< တရားဟောရာ 26 >
1 ၁ သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင့် အမွေခံ စရာဘို့ ပေး တော်မူသောပြည် သို့ သင်သည် ဝင်စား ၍ နေသောအခါ၊
Also when thou shalt come into the lande which the Lord thy God giueth thee for inheritance, and shalt possesse it, and dwell therein,
2 ၂ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသောပြည် ၌ အဦးသီး သော အသီး အမျိုးမျိုး ကိုယူ ၍ ခြင်တောင်း ၌ ထည့် ပြီးမှ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ နာမ တော်တည် စရာဘို့ ရွေးကောက် တော်မူသော အရပ် သို့ သွား ၍၊
Then shalt thou take of the first of all the fruite of the earth, and bring it out of the lande that the Lord thy God giueth thee, and put it in a basket, and goe vnto the place, which the Lord thy God shall chose to place his Name there.
3 ၃ ထိုကာလ ၌ ယဇ် ပုရောဟိတ်လုပ်သော သူ ထံ သို့ချဉ်း လျက် ၊ ထာဝရဘုရား သည် ငါ့ အား ပေး ခြင်းငှာ ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသော ပြည် သို့ အကျွန်ုပ် ရောက် ပါပြီဟု ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား အား ယနေ့ အကျွန်ုပ်ဝန်ခံ ပါသည်ဟု ယဇ် ပုရောဟိတ်အား ပြောဆို ရမည်။
And thou shalt come vnto the Priest, that shall be in those dayes, and say vnto him, I acknowledge this day vnto the Lord thy God, that I am come vnto the countrey which the Lord sware vnto our fathers for to giue vs.
4 ၄ ယဇ် ပုရောဟိတ်သည်လည်း ခြင်တောင်း ကို သင့် လက် မှ ယူ ၍ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ ယဇ် ပလ္လင်ရှေ့ မှာ ချ ထားရမည်။
Then the Priest shall take the basket out of thine hand, and set it downe before the altar of the Lord thy God.
5 ၅ သင်ကလည်း၊ အရပ်ရပ်သို့ လှည့်လည် သော ရှုရိ အမျိုးသားသည် အကျွန်ုပ် အဘ ဖြစ်ပါ၏။ သူသည် အဲဂုတ္တု ပြည်သို့ သွား ၍ လူ အနည်းငယ် နှင့်တကွ တည်းခို စဉ်တွင် ကြီးမား များပြား သော လူမျိုး ဖြစ် ပါ၏။
And thou shalt answere and say before the Lord thy God, A Syrian was my father, who being ready to perish for hunger, went downe into Egypt, and soiourned there with a small company, and grew there vnto a nation great, mightie and full of people.
6 ၆ အဲဂုတ္တု လူတို့သည် အကျွန်ုပ် တို့ကို ညှဉ်းဆဲ နှိပ်စက်၍ ကျပ်တည်း စွာ ကျွန် ခံ စေကြ၏။
And the Egyptians vexed vs, and troubled vs, and laded vs with cruell bondage.
7 ၇ ဘိုးဘေး တို့ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ကို အော်ဟစ် ၍ လျှောက်ကြသောအခါ၊ ထာဝရဘုရား သည် နားထောင် တော်မူသဖြင့် ၊ အကျွန်ုပ် တို့ ခံရသောညှဉ်းဆဲ နှိပ်စက်ခြင်း၊ ပင်ပန်း ခြင်းတို့ကို ကြည့်ရှု တော်မူ၏။
But when we cried vnto the Lord God of our fathers, the Lord heard our voyce, and looked on our aduersitie, and on our labour, and on our oppression.
8 ၈ ထိုအခါ ထာဝရဘုရား သည် တန်ခိုး ကြီးသော လက်ရုံး တော်ကို ဆန့် ၍ ကြောက်မက် ဘွယ်သော နိမိတ် လက္ခဏာ အံ့ဘွယ် သောအမှုတို့ဖြင့် အကျွန်ုပ် တို့ကို အဲဂုတ္တု ပြည်မှ နှုတ် ပြီးလျှင်၊
And the Lord brought vs out of Egypt in a mightie hande, and a stretched out arme, with great terriblenesse, both in signes and wonders.
9 ၉ နို့ နှင့် ပျားရည် စီး သော ဤ ပြည် သို့ ပို့ဆောင် ၍ ပေး သနားတော်မူ၏။
And he hath brought vs into this place, and hath giuen vs this land, euen a lande that floweth with milke and hony.
10 ၁၀ ယခုမှာ အိုထာဝရဘုရား ၊ ကိုယ်တော်ပေး သနား တော်မူသော ပြည် ၌ အဦး သီးသော အသီး ကို အကျွန်ုပ် ဆောင် ခဲ့ပါပြီဟု သင်၏ဘုရားသခင်ထာဝရဘုရားအား လျှောက်ဆိုလျက်၊ ထိုအသီးကို သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ထား ရမည်။ ရှေ့ တော်၌လည်း ကိုးကွယ် ခြင်းကို ပြုရမည်။
And now, lo, I haue brought ye first fruites of the land which thou, O Lord, hast giuen me, and thou shalt set it before the Lord thy God, and worship before the Lord thy God:
11 ၁၁ သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် နှင့် သင် ၏အိမ်သူ အိမ်သားတို့အား ပြု တော်မူသမျှ သော ကျေးဇူး ၌ ၊ သင် သည် သင် နှင့်အတူ တည်းခိုသော လေဝိ သားမှစ၍ တပါး အမျိုးသားတို့နှင့်တကွ ပျော်မွေ့ ခြင်းကို ပြုရမည်။
And thou shalt reioyce in all the good things which the Lord thy God hath giuen vnto thee and to thine houshold, thou and the Leuite, and the stranger that is among you.
