< တရားဟောရာ 23 >

1 ယောက်ျား ၏ အင်္ဂါလက္ခဏာ မ စုံလင်၊ ချို့တဲ့သောယောက်ျားသည် ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် မ ဖြစ်ရ။
He that is wounded in the testicles, or hath his privy member cut, shall not enter into the congregation of the Lord.
2 မျောက်မထား ၍ ရသောသားသည် ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် မ ဖြစ်ရ။ ဆယ် ဆက် မြောက်အောင် မ ဝင် ရ။
One born from prohibited connections shall not enter into the congregation of the Lord; even the tenth generation of him shall not enter into the congregation of the Lord.
3 အမ္မုန် အမျိုးသား၊ မောဘ အမျိုးသားသည် လည်း ၊ ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် မ ဖြစ်ရ။ ကာလ အစဉ်မကုန်၊ ဆယ် ဆက် မြောက်အောင် မ ဝင် ရ။
An 'Ammonite and a Moabite shall not enter into the congregation of the Lord; even the tenth generation of him shall not enter into the congregation of the Lord, for ever;
4 အကြောင်း မူကား၊ သင် သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ သူတို့သည် မုန့် နှင့် ရေ ကို ဆောင်၍ ခရီးဦးကြို မ လာကြ။ သင့် ကို ကျိန်ဆဲ စေခြင်းငှာ ၊ မေသော ပေါတာမိပြည်၊ ပေသော် မြို့၌ နေသောဗောရ သား ဗာလမ် ကို ငှား ကြ၏။
For the reason, that they met you not with bread and with water on the way, when ye came forth out of Egypt; and because he hired against thee Bil'am the son of Beor of Pethor in Mesopotamia, to curse thee;
5 သို့ရာတွင် သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဗာလမ် စကားကို နား မ ထောင်။ သင့် ကိုချစ် သောကြောင့် ကျိန်ဆဲ ခြင်းကို သင် ၌ ကောင်းကြီး မင်္ဂလာ ဖြစ် စေတော်မူ၏။
But the Lord thy God would not hearken unto Bil'am; and the Lord thy God changed unto thee the curse into a blessing, because the Lord thy God loved thee.
6 သင် သည် သူ တို့ချမ်းသာ ၊ သူ တို့စည်းစိမ် ကို တသက်လုံး အစဉ် မ ပြုစု ရ။
Thou shalt not seek their peace and their welfare all thy days, for ever.
7 ဧဒုံ အမျိုးသားကို မူကား၊ မ မုန်း ရ။ သူ သည် သင် ၏ ညီအစ်ကို ဖြစ်၏။ အဲဂုတ္တု အမျိုးသားကိုလည်း မ မုန်း ရ။ သူ ၏ပြည် ၌ သင်သည် ကျွန် ခံ ခဲ့ဘူးပြီ။
Thou shalt not abhor an Edomite; for he is thy brother; thou shalt not abhor an Egyptian; because thou wast a stranger in his land.
8 သူ တို့အမျိုးအနွယ် သည် သုံး ဆက် မြောက်မှသာ ထာဝရဘုရား ၏ ပရိသတ် တော်၌ အပါအဝင် ဖြစ်ရသောအခွင့်ရှိ၏။
The children that are born unto them in the third generation, may enter of them into the congregation of the Lord.
9 ရန်သူ တို့ကို စစ်တိုက် သွားသောအခါ ၊ မ တရား သောအမှု ရှိသမျှ ကို ရှောင် လော့။
When thou goest forth into camp against thy enemies, then keep thyself from every evil thing.
10 ၁၀ ညဉ့် အချိန်၌ ရောက် တတ်သော မစင်ကြယ်သော အကြောင်းကြောင့် မ စင်ကြယ် သော သူ သည် သင် တို့တွင် ရှိ လျှင် သူသည် တပ် ပြင် သို့ ထွက် ရမည်၊ တပ် ထဲသို့ မ ဝင် ရ။
If there be among thee any man, that is not clean by reason of an occurrence by night; then shall he go abroad to without the camp, he shall not come within the camp;
11 ၁၁ မိုဃ်းချုပ် သောအခါ ရေချိုး ၍ ၊ နေ ဝင် ပြီးမှ တပ် ထဲသို့ ဝင် ရမည်။
But it shall be, that toward evening he shall bathe himself in water; and when the sun goeth down, he may come into the midst of the camp.
12 ၁၂ သင့် ကျင်ကြီးစွန့်ရာအရပ် သည် တပ် ပြင် ၌ ရှိ ရ မည်။
And a place shalt thou have without the camp, whither thou shalt go forth abroad:
13 ၁၃ တပ်ပြင် သို့ထွက်၍ စွန့် သောအခါ ၊ ကိုယ် ၌ပါသော သစ်သား တူးရွင်းနှင့် မြေ ၌ တူး ရမည်။ နောက် တဖန် လှည့် ၍ မစင် ကို ဖုံးအုပ် ရမည်။
And a spade shalt thou have with thy weapons: and it shall be, when thou sittest abroad, that thou shalt dig therewith, and shalt afterward cover that which cometh from thee;
14 ၁၄ အကြောင်း မူကား၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကိုကယ်တင် ၍ ရန်သူ တို့ကို သင့် လက်၌ အပ် ခြင်းငှာ ၊ သင် ၏တပ် ထဲမှာ သွား လာတော်မူ၏။ ထို့ကြောင့် ၊ သင့် အထဲ ၌ မ စင်ကြယ်သောအရာ တစုံတခုကို မြင် ၍ သင် မှ ရှောင် သွားတော် မ မူမည်အကြောင်း ၊ သင် ၏ တပ် သည် သန့်ရှင်း ရမည်။
For the Lord thy God walketh in the midst of thy camp, to deliver thee and to give up thy enemies before thee; therefore shall thy camp be holy; that he see no unseemly thing in thee, and turn away from thee.
