< တရားဟောရာ 16 >

1 သင် ၏ဘုရားသခင် ထာဝရဘုရား သည် အဗိဗလ ၊ ညဉ့် အခါ၌ သင့် ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူသောကြောင့် ၊ အဗိဗလ ကို မှတ် ၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ပသခါ ပွဲကို ခံ လော့။
Observe the month of Abib, and keep the passover unto the LORD your God: for in the month of Abib the LORD your God brought you forth out of Egypt by night.
2 ထာဝရဘုရား သည် နာမ တော်ကို တည် စေ ဘို့ရာ ရွေးကောက် တော်မူသော အရပ် ၌ သိုး နွား တို့ကို ယဇ် ပူဇော်၍ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ပသခါ ပွဲကို ခံရမည်။
You shall therefore sacrifice the passover unto the LORD your God, of the flock and the herd, in the place which the LORD shall choose to place his name there.
3 သင် သည် အဲဂုတ္တု ပြည် မှ ထွက် လာသော နေ့ရက် ကို တသက်လုံး အောက်မေ့ ဘို့ရာပသခါပွဲခံစဉ်၊ တဆေး ပါသော မုန့်ကို မ စား ရဘဲ၊ တဆေး မပါသော မုန့်တည်းဟူသောဒုက္ခ မုန့် ကို ခုနှစ် ရက်ပတ်လုံး စား ရမည်။ အကြောင်း မူကား၊ သင်သည် အဲဂုတ္တု ပြည် မှ အလျင် တဆောထွက် လာသတည်း။
You shall eat no leavened bread with it; seven days shall you eat unleavened bread therewith, even the bread of affliction; for you came forth out of the land of Egypt in haste: that you may remember the day when you came forth out of the land of Egypt all the days of your life.
4 ခုနှစ် ရက် ပတ်လုံး ၊ သင့် နေရာပြည် ၌ တဆေး ပါ သောမုန့်မ ရှိ ရ။ ပဌမ နေ့ ညဦးယံ ၌ ပူဇော် သော ယဇ်၏အသား ကို တညဉ့်လုံး နံနက် တိုင်အောင် မ ကျန်ကြွင်း စေရ။
And there shall be no leavened bread seen with you in all your coast seven days; neither shall there any thing of the flesh, which you sacrificed the first day at even, remain all night until the morning.
5 သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြို့ အရပ်ရပ်တို့တွင် ပသခါ ယဇ် ကို ပူဇော်ရသောအခွင့် ရှိသည်မ ဟုတ်။
You may not sacrifice the passover within any of your gates, which the LORD your God gives you:
6 သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ နာမ တော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တွင် ၊ သင်သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအချိန် ၊ နေဝင်ရာညဦးယံ အချိန်၌ ပသခါ ယဇ် ကို ပူဇော်ရမည်။
But at the place which the LORD your God shall choose to place his name in, there you shall sacrifice the passover at even, at the going down of the sun, at the season that you came forth out of Egypt.
7 သင် ၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် မှာ မီး နှင့်ကင်၍ စား ပြီးမှ ၊ နံနက် အချိန် ၌ အိမ် သို့ ပြန်သွား ရမည်။
And you shall roast and eat it in the place which the LORD your God shall choose: and you shall turn in the morning, and go unto your tents.
8 ခြောက် ရက် ပတ်လုံးတဆေး မဲ့မုန့်ကို စား ရမည်။ သတ္တမ နေ့ ၌ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ ဓမ္မ စည်းဝေး ခြင်းကို ပြု ရမည်။ ထိုနေ့ရက်၌ အလုပ်မလုပ်ရ။
Six days you shall eat unleavened bread: and on the seventh day shall be a solemn assembly to the LORD your God: you shall do no work therein.
9 စပါး ကိုရိတ် စ ကာလနောက် ၊ အရေအတွက် အားဖြင့် ခုနှစ် သိတင်း လွန်မှ၊
Seven weeks shall you number unto you: begin to number the seven weeks from such time as you begin to put the sickle to the corn.
10 ၁၀ သင် ၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ကိုယ်တိုင်မှစ၍သင် ၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသည်အတိုင်း ၊ အလိုလို ပြုသော ပူဇော်သက္ကာကို ဆောင် ခဲ့ရမည်။
And you shall keep the feast of weeks unto the LORD your God with a tribute of a freewill offering of your hand, which you shall give unto the LORD your God, according as the LORD your God has blessed you:
11 ၁၁ သင် ၏ဘုရားသခင် ထာဝရဘုရား သည် နာမ တော် တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တွင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ ခုနှစ် သိတင်းပွဲကိုခံ၍ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ သင့် နေရာ ၌ တည်းခိုသော လေဝိ သား၊ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
And you shall rejoice before the LORD your God, you, and your son, and your daughter, and your manservant, and your maidservant, and the Levite that is within your gates, and the stranger, and the fatherless, and the widow, that are among you, in the place which the LORD your God has chosen to place his name there.