12 ၁၂ သုံး နှစ် တွင် ဆယ်ဘို့ တဘို့ပေး ရသောတတိယ နှစ် ရောက်သောအခါ၊ အစီးအပွား ရှိသမျှ တို့ကို ဆယ်ဘို့ တဘို့ ကောက်ယူ၍ ၊ လေဝိ သား၊ တပါး အမျိုးသား၊ မိဘ မရှိ သောသူ၊ မုတ်ဆိုးမ တို့ကို သင့် နေရာ မြို့များ၌ ဝ စွာကျွေးမွေး ပြီးမှ၊
When thou hast made an end of tithing all the tythes of thine increase, the thirde yeere, which is the yeere of tithing, and hast giuen it vnto the Leuite, to the stranger, to the fatherlesse, and to the widowe, that they may eate within thy gates, and be satisfied,
13 ၁၃ သင် ၏ဘုရားသခင် ထာဝရ ဘုရားအား၊ ကိုယ်တော် သည် အကျွန်ုပ် ကို မှာထား တော်မူသမျှ အတိုင်း ၊ သန့်ရှင်း သောဥစ္စာတို့ကို အိမ် မှ ထုတ် ၍ လေဝိ သား၊ တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့အား ပေး ပါပြီ။ ပညတ် တော်တို့ကို မ လွန်ကျူး ၊ မ မေ့လျော့ ပါ။
Then thou shalt say before the Lord thy God, I haue brought the halowed thing out of mine house, and also haue giuen it vnto the Leuites and to the strangers, to the fatherlesse, and to the widow, according to all thy comandements which thou hast commanded me: I haue transgressed none of thy comandements, nor forgotten them.
14 ၁၄ မသာအမှုကို ဆောင်စဉ်အခါ ထိုဥစ္စာကို အကျွန်ုပ်မ စား ပါ။ မ စင်ကြယ်သော အသုံးအဆောင်ဘို့ အနည်းငယ်ကိုမျှ မယူပါ။ သေ သောသူတို့အဘို့ အနည်းငယ် ကိုမျှ မ ပေး ပါ။ အကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ပါပြီ။ ကိုယ်တော်မှာထား တော်မူသမျှအတိုင်း ပြုပါပြီ။
I haue not eaten therof in my mourning, nor suffred ought to perish through vncleannes, nor giuen ought thereof for the dead, but haue hearkened vnto the voyce of the Lord my God: I haue done after al that thou hast comaded me.
15 ၁၅ ကိုယ်တော် ၏ သန့်ရှင်း သော နေရာ ကောင်းကင်ဘုံ မှ ငုံ့ကြည့် ၍ ၊ ကိုယ်တော် ၏ လူ ဣသရေလ အမျိုးကို၎င်း ၊ ဘိုးဘေး တို့အား ကျိန်ဆို တော်မူသည်အတိုင်း ၊ အကျွန်ုပ် တို့ အား ပေး တော်မူသော ပြည် ၊ နို့ နှင့် ပျားရည် စီး သော ပြည် ကို၎င်းကောင်းကြီး ပေးတော်မူပါဟု လျှောက်ဆိုရမည်။
Looke downe from thine holy habitation, euen from heauen, and blesse thy people Israel, and the lande which thou hast giuen vs (as thou swarest vnto our fathers) the land that floweth with milke and hony.
16 ၁၆ ယခု စီရင် ထုံးဖွဲ့ သမျှအတိုင်း ကျင့် ရမည်ဟု သင် ၏ဘုရားသခင် ထာဝရဘုရား မှာ ထားတော်မူသည် ဖြစ်၍စိတ်နှလုံး အကြွင်းမဲ့ ကျင့် စောင့်ရမည်။
This day the Lord thy God doeth command thee to do these ordinances, and lawes: keepe them therefore, and do them with al thine heart, and with all thy soule.
17 ၁၇ ထာဝရဘုရား သည် သင် ၏ဘုရားသခင် ဖြစ် တော်မူသည်ဟူ၍၎င်း၊ လမ်း တော်သို့ လိုက် ပါမည်၊ စီရင် ထုံးဖွဲ့တော်မူသောပညတ် တရားတော်ကို စောင့်ရှောက် ပါမည်၊ စကား တော်ကို နားထောင် ပါမည်ဟူ၍၎င်း၊ ယနေ့ သင်သည် ဝန်ခံ ပြီ။
Thou hast set vp the Lord this day to be thy God, and to walke in his wayes, and to keepe his ordinances, and his commandements, and his lawes, and to hearken vnto his voyce.
18 ၁၈ ထာဝရဘုရား သည်လည်း ဂတိ ထားတော်မူသမျှ အတိုင်း ၊ သင် သည် ပညတ် တော် အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှာ ၊ အထူးသဖြင့်ကိုယ်တော် ၏ လူမျိုး ဖြစ် သည်ဟူ၍၎င်း၊
And the Lord hath set thee vp this day, to be a precious people vnto him (as hee hath promised thee) and that thou shouldest keepe all his commandements,
19 ၁၉ ဖန်ဆင်း တော်မူသော လူမျိုး တကာ တို့ထက် သင် ၏ဂုဏ် အသရေကျော်စော ကိတ္တိကို လွန်ကဲ စေတော်မူမည်ဟူ၍၎င်း ဂတိ တော်ရှိသည်အတိုင်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သောလူမျိုး ဖြစ် စေခြင်းငှာ ၎င်း ယနေ့ ဝန်ခံ တော်မူပြီဟု ဣသရေလအမျိုးသားတို့အား ဟောပြောလေ၏။
And to make thee high aboue al nations (which he hath made) in praise, and in name, and in glory, and that thou shouldest be an holy people vnto the Lord thy God, as he hath said.