< တရားဟောရာ 24 >
1 ၁ တစုံ တယောက်သောသူသည် မယား နှင့် ထိမ်းမြား ၍ ဆက်ဆံ ပြီးမှတဖန် အပြစ် တင်စရာအကြောင်း ရှိ သောကြောင့် စိတ် မ တွေ့လျှင် ၊ ဖြတ် စာကို ရေး ၍ သူ ၌ အပ်ပေး သဖြင့် လွှတ် လိုက်ရမည်။
If a man takes a wife, and after they are married she is unpleasing to him because of some bad quality in her, let him give her a statement in writing and send her away from his house.
2 ၂ ထိုမိန်းမသည် လင် အိမ် မှ ထွက် သွား သော နောက်၊ အခြား သောသူ ၏မယား ဖြစ် ရသောအခွင့်ရှိ၏။
And when she has gone away from him, she may become another man's wife.
3 ၃ နောက် နေသောလင် သည်လည်း သူ့ ကိုမုန်း လျှင် ၊ ဖြတ် စာကို ရေး ၍ သူ ၌ အပ် သဖြင့် လွှတ် လိုက်သည် ဖြစ်စေ၊ ထို လင် သေ သည်ဖြစ်စေ၊
And if the second husband has no love for her and, giving her a statement in writing, sends her away; or if death comes to the second husband to whom she was married;
4 ၄ အရင် လွှတ် လိုက်သော လင် ဟောင်းသည် ညစ်ညူး ခြင်းရှိသောထိုမိန်းမ ကို နောက် တဖန်မ သိမ်း ရ။ ထာဝရဘုရား ရှေ့ တော်၌ စက်ဆုပ် ဘွယ်သောအမှုဖြစ် ၏။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ပေး တော်မူသော ပြည် ၌ အပြစ် မ ရောက်စေရ။
Her first husband, who had sent her away, may not take her back after she has been wife to another; for that is disgusting to the Lord: and you are not to be a cause of sin in the land which the Lord your God is giving you for your heritage.
5 ၅ အိမ်ထောင် ဘက်ပြုစရှိသောသူသည် စစ်တိုက် မ သွား ရ။ မင်း အမှုကို မ ဆောင် ရ။ တနှစ် ပတ်လုံးကိုယ် အိမ် ၌ အလွတ် နေ ၍ မယား ကို ကျွေးမွေး ပြုစုရမည်။
A newly married man will not have to go out with the army or undertake any business, but may be free for one year, living in his house for the comfort of his wife.
6 ၆ ကြိတ်ဆုံ အပေါ် ကျောက်ပြားကို ဖြစ်စေ ၊ အောက်ကျောက်ပြားကို ဖြစ်စေ၊ အဘယ်သူမျှအပေါင် မ ယူရ။ ထိုသို့ယူလျှင်၊ သူ့အသက်ကို အပေါင်ယူသည်နှင့် တူ၏။
No one is to take, on account of a debt, the stones with which grain is crushed: for in doing so he takes a man's living.
7 ၇ လူသည် မိမိ အမျိုးသား ချင်းဖြစ်သော ဣသရေလ အမျိုးသား ကို ခိုး ၍ ကျွန် အရာ၌ ထားသည်ဖြစ်စေ ၊ ရောင်း သည်ဖြစ်စေ ၊ ထို သူခိုး ကို တွေ့ မိလျှင် အသေ သတ်ရမည်။ သင် တို့တွင် ဒုစရိုက် အပြစ်ကို ထိုသို့ ပယ်ရှား ရကြမည်။
If a man takes by force one of his countrymen, the children of Israel, using him as his property or getting a price for him, that thief is to be put to death: so you are to put away evil from among you.
8 ၈ နူနာ ဘေး ရောက်သောအခါ ၊ လေဝိ သား ယဇ် ပုရောဟိတ် တို့ သွန်သင် သမျှ အတိုင်း သတိ ပြု၍ စေ့စေ့စောင့်ရှောက် လော့။ သူ တို့ကို ငါမှာ ထားသည်အတိုင်း ကျင့် စောင့်ကြလော့။
In connection with the leper's disease, take care to keep and do every detail of the teaching of the priests, the Levites: as I gave them orders, so you are to do.
9 ၉ သင် တို့သည် အဲဂုတ္တု ပြည်မှ ထွက် ၍ ခရီး သွားကြ စဉ်တွင် ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ မိရိအံ ၌ ပြု တော်မူသောအမှု ကို အောက်မေ့ ကြလော့။
Keep in mind what the Lord your God did to Miriam on the way, when you came out of Egypt.
10 ၁၀ သင် သည် အမျိုးသား ချင်း၌ တစုံတခု ကို ချေးငှား လျှင် ၊ အပေါင် ထားသောဥစ္စာကို ယူ ခြင်းငှာ သူ့ အိမ် ထဲသို့ မ ဝင် ရ။
If you let your brother have the use of anything which is yours, do not go into his house and take anything of his as a sign of his debt;
11 ၁၁ သင်သည် အိမ်ပြင် မှာ ရပ် နေ၍ ၊ ထို သူ သည် အပေါင် ထားသော ဥစ္စာကို သင့် ရှိ ရာအိမ်ပြင် သို့ ဆောင် ခဲ့ ရမည်။
But keep outside till he comes out and gives it to you.
