< တရားဟောရာ 21 >

1 သင် ၏ဘုရားသခင် ထာဝရဘုရား အပိုင် ပေး တော်မူသော ပြည် တွင် ၊ လွတ်လပ် သောအရပ်၌ လူအသေ ကောင်ရှိ သည်ကို တွေ့ ၍၊ အဘယ်သူ သတ် သည်ကို မ သိ လျှင်၊
If someone is found slain in the land which the LORD your God gives you to possess, lying in the field, and it isn’t known who has struck him,
2 သင် ၌ အသက်ကြီး သူ၊ တရားသူကြီး တို့သည် ထွက် ၍ ၊ ပတ်ဝန်းကျင် မြို့ ရွာများတိုင်အောင် တိုင်းထွာ ရကြမည်။
then your elders and your judges shall come out, and they shall measure to the cities which are around him who is slain.
3 အသေ ကောင်နှင့် အနီး ဆုံးသောမြို့ ၌ အသက်ကြီး သူတို့သည် ထမ်းဘိုး တင် ခြင်း၊ စေခိုင်း ခြင်းကို မ ပြုဘူး သေးသော နွားသငယ် ကို ယူ ၍၊
It shall be that the elders of the city which is nearest to the slain man shall take a heifer of the herd, which hasn’t been worked with and which has not drawn in the yoke.
4 လယ် မ လုပ်မျိုးစေ့မ ကြဲ နိုင်အောင် ရေ မပြတ် သော ချောင်း သို့ ဆောင် သွား၍ ၊ ထို ချောင်း ၌ နွား လည်ပင်း ကို ဖြတ်ပြီးမှ၊
The elders of that city shall bring the heifer down to a valley with running water, which is neither ploughed nor sown, and shall break the heifer’s neck there in the valley.
5 သင် ၏ဘုရားသခင် ထာဝရဘုရား အမှု တော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရား အခွင့် နှင့် ကောင်းကြီး ပေးစေခြင်းငှာ ၎င်း ရွေးချယ် တော်မူ သော လေဝိ သား ယဇ် ပုရောဟိတ်တို့သည် ချဉ်း ၍ တရား တွေ့ခြင်းအမှု၊ ရိုက်ပုတ် ခြင်းအမှု ရှိသမျှ တို့ကို စီရင် ဆုံးဖြတ်ရကြမည်။
The priests the sons of Levi shall come near, for them the LORD your God has chosen to minister to him, and to bless in the LORD’s name; and according to their word shall every controversy and every assault be decided.
6 အသေ ကောင်နှင့် အနီး ဆုံးသော မြို့ သား အသက်ကြီး သူ အပေါင်း တို့သည်၊ ထိုချောင်း ၌ လည်ပင်း ဖြတ်ပြီးသော နွားမ အပေါ် မှာ မိမိ တို့လက် ကို ဆေး လျက်၊
All the elders of that city which is nearest to the slain man shall wash their hands over the heifer whose neck was broken in the valley.
7 ငါ တို့လက် သည် ဤ အသွေး ကို မ သွန်း ၊ ငါ တို့ မျက်စိ သည် မ မြင်။
They shall answer and say, “Our hands have not shed this blood, neither have our eyes seen it.
8 အိုထာဝရဘုရား ၊ ရွေး တော်မူသော ကိုယ်တော် ၏လူ ဣသရေလ အမျိုးကို သနား တော်မူပါ။ မ သေထိုက် သောသူကို သတ် သောအပြစ်သည် ကိုယ်တော် ၏လူ ဣသရေလ အမျိုးအပေါ် သို့ ရောက် စေတော်မ မူပါနှင့်ဟု မြွက်ဆို ရကြမည်။ သို့ပြုလျှင် အသက် ကိုသတ် သော အပြစ် လွတ်လိမ့်မည်။
Forgive, LORD, your people Israel, whom you have redeemed, and don’t allow innocent blood amongst your people Israel.” The blood shall be forgiven them.
9 ထိုသို့ သင်သည် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှုကို ပြု သောအခါ၊ မ သေထိုက်သောသူ ၏ အသွေး ကို ပယ်ရှင်း ရလိမ့်မည်။
So you shall put away the innocent blood from amongst you, when you shall do that which is right in the LORD’s eyes.
10 ၁၀ သင် သည် ရန်သူတို့ကို စစ်တိုက် သွား ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သူ တို့ကို သင့် လက် ၌ အပ် တော်မူသဖြင့် ၊ သင်သည် ဘမ်းယူ သောအခါ၊
When you go out to battle against your enemies, and the LORD your God delivers them into your hands and you carry them away captive,
11 ၁၁ ဘမ်းယူ သောသူတို့တွင် အဆင်း လှသော မိန်းမ ကို မြင် ၍ စုံဘက် ခြင်းငှာ အလို ရှိလျှင်၊
and see amongst the captives a beautiful woman, and you are attracted to her, and desire to take her as your wife,
12 ၁၂ သင့် အိမ် သို့ သူ့ ကိုခေါ် သွား၍ ၊ သူ သည် ဦးဆံ ရိတ် ခြင်း၊ လက်သည်း လှီးဖြတ်ခြင်းကို ပြု လျက်၊
then you shall bring her home to your house. She shall shave her head and trim her nails.
