< တရားဟောရာ 25 >
1 ၁ လူ ချင်း အမှု ရှိ ၍ မင်း ထံ ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ် သောသူကို အပြစ် လွတ်စေခြင်းငှာ ၎င်း ၊ ဆိုး သောသူကို အရှုံး ခံစေခြင်းငှာ၎င်း စီရင် ရမည်။
If there shall be a controversy between men, and they come to judgment, that the judges may judge them; then they shall justify the righteous, and condemn the wicked.
2 ၂ ဆိုး သောသူသည် အရိုက် ခံထိုက်လျှင် ၊ တရား သူကြီး သည် ကိုယ် မျက်မှောက်၌ သူ့ကို ချ ၍ ၊ အပြစ် နှင့် အလျောက်မည် မျှသော ဒဏ်ချက်ဖြင့် ရိုက် စေရမည်။
And it shall be, if the wicked man be worthy to be beaten, that the judge shall cause him to lie down, and to be beaten before his face, according to his fault, by a certain number.
3 ၃ သို့သော်လည်းဒဏ်ချက် လေးဆယ် ထက် မ လွန် စေရ။ လွန်၍ များစွာ သော ဒဏ်ချက် ဖြင့် ရိုက် လျှင် ၊ သင် ၏အမျိုးသား ချင်းသည် ယုတ်ညံ့ သောသူဖြစ် ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ၏။
Forty stripes he may give him, and not exceed: lest, if he should exceed, and beat him above these with many stripes, then thy brother should seem vile to thee.
4 ၄ စပါးနင်းနယ် သော နွား ၏နှုတ် ကို မ ချုပ်တည်းရ။
Thou shalt not muzzle the ox when he treadeth out the grain.
5 ၅ အတူ နေ သောညီအစ်ကို တို့ တွင် ၊ တစုံ တယောက်သောသူသည် သား မ ရှိဘဲသေ လျှင် ၊ သေ သောသူ ၏ မယား သည် အခြားတပါးသောလူစိမ်း နှင့် စုံဘက်ခြင်း ကို မ ပြု ရ။ သူ ၏လင် ညီသည် သူ့ ကို သိမ်းယူ ဆက်ဆံ၍ မရီး ၌ ပြု အပ်သောဝတ်ကို ပြုရမည်။
If brethren shall dwell together, and one of them shall die, and have no child, the wife of the dead shall not marry outside the family to a stranger: her husband’s brother shall go in to her, and take her to him for a wife, and perform the duty of an husband’s brother to her.
6 ၆ ဣသရေလ အမျိုး၌ အစ်ကို အမည် ကို မ ပျောက် စေခြင်းငှာ ၊ အဦး ဘွားသော သားသည် သေ သောဘကြီး ၏ အရိပ် အရာကို ခံ ရမည်။
And it shall be, that the firstborn which she beareth shall succeed in the name of his brother who is dead, that his name may not be blotted out from Israel.
7 ၇ ညီ သည် အစ်ကို မယားကို မ ယူ လို လျှင် ၊ မိန်းမ သည် အသက်ကြီး သူတို့ရှိရာ မြို့တံခါးဝ သို့ သွား ၍ ၊ ကျွန်မ ၏ လင် ညီသည် အစ်ကို အမည် ကို ဣသရေလ အမျိုး၌ မတည် စေလိုပါ။ သူပြု အပ်သောဝတ်ကို မ ပြုလို ပါဟု လျှောက် လျှင်၊
And if the man shall not desire to take his brother’s wife, then let his brother’s wife go up to the gate to the elders, and say, My husband’s brother refuseth to raise up to his brother a name in Israel, he will not perform the duty of my husband’s brother.
8 ၈ မြို့ ၌ အသက်ကြီး သူတို့သည် ထိုသူ ကို ခေါ် ၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမ ကို အကျွန်ုပ် မ ယူ လို ပါဟုဆို ၍ ခိုင်မာ စွာနေလျှင်၊
Then the elders of his city shall call him, and speak to him: and if he shall stand to it, and say, I desire not to take her;
9 ၉ သူ ၏မရီး သည် အသက်ကြီး သူတို့ရှေ့ မှာ သူ့ အပါးသို့ ချဉ်း ၍ သူ ၏ခြေနင်း ကို ချွတ် လျက် ၊ သူ ၏ မျက်နှာ ၌ တံထွေး ထွေးလျက် ၊ မိမိ အစ်ကို အိမ် ကို မ ဆောက် လိုသောသူ ၌ ဤသို့ ပြု သင့်သည်ဟု သူ့အား ပြန် ပြောရမည်။
Then shall his brother’s wife come to him in the presence of the elders, and loose his shoe from off his foot, and spit in his face, and shall answer and say, So shall it be done to that man that will not build up his brother’s house.