12 ၁၂ ထိုသူ သည်ဆင်းရဲ လျှင် ၊ ပေါင် ၍ထားသော ဥစ္စာကို ပြန်မ အပ်ဘဲ ညဉ့် ကိုမလွန်စေရ။
If he is a poor man, do not keep his property all night;
13 ၁၃ သူ သည် မိမိ အဝတ် ကို ဝတ်ခြုံလျက် အိပ်ပျော် ၍ သင့် ကိုကောင်းကြီး ပေးမည် အကြောင်း ၊ သူပေါင် ၍ထား သော ဥစ္စာကို နေ ဝင် လျှင် ဆက်ဆက်ပြန် အပ်ရမည်။ ထိုသို့ပြုသောအမှုသည် သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ဖြောင့်မတ် သောအမှု ဖြစ် လိမ့်မည်။
But be certain to give it back to him when the sun goes down, so that he may have his clothing for sleeping in, and will give you his blessing: and this will be put to your account as righteousness before the Lord your God.
14 ၁၄ အမျိုးသား ချင်းဖြစ်စေ ၊ သင့် နေရာ မြို့ရွာ တို့၌ တည်းခိုသော တပါး အမျိုးသားဖြစ်စေ၊ ဆင်းရဲ ငတ်မွတ် သောသူငှား ကို မ ညှဉ်းဆဲ ရ။
Do not be hard on a servant who is poor and in need, if he is one of your countrymen or a man from another nation living with you in your land.
15 ၁၅ နေ့စဉ် မပြတ် သူ့ အခ ကို ပေး ရမည်။ မ ပေးဘဲ နေ မဝင် စေနှင့်။ သူ သည် ဆင်းရဲ သောကြောင့် ရထိုက် သော အခကိုလည်း စိတ်စွဲလမ်းလျက် ရှိလိမ့်မည်။ မပေးဘဲနေလျှင် သူသည် သင့်ကို အပြစ်တင်၍ ထာဝရဘုရား ကို အော်ဟစ် သဖြင့် သင် ၌ အပြစ် ရောက် မည်ဟု စိုးရိမ်စရာရှိ၏။
Give him his payment day by day, not keeping it back over night; for he is poor and his living is dependent on it; and if his cry against you comes to the ears of the Lord, it will be judged as sin in you.
16 ၁၆ အဘ သည် သား ၏အပြစ်ကြောင့် ၎င်း ၊ သား သည် အဘ ၏အပြစ်ကြောင့် ၎င်း၊ အသေ မ ခံရ။ လူတိုင်း မိမိ အပြစ် ကြောင့် သာ အသေ ခံရမည်။
Fathers are not to be put to death for their children or children for their fathers: every man is to be put to death for the sin which he himself has done.
17 ၁၇ တရားတွေ့ခြင်းအမှုမှာ တပါး အမျိုးသားနှင့် မိဘ မရှိသောသူကို အရှုံး မ ပေးရ။ မုတ်ဆိုးမ အဝတ် ကို အပေါင် မ ယူရ။
Be upright in judging the cause of the man from a strange country and of him who has no father; do not take a widow's clothing on account of a debt:
18 ၁၈ သင်သည် အဲဂုတ္တု ပြည်၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို၎င်း၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ထို ပြည်မှ ရွေးနှုတ် တော်မူကြောင်း ကို၎င်းအောက်မေ့ ရမည်။ ထို့ကြောင့် ဤ ပညတ် ကို ငါ ထား ၏။
But keep in mind that you were a servant in the land of Egypt, and the Lord your God made you free: for this is why I give you orders to do this.
19 ၁၉ သင် သည် ကိုယ် လယ် ၌ အသီးအနှံ ကိုရိတ် သောအခါ ၊ မေ့လျော့ သောကောက်လှိုင်း ကို ပြန် ၍ မ ယူ ရ။ သင် ပြု လေရာရာ ၌ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ကောင်းကြီး ပေးတော်မူမည်အကြောင်း ၊ ထိုကောက်လှိုင်းကို တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ထား ရမည်။
When you get in the grain from your field, if some of the grain has been dropped by chance in the field, do not go back and get it, but let it be for the man from a strange land, the child without a father, and the widow: so that the blessing of the Lord your God may be on all the work of your hands.
20 ၂၀ သင် ၏သံလွင် သီးကို ရိုက် ချွေသောအခါ ၊ ကျန်ကြွင်းသောအသီး ကို ပြန်၍ မ ရိုက်ချွေရ။ တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ထား ရမည်။
When you are shaking the fruit from your olive-trees, do not go over the branches a second time: let some be for the man from a strange land, the child without a father, and the widow.
21 ၂၁ သင် ၏စပျစ် ဥယျာဉ်၌ စပျစ်သီးကို ဆွတ် ယူ သောအခါ ပြန်၍ ကောက် သိမ်းခြင်းကို မ ပြုရ။ ကျန်ကြွင်းသောအသီးသည် တပါး အမျိုးသား၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ အဘို့ ဖြစ် ရမည်။
When you are pulling the grapes from your vines, do not take up those which have been dropped; let them be for the man from a strange land, the child without a father, and the widow.
22 ၂၂ သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို အောက်မေ့ ရမည်။ ထို့ကြောင့် ဤ ပညတ် ကို ငါ ထား ၏။
Keep in mind that you were a servant in the land of Egypt: for this is why I give you orders to do this.