< တရားဟောရာ 12 >
1 ၁ သင် တို့သည် မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလပတ်လုံး ဝင်စား စေခြင်းငှာ သင် တို့ဘိုးဘေး ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ ကျင့် အံ့သောငှာ စောင့်ရှောက် ရသော စီရင် ထုံးဖွဲ့ချက်များ ဟူမူကား ၊
2 ၂ သင် တို့အစိုးရ သော လူမျိုး တို့သည် တောင် ကြီး ၊ တောင် ငယ်အပေါ် ၊ စိမ်း သော သစ်ပင်အောက် ၌ မိမိ တို့ ဘုရား များကို ဝတ်ပြု ရာအရပ် ရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီး ရမည်။
3 ၃ သူ တို့ယဇ် ပလ္လင်များကိုလည်း ဖျက် ရမည်။ ရုပ်တု များကို ဖြိုချ ရမည်။ အာရှရ ပင်များကို မီး ရှို့ ရမည်။ ထုလုပ်သော ဘုရား ဆင်းတု များကို ခုတ်လှဲ ရမည်။ ထို အရပ် ၌ ထို ဘုရားတို့၏ နာမ ကိုပင် ပယ်ရှင်း ရမည်။
4 ၄ သူ တို့ပြုသကဲ့သို့၊ သင်တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား အား မ ပြု ရဘဲ၊
5 ၅ သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် တို့အမျိုးအနွယ် ရှိသမျှ တို့တွင် နာမတော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တည်းဟူသောကျိန်းဝပ် တော်မူရာအရပ် ကို ရှာ ၍ လာ ရကြမည်။
6 ၆ ထို အရပ်သို့ သင် တို့သည် မီးရှို့ ရာယဇ်အစ ရှိ သော ယဇ် များ၊ ဆယ် ဘို့တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာပူဇော် သက္ကာ၊ သစ္စာ ဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာမှစ၍ ၊ သိုး နွား တွင် အဦး ဘွားသော သားငယ်တို့ကို ဆောင် ခဲ့ရကြမည်။
7 ၇ ထို အရပ်၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ ကိုယ်တိုင် မှစ၍ အိမ်သူ အိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
8 ၈ ယခု ကာလ၊ ဤ အရပ်၌ပြု သကဲ့သို့ ၊ ထိုအရပ်၌ လူတိုင်း ကိုယ် ဉာဏ် ကို လိုက်၍ မ ပြု ရကြ။
9 ၉ သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော အမွေ ခံရာ ချမ်းသာ ထဲသို့ သင်တို့သည် မ ဝင် ရကြ သေး။
10 ၁၀ သင်တို့သည် ယော်ဒန် မြစ်တဘက်သို့ကူး ၍ ၊ သင် တို့အမွေခံ ရာဘို့ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည် ၌ နေ ကြသောအခါ ၊ ရန်သူ အပေါင်း တို့လက်မှ သင် တို့ကို ကယ်နှုတ် တော်မူသဖြင့် ငြိမ်ဝပ် စွာ နေ ကြသောအခါ၊
11 ၁၁ နာမ တော်ကို တည် စေဘို့ရာ ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ရှိ ရမည်။ ထို အရပ်သို့ ငါ မှာ ထားသမျှ အတိုင်း ၊ သင် တို့မီးရှို့ ရာယဇ် အစ ရှိသောယဇ် များ၊ ဆယ်ဘို့ တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော် သက္ကာ၊ ထာဝရဘုရား အား ဂတိ ရှိသည်အတိုင်း ၊ မြတ် သော ပူဇော်သက္ကာတို့ကို ဆောင် ခဲ့ရကြမည်။
12 ၁၂ ကိုယ်တိုင် မှစ၍ ၊ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ တို့နှင့် ကိုယ် အဘို့ မရှိ၊ အမွေ မ ခံရဘဲ၊ သင် တို့၌ တည်းခို သော လေဝိသား တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ရွှင်လန်း ခြင်းကို ပြုရကြမည်။
13 ၁၃ တွေ့မြင် ရာအရပ် ၌ မီးရှို့ ရာယဇ်ကို မ ပူဇော် ရမည် အကြောင်း သတိ ပြုကြလော့။
14 ၁၄ သင် တို့အမျိုး တမျိုး တွင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ မီးရှို့ ရာယဇ်ကို ပူဇော် ၍ ၊ ငါ မှာ ထားသမျှ တို့ကို ပြု ရကြမည်။
15 ၁၅ သို့ရာတွင် သင် ၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသည် အတိုင်း ၊ သင် တို့နေရာ အရပ်ရပ် ၌ စား ချင်သော အလိုသို့လိုက်၍ သတ် စားရသော အခွင့်ရှိကြ၏။ သမင် ၊ ဒရယ် ကို စား သကဲ့သို့ ၊ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့သည် အတူစား ရကြမည်။
16 ၁၆ သို့ရာတွင် အသွေး ကိုမ စား ရ။ ရေ ကိုသွန် သကဲ့သို့ မြေ ပေါ် မှာ သွန်ရမည်။