15 ၁၅ မိမိ သခင် ထံ က ပြေး ၍ သင့် ထံသို့ ရောက်သော ကျွန် ကို သခင် ၌ မ အပ် ရ။
Thou shalt not deliver unto his master the servant who may escape unto thee from his master;
16 ၁၆ ထို ကျွန်သည် အလို အလျောက်နေချင်သော အရပ် ၊ သင့် နေရာ မြို့ တစုံ တမြို့၌ သင့် ထံမှာ နေ ရသော အခွင့်ရှိ၏။ သူ့ ကို မ ညှဉ်းဆဲ ရ။
With thee shall he dwell, in the midst of thee, in the place which he may choose in any one of thy gates, where it seemeth best to him: thou shalt not oppress him.
17 ၁၇ ဣသရေလ အမျိုးသမီး တို့တွင် ပြည်တန်ဆာ မ ရှိ ရ။ ဣသရေလ အမျိုးသား တို့တွင် ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာ မ ရှိ ရ။
There shall not be a prostitute of the daughters of Israel, and there shall not be a sodomite of the sons of Israel.
18 ၁၈ ပြည်တန်ဆာ လုပ်၍ ရ သောငွေ၊ ခွေး ကိုရောင်း ၍ ရသောငွေကိုသစ္စာ ဂတိပြေစေခြင်းငှာ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ အိမ် တော်သို့ မ သွင်း ရ။ ထိုသို့ သောငွေကို စက်ဆုပ် ရွံရှာတော်မူ၏။
Thou shalt not bring the hire of a harlot, or the price of a dog, into the house of the Lord thy God for any vow; for both of these are equally an abomination unto the Lord thy God.
19 ၁၉ သင် ၏ အမျိုးသားချင်း၌ အတိုး ယူ၍၊ ငွေ ၊ စားစရာ ၊ အသုံး အဆောင်ကို မ ချေး မငှားရ။
Thou shalt not take interest from thy brother, interest of money, interest of victuals, interest of any thing that is lent upon interest:
20 ၂၀ တပါး အမျိုးသား၌ အတိုး ယူ၍ ချေးငှားရ၏။ သင် သွား ၍ ဝင်စား သော ပြည် တွင် သင် ပြု လေရာရာ ၌ သင် ၏ဘုရားသခင် ထာဝရဘုရား သည် ကောင်းကြီး ပေး တော်မူမည်အကြောင်း ၊ အမျိုးသား ချင်း၌ အတိုး ယူ၍ ချေးငှားခြင်းကို ရှောင်ရမည်။
From an alien thou mayest take interest; but from thy brother thou shalt not take interest; in order that the Lord thy God may bless thee in all the acquisition of thy hand, in the land whither thou goest to possess it.
21 ၂၁ သင် ၏ဘုရားသခင် ထာဝရဘုရား အား သစ္စာ ဂတိထားလျှင် ၊ ထားသည်အတိုင်း မပြုဘဲမနေရ။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် ဧကန်အမှန်တောင်း တော်မူမည်။ သင်သည် မပြုဘဲနေလျှင် အပြစ် ရောက် လိမ့်မည်။
When thou makest a vow unto the Lord thy God, thou shalt not delay to pay it; for the Lord thy God will surely require it of thee; and it would be sin in thee.
22 ၂၂ သစ္စာ ဂတိ မထားဘဲနေလျှင် အပြစ် မ ရောက်။
But if thou forbear to vow, it shall be no sin in thee.
23 ၂၃ သင်သည် သင် ၏ ဘုရားသခင် ထာဝရဘုရား အား ကိုယ် အလိုအလျောက်သစ္စာဂတိထား၍၊ ကိုယ် နှုတ် နှင့် မြွက်ဆို သော စကား ကို တည် စေ၍ ၊ ဂတိ ရှိသည်အတိုင်း ပြု ရမည်။
What is gone out of thy lips shalt thou keep and perform, as thou hast vowed unto the Lord thy God voluntarily, as thou hast spoken with thy mouth.
24 ၂၄ သင် သည် အိမ်နီးချင်း ၏ စပျစ် ဥယျာဉ်ထဲသို့ ဝင် သောအခါ ၊ အလို အလျောက်စပျစ်သီး ကို ဝ စွာစား ရ သော်လည်း မ သိမ်း မယူရ။
When thou comest into thy neighbor's vineyard, thou mayest eat grapes at thy own pleasure, till thou have enough; but into thy vessel shalt thou not put any.
25 ၂၅ အိမ်နီးချင်း ၏ စပါး လယ်ထဲသို့ ဝင် သောအခါ၊ စပါးနှံ ကိုလက် နှင့် ဆွတ် ရသော်လည်း တံစဉ် နှင့်မ ရိတ် ရ။
When thou comest into the standing corn of thy neighbor, thou mayest pluck ears with thy hand; but a sickle shall thou not move over thy neighbor's standing corn.

< တရားဟောရာ 23 >