< တရားဟောရာ 13 >
1 ၁ သင် တို့တွင် ပရောဖက် ပြုသောသူ၊ အိပ်မက် ကို မြင် သောသူသည် ပေါ် လာ၍၊
If a prophet or dreamer of dreams arises among you and proclaims a sign or wonder to you,
2 ၂ သင်တို့မ သိ သော အခြား တပါးသောဘုရား ကို ဆည်းကပ် ၍ ဝတ်ပြု ကြစို့ဟု ပြော ဆိုလျက် ၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုကို ပေး ၍ ၊ ထိုနိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုသည် ပြည့်စုံသော်လည်း၊
and if the sign or wonder he has spoken to you comes about, but he says, “Let us follow other gods (which you have not known) and let us worship them,”
3 ၃ ထို ပရောဖက် ပြုသောသူ၊ အိပ်မက် ကို မြင် သောသူတို့ ၏ စကား ကို နား မ ထောင်ရ။ အကြောင်း မူကား၊ သင် တို့သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ကို စိတ် နှလုံးအကြွင်းမဲ့ ချစ် သည်မချစ်သည်ကို၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည် စုံစမ်း တော်မူ၏။
you must not listen to the words of that prophet or dreamer. For the LORD your God is testing you to find out whether you love Him with all your heart and with all your soul.
4 ၄ သင် တို့၏ ဘုရားသခင် ထာဝရဘုရား နောက် တော်သို့ လိုက် ရကြမည်။ ကြောက်ရွံ့ သောစိတ်နှင့် ပညတ် တော်တို့ကို စောင့် ရကြမည်။ စကား တော်ကို နားထောင် လျက် ဝတ်ပြု ၍ ၊ ကိုယ်တော် ၌ ဆည်းကပ်မှီဝဲ ရ ကြမည်။
You are to follow the LORD your God and fear Him. Keep His commandments and listen to His voice; serve Him and hold fast to Him.
5 ၅ ကျွန် ခံနေရာအဲဂုတ္တု ပြည် မှ သင် တို့ကို ကယ်နှုတ် ဆောင်ယူ ခဲ့တော်မူသော သင် တို့၏ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲ စေခြင်းငှာ ၎င်း၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ သင်တို့လိုက် စရာဘို့ မှာ ထား တော်မူသော လမ်း မှ ထွက် စေခြင်းငှာ၎င်း ဟောပြော သောကြောင့် ၊ ထို ပရောဖက် ပြုသူနှင့် အိပ်မက် မြင် သူတို့ သည် အသေ သတ်ခြင်းကိုခံ ရကြမည်။ ထိုသို့ ဒုစရိုက် အပြစ်ကို သင် တို့အထဲ က ပယ်ရှင်း ရကြမည်။
Such a prophet or dreamer must be put to death, because he has advocated rebellion against the LORD your God, who brought you out of the land of Egypt and redeemed you from the house of slavery; he has tried to turn you from the way in which the LORD your God has commanded you to walk. So you must purge the evil from among you.
6 ၆ သင် ၏ညီအစ်ကို ရင်း၊ သင် ၏သား သမီး ၊ သင် ၏ ရင်ခွင် ၌နေသောမယား ၊ ကိုယ်ကဲ့သို့ မှတ်တတ်သော အဆွေခင်ပွန်းတစုံတယောက်က၊ သွားကြစို့။ သင်လည်း မသိ၊ ဘိုးဘေး တို့လည်း မ သိ သော အခြား တပါးသော ဘုရား ၊
If your very own brother, or your son or daughter, or the wife you embrace, or your closest friend secretly entices you, saying, “Let us go and worship other gods” (which neither you nor your fathers have known,
7 ၇ သင့် ပတ်လည် အနီး အဝေး ၌ နေသောသူ၊ မြေကြီး စွန်း တဘက်မှသည် တဘက်တိုင်အောင်၊ ကိုးကွယ်သောဘုရားကို ဝတ်ပြုကြစို့ဟု တိတ်ဆိတ်စွာ သွေးဆောင် လျှင်၊
the gods of the peoples around you, whether near or far, whether from one end of the earth or the other),
8 ၈ သင်သည် ဝန် မ ခံရ။ သူ ၏စကားကို နား မ ထောင်ရ။ သူ့ ကို မြင် သောအခါ မ သနား ရ။ နှမြော သဖြင့် ဖွက် ၍ မ ထားရဘဲ၊ သူ့ကို အမှန်သတ်ရမည်။
you must not yield to him or listen to him. Show him no pity, and do not spare him or shield him.
9 ၉ သူ သည် အသေ သတ်ခြင်းကိုခံ စိမ့်သောငှာ၊ သင် သည် အဦး ပြုပြီးမှ ၊ လူ အပေါင်း တို့သည် ပြု ရကြမည်။
Instead, you must surely kill him. Your hand must be the first against him to put him to death, and then the hands of all the people.