10 ၁၀ နောက်မှ ၊ ထိုသူ ကို ခြေနင်း ချွတ် ရသောအမျိုး ဟူ၍ဣသရေလ အမျိုး၌ ခေါ်ဝေါ် သမုတ်ရမည်။
And his name shall be called in Israel, The house of him that hath his shoe loosed.
11 ၁၁ လူ ချင်းခိုက်ရန် ပြုကြစဉ်တွင်၊ တယောက် သောသူ ၏မယား သည် အပါးသို့ချဉ်း ၍ မိမိ လင် ကို ကူညီ လိုသောငှာ ခိုက်ရန် ပြုသောသူ ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲ မိလျှင်၊
When men strive together one with another, and the wife of the one draweth near to deliver her husband from the hand of him that smiteth him, and putteth forth her hand, and taketh him by the secrets:
12 ၁၂ ထိုမိန်းမ လက် ကို ဖြတ် ရမည်။ သင် ၏ မျက်စိ သည် သူ့ကို မ သနား ရ။
Then thou shalt cut off her hand, thy eye shall not pity her.
13 ၁၃ သင့် အိတ် ၌ ကြီး သောအလေး ၊ ငယ် သောအလေး တည်းဟူသောခြားနားသော အလေးကို မ ရှိ စေရ။
Thou shalt not have in thy bag differing weights, a great and a small.
14 ၁၄ သင့် အိမ် ၌ ခြားနားသော ခြင် စရာတန်ဆာအကြီး အငယ် ကို မ ရှိ စေရ။
Thou shalt not have in thy house differing measures, a great and a small.
15 ၁၅ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ သင် ၏အသက်တာ ရှည် မည်အကြောင်း ၊ မှန်ကန် သောအလေး ၊ မှန်ကန် သောခြင် စရာ တန်ဆာများကိုသာ သုံး ရမည်။
But thou shalt have a perfect and just weight, a perfect and just measure shalt thou have: that thy days may be lengthened in the land which the LORD thy God giveth thee.
16 ၁၆ အထက် ဆိုခဲ့ပြီးသော အမှုကို ပြု သောသူအပေါင်း တို့နှင့် မတရား သဖြင့် ပြု သောသူအပေါင်း တို့ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။
For all that do such things, and all that do unrighteously, are an abomination to the LORD thy God.
17 ၁၇ သင် သည် အဲဂုတ္တု ပြည်မှ ထွက် ၍ ခရီး သွားသောအခါ၊
Remember what Amalek did to thee by the way, when ye had come forth from Egypt;
18 ၁၈ သင် သည် အားကုန် ၍ မော လျက်နေစဉ်တွင်၊ သင့် နောက် ၌ လိုက်သောသူ၊ အားနည်း သောသူတို့ ကို အာမလက် အမျိုးသားတို့သည် လမ်း ၌ ဆီးကြို ၍ လုပ်ကြံ ကြောင်း ကို၎င်း ၊ ဘုရားသခင် ကို မ ကြောက်ရွံ့ ကြောင်းကို၎င်း ၊ အောက်မေ့ လော့။
How he met thee by the way, and smote those behind thee, even all that were feeble behind thee, when thou wast faint and weary; and he feared not God.
19 ၁၉ သို့ဖြစ်၍ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ အပိုင် ပေး တော်မူသောပြည် ၌ သင့် ပတ်လည် ၌ နေသောရန်သူ အပေါင်း တို့၏ လက်မှ ကယ်လွှတ်၍ ချမ်းသာ ပေးတော်မူသောအခါ ၊ အာမလက် အမျိုးကို အောက်မေ့ စရာ မရှိစေခြင်းငှာ၊ ကောင်းကင် အောက် ၌ သုတ်သင် ပယ်ရှင်းရမည်။ ထိုအမှုကို မ မေ့ မလျော့ရ။
Therefore it shall be, when the LORD thy God hath given thee rest from all thy enemies on all sides, in the land which the LORD thy God giveth thee for an inheritance to possess it, that thou shalt blot out the remembrance of Amalek from under heaven; thou shalt not forget it.