< တရားဟောရာ 20 >

1 သင် သည် ရန်သူ တို့ကို စစ်တိုက် ခြင်းငှာ ချီ သွား သောအခါ ၊ ကိုယ် ထက် သာ၍ များသောမြင်း ၊ ရထား ၊ လူ တို့ကို မြင် သော်လည်း မ ကြောက် နှင့်။ သင့် ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သောသင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ဘက် ၌ ရှိတော်မူ၏။
သင်သည် ရန်သူတို့ကို စစ်တိုက်ခြင်းငှာ ချီသွား သောအခါ၊ ကိုယ်ထက်သာ၍ များသောမြင်း၊ ရထား၊ လူတို့ကို မြင်သော်လည်း မကြောက်နှင့်။ သင့်ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင်သော သင်၏ဘုရားသခင် ထာဝရ ဘုရားသည် သင့်ဘက်၌ ရှိတော်မူ၏။
2 စစ်တိုက် ချိန်နီး သောအခါ ၊ ယဇ် ပုရောဟိတ်တို့ သည် ချဉ်း ၍၊
စစ်တိုက်ချိန်နီးသောအခါ၊ ယဇ်ပုရောဟိတ်တို့ သည် ချဉ်း၍၊
3 အိုဣသရေလ အမျိုးသားတို့၊ ယနေ့ သင် တို့သည် စစ်တိုက် ခြင်းငှာ ရန်သူ တို့ကို ချဉ်း ကြပြီ။ သူ တို့ကြောင့် စိတ်ပျက် ခြင်း၊ ကြောက်ရွံ့ ခြင်း၊ တုန်လှုပ် ခြင်း၊ ထိတ်လန့် ခြင်း မ ရှိကြနှင့်။
အိုဣသရေလအမျိုးသားတို့၊ ယနေ့ သင်တို့သည် စစ်တိုက်ခြင်းငှာ ရန်သူတို့ကို ချဉ်းကြပြီ။ သူတို့ကြောင့် စိတ်ပျက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း၊ ထိတ်လန့် ခြင်း မရှိကြနှင့်။
4 အကြောင်း မူကား၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည် ရန်သူ တို့ကို စစ်တိုက် ၍ သင် တို့ကို ကယ်တင် ခြင်းအလိုငှာ ၊ သင် တို့နှင့်အတူ ကြွ တော်မူသည် ဟု လူ တို့အား ပြောဆို ရကြမည်။
အကြောင်းမူကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် ရန်သူတို့ကို စစ်တိုက်၍ သင်တို့ကို ကယ်တင်ခြင်းအလိုငှာ၊ သင်တို့နှင့်အတူ ကြွတော်မူသည် ဟု လူတို့အား ပြောဆိုရကြမည်။
5 ဗိုလ် တို့ကလည်း၊ အိမ် သစ် ကို ဆောက် ၍ ဘုရားသခင်၌ မအပ်ရသေးသောသူရှိလျှင်၊ မိမိ အိမ် သို့ ပြန် ၍ အပ်ပါလေစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ ၍ အခြား သောသူ သည် ထိုအိမ်ကို အပ်လိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
ဗိုလ်တို့ကလည်း၊ အိမ်သစ်ကို ဆောက်၍ ဘုရား သခင်၌ မအပ်ရသေးသောသူရှိလျှင်၊ မိမိအိမ်သို့ပြန်၍ အပ်ပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ၍ အခြား သောသူသည် ထိုအိမ်ကို အပ်လိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
6 စပျစ် ဥယျာဉ်ကို စိုက် ၍ စပျစ်သီး ကို မ စား ရသေး သော သူ ရှိ လျှင်၊ မိမိ အိမ် သို့ ပြန် သွား ပါလေစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ ၍ အခြား သောသူ သည် ထို စပျစ်သီးကို စား လိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
