< တရားဟောရာ 26 >

1 သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင့် အမွေခံ စရာဘို့ ပေး တော်မူသောပြည် သို့ သင်သည် ဝင်စား ၍ နေသောအခါ၊
It shall be, when you have come in to the land which the LORD your God gives you for an inheritance, and possess it, and dwell in it,
2 သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသောပြည် ၌ အဦးသီး သော အသီး အမျိုးမျိုး ကိုယူ ၍ ခြင်တောင်း ၌ ထည့် ပြီးမှ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်တည် စရာဘို့ ရွေးကောက် တော်မူသော အရပ် သို့ သွား ၍၊
that you shall take of the first of all the fruit of the ground, which you shall bring in from your land that the LORD your God gives you; and you shall put it in a basket, and shall go to the place which the LORD your God shall choose, to cause his name to dwell there.
3 ထိုကာလ ၌ ယဇ် ပုရောဟိတ်လုပ်သော သူ ထံ သို့ချဉ်း လျက် ၊ ထာဝရဘုရား သည် ငါ့ အား ပေး ခြင်းငှာ ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် သို့ အကျွန်ုပ် ရောက် ပါပြီဟု ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား အား ယနေ့ အကျွန်ုပ်ဝန်ခံ ပါသည်ဟု ယဇ် ပုရောဟိတ်အား ပြောဆို ရမည်။
You shall come to the cohen who shall be in those days, and tell him, "I profess this day to the LORD my God, that I have come into the land which the LORD swore to our fathers to give us."
4 ယဇ် ပုရောဟိတ်သည်လည်း ခြင်တောင်း ကို သင့် လက် မှ ယူ ၍ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ ယဇ် ပလ္လင်ရှေ့ မှာ ချ ထားရမည်။
The cohen shall take the basket out of your hand, and set it down before the altar of the LORD your God.
5 သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည် သော ရှုရိ အမျိုးသားသည် အကျွန်ုပ် အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တု ပြည်သို့ သွား ၍ လူ အနည်းငယ် နှင့်တကွ တည်းခို စဉ်တွင် ကြီးမား များပြား သော လူမျိုး ဖြစ် ပါ၏။
You shall answer and say before the LORD your God, "A wandering Aramean was my father, and he went down into Egypt, and lived there, few in number, and there he became a nation, great, mighty, and numerous.
6 အဲဂုတ္တု လူတို့သည် အကျွန်ုပ် တို့ကို ညှဉ်းဆဲ နှိပ်စက်၍ ကျပ်တည်း စွာ ကျွန် ခံ စေကြ၏။
The Egyptians mistreated us, and afflicted us, and laid on us hard bondage:
7 ဘိုးဘေး တို့ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ကို အော်ဟစ် ၍ လျှောက်ကြသောအခါ၊ ထာဝရဘုရား သည် နားထောင် တော်မူသဖြင့် ၊ အကျွန်ုပ် တို့ ခံရသောညှဉ်းဆဲ နှိပ်စက်ခြင်း၊ ပင်ပန်း ခြင်းတို့ကို ကြည့်ရှု တော်မူ၏။
and we cried to the LORD, the God of our fathers, and the LORD heard our voice, and saw our affliction, and our toil, and our oppression;
8 ထိုအခါ ထာဝရဘုရား သည် တန်ခိုး ကြီးသော လက်ရုံး တော်ကို ဆန့် ၍ ကြောက်မက် ဘွယ်သော နိမိတ် လက္ခဏာ အံ့ဘွယ် သောအမှုတို့ဖြင့် အကျွန်ုပ် တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ပြီးလျှင်၊
and the LORD brought us forth out of Egypt with a mighty hand, and with an outstretched arm, and with great terror, and with signs, and with wonders;
9 နို့ နှင့် ပျားရည် စီး သော ဤ ပြည် သို့ ပို့ဆောင် ၍ ပေး သနားတော်မူ၏။
and he has brought us into this place, and has given us this land, a land flowing with milk and honey.
10 ၁၀ ယခုမှာ အိုထာဝရဘုရား ၊ ကိုယ်တော်ပေး သနား တော်မူသော ပြည် ၌ အဦး သီးသော အသီး ကို အကျွန်ုပ် ဆောင် ခဲ့ပါပြီဟု သင်၏ဘုရားသခင်ထာဝရဘုရားအား လျှောက်ဆိုလျက်၊ ထိုအသီးကို သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ထား ရမည်။ ရှေ့ တော်၌လည်း ကိုးကွယ် ခြင်းကို ပြုရမည်။
Now, look, I have brought the first of the fruit of the ground, which you, LORD, have given me." You shall set it down before the LORD your God, and worship before the LORD your God.
11 ၁၁ သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် နှင့် သင် ၏အိမ်သူ အိမ်သားတို့အား ပြု တော်မူသမျှ သော ကျေးဇူး ၌ ၊ သင် သည် သင် နှင့်အတူ တည်းခိုသော လေဝိ သားမှစ၍ တပါး အမျိုးသားတို့နှင့်တကွ ပျော်မွေ့ ခြင်းကို ပြုရမည်။
And you shall rejoice in all the good which the LORD your God has given to you and to your house, you, and the Levite, and the foreigner who is among you.
