< တရားဟောရာ 15 >

1 ခုနစ် နှစ် တခါ လွှတ် ခြင်းကို ပြု ရမည်။
מקץ שבע שנים תעשה שמטה
2 လွှတ် ခြင်းတရား ဟူမူကား ၊ ကိုယ် နှင့်စပ်ဆိုင် သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင် မည်သည်ကား၊ ထို ကြွေး ကို လွှတ် ရမည်။ ထာဝရဘုရား လွှတ် ခြင်းကာလဖြစ်သောကြောင့် ၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကို ချင်း၌ မ တောင်း ရ။
וזה דבר השמטה--שמוט כל בעל משה ידו אשר ישה ברעהו לא יגש את רעהו ואת אחיו כי קרא שמטה ליהוה
3 တကျွန်း တနိုင်ငံသား၌ တောင်း ရသောအခွင့် ရှိ၏။ ညီအစ်ကို ၌ ရှိ သောကိုယ် ဥစ္စာ ကို မတောင်းဘဲ လွှတ် ရမည်။
את הנכרי תגש ואשר יהיה לך את אחיך תשמט ידך
4 သင် ၌ ဆင်းရဲသား မ ရှိ စေခြင်းငှာ ၊ ထိုသို့ပြုရ မည်။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် အမွေခံ ဘို့ ရာအပိုင် ပေး တော်မူသော ပြည် ၌ သင့် ကို အလွန် ကောင်းကြီး ပေးတော်မူမည်။
אפס כי לא יהיה בך אביון כי ברך יברכך יהוה בארץ אשר יהוה אלהיך נתן לך נחלה לרשתה
5 ယနေ့ ငါ မှာ ထားသမျှ သော ဤ ပညတ် တို့ကို ကျင့် မည်အကြောင်း စောင့်ရှောက် ခြင်းငှာ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို စေ့စေ့နားထောင် လော့။
רק אם שמוע תשמע בקול יהוה אלהיך לשמר לעשות את כל המצוה הזאת אשר אנכי מצוך היום
6 သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ ဂတိတော် ရှိသည်အတိုင်း ကောင်းကြီး ပေးတော်မူသဖြင့် ၊ သင် သည် လူမျိုး များတို့အား ချေးငှား ရသောအခွင့်ရှိ လိမ့်မည်။ သူတို့သည် သင့် အား ချေးငှား သော အခွင့်မ ရှိရ။ သင်သည် လူမျိုး များတို့ကို အစိုး ပိုင်ရလိမ့်မည်။ သူတို့ သည် သင့် ကို အစိုး မ ပိုင်ရကြ။
כי יהוה אלהיך ברכך כאשר דבר לך והעבטת גוים רבים ואתה לא תעבט ומשלת בגוים רבים ובך לא ימשלו
7 သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် တွင် ၊ မြို့ တစုံတမြို့၌ ဆင်းရဲ သော ညီအစ်ကို ချင်း ရှိ လျှင် ၊ ထိုဆင်းရဲ သော ညီအစ်ကို ၌ သင် သည် သနားသောစိတ် ကို မ ချုပ်တည်း ရ။ လက် ကိုလည်း မ ပိတ် ရ။
כי יהיה בך אביון מאחד אחיך באחד שעריך בארצך אשר יהוה אלהיך נתן לך--לא תאמץ את לבבך ולא תקפץ את ידך מאחיך האביון
8 သင် ၏လက် ကို သူ့ အဘို့ ကျယ်ကျယ်ဖွင့် ၍ ၊ သူ ၏ ဆင်းရဲ ပျောက်လောက် အောင် ချေးငှား ရမည်။
כי פתח תפתח את ידך לו והעבט תעביטנו די מחסרו אשר יחסר לו
9 သင့် စိတ် နှလုံး၌ ဆိုးညစ် သော သဘော ရှိ ၍ ၊ သတ္တမ နှစ် တည်းဟူသောလွှတ်ရာနှစ်နီးပြီဟု အောက်မေ့လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ ၍၊ ဘာမျှမပေးဘဲနေလျှင် သူ သည်ထာဝရဘုရား အား အော်ဟစ် သဖြင့် ၊ သင် ၌ အပြစ် မ ရောက် မည်အကြောင်း သတိ ပြုလော့။
השמר לך פן יהיה דבר עם לבבך בליעל לאמר קרבה שנת השבע שנת השמטה ורעה עינך באחיך האביון ולא תתן לו וקרא עליך אל יהוה והיה בך חטא
10 ၁၀ အကယ်စင်စစ်သူ့ အား ပေး ရမည်။ ပေး သောအခါ နှမြော သောစိတ်မ ရှိရ။ အကြောင်း မူကား၊ ထို ဒါန ကြောင့် သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ပြု လေရာရာ ၊ လုပ်ဆောင် လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။
נתון תתן לו ולא ירע לבבך בתתך לו כי בגלל הדבר הזה יברכך יהוה אלהיך בכל מעשך ובכל משלח ידך
11 ၁၁ သင့်နေရာပြည် ၌ ဆင်းရဲသား မ ပြတ် ရ။ ထို့ကြောင့် ၊ သင့် ပြည် ၌ ဆင်းရဲ ငတ်မွတ်သော ညီအစ်ကို ချင်းတို့အား သင် ၏လက် ကို ကျယ်ကျယ်ဖွင့် ရမည်အကြောင်း ငါ မှာ ထား၏။