17 ၁၇ စပါး ၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တွင် ပူဇော်သော တဘို့၊ သိုး နွား တွင် အဦး ဘွားသော သားငယ်၊ သစ္စာ ဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော် သက္ကာ တစုံတခု ကိုမျှ၊ သင် တို့သည် ကိုယ် နေရာအရပ်၌ မ စား ရ ကြ။
18 ၁၈ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ မှာ ကိုယ်တိုင် မှစ၍ သား သမီး ၊ ကျွန် ယောက်ျားမိန်းမ ၊ တည်းခိုသော လေဝိသား တို့သည် စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်မှာ ရွှင်လန်း ခြင်းကို ပြုရကြမည်။
19 ၁၉ မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလ ပတ်လုံး၊ လေဝိသား တို့ကို မ မေ့လျော့ မည်အကြောင်း သတိ ပြုကြလော့။
20 ၂၀ သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဂတိ တော် ရှိသည်အတိုင်း ၊ သင် ၏နေရာ ပြည် ကို ကျယ် စေ တော်မူသောအခါ ၊ သင် သည် အမဲသား ကို စား ချင်သောစိတ် ရှိ၍၊ အမဲသား ကို ငါစား မည်ဟုဆို လျှင် ၊ စား ချင်တိုင်း စား ရသောအခွင့်ရှိ၏။
21 ၂၁ သင် ၏ဘုရားသခင် ထာဝရဘုရား သည် နာမ တော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသောအရပ် သည် သင့် နေရာနှင့် ဝေး လွန်းလျှင် ၊ ထာဝရဘုရား ပေး တော်မူသော သိုး နွား ကို၊ ငါမှာ ထားသည်အတိုင်း သတ် ၍ ၊ သင့် နေရာ အရပ်၌ စား ချင်တိုင်းစား ရသောအခွင့်ရှိ၏။
22 ၂၂ သမင် ၊ ဒရယ် ကို စားသကဲ့သို့ စား ရမည်။ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့သည် ရောနှော၍ စား ရသောအခွင့်ရှိကြ၏။
23 ၂၃ သို့ရာတွင် ၊ အသွေး ကို မ စား မည်အကြောင်း၊ သတိ ပြုလော့။ အသက် သည် အသွေး ၌ တည်၏။ အသား နှင့်တကွ အသက် ကို မ စား ရ။
24 ၂၄ ထို့ကြောင့်အသွေး ကို မ စား ရ။ ရေ ကို သွန် သကဲ့သို့ မြေ ပေါ် မှာ သွန်ရမည်။
25 ၂၅ သင် သည် ထာဝရဘုရား နှစ်သက် တော်မူဘွယ် သောအမှုကို ပြု သဖြင့် ၊ ကိုယ်တိုင် မှစ၍သား မြေးတို့သည် ချမ်းသာ စွာ နေရမည်အကြောင်း ၊ အသွေး ကို ရှောင် ရမည်။
26 ၂၆ သင် ၌ သန့်ရှင်း သော ပူဇော်သက္ကာ၊ သစ္စာဂတိ အတိုင်းပြုသောပူဇော်သက္ကာတို့ကို ယူ ၍ ၊ ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် သို့ သွား ရမည်။
27 ၂၇ အသား နှင့် အသွေး ကို ရောနှော၍၊ မီးရှို့ ရာယဇ် တို့ကို၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ရမည်။ ယဇ် ကောင်အသွေး ကို၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ သွန်းလောင်း ၍ ၊ အသား ကို စား ရမည်။
28 ၂၈ သင် ၏ဘုရားသခင် ထာဝရဘုရား နှစ်သက် မြတ်နိုးတော်မူဘွယ်သောအမှုကို ပြု သဖြင့် ၊ ကိုယ်တိုင် မှစ၍ သားမြေး အစဉ်အဆက် တို့သည် ချမ်းသာ စွာ နေရမည်အကြောင်း ၊ ငါ မှာထား သမျှ သော ဤ စကား တို့ကို စေ့စေ့နားထောင် ၍ စောင့်ရှောက် လော့။
29 ၂၉ သင် သွား ၍ ဝင်စား လတံ့သော ပြည်၌ရှိသောလူမျိုး တို့ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ရှေ့ မှာ ပယ်ရှင်း တော်မူသဖြင့်၊ သူ တို့နေရာပြည် ၌ သင်သည် ဝင်၍နေ သောအခါ၊
30 ၃၀ သူ တို့သည် သင့် ရှေ့ မှာ ပျက်စီး သောနောက် ၊ သူ တို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ် မ ရောက်မည်အကြောင်း၊ ထို လူမျိုး တို့သည် သူ တို့ဘုရား များကို အဘယ် သို့ဝတ်ပြု သနည်း။ ထိုနည်းတူ ငါပြု မည်ဟု သူ တို့ဘုရား ဝတ်ကို မ မေးမြန်း မည်အကြောင်း ၊ ကိုယ်ကိုကိုယ် သတိ ပြု လော့။
31 ၃၁ သူတို့ပြုသကဲ့သို့၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား သင်မ ပြု ရ။ သူတို့သည်၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှ တို့ကို သူ တို့ဘုရား ၌ ပြု ကြပြီ။ ကိုယ် သား သမီး ကိုပင် သူ တို့ဘုရား အား ဝတ်ပြု၍ မီး ရှို့ ကြပြီ။
32 ၃၂ ငါ မှာ ထားသမျှ တို့ကို ကျင့် အံ့သောငှာ စောင့်ရှောက် လော့။ ထပ် ၍မ ပိုရ၊ နှုတ် ၍ မ လျော့စေရ။