စပျစ်ဥယျာဉ်ကို စိုက်၍ စပျစ်သီးကို မစားရ သေးသောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက်ရာတွင် သေ၍ အခြားသောသူသည် ထိုစပျစ်သီးကို စားလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။
7 မိန်းမ နှင့် လက်ထပ် ၍ မ သိမ်း ရသေးသော သူ ရှိ လျှင်၊ မိမိ အိမ် သို့ ပြန် သွားပါလေစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ ၍ အခြားသော သူ သည် ထို မိန်းမကို သိမ်း လိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
မိန်းမနှင့်လက်ထပ်၍ မသိမ်းရသေးသောသူရှိ လျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ် စစ်တိုက် ရာတွင် သေ၍ အခြားသောသူသည် ထိုမိန်းမကို သိမ်း လိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
8 တဖန် လည်း၊ ဗိုလ် တို့က ကြောက် တတ်သော သဘောရှိ၍ စိတ်ပျက် သောသူ ရှိ လျှင်၊ မိမိ အိမ် သို့ ပြန် သွားပါလေစေ။ သို့မဟုတ် လျှင် ထိုသူ စိတ် ပျက်သကဲ့သို့ သူ ၏အဘော် တို့သည် စိတ်ပျက် ကြလိမ့်မည်ဟု စိုးရိမ်စရာရှိသည်ဟု လူ များတို့အား ပြော ရကြမည်။
တဖန်လည်း၊ ဗိုလ်တို့က ကြောက်တတ်သော သဘောရှိ၍ စိတ်ပျက်သောသူရှိလျှင်၊ မိမိအိမ်သို့ ပြန်သွားပါလေစေ။ သို့မဟုတ်လျှင် ထိုသူစိတ်ပျက်သကဲ့သို့ သူ၏အဘော်တို့သည် စိတ်ပျက်ကြလိမ့်မည်ဟု စိုးရိမ် စရာရှိသည်ဟု လူများတို့အား ပြောရကြမည်။
9 ဗိုလ် တို့သည် လူ များတို့အား ထိုသို့ပြော ပြီးမှ တပ်မှူး တို့သည် လူ များကို စစ်ချီစေရကြမည်။
ဗိုလ်တို့သည် လူများတို့အား ထိုသို့ပြောပြီးမှ တပ်မှူးတို့သည် လူများကို စစ်ချီစေရကြမည်။
10 ၁၀ သင်သည် မြို့ တစုံတမြို့ကို တိုက် ခြင်းငှာ ချဉ်း သောအခါ ၊ စစ် ငြိမ်းမည်အကြောင်း ကို ဟစ်ကြော် ရမည်။
၁၀သင်သည် မြို့တစုံတမြို့ကို တိုက်ခြင်းငှာ ချဉ်း သောအခါ၊ စစ်ငြိမ်းမည်အကြောင်းကို ဟစ်ကြော်ရမည်။
11 ၁၁ ထိုမြို့သည် စစ် ငြိမ်းရာစကားပြေကို ပြန်ပြော ၍ မြို့တံခါးကို ဖွင့် ထားလျှင် ၊ ထိုမြို့ ၌ ရှိ သောသူ အပေါင်း တို့ သည် သင့် အား အခွန် ပေး၍ သင့် အမှု ကို ထမ်းရကြမည်။
၁၁ထိုမြို့သည် စစ်ငြိမ်းရာစကားပြေကို ပြန်ပြော၍ မြို့တံခါးကို ဖွင့်ထားလျှင်၊ ထိုမြို့၌ရှိသောသူအပေါင်းတို့ သည် သင့်အား အခွန်ပေး၍ သင့်အမှုကို ထမ်းရကြမည်။
12 ၁၂ သို့မဟုတ် စကားပြေ မ ပြောဘဲ သင့် ကို စစ်တိုက် လျှင် ၊ ထိုမြို့ ကို ဝိုင်း ထား၍၊
၁၂သို့မဟုတ် စကားပြေမပြောဘဲ သင့်ကို စစ်တိုက် လျှင်၊ ထိုမြို့ကို ဝိုင်းထား၍၊
13 ၁၃ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် လက် ၌ အပ် တော်မူသောအခါ ၊ ယောက်ျား ရှိသမျှ တို့ကို ထား နှင့် လုပ်ကြံ ရမည်။
၁၃သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့် လက်၌ အပ်တော်မူသောအခါ၊ ယောက်ျားရှိသမျှတို့ကို ထားနှင့်လုပ်ကြံရမည်။