13 ၁၃ ဘမ်းယူ ရာအဝတ် ကို ချွတ် ပယ်၍ တလ ပတ်လုံးမိဘ တို့ကို မြည်တမ်း လျက် သင့် အိမ် ၌ နေ ပြီးသောနောက် ၊ သင်သည် သူ နှင့် စုံဘက် ၍ သူ သည် သင် ၏ မယား ဖြစ် မည်။
She shall take off the clothing of her captivity, and shall remain in your house, and bewail her father and her mother a full month. After that you shall go in to her and be her husband, and she shall be your wife.
14 ၁၄ နောက် တဖန် သူ့ ကို မ ချစ် လျှင် ၊ သူ့ အလို အလျောက် သွား သောအခွင့်ကိုပေး ရမည်။ သူ့ ကိုရှုတ်ချ သောကြောင့် ငွေ နှင့် မ ရောင်း ရ၊ ကျွန် အရာ၌ မ ထားရ။
It shall be, if you have no delight in her, then you shall let her go where she desires; but you shall not sell her at all for money. You shall not deal with her as a slave, because you have humbled her.
15 ၁၅ လင်ချစ် သော မယား၊ မုန်း သော မယား နှစ် ယောက်တို့သည် သား ကို ဘွား ၍ ၊ အဦး ဘွားသော သား သည် မုန်း သောမယား၏ သားဖြစ် လျှင်၊
If a man has two wives, the one beloved and the other hated, and they have borne him children, both the beloved and the hated, and if the firstborn son is hers who was hated,
16 ၁၆ ထိုသူသည် မိမိ အမွေ ဥစ္စာကို ဝေ သောအခါ ၊ မုန်း သောမယား၏ သား ဦး ကို နှိမ့်ချ၍ ချစ် သောမယား၏ သား ကို သားဦး အရာ၌ မ ချီးမြှောက်ရ။။
then it shall be, in the day that he causes his sons to inherit that which he has, that he may not give the son of the beloved the rights of the firstborn before the son of the hated, who is the firstborn;
17 ၁၇ မုန်း သောမယား၏ သား သည် သားဦး ဖြစ်သည် ဟု ဝန်ခံ ၍ ၊ နှစ်ဆ သော အမွေ ဥစ္စာကို သူ့ အား ပေး ရမည်။ အကြောင်း မူကား၊ ထိုသားသည် အဘ ၏ ခွန်အား အစဦး ဖြစ်၏။ သားဦး အရိပ် အရာနှင့် ဆိုင် ပေ၏။
but he shall acknowledge the firstborn, the son of the hated, by giving him a double portion of all that he has; for he is the beginning of his strength. The right of the firstborn is his.
18 ၁၈ အဘ ၌ ဆိုး သောသား၊ ခက်ထန် သောသဘော ရှိ၍ မိဘ စကား ကို နား မ ထောင်သောသား၊ မိဘတို့ ဆုံးမ သော်လည်း ဆုံးမခြင်းကို မ ခံ သောသား ရှိ လျှင်၊
If a man has a stubborn and rebellious son who will not obey the voice of his father or the voice of his mother, and though they chasten him, will not listen to them,
19 ၁၉ မိဘ တို့သည် ထို သားကို ဆွဲကိုင် ၍ ၊ မြို့ ၌ အသက်ကြီး သူတို့ရှိ ရာ မြို့တံခါးဝ သို့ ဆောင် ခဲ့ပြီးလျှင်၊
then his father and his mother shall take hold of him and bring him out to the elders of his city and to the gate of his place.
20 ၂၀ အကျွန်ုပ် တို့သား သည် ဆိုး သောသူ၊ ခက်ထန် သောသဘောရှိ၍ အကျွန်ုပ် တို့စကား ကို နား မ ထောင်သောသူ ဖြစ် ပါ၏။ စားကြူး သောသူ၊ သောက်ကြူး သောသူ ဖြစ်ပါ၏ဟု မြို့ ၌ အသက်ကြီး သူတို့အား လျှောက်ဆို ရမည်။
They shall tell the elders of his city, “This our son is stubborn and rebellious. He will not obey our voice. He is a glutton and a drunkard.”
21 ၂၁ မြို့ သားယောက်ျား အပေါင်း တို့သည် ထို သားကို ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထိုသိတင်းကို ကြား ၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။
All the men of his city shall stone him to death with stones. So you shall remove the evil from amongst you. All Israel shall hear, and fear.
22 ၂၂ သေ ထိုက်သော အပြစ် ရှိ သောသူ ကို သစ်တိုင် ၌ ဆွဲ ၍ သတ် လျှင်၊
If a man has committed a sin worthy of death, and he is put to death, and you hang him on a tree,
23 ၂၃ အသေ ကောင်ကို သစ်တိုင် ၌ တညဉ့်လုံး မ ထား ရ။ ထိုနေ့ ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ် ရမည်။ သစ်တိုင်၌ ဆွဲ ထားခြင်းကို ခံရသောသူသည် ကျိန် ခြင်းကို ခံရသောသူဖြစ် ၏။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ပေး တော်မူသော ပြည် သည် မ ညစ်ညူး စေမည် အကြောင်း ထိုသို့ ပြုရမည်။
his body shall not remain all night on the tree, but you shall surely bury him the same day; for he who is hanged is accursed of God. Don’t defile your land which the LORD your God gives you for an inheritance.

< တရားဟောရာ 21 >