12 ၁၂ သင်သည် အဲဂုတ္တု ပြည်၌ ကျွန် ခံ ခဲ့ဘူးကြောင်း ကို အောက်မေ့ ၍ ၊ ဤ ပညတ် တရားတို့ကို ကျင့် စောင့် ရမည်။
And you shall remember that you were a bondman in Egypt: and you shall observe and do these statutes.
13 ၁၃ စပါး နှင့် စပျစ်ရည် ကို သိမ်းယူ ပြီးမှ ၊ ခုနှစ် ရက် ပတ်လုံးသကေနေ ပွဲ ကို ခံ ရကြမည်။
You shall observe the feast of tabernacles seven days, after that you have gathered in your corn and your wine:
14 ၁၄ ထိုပွဲ ခံစဉ်၊ ကိုယ်တိုင် မှစ၍ ၊ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ ၊ သင့် နေရာ ၌ တည်းခိုသော လေဝိ သား၊ ဧည့်သည် အာဂန္တု၊ မိဘ မရှိသောသူ၊ မုတ်ဆိုးမ တို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
And you shall rejoice in your feast, you, and your son, and your daughter, and your manservant, and your maidservant, and the Levite, the stranger, and the fatherless, and the widow, that are within your gates.
15 ၁၅ ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ ၊ ခုနှစ် ရက် ပတ်လုံးသင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ ၊ ဓမ္မပွဲ ကို ခံရမည်။ သင် ၏ ဘုရားသခင် ထာဝရဘုရား သည်၊ တိုးပွား လေရာရာ ၊ သင် လုပ်ဆောင် လေရာရာ ၌ ကောင်းကြီး ပေးတော်မူသောကြောင့် ၊ အမှန် ရွှင်လန်း ခြင်းကို ပြု ရမည်။
Seven days shall you keep a solemn feast unto the LORD your God in the place which the LORD shall choose: because the LORD your God shall bless you in all of your increase, and in all the works of your hands, therefore you shall surely rejoice.
16 ၁၆ အဇုမ ပွဲ ခံချိန်၊ ခုနှစ် သိတင်းပွဲ ခံချိန်၊ သကေနေ ပွဲ ခံချိန်တည်းဟူသောတနှစ် တွင် သုံး ကြိမ် မြောက်အောင် သင် တို့ယောက်ျား အပေါင်း တို့သည်၊ သင် ၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ ရှေ့ တော်မှာ မျက်နှာ ပြရကြမည်။ ထိုအခါ ထာဝရဘုရား ထံ တော်သို့ အဘယ်သူ မျှလက်ချည်း မပေါ် မလာရ။
Three times in a year shall all your males appear before the LORD your God in the place which he shall choose; in the feast of unleavened bread, and in the feast of weeks, and in the feast of tabernacles: and they shall not appear before the LORD empty:
17 ၁၇ သင် ၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ လူအသီးသီး တို့သည် တတ်နိုင် သည် အတိုင်း ဆက် ရကြမည်။
Every man shall give as he is able, according to the blessing of the LORD your God which he has given you.
18 ၁၈ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော မြို့ ရှိသမျှ တို့တွင် ၊ တရားသူကြီး ၊ အရာရှိ တို့ကို သင့် နေရာခရိုင်များ၌ အနှံ့အပြားခန့်ထား ရမည်။ သူတို့ သည်၊ လူမျိုး တို့တွင် တရား မှုကို တရား သဖြင့် စီရင် ရကြမည်။
Judges and officers shall you make you in all your gates, which the LORD your God gives you, throughout your tribes: and they shall judge the people with just judgment.
19 ၁၉ သင်သည် တရား လမ်းမှ မ လွှဲ ရ။ လူမျက်နှာ ကို မ ထောက် ရ။ တံစိုး ကို မ စား ရ။ တံစိုး သည် ပညာရှိ မျက်စိ ကို ကွယ် စေတတ်၏။ ဖြောင့်မတ် သောသူ၏ စကား ကို ကောက် စေတတ်၏။
You shall not shift judgment; you shall not respect persons, neither take a gift: for a gift does blind the eyes of the wise, and pervert the words of the righteous.
20 ၂၀ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ကို သင် သည် အသက်ရှင် ၍ အမွေခံ မည်အကြောင်း ၊ ဖြောင့် သောတရားလမ်းသို့သာ လိုက် ရမည်။
That which is altogether just shall you follow, that you may live, and inherit the land which the LORD your God gives you.
21 ၂၁ သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သင် တည် သော ယဇ် ပလ္လင်အနား မှာ အဘယ်သို့သော အာရှရ ပင် ကို မျှ မ စိုက် ရ။
You shall not plant you a grove of any trees near unto the altar of the LORD your God, which you shall make you.
22 ၂၂ သင် ၏ဘုရားသခင် ထာဝရဘုရား မုန်း တော်မူသော ရုပ်တု ဆင်းတုကို မ တည် မထားရ။
Neither shall you set you up any image; which the LORD your God hates.

< တရားဟောရာ 16 >