12 ၁၂ သုံး နှစ် တွင် ဆယ်ဘို့ တဘို့ပေး ရသောတတိယ နှစ် ရောက်သောအခါ၊ အစီးအပွား ရှိသမျှ တို့ကို ဆယ်ဘို့ တဘို့ ကောက်ယူ၍ ၊ လေဝိ သား၊ တပါး အမျိုးသား၊ မိဘ မရှိ သောသူ၊ မုတ်ဆိုးမ တို့ကို သင့် နေရာ မြို့များ၌ ဝ စွာကျွေးမွေး ပြီးမှ၊
When you have made an end of tithing all the tithe of your increase in the third year, which is the year of tithing, then you shall give it to the Levite, to the foreigner, to the fatherless, and to the widow, that they may eat within your gates, and be filled.
13 ၁၃ သင် ၏ဘုရားသခင် ထာဝရ ဘုရားအား၊ ကိုယ်တော် သည် အကျွန်ုပ် ကို မှာထား တော်မူသမျှ အတိုင်း ၊ သန့်ရှင်း သောဥစ္စာတို့ကို အိမ် မှ ထုတ် ၍ လေဝိ သား၊ တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့အား ပေး ပါပြီ။ ပညတ် တော်တို့ကို မ လွန်ကျူး ၊ မ မေ့လျော့ ပါ။
You shall say before the LORD your God, "I have put away the holy things out of my house, and also have given them to the Levite, and to the foreigner, to the fatherless, and to the widow, according to all your commandment which you have commanded me: I have not transgressed any of your commandments, neither have I forgotten them:
14 ၁၄ မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မ စား ပါ။ မ စင်ကြယ်သော အသုံးအဆောင်ဘို့ အနည်းငယ်ကိုမျှ မယူပါ။ သေ သောသူတို့အဘို့ အနည်းငယ် ကိုမျှ မ ပေး ပါ။ အကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ပါပြီ။ ကိုယ်တော်မှာထား တော်မူသမျှအတိုင်း ပြုပါပြီ။
I have not eaten of it in my mourning, neither have I put away of it, being unclean, nor given of it for the dead: I have listened to the voice of the LORD my God; I have done according to all that you have commanded me.
15 ၁၅ ကိုယ်တော် ၏ သန့်ရှင်း သော နေရာ ကောင်းကင်ဘုံ မှ ငုံ့ကြည့် ၍ ၊ ကိုယ်တော် ၏ လူ ဣသရေလ အမျိုးကို၎င်း ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသည်အတိုင်း ၊ အကျွန်ုပ် တို့ အား ပေး တော်မူသော ပြည် ၊ နို့ နှင့် ပျားရည် စီး သော ပြည် ကို၎င်းကောင်းကြီး ပေးတော်မူပါဟု လျှောက်ဆိုရမည်။
Look down from your holy habitation, from heaven, and bless your people Israel, and the ground which you have given us, as you swore to our fathers, a land flowing with milk and honey."
16 ၁၆ ယခု စီရင် ထုံးဖွဲ့ သမျှအတိုင်း ကျင့် ရမည်ဟု သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည် ဖြစ်၍စိတ်နှလုံး အကြွင်းမဲ့ ကျင့် စောင့်ရမည်။
This day the LORD your God commands you to do these statutes and ordinances: you shall therefore keep and do them with all your heart, and with all your soul.
17 ၁၇ ထာဝရဘုရား သည် သင် ၏ဘုရားသခင် ဖြစ် တော်မူသည်ဟူ၍၎င်း၊ လမ်း တော်သို့ လိုက် ပါမည်၊ စီရင် ထုံးဖွဲ့တော်မူသောပညတ် တရားတော်ကို စောင့်ရှောက် ပါမည်၊ စကား တော်ကို နားထောင် ပါမည်ဟူ၍၎င်း၊ ယနေ့ သင်သည် ဝန်ခံ ပြီ။
You have declared the LORD this day to be your God, and that you would walk in his ways, and keep his statutes, and his commandments, and his ordinances, and listen to his voice:
18 ၁၈ ထာဝရဘုရား သည်လည်း ဂတိ ထားတော်မူသမျှ အတိုင်း ၊ သင် သည် ပညတ် တော် အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှာ ၊ အထူးသဖြင့်ကိုယ်တော် ၏ လူမျိုး ဖြစ် သည်ဟူ၍၎င်း၊
and the LORD has declared you this day to be a people for his own possession, as he has promised you, and that you should keep all his commandments;
19 ၁၉ ဖန်ဆင်း တော်မူသော လူမျိုး တကာ တို့ထက် သင် ၏ဂုဏ် အသရေကျော်စော ကိတ္တိကို လွန်ကဲ စေတော်မူမည်ဟူ၍၎င်း ဂတိ တော်ရှိသည်အတိုင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သောလူမျိုး ဖြစ် စေခြင်းငှာ ၎င်း ယနေ့ ဝန်ခံ တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ဟောပြောလေ၏။
and to make you high above all nations that he has made, for fame, and for praise, and for honor; and that you may be a holy people to the LORD your God, as he has spoken.

< တရားဟောရာ 26 >