< တရားဟောရာ 18 >

1 လေဝိ သားယဇ်ပုရောဟိတ် အစရှိသော လေဝိ သားအပေါင်း တို့သည် ဣသရေလ အမျိုးသားတို့နှင့် ရော၍ အဘို့ မ ရှိ အမွေ မခံရဘဲ၊ ထာဝရဘုရား ၏ အမွေ တည်းဟူသော မီး ဖြင့်ပြုသောပူဇော်သက္ကာတို့ကို စား ရကြမည်။
לֹֽא־יִהְיֶה לַכֹּהֲנִים הַלְוִיִּם כָּל־שֵׁבֶט לֵוִי חֵלֶק וְנַחֲלָה עִם־יִשְׂרָאֵל אִשֵּׁי יְהוָה וְנַחֲלָתוֹ יֹאכֵלֽוּן׃
2 ထို့ကြောင့် ၊ သူ တို့သည် ညီအစ်ကို များနှင့်အတူ အမွေ မ ခံ ရကြ။ ထာဝရဘုရား သည် အမိန့် တော်ရှိသည် အတိုင်း သူ တို့၏ အမွေ ဖြစ်တော်မူ၏။
וְנַחֲלָה לֹא־יִֽהְיֶה־לּוֹ בְּקֶרֶב אֶחָיו יְהוָה הוּא נַחֲלָתוֹ כַּאֲשֶׁר דִּבֶּר־לֽוֹ׃
3 လူ တို့သည် ယဇ် ပူဇော်သောအခါ ၊ နွား ဖြစ်စေ ၊ သိုး ဖြစ်စေ ၊ ယဇ်ပုရောဟိတ် ခံရသောအဘို့ ပခုံး တဘက်၊ ပါး နှစ်ဘက်၊ အအူ များကို၎င်း၊
וְזֶה יִהְיֶה מִשְׁפַּט הַכֹּהֲנִים מֵאֵת הָעָם מֵאֵת זֹבְחֵי הַזֶּבַח אִם־שׁוֹר אִם־שֶׂה וְנָתַן לַכֹּהֵן הַזְּרֹעַ וְהַלְּחָיַיִם וְהַקֵּבָֽה׃
4 အဦး သိမ်းသော စပါး ၊ စပျစ်ရည် ၊ ဆီ ၊ သိုး မွေး ကို၎င်း လှူ ရမည်။
רֵאשִׁית דְּגֽ͏ָנְךָ תִּֽירֹשְׁךָ וְיִצְהָרֶךָ וְרֵאשִׁית גֵּז צֹאנְךָ תִּתֶּן־לּֽוֹ׃
5 အကြောင်း မူကား၊ သူ မှစ၍သား စဉ်မြေးဆက် တို့သည် ထာဝရဘုရား အခွင့် နှင့် အမှု တော်ကို အစဉ် ဆောင်ရွက် စေခြင်းငှာ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ၏ အမျိုးအနွယ် အပေါင်း တို့တွင် သူ့ ကို ရွေးကောက် တော်မူပြီ။
כִּי בוֹ בָּחַר יְהוָה אֱלֹהֶיךָ מִכָּל־שְׁבָטֶיךָ לַעֲמֹד לְשָׁרֵת בְּשֵׁם־יְהוָה הוּא וּבָנָיו כָּל־הַיָּמִֽים׃
6 ဣသရေလ မြို့ ရွာတို့၌ တည်းခို သော လေဝိ သား တစုံ တယောက်သည်၊ ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ကို ကြည်ညိုသောစိတ် အားကြီး၍ ရောက် လာ လျှင်၊
וְכִֽי־יָבֹא הַלֵּוִי מֵאַחַד שְׁעָרֶיךָ מִכָּל־יִשְׂרָאֵל אֲשֶׁר־הוּא גָּר שָׁם וּבָא בְּכָל־אַוַּת נַפְשׁוֹ אֶל־הַמָּקוֹם אֲשֶׁר־יִבְחַר יְהוָֽה׃
7 ထာဝရဘုရား ရှေ့ တော်၌ နေရာ ရသော ညီအစ်ကို လေဝိ သားအပေါင်း တို့နည်းတူ သူ ၏ဘုရား သခင်ထာဝရဘုရား အခွင့် နှင့် အမှုတော် ကို ဆောင်ရွက်ရမည်။
וְשֵׁרֵת בְּשֵׁם יְהוָה אֱלֹהָיו כְּכָל־אֶחָיו הַלְוִיִּם הָעֹמְדִים שָׁם לִפְנֵי יְהוָֽה׃
8 သူ ၏အမွေကို ရောင်း ၍ရသောဥစ္စာ မှတပါး ၊ လေဝိသားများတို့နှင့်အတူအညီ အမျှခံရမည်။
חֵלֶק כְּחֵלֶק יֹאכֵלוּ לְבַד מִמְכָּרָיו עַל־הָאָבֽוֹת׃