10 ၁၀ ကျွန် ခံနေရာ အဲဂုတ္တု ပြည် မှ သင် တို့ကို နှုတ်ဆောင် တော်မူသောသင် ၏ဘုရားသခင် ထာဝရဘုရား ထံတော်မှ လွဲ စေခြင်းငှာ ကြံစည် သောကြောင့် ၊ ထိုသူ ကို ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။
Stone him to death for trying to turn you away from the LORD your God, who brought you out of the land of Egypt, out of the house of slavery.
11 ၁၁ ထိုသိတင်းကို ဣသရေလ အမျိုးသားအပေါင်း တို့ သည် ကြား ၍ ၊ ထိုသို့ သော အဓမ္မ အမှု ကို သင် တို့တွင် နောက် တဖန်မ ပြု ဝံ့ ဘဲနေကြလိမ့်မည်။
Then all Israel will hear and be afraid, and will never again do such a wicked thing among you.
12 ၁၂ အဓမ္မလူတို့သည် သင်တို့အထဲကထွက်၍၊ သင်တို့မသိသော၊
If, regarding one of the cities the LORD your God is giving you to inhabit, you hear it said
13 ၁၃ အခြား တပါးသော ဘုရား ထံသို့ သွား ၍ ဝတ်ပြု ကြစို့ဟု ပြောဆို လျက် ၊ သူ တို့မြို့သူ မြို့သားတို့ကို သွေးဆောင် ကြောင်းကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် နေ စရာဘို့ ပေး တော်မူသောမြို့ တစုံ တမြို့၌ သင်သည် သိတင်းကြား လျှင် ၊ ထို အမှုကို စေ့စေ့မေးမြန်း စစ်ကြောရမည်။
that wicked men have arisen from among you and have led the people of their city astray, saying, “Let us go and serve other gods” (which you have not known),
14 ၁၄ သိတင်း ကြားသည်အတိုင်း ထင်ရှားစွာ ဧကန် မှန်၍၊ ထိုသို့ သော စက်ဆုပ် ဘွယ်အမှုကို သင် တို့တွင် အမှန် ပြု မိလျှင်၊
then you must inquire, investigate, and interrogate thoroughly. And if it is established with certainty that this abomination has been committed among you,
15 ၁၅ ထို မြို့သူ မြို့သားတို့ကို ထား နှင့် လုပ်ကြံ ရမည်။ မြို့ မှစ၍ မြို့၌ရှိသောလူ နှင့် တိရစ္ဆာန် အပေါင်း တို့ကို ထား နှင့် ရှင်းရှင်းဖျက်ဆီး ရမည်။
you must surely put the inhabitants of that city to the sword. Devote to destruction all its people and livestock.
16 ၁၆ လုယူ ရာဥစ္စာရှိသမျှ ကို မြို့ လမ်းမအလယ် ၌ စုပုံ ၍ ၊ ထိုမြို့ နှင့်တကွ လုယူ ရာဥစ္စာရှိသမျှ ကို သင် ၏ ဘုရားသခင် ထာဝရဘုရား အဘို့ မီး ရှို့ ရမည်။ ထိုမြို့သည် အစဉ်အမြဲ အမှိုက်ပုံ ဖြစ် ရမည်။ နောက် တဖန် မ တည် မဆောက်ရ။
And you are to gather all its plunder in the middle of the public square, and completely burn the city and all its plunder as a whole burnt offering to the LORD your God. The city must remain a mound of ruins forever, never to be rebuilt.
17 ၁၇ ထာဝရဘုရား သည် အမျက် တော်အရှိန် ကို ငြိမ်းစေ၍၊ သင် ၏ဘိုးဘေး တို့အား ဂတိတော်ရှိသည် အတိုင်း၊ သင့် ကို ကယ်မ သနားတော်မူသဖြင့် များပြား စေတော်မူမည်အကြောင်း၊ ကျိန် အပ်သောဥစ္စာ တစုံတခုကို မျှ မသိမ်းမယူဘဲ၊ အလုံးစုံတို့ကို စွန့်ပစ်ရမည်။
Nothing devoted to destruction shall cling to your hands, so that the LORD will turn from His fierce anger, grant you mercy, show you compassion, and multiply you as He swore to your fathers,
18 ၁၈ ယနေ့ ငါ မှာ ထားသည်အတိုင်း သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ၍ ပညတ် တော်အလုံးစုံ တို့ကို ကျင့် သဖြင့် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား နှစ်သက် တော်မူဘွယ်ပြု သောအခါ ၊ ရှေးဂတိတော်အတိုင်း ပြုတော်မူမည်။
because you obey the LORD your God, keeping all His commandments I am giving you today and doing what is right in the eyes of the LORD your God.