
20 ၂၀ အဘ နှင့် သာဆိုင်သော အဘ ၏ မယား နှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
Cursed be he that lies with his father’s wife; because he uncovers his father’s skirt. And all the people shall say, Amen.
21 ၂၁ တိရစ္ဆာန် တစုံ တမျိုးနှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
Cursed be he that lies with any manner of beast. And all the people shall say, Amen.
22 ၂၂ အဘ ၏ သမီး ၊ အမိ ၏ သမီး တည်းဟူသောမိမိ အစ်မ နှမနှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
Cursed be he that lies with his sister, the daughter of his father, or the daughter of his mother. And all the people shall say, Amen.
23 ၂၃ မယား ၏ အမိနှင့် ပေါင်းဘော် သောသူသည် အမင်္ဂလာ ရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
Cursed be he that lies with his mother in law. And all the people shall say, Amen.
24 ၂၄ အိမ်နီးချင်း ကို မ ထင်မရှား ရိုက် သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
Cursed be he that smites his neighbor secretly. And all the people shall say, Amen.
25 ၂၅ အပြစ် မရှိသောသူ ၏ အသက် ကို သတ် ခြင်းငှာ အခ ကို ယူ သောသူသည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
Cursed be he that takes reward to slay an innocent person. And all the people shall say, Amen.
26 ၂၆ ဤ ပညတ် တရားစကား တို့ကို အမြဲမ ကျင့် သောသူ သည် အမင်္ဂလာရှိစေသတည်းဟု ကျိန် လျှင်၊ လူ အပေါင်း တို့က အာမင် ဟု ဝန်ခံ ရကြမည်။
Cursed be he that confirms not all the words of this law to do them. And all the people shall say, Amen.

< တရားဟောရာ 27 >