9 သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် သို့ သင် သည် ဝင်စား သောအခါ ၊ ထို ပြည်၌နေသော လူမျိုး တို့ပြုတတ်သော စက်ဆုပ် ရွံရှာဘွယ်အမှု တို့ကို ပြု ခြင်းငှာ မ သင် ရ။
כִּי אַתָּה בָּא אֶל־הָאָרֶץ אֲשֶׁר־יְהוָה אֱלֹהֶיךָ נֹתֵן לָךְ לֹֽא־תִלְמַד לַעֲשׂוֹת כְּתוֹעֲבֹת הַגּוֹיִם הָהֵֽם׃
10 ၁၀ သင် တို့တွင် မိမိ သား သမီး ကို မီး ဖြင့် ပူဇော် သောသူ၊ ဖြစ် လတံ့သောအမှုကို ကိုယ်ဉာဏ်နှင့် ဟောပြောသောသူ၊ ကာလ ဗေဒင်ကို ကြည့်သောသူ၊ မ ကောင်းသော အတတ်ကို ပြုစုသောသူ၊
לֹֽא־יִמָּצֵא בְךָ מַעֲבִיר בְּנֽוֹ־וּבִתּוֹ בָּאֵשׁ קֹסֵם קְסָמִים מְעוֹנֵן וּמְנַחֵשׁ וּמְכַשֵּֽׁף׃
11 ၁၁ ပြုစား တတ်သောသူ၊ နတ်ဆိုး နှင့်ပေါင်းသောသူ၊ ဝိဇ္ဇာ အတတ်ကို ပြုစုသောသူ၊ လူသေ ကို မေးမြန်း သောသူ တစုံတယောက်မျှ မရှိရ။
וְחֹבֵר חָבֶר וְשֹׁאֵל אוֹב וְיִדְּעֹנִי וְדֹרֵשׁ אֶל־הַמֵּתִֽים׃
12 ၁၂ ထိုသို့ ပြု တတ်သောသူ အပေါင်း တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ ထို စက်ဆုပ် ရွံရှာဘွယ်သော အမှုများတို့ကြောင့် သင် ၏ ဘုရားသခင် ထာဝရဘုရား သည် ထို လူမျိုးတို့ကို သင့် ရှေ့ မှ နှင်ထုတ် တော်မူ၏။
כִּֽי־תוֹעֲבַת יְהוָה כָּל־עֹשֵׂה אֵלֶּה וּבִגְלַל הַתּוֹעֵבֹת הָאֵלֶּה יְהוָה אֱלֹהֶיךָ מוֹרִישׁ אוֹתָם מִפָּנֶֽיךָ׃
13 ၁၃ သင်သည်၊ သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စုံလင် ခြင်းရှိ ရမည်။
תָּמִים תִּֽהְיֶה עִם יְהוָה אֱלֹהֶֽיךָ׃
14 ၁၄ သင် အစိုးရ အံ့သော လူမျိုး တို့သည်၊ ကာလ ဗေဒင်ကို ကြည့်သောသူ၊ ဖြစ်လတံ့သောအမှုကို ကိုယ် ဉာဏ်အားဖြင့်ဟောပြော သောသူတို့ စကားကို နားထောင် တတ်ကြ၏။ သင် မူကား ထိုသို့ ပြုရအောင် သင် ၏ ဘုရားသခင် ထာဝရဘုရား သည် အခွင့် ပေးတော်မ မူ။
כִּי ׀ הַגּוֹיִם הָאֵלֶּה אֲשֶׁר אַתָּה יוֹרֵשׁ אוֹתָם אֶל־מְעֹנְנִים וְאֶל־קֹסְמִים יִשְׁמָעוּ וְאַתָּה לֹא כֵן נָתַן לְךָ יְהוָה אֱלֹהֶֽיךָ׃
15 ၁၅ သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ၏ အမျိုးသား ချင်းတို့အထဲ ၌ ငါ နှင့် တူသော ပရောဖက် တပါးကို သင့် အဘို့ ပေါ်ထွန်း စေတော်မူမည်။ ထို ပရောဖက်၏ စကားကို နားထောင် ရမည်။
נָבִיא מִקִּרְבְּךָ מֵאַחֶיךָ כָּמֹנִי יָקִים לְךָ יְהוָה אֱלֹהֶיךָ אֵלָיו תִּשְׁמָעֽוּן׃