כי לא יחדל אביון מקרב הארץ על כן אנכי מצוך לאמר פתח תפתח את ידך לאחיך לעניך ולאבינך בארצך
12 ၁၂ သင် ၏ညီအစ်ကို ချင်း၊ ဟေဗြဲ အမျိုးယောက်ျား မိန်းမ သည် သင် ၌ ကျွန် ဖြစ်၍ ၊ ခြောက် နှစ် အစေခံ ပြီးမှ ၊ သတ္တမ နှစ် ရောက် လျှင် လွှတ် ရမည်။
כי ימכר לך אחיך העברי או העבריה--ועבדך שש שנים ובשנה השביעת תשלחנו חפשי מעמך
13 ၁၃ လွှတ် သောအခါ ၊ လက်ချည်း မ လွှတ် ဘဲ၊
וכי תשלחנו חפשי מעמך--לא תשלחנו ריקם
14 ၁၄ သင် ၏ဘုရားသခင် ထာဝရဘုရား သည် ကောင်းကြီး ပေးတော်မူသည်အတိုင်း ၊ သင် ၏သိုးစု ၊ ကောက်နယ် တလင်း၊ စပျစ်သီး နယ်ရာကျင်းထဲက များစွာပေး ရမည်။
העניק תעניק לו מצאנך ומגרנך ומיקבך אשר ברכך יהוה אלהיך תתן לו
15 ၁၅ သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ခဲ့ဘူးကြောင်းကို ၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ရွေးနှုတ် တော်မူကြောင်း ကို၎င်း၊ အောက်မေ့ ရမည်။ ထိုကြောင့် ဤ ပညတ် ကို ယနေ့ ငါ ထား ၏။
וזכרת כי עבד היית בארץ מצרים ויפדך יהוה אלהיך על כן אנכי מצוך את הדבר הזה--היום
16 ၁၆ သို့ရာတွင် ကျွန်က၊ ကျွန်တော်သည် မ ထွက် မသွားလိုပါ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ်သူ အိမ်သားတို့ကို ချစ် ပါ၏။ နေ၍ပျော် ပါ၏ ဟုဆို လျှင်၊
והיה כי יאמר אליך לא אצא מעמך כי אהבך ואת ביתך כי טוב לו עמך
17 ၁၇ သင်သည် စူး ကိုယူ ၍ တံခါး ၌ ကျွန် ၏နားရွက် ကို ဖောက် ပြီးမှ ၊ သူသည် အစဉ်အမြဲ ကျွန် ခံ ရမည်။ ထိုအတူ ကျွန် မ၌ လည်း ပြု ရမည်။
ולקחת את המרצע ונתתה באזנו ובדלת והיה לך עבד עולם ואף לאמתך תעשה כן
18 ၁၈ သင် ၏ကျွန် ကို လွှတ် သောအခါ ခက် သည်ဟူ၍မ ထင် ရ။ အကြောင်း မူကား၊ ခြောက် နှစ် ပတ်လုံးအစေခံ သဖြင့် ၊ သူငှား ဆောင်ရွက် သောအမှု နှစ်ဆ ကို သူသည်ဆောင်ရွက်လေပြီ။ သင် ၏ဘုရားသခင် ထာဝရဘုရား သည်လည်း သင်ပြု လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။
לא יקשה בעינך בשלחך אתו חפשי מעמך--כי משנה שכר שכיר עבדך שש שנים וברכך יהוה אלהיך בכל אשר תעשה
19 ၁၉ သင် ၏သိုး နွားတို့တွင် အဦး ဘွား သော အထီး ရှိသမျှ တို့ ကို သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း စေရမည်။ အဦး ဘွားသောနွား ၊ အဦး ဘွားသော သိုး ကို မ သုံးဆောင် ရ။
כל הבכור אשר יולד בבקרך ובצאנך הזכר--תקדיש ליהוה אלהיך לא תעבד בבכר שורך ולא תגז בכור צאנך
20 ၂၀ ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်မှာ ထိုသိုးနွားတို့ကို နှစ် စဉ်မပြတ် အိမ်သူ အိမ်သားတို့နှင့်တကွ ကိုယ်တိုင် စား ရမည်။
לפני יהוה אלהיך תאכלנו שנה בשנה במקום אשר יבחר יהוה--אתה וביתך
21 ၂၁ ထို သိုးနွားတို့၌ ခြေဆွံ့ ၊ မျက်စိကန်း အစ ရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ် ၊ အခြားသောအပြစ် တစုံတခု ရှိ လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ယဇ် မ ပူဇော်ရ။
וכי יהיה בו מום פסח או עור כל מום רע--לא תזבחנו ליהוה אלהיך
22 ၂၂ သင့် နေရာ အရပ်၌ စား ရမည်။ သမင် ၊ ဒရယ် ကို စားသကဲ့သို့ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့ သည် အတူ စားရကြမည်။
בשעריך תאכלנו--הטמא והטהור יחדו כצבי וכאיל
23 ၂၃ သို့ရာတွင် အသွေး ကို မ စား ရ။ ရေ ကို သွန် သကဲ့သို့ မြေ ပေါ် မှာသွန်ရမည်။
רק את דמו לא תאכל על הארץ תשפכנו כמים

< တရားဟောရာ 15 >