14 ၁၄ မိန်းမ ၊ သူငယ် ၊ တိရစ္ဆာန် အစ ရှိသော မြို့ ၌ တွေ့ သော ဥစ္စာ ရှိသမျှ ကို ကိုယ် ဘို့ သိမ်း ၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော သင် ၏ရန်သူ လက် မှ ရသောဥစ္စာကို စား ရမည်။
၁၄မိန်းမ၊ သူငယ်၊ တိရစ္ဆာန်အစရှိသော မြို့၌တွေ့ သော ဥစ္စာရှိသမျှကို ကိုယ်ဘို့သိမ်း၍၊ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော သင်၏ရန်သူလက်မှ ရသော ဥစ္စာကို စားရမည်။
15 ၁၅ ဤ လူမျိုး နေသောမြို့ မှတပါး သင် နှင့် ဝေး သော မြို့ ရှိသမျှ တို့အား ထိုသို့ ပြု ရမည်။
၁၅ဤလူမျိုးနေသော မြို့မှတပါး သင်နှင့်ဝေးသော မြို့ရှိသမျှတို့အား ထိုသို့ပြုရမည်။
16 ၁၆ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ၊ ဤ လူမျိုး နေရာမြို့ တို့၌ အသက်ရှူသော လူသတ္တဝါတစုံတယောက်ကိုမျှ အသက်မရှင်စေရ။
၁၆သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့် အမွေခံစရာဘို့၊ ဤလူမျိုးနေရာမြို့တို့၌ အသက်ရှူသော လူသတ္တဝါတစုံတယောက်ကိုမျှ အသက်မရှင်စေရ။
17 ၁၇ ဟိတ္တိ လူ၊ အာမောရိ လူ၊ ခါနနိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့သည် မိမိ တို့ဘုရား များ၌ ပြု သော စက်ဆုပ် ရွံရှာဘွယ်အမှုတို့ကို သင့်အား သွန်သင် ၍၊
၁၇ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိ လူတို့သည် မိမိတို့ဘုရားများ၌ ပြုသော စက်ဆုပ်ရွံရှာဘွယ်အမှုတို့ကို သင့်အား သွန်သင်၍၊
18 ၁၈ သင်သည် သင် ၏ဘုရားသခင် ထာဝရဘုရား ကို မပြစ်မှား မည်အကြောင်း သင် ၏ဘုရားသခင် ထာဝရဘုရား မှာထား တော်မူသည်အတိုင်း ၊ ထိုလူမျိုးအပေါင်းတို့ကို ရှင်းရှင်းဖျက်ဆီး ရမည်။
၁၈သင်သည် သင်၏ဘုရားသခင် ထာဝရဘုရားကို မပြစ်မှားမည်အကြောင်း သင်၏ဘုရားသခင် ထာဝရ ဘုရားမှာထားတော်မူသည်အတိုင်း၊ ထိုလူမျိုးအပေါင်းတို့ ကို ရှင်းရှင်းဖျက်ဆီးရမည်။
19 ၁၉ သင်သည် မြို့ တစုံတမြို့ကို တိုက်ယူ ခြင်းငှာ ကြာမြင့် စွာ ဝိုင်း ထားလျှင် ၊ သစ်ပင် များကို မ ခုတ် မဖြတ် ရ။ မြေ ၌ ပေါက်သော အပင် တို့သည် လူ အသက် မွေးဘို့ရာဖြစ်သောကြောင့် အသီးကိုသာ စားရမည်။ မြို့ကို ဝိုင်း ထားရာ အမှုကို ဆောင်၍ အပင်ကို မ လှဲ ရ။
၁၉သင်သည် မြို့တစုံတမြို့ကို တိုက်ယူခြင်းငှာ ကြာမြင့်စွာ ဝိုင်းထားလျှင်၊ သစ်ပင်များကို မခုတ်မဖြတ် ရ။ မြေ၌ပေါက်သော အပင်တို့သည် လူအသက်မွေးဘို့ရာ ဖြစ်သောကြောင့် အသီးကိုသာ စားရမည်။ မြို့ကို ဝိုင်းထားရာ အမှုကို ဆောင်၍ အပင်ကို မလှဲရ။
20 ၂၀ သို့ရာတွင် မ စား ရသော သစ်ပင် တို့ကို ခုတ်လှဲ ၍ ၊ သင် နှင့် စစ်တိုက် သော မြို့ ကို မ အောင် မှီတိုင်အောင်၊ စစ်တိုက် ရာ တန်ဆာ တို့ကို ဆောက်လုပ် ရသောအခွင့်ရှိ၏။
၂၀သို့ရာတွင် မစားရသော သစ်ပင်တို့ကို ခုတ်လှဲ၍၊ သင်နှင့်စစ်တိုက်သောမြို့ကို မအောင်မှီတိုင်အောင်၊ စစ်တိုက်ရာ တန်ဆာတို့ကို ဆောက်လုပ်ရသော အခွင့်ရှိ၏။

< တရားဟောရာ 20 >