16 ၁၆ ဟောရပ် အရပ်တွင် စည်းဝေး ကြသောနေ့ ၌ သင်က၊ နောက် တဖန် အကျွန်ုပ် ဘုရားသခင် ထာဝရဘုရား ၏ စကားတော်အသံ ကို မ ကြား ရပါစေနှင့်။ ထို ကြီး စွာသော မီး ကို မ မြင် ရပါစေနှင့်။ အကျွန်ုပ်သေ မည် ကို စိုးရိမ် ပါသည်ဟု သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ တောင်းပန် သမျှ အတိုင်း၊
כְּכֹל אֲשֶׁר־שָׁאַלְתָּ מֵעִם יְהוָה אֱלֹהֶיךָ בְּחֹרֵב בְּיוֹם הַקָּהָל לֵאמֹר לֹא אֹסֵף לִשְׁמֹעַ אֶת־קוֹל יְהוָה אֱלֹהָי וְאֶת־הָאֵשׁ הַגְּדֹלָה הַזֹּאת לֹֽא־אֶרְאֶה עוֹד וְלֹא אָמֽוּת׃
17 ၁၇ ထာဝရဘုရား က၊ သူတို့ စကား သည် လျောက်ပတ် ပေ၏။
וַיֹּאמֶר יְהוָה אֵלָי הֵיטִיבוּ אֲשֶׁר דִּבֵּֽרוּ׃
18 ၁၈ သူ တို့အမျိုးသား ချင်းတို့အထဲ ၌ သင် နှင့် တူသော ပရောဖက် တပါးကို သူ တို့အဘို့ ငါပေါ်ထွန်း စေ၍ ၊ ထို ပရောဖက်နှုတ် ၌ ငါ့ စကား ကို ငါအပ် သဖြင့် ငါမှာထား သမျှ တို့ကို သူ တို့အား ဆင့်ဆို ရလိမ့်မည်။
נָבִיא אָקִים לָהֶם מִקֶּרֶב אֲחֵיהֶם כָּמוֹךָ וְנָתַתִּי דְבָרַי בְּפִיו וְדִבֶּר אֲלֵיהֶם אֵת כָּל־אֲשֶׁר אֲצַוֶּֽנּוּ׃
19 ၁၉ ထိုပရောဖက်သည် ငါ့ အခွင့် နှင့် ဟောပြော သော ငါ့ စကား တို့ကို အကြင်သူ သည် နား မ ထောင်ဘဲ နေအံ့၊ ထိုသူ ကို ငါ စစ်ကြော မည်။
וְהָיָה הָאִישׁ אֲשֶׁר לֹֽא־יִשְׁמַע אֶל־דְּבָרַי אֲשֶׁר יְדַבֵּר בִּשְׁמִי אָנֹכִי אֶדְרֹשׁ מֵעִמּֽוֹ׃
20 ၂၀ ငါမ မှာ ထားဘဲ ငါ့ အခွင့် ကို ဆောင်၍ ရဲရင့် စွာ ဟောပြော သော ပရောဖက် ၊ အခြား တပါးသော ဘုရား အခွင့် နှင့် ဟောပြော သော ပရောဖက် သည် အသေ သတ်ခြင်းကိုခံ ရမည်ဟု ငါ့အား မိန့် တော်မူ၏။
אַךְ הַנָּבִיא אֲשֶׁר יָזִיד לְדַבֵּר דָּבָר בִּשְׁמִי אֵת אֲשֶׁר לֹֽא־צִוִּיתִיו לְדַבֵּר וַאֲשֶׁר יְדַבֵּר בְּשֵׁם אֱלֹהִים אֲחֵרִים וּמֵת הַנָּבִיא הַהֽוּא׃
21 ၂၁ သင် ကလည်း ထာဝရဘုရား မိန့် တော်မူသည် မ မူသည်ကို ငါတို့သည် အဘယ် သို့သိ နိုင်သနည်းဟု တွေးတော လျှင်၊
וְכִי תֹאמַר בִּלְבָבֶךָ אֵיכָה נֵדַע אֶת־הַדָּבָר אֲשֶׁר לֹא־דִבְּרוֹ יְהוָֽה׃
22 ၂၂ ပရောဖက် သည် ထာဝရဘုရား ၏ အခွင့် ကို ဆောင် ၍ ဟောပြော သည်အတိုင်း အမှုမ ဖြစ်၊ ဟောပြောသောစကား မ ပြည့်စုံ လျှင် ၊ ထို စကား ကို ထာဝရဘုရား မိန့် တော်မ မူ၊ ပရောဖက် သည် ရဲရင့် စွာဟောပြော ပြီ။ သူ့ ကို မ ကြောက် ရ။
אֲשֶׁר יְדַבֵּר הַנָּבִיא בְּשֵׁם יְהוָה וְלֹֽא־יִהְיֶה הַדָּבָר וְלֹא יָבוֹא הוּא הַדָּבָר אֲשֶׁר לֹא־דִבְּרוֹ יְהוָה בְּזָדוֹן דִּבְּרוֹ הַנָּבִיא לֹא תָגוּר מִמֶּֽנּוּ׃

< တရားဟောရာ 18 >